တိုင်းရင်းသားများသတင်း

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မတက်ဖို့၊ မပူးပေါင်းဖို့ မွန်တော်လှန်ရေးအဖွဲ့ (၄) ခု တိုက်တွန်း

‌ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၁၆၊ ၂၀၂၂

 

ဒီကနေ့မှာ ကျရောက်တဲ့ စိန်ရတုမွန်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် မွန်တော်လှန်ရေးအဖွဲ့ လေးခုပူးတွဲပြီး သဘောထားကြေငြာချက်တရပ်ကို ထုတ်ပြန်လိုက်ပါတယ်။

 

အာဏာသိမ်းစစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီဦးဆောင်တဲ့ မည်သည့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ မတတ်ဖို့ အပါအဝင် တောင်းဆိုချက် (၃) ရပ်ကို တောင်းဆိုခဲ့ပါတယ်။

 

စစ်တပ်စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ အခြေခံဥပဒေအောက်မှာ မွန်လူမျိုးတွေ မျှော်မှန်းသည့် တန်းတူအခွင့်အရေးကို အာမခံနိုင်သော စစ်မှန်တဲ့ ဖက်ဒရယ်မွန်ပြည်ကို ရောက်နိုင်မည်မဟုတ်ကြောင်း (၁၀) စုနှစ်ကြာ အတွေ့အကြုံက သက်သေပြခဲ့ပြီးဖြစ်သလို စစ်ကောင်စီနှင့် ပူးပေါင်းသော မွန်နိုင်ငံရေးအင်အားစုသည်လည်း စစ်အာဏာရှင်သက်ဆိုးရှည်ရေးကို အထောက်အကူပြုနေသလိုဖြစ်နေသည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ထို့နည်းတူပင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ အတည်ပြုချမှန်ခဲ့သည့် ဖက်ဒရယ်ချာတာနှင့် ၄င်း၏ လမ်းပြမြေပုံသာလျှင် မွန်လူမျိုးတို့ မျှော်မှန်းသည့် စစ်မှန်သော ဖက်ဒရယ်မွန်ပြည်ကို ရောက်ရှိမည်ဖြစ်သည့်အတွက် စစ်အာဏာရှင်နှင့် မဟာလူမျိုးကြီးဝါဒကို တိုက်ဖျက်နေသော မွန်အင်အားစုများ၊ ဒီမိုကရေစီ အင်အားစုများ၊ အခြားသော တိုင်းရင်းသားအင်အားစုများနှင့် လက်တွဲရန် တိုက်တွန်းထားပါတယ်။

 

ဒီထုတ်ပြန်ချက်ကိုတော့ မွန်အမျိုးသားကွန်ယက်၊ မွန်အမျိုးသားကောင်စီ (ဩစတေးလျ)၊ အာဏာရှင်မှန်သမျှဆန့်ကျင်သော မွန်လူငယ်အင်အားစုနှင့် ရာမညဖက်ဒရယ်အင်အားစုသစ်တို့ ပူးတွဲ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Related Articles

Back to top button