သတင်း

စစ်ကောင်စီက အရပ်သားပြည်သူများအပေါ် အဓိက ပစ်မှတ်ထား သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ် ( ၂၈/ ဒီဇင်ဘာ)
စစ်ကောင်စီကနေပြီးတော့ မြန်မာနိုင်ငံအတွင်းရှိ အပြစ်မဲ့အရပ်သားပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများကို ထပ်တလဲလဲ ကျူးလွန်နေသော စစ်ကောင်စီကို အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ပေးရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရများအား တောင်းဆိုသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နိုင်ငံတကာအဖွဲ့အစည်းများ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေသည့် အလေ့အထအား ရပ်တန့်နိုင်စေရန် စစ်ကောင်စီကို နိုင်ငံတကာ ခုံရုံးအသီးသီးတွင် ထိရောက်စွာ အပြစ်ပေး အရေးယူနိုင်ရေး ဆောင်ရွက်ပေးရန် ၊ စစ်ကောင်စီ၏ အကြမ်းဖက် တိုက်ခိုက်မှုများကို ခံစားနေရသည့် ဒေသများတွင် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရေးနှင့် စစ်ကောင်စီအား လက်နက်တင်ပို့မှု ပိတ်ဆို့ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအား တောင်းဆိုကြောင်း နှင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များအား ထိရောက်လျင်မြန်သည့် လူသားချင်းစာနာမှုအကူညီများ ပံ့ပိုးပေးရန် နိုင်ငံတကာအတိုင်းအဝိုင်းအားတောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

Related Articles

Back to top button