တိုင်းရင်းသားများသတင်း

KNDF နှင့် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၁၄၊ ၂၀၂၁

ကရင်နီ(ကယား)ပြည်နယ်တွင် ကရင်နီတပ်မတော် (KA)နှင့်လက်တွဲ၍ တိုက်ခိုက်နေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်နေသည့်တပ်ဖွဲ့ဖြစ်ကြောင်း မနေ့က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သည် စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးတွင် တပ်ဦးမှတွန်းလှန် တိုက်ခိုက်နေပြီး ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ၏ ကြီးကြပ်မှု အောက်တွင် စနစ်ကျသော ဖွဲ့စည်းပုံ၊ စစ်ဦးစီးမှု၊ ခိုင်မာသော မူဝါဒများဖြင့် ‌ ရပ်တည်လျက်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

KNDF သည် ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းတပ်ဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်နေပြီး ကာကွယ်ရေးဝန်ကြီးဌာန (အမျိုးသားညီညွတ်ရေးအစိုးရ) နှင့်လည်း မြေပြင်စစ်ရေး၊ နိုင်ငံရေးအခြေအနေများကို စဉ်ဆက်မပြတ် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Related Articles

Back to top button