သတင်း

NUCC က ပြည်သူ့ညီလာခံကို ၆ လ တကြိမ် ခေါ်ယူကျင်းပမည်

NUCC က ပြည်သူ့ညီလာခံကို ၆ လ တကြိမ် ခေါ်ယူကျင်းပမည်

ဖဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၁၆၊ ၂၀၂၁

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ပြည်သူ့ညီလာခံကို ၆ လ တကြိမ် ကျင်းပသွားရန် စီစဉ်ထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာ ၁၆ ရက်တွင် အွန်လိုင်းမှတဆင့် ပြုလုပ်သည့် NUCC သတင်းစာ ရှင်းလင်းပွဲ၌ NUCC ဘက်က မီဒီယာများကို ရှင်းလင်း ပြောဆိုခြင်း ဖြစ်သည်။
ပြည်သူ့ညီလာခံကို ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း ၂ ဖြစ်သည့် ကြားကာလ ဖွဲ့စည်းပုံဆိုင်ရာ အစီအမံအရ အကောင်အထည်ဖော်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပထမဆုံးအကြိမ် ပြည်သူ့ညီလာခံကို လာမည့် ဒီဇင်ဘာတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေး လိုလားသည့် အင်အားစု အသီးသီးဖြင့် ကျင်းပသွားနိုင်ရန် လျာထားကြောင်း NUCC တွင် ပါဝင်သည့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီမှ ဦးမိုးသူက ပြောပြသည်။

အဆိုပါ ပထမဆုံးအကြိမ် ပြည်သူ့ညီလာခံတွင် လုပ်ငန်းစဉ် ၃ ရပ်ကို အဓိက လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်သည်ဟုလည်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ကိုခန့်ဝေဖြိုးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ယင်းလုပ်ငန်းစဉ်များမှာ NUCC ကို တိုးချဲ့ ဖွဲ့စည်းသွားရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စိတ်အပိုင်း ၁ နှင့် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံတို့ကို အတည်ပြုရန် အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ညီလာခံတွင် ထပ်မံအတည်ပြုရန်တို့ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Related Articles

Back to top button