ဖက်ဒရယ်လစ်ဇင်အကြောင်း

မြန်မာ့ဖက်ဒရယ်စကားဝိုင်း ဝေါဟာရဖွင့်ဆိုချက်များမိတ်ဆက်

မြန်မာ့ဖက်ဒရယ်စကားဝိုင်း ဝေါဟာရဖွင့်ဆိုချက်များမိတ်ဆက်

(Introduction to a Glossary for the Federal Debate in Myanmar)

မြန်မာ့ဖက်ဒရယ်စကားဝိုင်းမှာ ပါဝင်ဆွေးနွေးဖို့ ဝေါဟာရတွေနဲ့ ရင်းနှီးကျွမ်းဝင်ချင်တယ်ဆိုရင် “ဉာဏ်ကျယ်လေးဖော်” ကာတွန်းလေးတွေကို ဖတ်ကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

ဝေါဟာရတွေကို မိတ်ဆက်ပေးမယ့်သူတွေကတော့ အရွယ်နဲ့မလိုက်အောင် ထက်မြက်သွက်လက်တဲ့ ပိုပို၊ နော်နော်၊ ရှန် နဲ့ ဆလိုင်းတို့ “ဉာဏ်ကျယ်လေးဖော်”ပဲ ဖြစ်ပါတယ်။ ဉာဏ်ကျယ်လေးတို့တစ်တွေက နိစ္စဓူဝ သူတို့အိမ်မှာ၊ ကျောင်းမှာ ကစားကြ၊ စာလုပ်ကြ၊ မိသားစုနဲ့ပျော်ရွှင်ကြတဲ့ အတွေ့အကြုံ၊ အဖြစ်အပျက်လေးတွေနဲ့ ဆက်စပ်ပြီးတော့ ဖက်ဒရယ်ဝေါဟာရတွေကို ဘယ်လိုရှင်းပြသွားမှာလဲဆိုတာ အပတ်စဥ် စောင့်ကြည့်နိုင်ပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ ထိထိမိမိလေး ပြင်ဆင်ထားလို့ ဒီဝေါဟာရလေးတွေကို လေ့လာချင်နေတဲ့ သူတွေအတွက်တော့ ကွက်တိပဲပေါ့။

ဒါဆို ဝေါဟာရတွေကို သေသေချာချာ ပြည့်ပြည့်စုံစုံ သိရဖို့ ဒီ page လေးမှာ အပတ်စဉ် သောကြာနေ့ ညနေ (၃) နာရီတိုင်း ဉာဏ်ကျယ်လေးဖော်နဲ့အတူ ဖက်ဒရယ်ဝေါဟာရတွေကို လေ့လာကြရအောင်။ ဒီအပတ်မှာတော့ မိတ်ဆက်အနေနဲ့ ဉာဏ်ကျယ်လေးဖော်ရဲ့ အကြောင်းကို အရင်ဖတ်ကြည့်လိုက်ပါဦးနော်။

 

Related Articles

Back to top button