![](https://federaljournalmm.org/wp-content/uploads/2021/11/3.jpg)
NCA လက်မှတ်ရေးထိုးထားတဲ့ ABSDFရဲ့ မြဝတီဆက်ဆံရေးရုံး တာဝန်ခံနဲ့ ရုံးအဖွဲ့ဝင် (၃)ဦး ထိန်းသိမ်းခံထားရမှု ပြန်လွှတ်ပေးဖို့ PPST တောင်းဆိုလိုက်ပါတယ်။
ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၄၊ ၂၀၂၁
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး( ABSDF) ရဲ့ မြဝတီဆက်ဆံရေးရုံးက တာဝန်ခံနဲ့ ရုံးအဖွဲ့ဝင် (၃)ဦးကို နိုဝင်ဘာလ ၂ရက်နေ့က တပ်မတော်၊ ရဲနဲ့ ဒေသ ဆိုင်ရာ တာဝန်ရှိသူတွေ လာရောက်ခေါ်ဆောင်သွားပြီး ထိန်းသိမ်းထားတာနဲ့ ပတ်သတ်ပြီး ပြန်လွှတ်ပေးဖို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)ရဲ့ ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်းက တောင်းဆိုလိုက်ပါတယ်။
“ဆက်ဆံရေးရုံးနဲ့ ရုံးအဖွဲ့ဝင် များဟာ Bilateral စာချုပ်နဲ့ NCA စာချုပ်အရ သက်ဆိုင်ရာ EAO များရဲ့ နှစ်ဖက်သဘောတူ တရားဝင်ခန့်အပ်ထားတဲ့ သံတမန် ကဲ့သို့ ဆက်ဆံရေးအရာရှိများဖြစ်သည့်အပြင် ၎င်းတို့အား အကာအကွယ်ပေးရမည်ဟု NCAတွင် ပြဌာန်းထားသောကြောင့် ဤပြုမူချက်က NCAကို ချိုးဖောက်ရာရောက်တဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ PPST ကိုယ်စား တောင်းဆိုပါတယ်”လို့ နိုင်အောင်မင်းက ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၄ရက်နေ့ မှာ Video Conferencing နဲ့ ကျင်းပနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး(၂၁/၂၀၂၁)မှာ ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်းက အဖွင့်မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောဆိုလိုက်တာပါ။
ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်းမိန့်ခွန်းအရ PPST က ချမှတ်ထားသည့် နိုင်ငံရေးရပ်တည်ချက် (၇)ရပ်နှင့်အတူ ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အစည်းအဝေး (၂၁/ ၂၀၂၁)ကို ၂၀၂၁ ခုနှစ်၊ ယနေ့ နိုဝင်ဘာလ (၄)ရက်နေ့၊ နံနက်ပိုင်းမှ စတင်ကာ Video Conferencing ဖြင့် ကျင်းပလျက်ရှိပြီး အစည်းအဝေးကို မနက်ဖြန် နိုဝင်ဘာလ (၅)ရက်နေ့အထိ ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါတယ်။
![](https://scontent-sin6-2.xx.fbcdn.net/v/t1.6435-9/249658174_3090358174540493_4345582598312106264_n.jpg?_nc_cat=108&ccb=1-5&_nc_sid=730e14&_nc_ohc=LktMWYk_IWgAX80wwmL&_nc_ht=scontent-sin6-2.xx&oh=59e128457f164758c8ec29ddf09e1df7&oe=61A9123F)
![](https://scontent-sin6-2.xx.fbcdn.net/v/t1.6435-9/p640x640/250338099_3090358214540489_809137784197611706_n.jpg?_nc_cat=102&ccb=1-5&_nc_sid=730e14&_nc_ohc=B6ZkxNxEpwAAX-Ooxvj&_nc_ht=scontent-sin6-2.xx&oh=f1b3df76c9b257e97c69bdfd8675f543&oe=61A8A229)
![](https://scontent-sin6-2.xx.fbcdn.net/v/t1.6435-9/p180x540/249742090_3090358274540483_2792898101605518096_n.jpg?_nc_cat=102&ccb=1-5&_nc_sid=730e14&_nc_ohc=-jmc2K15xMUAX-foXyM&_nc_ht=scontent-sin6-2.xx&oh=e1acc5eaa62983e64cce1219a555cb57&oe=61A90F49)