တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

NCA (၆) နှစ်ပြည့်ပွဲ ABSDF ကိုယ်စားလှယ်တက်ခြင်းမှာ ဗဟိုကော်မတီ၏ သဘောထား မဟုတ် ဟုဆို

NCA (၆) နှစ်ပြည့်ပွဲ ABSDF ကိုယ်စားလှယ်တက်ခြင်းမှာ ဗဟိုကော်မတီ၏ သဘောထား မဟုတ် ဟုဆို

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၂၄ ၊ ၂၀၂၁

အာဏာသိမ်း စစ်ကောင်စီက ကျင်းပခဲ့သော တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA (၆) နှစ်ပြည့်ပွဲသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ကိုယ်စားလှယ်တက်ခဲ့ခြင်းသည် ABSDF ဗဟိုကော်မတီ၏ သဘောထား မဟုတ်ကြောင်း အဆိုပါအဖွဲ့က အောက်တိုဘာလ ၂၄ ရက်တွင် ကြေညာသည်။

NCA (၆) နှစ်ပြည့်ပွဲတွင် ပြောကြားခဲ့သော ပြောကြားချက်များသည် တက်ရောက်သူ၏ ပုဂ္ဂိုလ်ရေး ပြောကြားချက်သာ ဖြစ်ကြောင်း၊ အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းသည် အခြေအနေပေါ် မူတည်ပြီး ပါဝင်ဆောင်ရွက်ခဲ့သူများ၏ တာဝန်ယူမှု တာဝန်ခံမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထုတ်ပြန်ချက်တွင် ပါဝင်သည့် တတိယအချက်နှင့်ပတ်သက်၍ (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲက “ရိုးရိုးပါပဲ။ ဒါက အဖွဲ့အစည်းက တာဝန်ခံခဲ့တာ မဟုတ်ဘူး။ အဲဒီမှာဆုံးဖြတ်တဲ့သူတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှု ပဲဆိုတာကို ရှင်းရှင်းလင်းလင်းရေးထားတာပါ” ဟုပြောသည်။

မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ရသည်နှင့် ပတ်သက်၍ ရဲဘော်သံခဲ ထံ ဧရာဝတီက မေးမြန်းခဲ့သော်လည်း ၎င်းက ဖြေကြားရန်ငြင်းဆန်သည်

အောက်တိုဘာလ ၁၅ ရက်က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ စစ်ကောင်စီက ဦးစီးကျင်းပခဲ့သော NCA (၆) နှစ်ပြည့်ပွဲသို့ ABSDF မှ ဦးမင်းဇော်က တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ မြန်မာ့အလင်းသတင်း စာတွင် ဖော်ပြထားသည်။

ထိုသို့ တက်ရောက်ခဲ့သည့်အတွက် Facebook လူမှုကွန်ရက်ပေါ်၌ ABSDF အပေါ် ပြည်သူအများ၏ ဝေဖန်ပြစ်တင်မှုများရှိလာပြီးနောက် တပတ်ခန့်အကြာတွင် ABSDF ဘက်က ယခုကဲ့သို့ ကြေညာချက်တစောင် ထုတ်ပြန်လာခြင်းဖြစ်သည်။

ABSDF ကို ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ဖြိုခွင်းခံရပြီးနောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ကျောင်းသားများ၊ အလုပ်သမားများ၊ လယ်သမားများနှင့် လူငယ်များက မြန်မာနိုင်ငံနယ်စပ် အသီးသီးသို့ ထွက်ခွာကာ ဖွဲ့စည်းတည်ထောင်ခဲ့ကြခြင်းဖြစ်သည်။

Related Articles

Back to top button