မြန်မာ့နိုင်ငံရေးဖြစ်စဥ်များထဲက Legitimacy နဲ့ de facto
မောင်မောင်စိုး (သုံးသပ်ချက် ဆောင်းပါး)
မြန်မာ့ပြည်နိုင်ငံရေးဖြစ်စဉ်တွေမှာ legitimacy နဲ့ de facto အားပြိုင်မှု ဖြစ်ပွါးတာ သုံးကြိမ်ရှိပြီဆိုတာတွေ့ရပါတယ်။ Legitimacy ကို တရားဝင်ဖြစ်ခြင်းလို့ ပြန်ဆိုကြပြီး De facto ကိုတော့ တရားဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ လက်တွေ့အုပ်ချုပ်နေခြင်းလို့ပြန်ဆိုကြတာတွေ့ရပါတယ်။
ပထမဆုံးအကြိမ် legitimacy ကိုအသုံးပြုတာကတော့ ဦးနု ဖြစ်ပါတယ်။ ဦးနုဟာ ဝန်ကြီးချုပ်တာဝန်ယူနေစဉ် ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခံရပြီး အဖမ်းခံရပါတယ်။ ၁၉၆၆ မှာ ပြန်လွတ်ခဲ့ပြီး ၁၉၆၉ ခုနှစ် ဖေဖဝါရီမှာ ဗိုလ်နေဝင်းဆီပေးစာ တစောင်ပို့ပြီး legitimacy အရ သူကို ဝန်ကြီးချုပ် ပြန်ခန့်အပ်ပြီး မျက်သိမ်းခံရတဲ့လွှတ်တော်ပြန်ခေါ်ခါ ပြသနာဖြေရှင်းဖို့တောင်းဆိုခဲ့ပါတယ်။ လန်ဒန်မြို့မှာ သူသာတရားဝင် ဝန်ကြီးချုပ်ဖြစ် ကြောင်း ကြေညာခဲ့ပါတယ်။ ဗိုလ်နေဝင်းက ပယ်ချခဲ့ပါတယ်။ တဖန် ၁၉၈၈ အရေးအခင်းကာလမှာ ဦးနုဟာ legitimacy အရ သူသာဝန်ကြိးချုပ်ဖြစ်ကြောင်းကြေညာပြီး ကြားဖြတ်အစိုးရဖွဲ့ခဲ့ပါသေးတယ်။