တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

NCA ၆ နှစ်ပြည့်ပွဲ အခမ်းအနား ဘယ်သူတွေတက်

NCA ၆ နှစ်ပြည့်ပွဲကို PPST အနေနဲ့မဖိတ် တစ်ဖွဲ့ချင်းပဲ ဖိတ်၊

အခမ်းအနား တက်ရောက်ခဲ့ကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၁၅၊ ၂၀၂၁

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လက် မှတ်ရေးထိုးခဲ့သည်မှာ ၆ နှစ်ပြည့် မြောက်ခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် ယနေ့ (အောက်တိုဘာ ၁၅ ရက်) ၆ နှစ်ပြည့် NCA နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်နိုင်ရန် စစ်ကောင်စီ(စကစ)ဘက်က လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့ကို ဖိတ်ကြားခဲ့သည်။

ယခင်က NCA နှစ်ပတ်လည် အခမ်းအနား တက်ရောက်ရန် PPST ကို လိပ်မူ၍ ဖိတ်ကြားလေ့ရှိသော်လည်း ယခု ၆ နှစ် ပြည့် အခမ်းအနားကိုတော့ အပစ်ရပ် ၁၀ ဖွဲ့ တစ်ဖွဲ့ချင်းစီကိုသာ လိပ်မူပြီး ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

ကနေ့ အခမ်းအနား ကို RCSS၊ ALP၊ NMSP၊ DKBA၊ KNU/KNLA-PC၊ ABSDF၊ PNLO၊ LDU တို့က လူကိုယ်တိုင်နှင့် အွန်လိုင်းဆိုကာ နှစ်မျိုး ခွဲ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အခြေအနေအပေါ် တချို့ကလည်း စကစသည် PPST အား ပိုင်းခြားရန် မဟာဗျူဟာတစ်ခုကို ခင်းကျင်းလိုက်ခြင်း ဖြစ်သည်ဟုလည်း ပြောဆိုနေကြသည်။

Related Articles

Back to top button