တိုင်းရင်းသားများသတင်း

ထန်တလန်တွင် စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ဓမ္မအမှုတော်ဆောင် ၁ ဦး ကွယ်လွန်

ထန်တလန်တွင် စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ဓမ္မအမှုတော်ဆောင် ၁ ဦး ကွယ်လွန်

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၁၈ ရက်၊ ၂၀၂၁

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် မြို့ထဲသို့ ပစ်ခတ်မှုကြောင့် မီးလောင်ကျွမ်းနေသည့် နေအိမ်များအား မီးငြှိမ်းသတ်ရန် နေအိမ်မှ ဆိုင်ကယ်မောင်းနှင်လာသည့် ဓမ္မအမှုတော်ဆောင် Cung Biak Hmun အား စစ်ကောင်စီ တပ်သားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ညနေ ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်ခံရသည့် နေရာ၌ပင် ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓမ္မအမှုတော်ဆောင် Cung Biak Hmun သည် ထန်တလန်မြို့ Thatalan Christian Baptists Church (TCBC) ဘုရားကျောင်းတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

ယနေ့ မွန်းလွဲပိုင်း ၃ နာရီခန့်မှစပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထန်တလန်မြို့ပေါ်ရှိ နေအိမ် ၁၅ လုံးခန့် မီးကူစက်လောင်ကျွမ်းခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိ နေအိမ်တချို့လည်း ပျက်ဆီးမှုများရှိကြောင်း၊ ဒေသခံတချို့ ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။

ပုံစာ – စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ကွယ်လွန်သွားသည့် ဓမ္မအမှုတော်ဆောင် Cung Biak Hmun

Related Articles

Back to top button