တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 15, February 20, 2024)

၁။ မံစီမြို့နယ်ရှိ စီခမ်းကြီးစစ်ကောင်စီစခန်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်
   February 19, 2024

မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ နံနက် ၁၁ နာရီခန့်တွင် ကချင်လွှတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။“ခွာစစ် ပုံစံနဲ့တိုက်နေတာ စစ်ကောင်စီတွေက၊ လေယာဉ်တွေ ဗုံးကြဲတာကရက်စက်တယ်။ ကျောင်းတစ်ခုတောင်ပါသွားတယ်။ ဒီမနက် လည်း လေယာဉ်နဲ့ပစ်နေပြီ။ ဘယ်နှစ်စီးနဲ့ လာပစ်တယ်ဆိုတာတွေတော့ မသိတော့ဘူးအကြိမ်ကြိမ်ပဲ” ဟုပြောသည်။ ကချင် လွှတ်မြောက်ရေးတပ် (KIA) တပ်မဟာ (၃) လက်အောက်ရှိ တပ်ရင်း (၁၂) ၊ AA၊ KPDF ပူးပေါင်းတပ်များ ယနေ့နံနက်တွင် သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း KIA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။“သိမ်းနိုင်ပြီ၊ သေချာပြီ၊ စစ်ကောင်စီဘက်ကတော့ တော်တော်လေးထိသွားပြီ။ ကျွန်တော်တို့ဘက်ကတော့ တစ်ယောက်၊ နှစ်ယောက်ထိခိုက်မှုတော့ရှိတာပေါ့” ဟုပြောသည်။

စခန်းသိမ်းဆည်းရမိခြင်းနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချိန် KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က “ဘာမှမကြားရသေးဘူး တိုက်နေဆဲ တိုက်ပွဲပြင်းထန်နေဆဲ။ ဂျက်တွေနဲ့လာ Y -12၊ Y -8 တွေနဲ့လာပစ်နေတယ်လို့ ကြားနေရတယ်” ဟုပြောသည်။ မံစီမြို့နယ် စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီစခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ စတင်ကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ့တိုက်ပွဲအတွင်း ပြည်သူ ငါးဦးသေဆုံးခဲ့ပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တိုက်ပွဲတွေကြောင့် စီအူကျေးရွာနှင့် စီခမ်းကြီးကျေးရွာအနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင် နေကြကြောင်း သိရသည်။ မံစီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနဲ့ စုပေါင်းဂိတ်များကို ပြီးခဲ့တဲ့ ဇန်နဝါရီလတွင် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။ https://www.faceb ook.com/photo?fbid=714132907581047&set=pcb.714126930914978

၂။ ဆီဆိုင်မြို့ကို ပစ္စည်းပြန်သယ်တဲ့သူတွေ စစ်ကောင်စီလက်နက်ကြီးထိလို့ ဒဏ်ရာရရှိ များပြား
February 19, 2024

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို ပစ္စည်းပြန်ယူတဲ့ကားတွေ ဖေဖော်ဝါရီ ၁၉ ရက်မနက်မှာ လက်နက်ကြီးနဲ့အပစ်ခံရလို့ ထိခိုက်ဒဏ်ရာရသူများပြားတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။ မနက် ၆ နာရီက ၇ နာရီအထိ မြို့ရဲ့ မြောက်ဘက် ကနေ လက်နက်ကြီးနဲ့ ပစ်တာမှာ ဆီဆိုင်မြို့ထဲကို ၁ လုံးကျပြီး၁လုံးကမွေတော်ဘုရားအရှေ့ဘက် ဝါးတောရွာ ကားတန်းနဲ့ ပေ ၅၀ လောက်မှာလက်နက်ကြီးကျလို့ လူ ၆ ယောက်ပြင်းထန်ဒဏ်ရာတွေရပြီး ပြောင်းတင်ကား၁စီးလဲထိလို့ လူ ၂ ယောက်ပြင်း ထန်ဒဏ်ရာ တွေရတယ်လို့ သိရပါတယ်။ ဒဏ်ရာရသူတွေဟာ ဆီဆိုင်မြို့နယ်၊ ဘုရားဖြူရွာကဖြစ်ပြီး ကားနဲ့တောင်ကြီး ဖက်ကို ပြန်သယ်ဆောင်လာနေတယ် လို့ ဆီဆိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

မြို့ကိုသွားသူတွေ ပြန်ပြေးလာကြပေမယ့် မြို့ထဲကျန်ရစ်သူများရှိပြီး တိုက်ပွဲဖြစ်နေလို့ ပိတ်မိသူတွေရှိတယ်လို့ သိရပါတယ်။  ဆီဆိုင်မြို့အခြေအနေ လုံခြုံရေးမကောင်းသေးလို့ ပစ္စည်းပြန်ယူတာတွေ မလုပ်ကြဖို့ PNLA က သတိပေး ချက်တွေ ထုတ်ပြန်ထားသလို မနေ့ကပဲ မြို့ကို့ပြန်ပြီး ပစ္စည်းသယ်ခွင့်ပြုတာဟာ စစ်ကောင်စီရဲ့ထောင်ချောက်ဖြစ်မယ်လို့ PNFC က ပြော ထားပါတယ်။ ဆီဆိုင်မြို့တွင်းမှာ ကားအစီးလိုက် ဖောက်ထွင်းခိုးခံနေရတဲ့ သတင်းတွေကြားရလို့နဲ့ ဝင်ငွေမရှိဘဲရိက္ခာပြတ်လာ ကြတဲ့ ဒေသခံတွေမှာလည်း အိမ်ပြန်ပြီးရရာ ယူကြတာမှာခုလို လက်နက်ကြီးနဲ့ ပစ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီနဲ့ အပေါင်းပါတွေက ဆီဆိုင်ကို နေ့နေ့ညညလက်နက်ကြီးနဲ့ပစ်ခတ်နေသလို သူခိုးတွေကလည်း သောင်းကျန်းနေ တာဖြစ်လို့ မြို့ကို ထိန်းချုပ်ထားတဲ့ PNLO နဲ့တော်လှန်ရေးတပ်ဖွဲ့တွေက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အခု ထက် ပိုမိုစောင့်ရှောက်ပေးစေချင်တယ်လို့ စစ်ဘေးရှောင် အချို့ကပြောပါတယ်။ https://www.fac ebook.com/photo/?fbid= 422744990111951&set=pcb.422689086784208
၃။ မောင်တောက စစ်ကောင်စီ ပဲရမ်းတောင်စခန်းကို AA သိမ်းယူ
  February 20, 2024

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပဲရမ်းတောင်က စစ်ကောင်စီတပ်စခန်းကို ဖေဖော်ဝါရီလ ၁၉ ရက်မှာ ရက္ခိုင့်တပ်တော် (AA) က သိမ်းယူနိုင်ခဲ့တယ်လို့ AA ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီစခန်းကနေ စစ်ကောင်စီတပ် သား ရုပ်အလောင်း ဆယ်လောင်းကျော် အပါအဝင် လက်နက်ခဲယမ်းတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေကို ရရှိခဲ့တယ်လို့လည်း ဖော်ပြပါတယ်။ မနက် ၇ နာရီ ဝန်းကျင်ကနေ ညနေ ၄ နာရီခွဲအထိ ၉ နာရီကျော်ကြာတဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်က ဂျက်တိုက်လေယာဉ်နဲ့ သုံးကြိမ် လာရောက်ပစ်ခတ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း မောင်တောမြို့အနီးက ဗောဓိကုန်းနဲ့ နရူလာ စစ်ကောင်စီတပ် နယ်ခြားစောင့်စခန်း နှစ်ခုကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ ရက္ခိုင့်တပ်တော် (AA) ဟာ ချင်းပြည်နယ် ပလက်ဝမြို့ အပါ အဝင် ရခိုင်ပြည်နယ်အတွင်းက ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံနဲ့ တောင်ပြိုစတဲ့ မြို့ ခုနစ်မြို့ကို သိမ်း ယူထားပါတယ်။ လက်ရှိမှာတော့ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်နဲ့ ရမ်းဗြဲမြို့တွေက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ https://www.rfa.org/burmese/news/aa-seize-military-outpost-0219202422270ml
၄။ နိုင်ငံခြားသို့ တိမ်းရှောင်သူများ၏ နေအိမ်ဥစ္စာကို သိမ်းဆည်းမည်ဟု RCSS ထုတ်ပြန်
  February 19, 2024

သျှမ်းပြည်အတွင်းနေထိုင်သည့် ဒေသခံပြည်သူများမှ နိုင်ငံခြားသို့ မိသားစုလိုက်ထွက်ပြေးတိမ်းရှောင်ပါက နေအိမ် ဥစ္စာ များကို သိမ်းဆည်းသွားမည်ဟု သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ထုတ်ပြန်လာကြောင်း စုံစမ်းသိရသည်။ စစ်ရေးပဋိပက္ခ ကာလအတွင်း သျှမ်းပြည်အတွင်း နေထိုင်ပြီး မည်သည့်တိုင်းရင်းသား လူမျိုးမဆို အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ ကျား၊မ အားလုံးသျှမ်းပြည်အမျိုးသားရေး တာဝန်ထမ်းဆောင်နိုင်ရန်အတွက် စစ်မှုထမ်းမူဝါဒနှင့် မြေယာမူဝါဒများကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) က (ဖေဖော်ဝါရီလ ၁၉ ရက်)တွင် ထုတ်ပြန်လာသည်။“RCSS ဆီမှာ စစ်မှုထမ်းရင်တော့ ကင်းလွတ်ခွင့် ရမှာပါ။ စစ်ကောင်စီက ကောက်ယူတာလည်း သူတို့ရဲ့ ဥပဒေပဲလေ။ ပြည်မက လူတွေကိုပဲ စစ်သားကောက်မှာပေါ့။ သျှမ်းပြည်သားတွေနဲ့ မဆိုင်ဘူး၊ သျှမ်းပြည်သူတွေအနေနဲ့ စစ်ကောင်စီမှာ တာဝန်ထမ်း ဆောင်ဖို့ မလိုဘူး။ ပြည်သူတွေ ကိုယ့်သဘောဆန္ဒအရ ဆုံးဖြတ်ရမှာပေါ့”ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက ပြောသည်။

ယခုထုတ်ပြန်လာသည့် စစ်မှုထမ်းနှင့် မြေယာမူဝါဒသည် RCSS/SSA စတင်ဖွဲ့စည်းကတည်းက နဂိုရှိရင်းစွဲ မူဝါဒဖြစ်ပြီး အခြေအနေအရ ပြည်သူများ သိရှိနိုင်ရန် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဆိုသည်။“အဓိက ပြည်သူတွေ နေအိမ်ခြံဝင်း ရောင်းပြီး နိုင်ငံခြားသွားတာကို တားမြစ်နိုင်အောင်ပေါ့။ သူတို့တွေ ပြန်လာနေကြဖို့ပေါ့။ မြေယာမူဝါဒကတော့ RCSS ရဲ့ အုပ်ချုပ်ရေးလုပ် ငန်းထဲပါတယ်။ အသက်မွေးဝမ်းကြောင်းမှုအရ ငွေရှာတာတော့ မတားမြစ်ဘူး၊ နေအိမ်နဲ့ တောင်ယာတွေကို မစွန့်ပစ်သွားကြဖို့ တားမြစ်ရတာ”ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံက ဆက်ပြောသည်။ RCSS တပ်ဖွဲ့၏ စစ်မှုထမ်းမူဝါဒတွင် (၁) အသက်(၁၈)နှစ် ပြည့်လျှင် ၆ နှစ် စစ်မှုထမ်းရန်၊ (၂) တက္ကသိုလ်အဆင့်ပြီးမြောက်သူများ သင်ကြားရေးနှင့် ရုံးလုပ်ငန်းတာဝန် ထမ်းဆောင်ရန်၊ (၃) စက်မှုလက်မှု ကျွမ်းကျင်သူများ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်းနှင့် ယာဉ်ထိန်းသိမ်းရေးတို့ လုပ် ဆောင်ရန်၊ (၄) နည်းပညာကျွမ်းကျင်သူများအနေဖြင့် ဒရုန်းတပ်ဖွဲ့၊ IT နှင့် Website ဆိုင်ရာ တာဝန်ထမ်းဆောင်ရန်၊ (၅) နိုင်ငံရေး၊ စည်းရုံးရေး နှင့် မှတ်တမ်းထိန်းသိမ်းရေး ကျွမ်းကျင်သူများ သက်ဆိုင်ရာအလိုက် တာဝန်ထမ်းဆောင်ရန် စသည်ဖြင့်ပါရှိသည်။ RCSS သည် ယနေ့ချိန်ထိတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘော တူညီစာချုပ်(NCA)ကို ဆက်လက်ကိုင်စွဲထားပြီး စစ်ကောင်စီ၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု ကော်မတီ (NSPNC)နှင့်လည်း ပုံမှန်တွေ့ဆုံ ဆွေးနွေးလျက် ရှိသည်။ https://burmese.shannews.org/archives/401
 
၅။ ရန်ကုန်မှ စစ်တွေသို့ လေယာဉ်ဖြင့် လာသည့် ခရီးသည်များ အားလုံးကို စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးနေ
  February 19, 2024

ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ရန်ကုန်လေဆိပ်မှ ရခိုင်ပြည် စစ်တွေလေဆိပ်သို့ လိုက်ပါလာသော ခရီးသည်များအားလုံး ကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ နံနက် ၆ နာရီကနေ နေ့လယ် ၂ နာရီအထိ စစ်တွေလေဆိပ်သို့ လေယာဉ် ၃ စီးဆင်းသက်ပြီး ခရီးသည် ၆၀၀ ထက်မနည်း ပါလာကြောင်းနှင့် ၎င်းတို့ အားလုံးကို စစ်တွေမြို့ လောကာနန္ဒာစေတီဝန်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးဆေးနေကြောင်း စစ်တွေဒေသခံ တစ်ဦးက ပြောသည်။ “စစ်တွေဆိပ်ကနေ လဝက တောင်ဖြတ်ခွင့်မပေးဘူး။ လေယာဉ်ဆင်းတာနဲ့ စစ်ကားတွေ၊ ဒိုင်နာကား တွေကို တက်ခိုင်းတာ။ ပြီးရင်တော လောကာနန္ဒာ ခြံဝန်းခေါ်လာပြီး စစ်ဆေးနေတာ။ တစ်ယောက်မှ ပြန်လွတ်တာ မတွေ့ရ သေးဘူး။ ဘာဖြစ်လို့ စစ်ဆေးနေတာလဲ တစ်ယောက်မှ အတိအကျ မသိရဘူး။ လောကာနန္ဒာခြံဝန်းကိုလည်း လုံခြုံ ရေးအပြည့် ယူထားတယ်။ အပြင်လူ တစ်ယောက်မှ ဝင်ခွင့်မရှိဘူး” ဟု ပြောသည်။ အဆိုပါ ခရီးသည်များကို စစ်ကောင်စီတပ်သားများမှ ဦးဆောင်ကာ စစ်တွေမြို့နယ် လဝက၊ ရခိုင်ပြည် လဝကအဖွဲ့နှင့် ရဲတပ်ဖွဲ့အပါအဝင် ပြည်နယ်ထွေ/အုပ်၊ ပြည်နယ်စစ်ကောင်စီ ဝန်ကြီးအဖွဲ့တို့ပါဝင်ကြောင်း ဒေသခံများက ဆိုသည်။

နောက်ထပ် ဒေသခံတစ်ဦးက “အဓိက ဘယ်ကလာတာလဲမေးတယ်။ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ဘယ်မှာ ဘာ သွားလုပ်နေတာလဲ အကုန်မေးတာ။ ဘာဖြစ်လို့ ပြန်လာတာလဲ၊ ရခိုင်မှာ ဘယ်မှာနေတာလဲ၊ မွေးရပ်ဇာတိက ဘယ်ကလဲ စသဖြင့်မေးတာ။ ပြီးတော့ နိုင်ငံရေးလှုပ်ရှားမှု ရှိသလား၊ မသင်္ကာတဲ့သူတွေဆိုရင် ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ အိတ်တွေ အကုန်စစ်တာ။ မသင်္ကာစရာတစ်ခုခုတွေ့ရင် အချုပ်ထဲပို့မယ်ဆိုတဲ့ သဘော”ဟု ပြောသည်။ စစ်ကောင်စီသည် စစ်တွေ လေဆိပ် သို့ လာရောက်သည့် ခရီးသည်များကို ယနေ့တွင် စတင်စစ်ဆေးနေခြင်းဖြစ်ပြီး နောက်နေ့များတွင်လည်း စစ်ဆေးသွားမည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည် လေဆိပ်တာဝန်ကျနေသူတစ်ဦးက ပြောသည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကလည်း ရခိုင်ပြည် ကျောက်ဖြူမြို့လေဆိပ်သို့ ရန်ကုန်မှ ရောက်လာသည့် ခရီးသည် ၆၇ ဦးကိုလည်း ရမ္မာဝတီမြို့တော်ခန်းမတွင် ဖမ်းဆီး စစ်ဆေးနေပြီး အချို့ကို ပြန်လွှတ်ပေးကာ အများစုက ကျန်နေသေးကြောင်း ကျောက်ဖြူဒေသခံများပြောပြချက်အရ သိရသည်။  https://www.facebook.com/photo/?fbid=841132598026168&set=a.682731967199566
၆။ ဆီဆိုင်မြို့နယ်က ရွာတွေကို စစ်ကောင်စီလက်နက်ကြီးနဲ့ပစ်လို့  ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ
  February 19, 2024

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်မြို့ ခမရ ၄၂၅ နဲ့ ၄၂၆ တပ်အတွင်းရှိ စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့ စစ်များက လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ထမ်းယံကျေးရွာက ကလေးငယ်နဲ့ ထီတမ်ရွာက အမျိုးသား ၂ ဦး သေဆုံးခဲ့ တယ်လို့ PNLA က ထုတ်ပြန်ပါတယ်။ မြေပြင်တိုက်ပွဲတွေမရှိဘဲ ကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ အချက်ပေါင်း ၄၀ ကျော် ပစ်ခတ်ခဲ့လို့ ထမ်းယံက ၆ လသားအရွယ်ကလေးငယ်တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရခဲ့ကာ ထီတမ်က ဒေသခံ ၁ ဦး  သေဆုံးပြီး ၅ ဦး ဒဏ်ရခဲ့တယ်လို့သိရပါတယ်။

ယင်းကျေးရွာတွေမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)  တပ်စွဲထားခြင်းမရှိပဲ စစ်ကောင်စီက တိုက်ပွဲ အတုဖန်တီးပြီးတမင်သက်သက် ကျေးရွာတွေကိုပစ်ခတ်ဖျက်ဆီးခဲ့တာလို့ ပြောပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်တစ်ရက်ထဲ မှာပဲ ဆိုက်ခေါင်အထိုင်ချ စစ်ကောင်စီအမြောက်တပ်က မဲနယ်တောင်ဒေသ ကျောက္ကဆျား၊ လုံးဟီး၊ စငေါ ကျေးရွာတွေဘက်ကို လည်း လက်နက်ကြီး အချက်ပေါင်း ၁၀၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ https://www.facebook.com/photo?fbid=422643800122070&set=pcb.422643880122062

၇။ ရေးမြို့နယ် ခံသင်းတံတားရှိ စစ်တပ်ဂိတ်ကို ရေးဘီလူးတပ်ဖွဲ့က တိုက်ခိုက်မှု  စစ်သား ၄ ဦး သေဆုံး
  February 19, 2024

မွန်ပြည်နယ် ရေးမြို့နယ်ရှိ ခံသင်းတံတားရှိ အကြမ်းဖက်စစ်တပ်၏ ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၄ ဦး သေဆုံးကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၇ နာရီ အချိန် တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဂိတ်စခန်းတွင် ပိုက်ဆံကောက်နေသည့် အကြမ်းဖက်စစ်သားများကို ပစ်ခတ်ရှင်းလင်းခဲ့ ခြင်း ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

“ပိုက်ဆံကောက်တဲ့ တပ်သား ၄ ဦးကို အပိုင်ပစ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ သေနတ်ဝင်ကောက်ဖို့ လုပ်တာ အထဲမှာ ကွန်မန်ဒိုစိန်ပြောင်းတွေ ထိုင်ထားတာရှိတယ်ဗျ။ ဝင်ဖို့မလွယ်တော့ အဝေးကနေ ကာပစ်ပြီး အကောင်းဆုံးဆုတ်ခွာနိုင်ခဲ့တယ်” ဟု ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်က ၈၀ မမ ၊ ၆၀ မမ လက်နက်ကြီးများ ပစ်ခတ်၍ စစ်ကူပေးခဲ့သော်လည်း ရေးဘီလူးအဖွဲ့ဝင်များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။ https://www.facebook.com/photo/?fbid=7557688433173 91&set=a.568142278746716
၈။ မိုးကောင်းတွင် လူငယ် ၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
  February 19, 2024

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကနေ ဖားကန့်မှာ အလုပ်သွားလုပ်တဲ့ မြိုတိုင်းရင်းသား လူငယ် ၄ ဦးကို ကချင်ပြည် နယ် မိုးကောင်းမြို့ စစ်ကောင်စီဂိတ်ကနေ ဖမ်းဆီးလိုက်တယ်လို့ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက် မနက် ၉ နာရီလောက်မှာ မိုးကောင်းမြို့ကနေ ဖားကန့်ဘက်အထွက် လမ်းဆုံ စစ်ကောင်စီဂိတ်မှာ မှတ်ပုံတင်စစ်ဆေးနေရင်း မြိုတိုင်းရင်းသား လူငယ် ၅ ဦးကို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူ ၅ ဦးထဲက အသက် ၃၉ နှစ်အရွယ် အမျိုးသား တဦးကိုတော့ ပြန်လွှတ်ပေးခဲ့ပြီး အသက် ၁၉ နှစ်ကနေ ၂၉ နှစ်အကြား အမျိုးသား ၄ ဦးကိုတော့ လက်ရှိအချိန်ထိ ပြန်လွှတ်ပေး ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ကျောက်တော်မြို့နယ် မင်းတုန်ရွာမှာ နေထိုင်တဲ့ နေမျိုးထက်၊ နောဧ၊ ရဲလင်းကျော်နဲ့ ကျော်ကျော်နိုင်တို့ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ဟာ နေထိုင်တဲ့ မင်းတုန်ကျေးရွာကတဆင့် ကျောက်တော်မြို့၊ ကျောက်တော်မြို့ကနေ စစ်တွေမြို့၊ စစ်တွေမြို့ က တဆင့် လေယာဉ်နဲ့ ရန်ကုန်မြို့၊ ရန်ကုန်မြို့ကတဆင့် ကားနဲ့ ဖားကန့်ကိုအသွား မိုးကောင်းမြို့အထွက်မှာ ဖမ်းဆီးခံလိုက်ရတာ လို့လည်း သိရပါတယ်။ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတဦးက “၄ ယောက်ကျန်ခဲ့တယ်၊ အစကတော့ ယောကျ်ားလေးတွေဆိုတော့ ဘယ်ကလာသလဲဆိုတာ စစ်ဆေးပြီးတော့မှ ၃၉ နှစ်တယောက်ကို အသက်ကြီးတယ်ဆိုပြီး ပြန်လွှတ်ပေးလိုက်တယ်။ ကျန်တဲ့သူ တွေကတော့ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်ထားတာ။ တခြားသူတွေလည်း စစ်ဆေးစရာရှိတယ်ဆိုပြီး ပြန်လွှတ်တာတဲ့၊ သူတို့ ကိုတော့ မလွှတ်သေးဘူး” လို့ ပြောပါတယ်။ ဖမ်းဆီးခံရသူ ၄ ဦးကို မိုးကောင်းမြို့ ခလရ-၃၈၁ တပ်ရင်းထဲမှာ ထားရှိပြီး မိသားစုနဲ့ လည်း အဆက်အသွယ်မရသလို ဘာကြောင့်ထိန်းသိမ်းထားတယ် ဆိုတာလည်း မသိရသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။ https://burmese.dvb.no/post/639391
၉။ နိုင်ငံအား စစ်နွံအတွင်းကျစေမည့် ဥပဒေ KNU ဝေဖန်
  February 19, 2024

စစ်ကောင်စီ အသက်သွင်းလိုက်သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် စစ်အာဏာရှင် သက်ဆိုးရှည်စေမည့် လုပ်ရပ်ဖြစ် သည့်အတွက် ဆန့်ကျင်ကန့်ကွက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်လိုက်သည်။ ထုတ်ပြန်ချက်၌ “စစ်မှုထမ်းဥပဒေသည် တနိုင်ငံလုံးအားစစ်နွံအတွင်းနက်ရှိုင်းစွာ ကျရောက်စေရန်လုပ်ဆောင်သည့်လုပ်ရပ်ဖြစ်သလို စစ်အာဏာ သက်ဆိုးရှည်စေသော လုပ်ရပ်ဖြစ်သောကြောင့် kNU က ဆန့်ကျင် ကန့်ကွက်ပါသည်” ဟု ဖော်ပြ ပါရှိသည်။ ထို့ပြင် ပြည်သူ့စစ် မှုထမ်းဥပဒေသည် တိုင်းပြည်အား ပြည်ပရန် ကျူးကျော်မှုများမှ ကာကွယ်ရန်၊ သဘာဝဘေးအန္တရာယ် များနှင့် အကြီးစား မတော်တဆဖြစ်ပွားမှုများ စသည်တို့တွင် လူသားချင်းစာနာထောက်ထားသော အကူအညီပေးအပ်မှု အပါအဝင် နိုင်ငံပြန်လည် တည်ဆောက်ရေး ကြိုးပမ်းမှုကို ပံ့ပိုးကူညီရန်အတွက် ဖြည့်ဆည်းပေးရမည့် မှန်ကန်သည့် ဝန်ဆောင်မှု ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

တရားမဝင်သော စစ်ကောင်စီ၏ လုပ်ရပ်အားလုံးကို နည်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်သွားကြရန် တိုက်တွန်းထားပြီး KNU အနေဖြင့် သက်ဆိုင်ရာ ကဏ္ဍများမှတတ်စွမ်းသ၍ ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေအား အသက်ဝင်ကြောင်း အတည်ပြုပြဋ္ဌာန်းရန် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် လုပ်ပိုင်ခွင့်မရှိ ဟု လည်း ဥပဒေပညာရှင်အချို့က ဝေဖန်ထောက်ပြ ကြသည်။ အဆိုပါ ဥပဒေကြောင့် မြန်မာနိုင်ငံအတွင်း နေထိုင်သော လူငယ်များ သည် ပြည်ပနိုင်ငံများသို့ ထွက်ခွာခြင်း၊ နယ်စပ်ဒေသများသို့ တိမ်းရှောင်ခြင်းများပြုလုပ်လာနိုင်သည့်အတွက် စီးပွားရေး၊ လူမှု ရေး စသော ကဏ္ဍများတွင်ပါ သက်ရောက်မှု များစွာရှိလာနိုင်သည်ဟုလည်း စီးပွားရေးပညာရှင်များက သုံးသပ်ပြောဆိုသည်။ https://www.facebook.com/photo?fbid=800806205425902&set=a.6007 22605434264
၁၀။ ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးကျေးရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံး
    February 19, 2024

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးကျေးရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး ခဲ့ကြောင်း Ba Htoo Army – BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ထားဝယ်မြို့မှ တဆင့် ထားဝယ် – ထီးခီးလမ်းအတိုင်း သင်္ကန်းတုံးကျေး ရွာဘက်သို့ ဝင်ရောက်လာသော စစ်ကောင်စီခြေလျင်စစ်ကြောင်းနှင့် ရိက္ခာတင်ကား ၁၇ စီးပါ စစ်ယာဉ် တန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သင်္ကန်းတုံးကျေးရွာ အရောက် ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စနိုက်ပါဖြင့် ထိမှန်မှုကြောင့် အကြမ်း ဖက်စစ်သား ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။“ခွေးစစ်ကြောင်းက ထားဝယ်ကနေ ထီးခီးဖက် တက်မယ်ထင်တယ်၊ ကားတွေကတော့ ရိက္ခာ တွေရော၊ ခွေးတွေရော အပြည့်ပါတယ်ဗျ၊ တိုက်ပွဲကတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာ၊ လက်ရှိခွေးစစ်ကြောင်းက သင်္ကန်းတုန်းရွာမှာပဲရှိသေးတယ်၊ ရှေ့ဆက် တိုးမလာသေးဘူး” ဟု Ba Htoo Army – BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗထူးတပ်မတော် (BHA) ၊ ထားဝယ်စုပေါင်းစစ်ကြောင်း(DCC) နှင့် Dawei Defense Team – DTT တပ်ခွဲ ၂ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင် စွာတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအရှိန်မြင့်တင်ကာ အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို အမြစ် ပြတ်တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် စစ်ရေးအသိသတိဖြင့်သွားလာနေထိုင်ကြရန်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ တရားဝင် အသိပေးထုတ်ပြန်ထားသည့် ထုတ်ပြန် ချက်များကို လေးစားလိုက်နာကြရန် မေတ္တာ ရပ်ခံထားသည်။ https://www.facebook.com/photo/?fbid=755594360001506&set=a.568142278746716
၁၁။ မွန်ပြည်သစ်ပါတီ ပြည်လည်ပေါင်းစည်းရေး ကြိုးပမ်းမည်
   February 19, 2024

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့နဲ့ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ မွန်ပြည်သစ် ပါတီ ဗဟိုအလုပ်ဆောင်မှုကော်မတီကကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက်ပါတီညီလာခံ ရလဒ် အပေါ် ကျေနပ်မှုမရှိသူတွေ စည်းရုံးပြီး ဖေဖော်ဝါရီ ၁၄ ရက်မှာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) အမည်နဲ့  အာဏာသိမ်း စစ်ကောင်စီကို တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်သွားမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ပါတီကနေ ခွဲထွက်သွားတဲ့သူတွေ မိခင်ပါတီဆီ ပြန်လာဖို့ သံဃာတော်တွေ မျိုးချစ်ပုဂ္ဂိုလ်တွေနဲ့ လက်တွဲပြီး ကြိုးပမ်းဆောင်ရွက်သွားမယ် လို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီက ဖေဖော်ဝါရီ ၁၆ ရက်မှာ အသိပေးထားပါတယ်။

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ ဒုအဖွဲ့ခေါင်းဆောင် နိုင်ဗညားလယ် (၁)ကတော့ မွန်ပြည်သစ်ပါတီရဲ့ ကြေညာချက်အပေါ် မှတ်ချက်မပေးလိုဘဲ အဖွဲ့ရဲ့ ထုတ်ပြန်ချက်အတိုင်း အာဏာသိမ်း စစ်တပ် ကို ပြန်တိုက်သွားမယ်လို့ ပြောပါတယ်။ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးအပေါ် မွန်ပြည်သစ်ပါတီအတွင်း လက်ခံသူတွေနဲ့ လက်မခံသူတွေကြား သဘောထားကွဲလွဲနေခဲ့တာ ကြာပြီးဖြစ်သလို စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေး လက်ခံထားသူအရေ အတွက် များပြားသွားတာကြောင့် လက်မခံသူတွေ ဘက်က အလျှော့ပေးခဲ့ရတာကို ကျေနပ်မှုမရှိခဲ့ဘူးလို့ မွန်ပြည်သစ်ပါတီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)ကတော့ စစ်ကောင်စီကို ဆန့်ကျင် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလက်တွဲပြီး အာဏာ သိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ မွန်ပြည်တော်လှန် ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကတော့ မွန်ပြည်သစ်ပါတီနဲ့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) တို့ရဲ့ ရပ်တည်ချက်နဲ့ ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေဟာ သူတို့အပေါ်မှာသာ မူတည်တယ်လို့ ပြောပါတယ်။ https://bur mese.dvb.no/post/639359
၁၂။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ စစ်မှုထမ်းရန် စစ်ကောင်စီ စာရင်းကောက်
   February 19, 2024

ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံမှာ နေထိုင်နေတဲ့သူတွေ ဖြစ်တာကြောင့် စစ်မှုထမ်းရမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြောဆို စာရင်းကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရင်စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၁၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့‌တဲ့   ပြည်သူ့စစ်မှုထမ်း ဥပဒေကို အာဏာတည်တဲ့အကြောင်း လက်ရှိ အာဏာ သိမ်း စစ်ခေါင်းဆောင်က ဖေဖေါ်ဝါရီ ၁၀ ရက်မှာ အမိန့်ထုတ်ပြန်ခဲ့တာကြောင့် ပြည်သူတွေ စိုးရိမ်နေပါတယ်။ မြန်မာနိုင်ငံသား အဖြစ် အသိအမှတ်ပြုမခံရဘဲ စစ်အာဏာရှင်အဆက်ဆက် ခွဲခြားဖိနှိပ်ခံရတဲ့  ရိုဟင်ဂျာတွေဟာလည်း မြန်မာပြည်မှာ နေထိုင် သူတွေပဲ ဖြစ်တယ်၊ ကိုယ့်အရပ်ကို ကိုယ်ကာကွယ်ဖို့ လက်နက်ကိုင်ရမယ်၊ သင်တန်းတွေပေးမယ်ဆိုပြီး စစ်တွေမြို့ရှိ  ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ စာရင်းတွေ လာကောက်ယူနေတာလို့ စစ်တွေဒေသခံ ရိုဟင်ဂျာ ဒုက္ခသည်တယောက်က ပြောပါတယ်။

တပ်သားအင်အား လိုအပ်နေတဲ့ စစ်ကောင်စီက မောင်တော၊  ဒို့ညောင်ပင်ကြီးရွာ၊ ရွှေဇားရွာ စတဲ့ရွာတွေနဲ့ အမှတ် ၄ ရပ်ကွက်နေ ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ  ၁၃ ရက်လောက်ကတည်းက တိုက်ရိုက် စည်းရုံးခဲ့ပြီး ကျန်တဲ့ရွာ တွေကိုတော့ အုပ်ချုပ်ရေးမှူးတွေနေကတဆင့် ဖုန်းနဲ့ ပြောဆို စည်းရုံးနေပါတယ်။ လူငယ်တွေကို စစ်ပညာသင်ပေးမယ်၊ လက်နက်တွေ ပေးမယ်၊ သူတို့နဲ့အတူ စစ်ဝင်တိုက်ပေးရမယ်ဆိုပြီး ခြိမ်းခြောက်စည်းရုံးနေတယ်လို့ မောင်တောမြို့ နယ်နေ ရိုဟင်ဂျာလူငယ် တယောက်က ပြောပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ဘူးသီးတောင်မြို့နယ်မှာ  ကျေးရွာ ဥက္ကဋ္ဌ အားလုံး ကို စစ်ကောင်စီ ဗျူဟာတပ်ရင်းကိုခေါ်ခိုင်းပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား ရွာသားတိုင်း စစ်ရေး လေ့ကျင့်ရမယ်။ အဲဒီ အသက် အပိုင်းအခြားရှိတဲ့သူတွေရဲ့ စာရင်းကို ပေးပို့ဖို့ တောင်းထားတယ်လို့  အလီချောင်း ရွာသားတယောက်က  စာရေး‌ပေးပို့ ပြောပါတယ်။  လတ်တလော ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တော ဒေသဘက်က ရိုဟင်ဂျာကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဇန်နဝါရီ  ၁ ရက်ကနေ ဖေဖော်ဝါရီ ၁၆ ရက်အထိ ရိုဟင်ဂျာ ၄၂ ယောက် သေဆုံးခဲ့ရပါတယ်။ https://bu rmese.dvb.no/post/639338
၁၃။ မြေရှားသတ္တုတူးဖော်မှုကို ဆန့်ကျင်ကန့်ကွက်သည့် ဒေသခံအချို့ကိုပြန်လွတ်ပေး၊ ဦးဆောင်သူအချို့ကို ဆက်ဖမ်းထား
   February 19, 2024

ချီဖွေမြို့နယ်၊ ဖရဲဒေသတွင် မြေရှားသတ္တုစမ်းသပ်တူးဖော်ရေးလုပ်ငန်း ရပ်ဆိုင်းရန် ကန့်ကွက်သောကြောင့် ဖမ်းဆီး ထားသည့် ဒေသခံအချို့ကို KIO က ပြန်လွတ်ပေးခဲ့သော်လည်း ဦးဆောင်သူများကို ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်ကြောင်းသိရ သည်။ ဖမ်းဆီးခံထားရသည့် ဒေသခံအများစုကို စစ်ဆေးမေးမြန်းမှုပြုလုပ်ပြီး ပြန်လည်လွှတ်ပေးလိုက်ပြီဟု ပြီးခဲ့သည့် ၁၇ ရက် နေ့ ဆက်သွယ်မေးမြန်းချိန် KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။“တပ်မဟာ (၇) ကလည်း ကော်မရှင်ဖွင့်ပြီး ဖမ်းဆီးထားတာတွေကိုမေးမြန်းတာတွေလုပ်တယ်။ ပြီးရင် ချက်ခြင်းလွှတ်ပေးတာတော့ မဟုတ်ဘူးပေါ့။ ဖြည်း ဖြည်းမေးမြန်းပြီးရင် လွှတ်ပေးနေတာဟုတ်တယ်။ အခုထိတော့အားလုံးနီးပါးကိုလွှတ်ပေးပြီ” ဟုပြောသည်။ ဒေသခံများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး၊ ငွေကြေးခံစားခွင့်တို့ကို ညှိနှိုင်းသဘောတူညီမှုရယူပြီး မြေရှားသတ္တု တူးဖော်ခြင်းလုပ်ငန်း စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သောကြောင့် နောက်ကွယ်မှ အကြံပေးသူများရှိနိုင်သဖြင့် ဆန္ဒပြရာတွင်ဦးဆောင်သူများကို စစ်ဆေးမေး မြန်းနေဆဲ ဖြစ်ကြောင်း သူကဆက်ပြောသည်။

“သူတို့ဆန္ဒပြတာက မြေရှားမတူးဖို့ဆန္ဒပြတာလား မဟုတ်ရင် သတ်မှတ်ထားတဲ့နေရာမှာ မဟုတ်တာကြောင့် ဆန္ဒပြတာလား မဟုတ်ရင် သူတို့ဒေသခံတွေရသင့်ရထိုက်တာကို မရလို့ဆန္ဒပြတာလား အဲ့တာတွေသိရဖို့ အခုစစ်ဆေးနေတုန်းဟုတ် တယ်။ မေးစရာရှိတာက ကျွန်တော်တို့ရဲ့ တော်လှန်ရေးနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာမှ ဆန္ဒပြလာတာတွေရှိတာကြောင့် နောက်ကအကြံပေးတာတွေရှိတာကြောင့် ဖြစ်နိုင်တာပေါ့နော်”ဟု ပြောသည်။ မြေရှားသတ္တုစမ်းသပ် တူးဖော်မှုကို ကန့်ကွက်သည့် ဒေသခံ အများစုကို ပြန်လည်လွှတ်ပေးလိုက်ပြီဟု ဗိုလ်မှူးကြီးနော်ဘူကပြောသော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်က ပြည်သူ ငါးဦးသာ ပြန်လွှတ်လာခြင်းဖြစ်ကြောင်း ဖရဲဒေသခံအမျိုးသားတစ်ဦးက ပြောသည်။“နောက်တစ်ခါဆန္ဒမပြဖို့ လက်မှတ် ထိုးခိုင်းပြီးလွှတ်ပေးလိုက်တာ။ အားလုံးကို အချုပ်မှာထည့်ထားတာ၊ ကချင်စကားတတ်တဲ့သူ အားလုံးနီးပါးကိုဖမ်း ထားတာ။ ဖုန်းလိုင်းမရှိ၊ အင်တာနက်မရှိတဲ့နေရာမှာ သူတို့ကြိုက်သလိုလုပ်တဲ့သဘောဟုတ်တယ်။ ကျောင်းဆရာတွေဆိုရင် အခုကလေးတွေ စာမေးပွဲလုပ်တော့မယ် ဆရာတွေကိုတော့ဖမ်းထားတုန်းဆိုတော့ တော်တော်အခက်အခဲဖြစ်နေတယ်” ဟုပြော သည်။ https://www.facebook.com/photo/?fbid=7140767409199 97&set=pcb.714076847586653
၁၄။  မိုင်းရှူးမြို့ အဝင်အထွက်တွေကို SSPP  ပိတ်ဆို့ထား၊ လိုင်းကားတွေ လူတင်ပြီး မြို့ပြင်ထွက်ခွင့်မရ
   February 19, 2024

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က မြို့အဝင်အထွက်တွေကို ပိတ်ဆို့ထား ပြီး လိုင်းကားမောင်းတဲ့သူတွေဟာလည်း လူတင်ခွင့်မရဘူးလို့ မိုင်းရှူးမြို့ခံတွေကပြောပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ဝမ်ဟိုင်းမှာ စတင်ပိတ်ခဲ့ပြီး မိုင်းစံမြို့အထွက်က ရေကျော်ပန်အနားမှာလည် SSPP တပ်ဖွဲ့က ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ည ၆ နာရီ ထိုးတာနဲ့ အပြင်ဘယ်သူမှအထွက်ကြတော့ဘူး။ မြို့ထဲလဲ လူဖမ်းမယ် ဘာလုပ်မယ် သတင်းတွေထွက် ထားတော့ ကြောက်ကြတယ်။ အခုဆို မြို့အပြင်တွေလည်ထွက်လို့မရဘူး ဝင်လာလို့တော့ရတယ် မြို့အပြင်မှာ SSPP ဂိတ်တွေ ရှိတယ်။ ဘယ်သူဖြစ်ဖြစ် ထွက်လို့ရဘူး” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

လိုင်းကားမောင်းတဲ့ ကားသမားတွေဟာ မိုင်းရှူးမြို့ထဲကိုဝင်ခွင့်ရပြီး မြို့ပြန်ထွက်လာရင် လူတင်ခွင့်မရဘူးလို့ ကား သမား တစ်ဦးကပြောပါတယ်။ “အဝင်မှာ ခရီးသည်တွေပါရင် အရမ်းစစ်တာ ပြီးတော့ မြို့ထဲကနေ ထွက်လာရင် လူတွေတင်လို့ မရတော့ဘူး။ ပစ္စည်းပဲတင်ရတယ် ” လို့ပြောပါတယ်။ ပန်ခံကျေးရွာနဲ့ ပါနမ့်ကျေးရွာခံ ၈ ဦးကိုပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ SSPP ကဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုထိပြန်မလွတ်သေးဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ SSPP တပ်ဖွဲ့က လူသစ်စုဆောင်ဖို့ ရှမ်းဘာသာစာနဲ့ လူမှုကွန်ရက်မှာ ကြေညာခဲ့ပါတယ်။ https://www.facebook.c om/photo/ ?fbid=422841990102251&set=pcb.422842096768907
၁၅။ ချင်းတော်လှန်ရေးအဖွဲ့ ဆဲန်ထန်က မျိုးနွယ်စုနှင့်ဒေသကို ကိုယ်စားပြုမည့် ကောင်စီနှင့်တပ်ဖွဲ့ကို တစ်ခုတည်းပြန် လည်ဖွဲ့စည်း
  February 19, 2024

ချင်းပြည်ကောင်စီ၏ ဦးဆောင်မှုဖြင့် ဆဲန်ထန် မျိုးနွယ်စုနှင့် ဒေသအားလုံးကို ကိုယ်စားပြုသော Senthang Central Council/ Senthang Revolution Force ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ကြသည်ဟု သတင်းရရှိသည်။ ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ချင်းပြည်ကောင်စီ ဦးဆောင်မှုဖြင့် ဆဲန်ထန်လူထု ညီလာခံကို ဆဲန်ထန် ဒေသတစ်နေရာတွင် ကျင်းပခဲ့ရာ ဆဲန်ထန် မျိုးနွယ်စုနှင့် ဒေသအားလုံးကို ကိုယ်စားပြုအဖြစ် တစ်ဖွဲ့တည်းကို ပေါင်းစပ် ဖွဲ့စည်းခဲ့ကြပြီး လိုအပ်သော မူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။ ကိုယ်စားလှယ် စုစုပေါင်း ၁၂၇ ဦးဖြင့် စုံလင်စွာ တက်ရောက်ခဲ့သော အဆိုပါ ညီလာခံတွင် ယခင်က ရှိခဲ့သော Senthang Council နှင့် Senthang Local Council ကို အပြီးပိုင်ဖျက်သိမ်းခဲ့ကြ ပြီးနောက် မျိုးနွယ်စုနှင့် ဒေသကို ကိုယ်စားပြုမည့် Senthang Central Council/ Senthang Revolution Force ကို ပြန်လည်ဖွဲ့စည်းခဲ့ ကြခြင်းဖြစ်သည်ဟု Senthang Revolution Force မှ တာဝန်ရှိ သူကပြောသည်။

“ကျနော်တို့က အခုမှ ပူးပေါင်းတယ်ဆိုတော့ ဖြစ်လာမယ့် အနာဂါတ်အတွက် ဦးဆောင်မှုုအပိုင်းတွေ ပြန်ပြီးတော့ အကုန်လုံးက အသစ်လိုမျိုး ဖြစ်သွားမယ်။ ခေါင်းဆောင်ပိုင်းတွေ အသစ်ရွေးချယ်တာ ရှိတယ်။ ကျနော်တို့ရဲ့ ပေါ်လစီကလည်း အတိအကျ ဘာမှလုပ်ထားတာ မရှိသေးဘူးဆိုတော့ အဲဒါတွေကို နောက်မှ ပြန်ပြီမှ လုပ်သွားဖို့ ရှိတယ်” ဟု Senthang Revolution Force မှ တာဝန်ရှိသူက ပြောသည်။ ပြည်တွင်းပြည်ပရှိ ဆဲန်ထန်ပြည်သူများ အားလုံးအနေဖြင့် Senthang Central Council/ Senthang Revolution Force တွင် စုစည်းပြီး စည်းလုံးညီညွတ်စွာ ပါဝင်ကြရန်နှင့် ရည်မှန်းချက်တူ တော်လှန်ရေး အဖွဲ့များ အာလုံးကလည်း ကြိုဆိုပူးပေါင်းပေးကြရန် Senthang Central Council က ဖေဖော်ဝါရီလ ၁၈ ရက်က ထုတ်ပြန်သည်။  Senthang Central Council/ Senthang Revolution Force သည် မျိုးနွယ်စုနှင့် ဒေသချင်းတော်လှန်ရေး အင်အားစု တစ်ခုဖြစ် ပြီး ချင်းပြည်ကောင်စီနှင့် အခြားသော တော်လှန်ရေး အင်အားစုများနှင့် လက်တွဲကာ အာဏာရှင်စနစ် မှန်သမျှအမြစ်ပြတ် ချေမှုန်းရေး၊ အမျိုးသားတည်ဆောက်ရေးနှင့် စစ်မှန်သော ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေးတို့ အတွက် ဆက်လက်တော်လှန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=896362742492780&set=pcb.8963
၁၆။ TSU အလုပ်အမှုဆောင်တစ်ဦးနှင့် အခြားလူငယ် ၄ ဦးကို MNDAA မှ အဓမ္မ ဖမ်းဆီးခံရ
   February 19, 2024

သျှမ်းပြည် လောက်ကိုင်မြို့သို့ ခေတ္တရောက်ရှိနေသော သျှမ်းကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင် တစ်ဦးနှင့်အတူ အခြားလူငယ် ၄ ဦးတို့သည် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အဓမ္မ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် လောက်ကိုင်မြို့သို့ ခေတ္တရောက်ရှိနေသည့် သျှမ်းကျောင်းသားသမဂ္ဂ (TSU) အလုပ်အမှုဆောင်အဖွဲ့ ဝင် အသက် ၂၄ နှစ်အရွယ်ရှိ စိုင်းညွန့်သည် စစ်ဘေးရှောင်များနှင့် လမ်းလျှောက်၍ နေရပ်ပြန်လာစဉ် ပါစင်ကျော်ကျေးရွာ အနီး တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အဓမ္မ တပ်သားစုဆောင်းခြင်းကို ခံလိုက်ရကြောင်း သျှမ်းကျောင်းသားသမဂ္ဂမှ ဖေဖော်ဝါရီလ ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။ “စိုင်းညွန့်က ဆယ်တန်းအောင်ထားတာ မကြာသေးဘူး၊ ကျောင်းဆက်တက်ဖို့ စောင့်နေ တဲ့လူပါ။ သူက လောက်ကိုင် တိုက်ပွဲကြားမှာ ပိတ်မိသွားရင်းနဲ့မှ နိုဝင်ဘာ ၂၄ လောက်မှာ တိုက်ပွဲငြိမ်သွားပြီး ပြန်လို့ရပြီဆိုပြီး တော့ အရဲစွန့်ပြီး လမ်းလျှောက်ပြန်လာတာလို့ ပြောတယ်။ ပါစင်ကျော်ဂိတ် ရောက်တဲ့အခါကျတော့ သူရော သူငယ်ချင်းတွေ ရော ၅ ‌ယောက် အဖမ်းခံလိုက်ရတယ်”ဟု သျှမ်းကျောင်းသားသမဂ္ဂမှ ဦးဆောင်ကော်မတီဝင် ဗင်ဒါ က ပြောသည်။

လောက်ကိုင်မြို့ ပါစင်ကျော်ဂိတ်အနီးတွင် စိုင်းညွန့်နှင့်အတူ ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် အခြား လူငယ် ၄ ဦးမှာ အသက် ၂၀ မှ ၂၅ နှစ်အကြားဖြစ်ပြီး ၎င်းတို့(၅)ဦးစလုံးမှာ သျှမ်းမြောက် နမ္မတူမြို့နယ် ဇာတိဖြစ်ကြောင်း သိရ သည်။“အဲ့ ၅ ယောက် အဖမ်းခံလိုက်ရပြီး စစ်သားစုဆောင်းရေးကို ပို့ခံလိုက်ရတယ်လို့ သိရတယ်။ အဲ့တာကို ဘယ်လိုသိရလဲဆို တော့ တစ်ယောက်က ထွက်ပြေးပြီး ပြန်လွတ်လာတော့မှ သူတို့ကအဲ့လိုမျိုး အဖမ်းခံလိုက်ရတယ်ဆိုတာ ပြန်သိရတာ။ အဲ့တစ်ယောက်ကလည်း ဇန်နဝါရီလ ဒုတိယပတ်လောက်မှပဲ ပြန်လွတ်လာတာ”ဟု သျှမ်းကျောင်းသားသမဂ္ဂမှ ၎င်းဦးဆောင် ကော်မတီဝင် ဗင်ဒါ က ဆက်ပြောသည်။ သျှမ်းကျောင်းသားသမဂ္ဂအနေဖြင့် စိုင်းညွန့် ဖမ်းဆီးခံရသည်ကို သိလျှင်သိချင်း သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ ဆက်သွယ်ကာ ပြန်လည်လွတ်ပေးရန် အကူအညီ တောင်းခံခဲ့သော်လည်း မည်သည့်တုန့် ပြန်မှုမှ မရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ https://burmese.shannews.org/archives/40186
၁၇။ ပြေးစရာမြေမရှိ၍ မိမိနေထိုင်ရာမှာပဲ ဆက်နေမည်ဟု စစ်တွေက မွတ်ဆလင်များပြော
   February 19, 2024

ရခိုင်ပြည် မြို့တော် စစ်တွေတွင် တိုက်ပွဲများဖြစ်ပွားလာမည်ကိုစိုးရိမ်၍ မြို့ပေါ်ဒေသခံများမှာ ဘေးကင်းရာနေရာများ နှင့် ကျေးလက်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြသော်လည်း မွတ်ဆလင်လူမျိုးများမှာ ပြေးစရာမြေမရှိ၍ မိမိနေထိုင်ရာ နေရာမှာပဲ ဆက်လက်နေထိုင်သွားမည်ဟု စစ်တွေမြို့နယ်မှ မွတ်ဆလင်များက ပြောဆိုကြသည်။ စစ်တွေမြို့ပေါ်နှင့် အနီး တစ်ဝိုက်တွင် မွတ်ဆလင်ကျေးရွာ ၂၀ ကျော်ရှိပြီး ဒုက္ခသည်စခန်းအပါအဝင် လူဦးရေပေါင်း သိန်းနှင့်ချီရှိကြောင်း စုံစမ်းသိရှိရ သည်။ တိုက်ပွဲကိုစိုးရိမ်၍ ရခိုင်ပြည်သူများက ထွက်ပြေးတိမ်းရှောင်နေကြသော်လည်း ၎င်းတို့တွင် ပြေးစရာမြေမရှိ၍ အသက်သေလျှင်လည်း ဆက်လက်နေထိုင်ရမည်ဟု စစ်တွေမြို့ ဘုမေရပ်ကွက်မှ မွတ်ဆလင်အမျိုးသားတစ်ဦးက ပြော သည်။  “ကျနော် တို့မှာ ပြေးစရာမြေမရှိဘူး။ တိုက်ပွဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် သေရင်လဲသေ ဒီနေရာမှာပဲ နေရမှာပဲ။ နဂိုကတည်းက ကျနော်တို့ကို စစ်ကောင်စီက သွားလာခွင့်ပိတ်ပင်ထားတာ။ ကျနော်တို့ ဘယ်ကို ထွက်ပြေးတိမ်းရှောင်ရမလဲ။ ကျနော်တို့မှာ သွားစရာနေရာ မရှိဘူး။ တိုက်ပွဲဖြစ်လာရင် ခိုလှုံဖို့ ဗုံးခိုကျင်းတွေတော့ လုပ်ထားပါတယ် ” ဟု ပြောသည်။

စစ်ပွဲဖြစ်လာလျှင် ထိခိုက်သေဆုံးသွားမည်ကို စိုးရိမ်ကြောက်ရွံ့သော်လည်း သွားစရာနေရာမရှိ၍ ဒုက္ခသည်စခန်းမှာပဲ ဆက်လက်နေထိုင်မည်ဟု စစ်တွေမြို့အနီးရှိ သဲချောင်းမွတ်ဆလင်ဒုက္ခသည်စခန်းမှ မွတ်ဆလင်အမျိုးသမီးတစ်ဦးက ဆိုသည်။  “စစ်ဖြစ်မှာကို အရမ်းကြောက်တာပေါ့။ စစ်ဖြစ်ရင် ကျမတို့က သေမှာလေ။ စစ်တွေမြို့နဲ့က ကျမတို့နဲ့က နီးနီးလေးပဲလေ။ ကြောက်ပေမယ့်လည်း သွားစရာနေရာမှ မရှိတာ။ ဖြစ်နိုင်ရင်တော့ အရင် မူလနေထိုင်ခဲ့တဲ့ မောင်တောဘက်ကို သွားချင်တာ။ ဒါပေမယ့် သွားလို့မရဘူးလေ။ စစ်ကောင်စီက ခွင့်ပြုမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဒုက္ခသည်စခန်းမှာပဲ အဆင်ပြေသလို နေရမှာ ပဲ။ အဓိကတော့ ကျမတို့ထက် ကလေးတွေ၊ သားသမီးတွေကို စိတ်ပူပါတယ်။ စစ်ဖြစ်လာရင် ဘာမှ မထိခိုက်ပါစေနဲ့လို့ ကလေး တွေအတွက် ဆုတောင်းပါတယ်” ဟု ပြောသည်။ စစ်တွေမြို့နယ်က မွတ်ဆလင်များအပါအဝင် ရခိုင်ပြည်အတွင်းရှိ မွတ်ဆလင် လူမျိုးများကို စစ်ပွဲနှင့်ပတ်သက်သည့် ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးရန် လိုအပ်နေသလို ဗုံးခိုကျင်းအသုံးပြုဆောင် ရွက်တတ်ရေး သင်ကြားပေးရန် လိုအပ်နေကြောင်း သိရသည်။  https://www.facebook.com/photo?fbid=8411268780267 40&set=a.682731967199566

၁၈။ ဆင်ဘိုမှာ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်
    February 19, 2024

မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ ၁၄၁ တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေ နီးစပ်ရာကျေးရွာတွေနဲ့ တောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ဆင်ဘိုမြို့တပ်စခန်းကို KIA,KPDF  ပူးပေါင်းတပ်တွေဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့ထဲက အစိုးရဆိုင်ရာရုံးတွေနဲ့ ရဲစခန်းတွေမှာ ဝင်ရောက်ထိန်းချုပ်နိုင်ပြီဖြစ်ပေမဲ့ မြို့နဲ့ ၃ မိုင်လောက်အကွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ခမရ ၁၄၁ ကိုတော့ သိမ်းပိုက်ဖို့ စစ်ရေးလှုပ်ရှားနေဆဲဖြစ်တယ်လို့ ဆိုပါ တယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဘက်က ဆင်ဘိုမြို့အနီးတစ်ဝိုက်ကို ကင်းထောက်လေယာဉ်တွေနဲ့ လာရောက်ပျံဝဲနေတဲ့ အပြင် လက်နက်ကြီးရမ်းတမ်းပစ်ခတ်နေပြီး ဒေသခံပြည်သူအများပိုင်းက စစ်ရှောင်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေ ပြောပါ တယ်။“စစ်တပ်စခန်းကိုတော့ KIA နဲ့ PDF တွေ ဝိုင်းထားတယ်။ မြို့ထဲမှာလည်း KIA/PDF တွေ နေရာယူထားတယ်။ တိုက်ပွဲ ကတော့ ရပ်နားနေတယ်။ လေယာဉ်တော့မကြာမကြာလာတယ်။ စစ်တပ်လည်းလက်နက်ကြီးပုံမှန် ရမ်းတမ်းပစ်ခတ်တယ်။ ပြည်သူတွေလည်း ကြောက်လို့ တချို့က တောထဲနဲ့ အနီးနား ရွာတွေထဲ ဆက်လက်တိမ်းရှောင်နေတယ်။ တချို့က မြို့တွေဘက် တိမ်းရှောင်ပြီး။ တချို့ပဲ မြို့ထဲ ပြန်လာနေတယ်”လို့ ဆင်ဘိုဒေသခံတစ်ဦးကပြောပါတယ်။

တိုက်ပွဲကြောင့် ဆင်ဘိုဒေသခံတွေဟာ လက်ရှိ အနီးနားမှာရှိတဲ့ တော၊တောင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရေရှည်စစ်ရှောင်ရမယ်ဆိုပါက အစားသောက်ကူညီထောက်ပံ့မှုတွေလည်း လိုအပ်လာနိုင်တယ်လို့ ဆင်ဘိုဒေသခံတွေကပြောပါ တယ်။“မြို့ထဲစိုးရိမ်ရတာကြောင့် အနီးအနားရွာတွေနဲ့ တောတွေထဲ တိမ်းရှောင်နေတာဖြစ်တယ်။ အခုအရေးပေါ်အစား အသောက်ကတော့ အနီးအနားရွာက မိတ်ဆွေတွေ ကူညီတယ်။ အခက်အခဲအများကြီးရှိတယ်။ အစားအသောက်လည်း လောလောဆယ် ကျနော်တို့ ယူလာတာလောက်ပဲ စားသောက်နေတယ် အချိန်ကြာလာရင်တော့ အစားအသောက်လည်း ခက်ခဲ လာမှာဖြစ်တယ်” လို့ ဆင်ဘိုဒေသခံကဆက်ပြောပါတယ်။ KIA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ် ခမရ ၁၄၁ ဟာ နှစ် ၂၀ ခန့်ကြာပြီဖြစ်တဲ့ စစ်တပ်ရဲ့အခိုင်အမာစခန်းတစ်ခုဖြစ်သလို မြစ်ကြီးနား–ဗန်းမော် ဧရာ၀တီမြစ်ရေလမ်းကြောင်းအတွက် အရေးပါတဲ့တပ်စခန်းကြီးတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ https://burmese.kachinnews. com/2024/02/19/ld2-28/
၁၉။ ထားဝယ်မြို့ရှိ စောမိညိုလမ်းရပ်ကွက်အတွင်း နေအိမ်များကို စစ်ကောင်စီက ၅ ရက်အတွင်း အပြီးဖျက်ခိုင်း
   February 19, 2024

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ စောမိညိုလမ်းရှိ ရပ်ကွက်နေအိမ်များကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ၅ ရက်အတွင်း အပြီးဖျက်ခိုင်းထားကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။ ထားဝယ်မြို့ရှိ အခြေခံလူတန်းစား အများစု နေထိုင်လျက်ရှိသည့် စောမိညိုလမ်းမှရပ်ကွက်နေ ပြည်သူများကို ထားဝယ်မြို့ စုပေါင်းရုံးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၆)ရက်နေ့က ခေါ်ယူတွေ့ဆုံကာ လမ်းပိုင်းရှိ နေအိမ် များကို ယခုလ ၂၁ ရက်နေ့ထိ နောက်ဆုံးထားဖျက်ပေးရန် ပြောဆိုထားကြောင်း ထားဝယ်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။ ၎င်းက “ပြီးခဲ့တဲ့အပတ်က စည်းဝေးခေါပြီးပြောတာ။ အိမ်တွေကလည်း ရှိတဲ့ပိုက်ဆံနဲ့ ဆောက်ထားတာဆိုတော့ နှမြောတယ်။ သူတို့ ဒီမှာ တပ်စွဲဖို့လုပ်ထားတာဆိုတော့ မဖြစ်မနေဖယ်ပေးရမဲ့ သဘောမှာရှိတယ်။ လုပ်ကိုင် စား သောက်ဖို့မလွယ်တဲ့အချိန်မှာ မြေတစ်ကွက်ရဖို့ ဆိုတာမလွယ်ဘူး။ ဒီမြေတွေက ဈေးတော်တော်နဲ့ ကွက်ရိုက် ရောင်းလို့ မရှိ ရှိတာလေးနဲ့ ဝယ်ထားကြတာ။” ဟု ပြောသည်။

            “လမ်းပိုင်းမှာက မွေးမြူရေးခြံတွေပါရှိတယ်။ အဲ့ဒါတွေကျတော့ ဒီလိုကာလမှာ ပြောင်းရရွှေ့ရခက်တယ်။ ဆွေမျိုး မရှိတဲ့သူတွေဆိုရင် ဈေးတော်တဲ့ ဆိုင်ခန်းအိမ်ခန်းတွေရှာပြီး ပြောင်းရတာပေါ့။ မပြောင်းရင်လည်း ထောင်က ချမယ်။ ပြည်သူ တွေကို အကြောက်တရားနဲ့ အုပ်ချုပ်ချင်နေကြတာ။” ဟု ထိုဒေသခံက ပြောသည်။ ၎င်းလမ်းပိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့ ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား မကြာခဏတိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး ၎င်းရပ်ကွက်တွင် လူနေအိမ်(၇၀)ကျော် အပါအဝင် ပွဲရုံ၊ ကြက်ခြံ အပြင်စပါးဂိုဒေါင်နှင့် စပါးစက်များ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ နှင့် ယခုနှစ် ဖေဖော်ဝါရီလ ဒုတိယအပတ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ရပ်ကွက်အတွင်းရှိ နေအိမ်များကို ဝင်ရောက် မွှေနှောက်ပြီး အရပ်သားများအား စစ်ဆေးမေးမြန်းခြင်းအပြင် တန်ဖိုးကြီးပစ္စည်းများ နှင့် ငွေကြေး သိန်းရာချီအထိ ယူဆောင်မှု များ ပြုလုပ်ခဲ့ဖူးကြောင်းလည်း ရပ်ကွက်နေ ဒေသခံများက ပြောသည်။ https://kicnews.org/2024/02/%e1%80%91%e1% 80%ac%e1%80%b8%e1%80%9d %e1%80%9a%e1%80%ba%e1\
၂၀။ သံတောင်ကြီးမြို့ ဘုရင့်နောင်တပ်စခန်းအနီးရှိ ဒေသခံများကို စစ်တပ်က နှစ်ပတ်အတွင်း ရွှေ့ပြောင်းခိုင်း
    February 19, 2024

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၂)ထိန်းချုပ်သည့် တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ် ဘုရင့် နောင်တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားမည့် ကောလာဟလများကြောင့် ထိုစခန်းနှင့် မီတာ (၂၀၀)အတွင်း နေထိုင်သူဒေသခံများ အား စစ်တပ်က နှစ်ပတ်အတွင်း နေအိမ်မှ ရွှေ့ပြောင်းခိုင်းကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။ ဖေဖော်ဝါရီ လ (၁၈) ရက်နေ့တွင် ဘုရင့်နောင်တပ်စခန်းမှ စစ်ကောင်စီတပ်များက သံတောင်ကြီးမြို့ရှိ ဘာသာရေးခေါင်းဆောင်များကို ခေါ်ယူ၍ စခန်းနှင့်အနီးတစ်ဝိုက် ရပ်ကွက်နေ ဒေသခံများအား နေအိမ်မှရွှေ့ပြောင်းခိုင်းသည့်အတွက် နေ့တွင်းချင်းရွှေ့ပြောင်းခဲ့ရ သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ၎င်းအမျိုးသမီးက “မနေ့က ကျမတို့ဆီက ဆရာတော်တွေကိုခေါ်ပြီးတော့ ရွာသားတွေကိုရွှေ့ခိုင်းပါပေါ့ ။ အန္တရာယ်ဖြစ်နိုင်တယ်ဆိုပြီးပြောတာ။ သူတို့(စစ်တပ်)ကကြားတာကတော့ ဘုရင့်နောင်တပ်ကို သူများ (တော်လှန်ရေးတပ်)လာပစ်ဖို့ရှိတယ်ကြားတော့ လာပစ်ရင်သူတို့က ပြန်ပြီး ရမ်းသမ်းပစ်တော့မှာ ဆိုတော့ ဘေးနားရပ် ကွက်တွေထိမှာစိုးလို့ ရွှေ့ခိုင်းတာလို့ ပြောသေးတယ်။ ရွှေ့ရတဲ့ ရပ်ကွက်ကတော့ တစ်စုပဲရှိပါတယ်။ မနေ့ကတည်းက ကားတွေ ဆိုင်ကယ်တွေနဲ့ သူတို့အကုန်ရွှေ့ပြီးကြပြီ။” ဟု ပြောသည်။

အဆိုပါ သံတောင်ကြီးမြို့အခြေစိုက် ဘုရင့်နောင်တပ်စခန်းသည် သံတောင်ကြီးမြို့နယ်အတွင်း စခန်းနှင့်လက်လှမ်း မီရာ အရပ်တွင် တိုက်ပွဲဖြစ်ပွားပါက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လေ့ရှိ ကြောင်းလည်း ဒေသတွင်းသတင်းအရင်း အမြစ်များက ဆိုသည်။ ထို့ကြောင့် မြို့အတွင်းနေထိုင်သူများမှာ လက်ရှိတွင် တည်ငြိမ်နေသေးစေကာမူ လက်နက်ကြီးရန် ကြောက်ရွံ့စိတ်ဖြင့် နေထိုင်နေရသည်ဟု နယ်ခံများက ပြောသည်။“ရွှေ့တဲ့သူတွေကတော့ ဒီဘက်ရပ်ကွက်ထဲမှာအမျိုးတွေ ရှိတော့ အဲ့ဒီမှာလိုက်နေကြတယ်။ တချို့ ကတော့ ဘုရားကျောင်းတွေမှာနေကြတယ်။ ကျမတို့လည်း ဒီလိုပဲနေကြတာပဲ။ ဘယ် တော့ လက်နက်ကြီးကိုယ့်ဆီကျမလဲပေါ့။” ဟု နယ်ခံအမျိုးသမီးက ပြောသည်။ https://kicnews.org/2024/02/%e1%80% 9e%e1%80%b6%e1%80%90%e1%80%b1%e1%80%ac%e

၂၁။ အင်းလေးဒေသက ရွာတွေမှာ PNO ပြည်သူ့စစ်အတွက် တပ်သားသစ် ၂၀၀ ကျော်စုနိုင်ပြီလို့ ဆို
   February 19, 2024

ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသကရွာတွေမှာ PNO က ဦးဆောင်ပြီး တပ်သားသစ်စုဆောင်းတာ နှစ်ရာကျော်ရှိ သွားပြီလို့ သိရပါတယ်။ စံကားအုပ်စုမှာ ရွာပေါင်း ၆၀ ထဲက ထီရီး ၁၅၊ ထီဟန်းတား ၇၊ အောင်ချမ်းသာ ၅၊ ဟူရမ်း တောင် ၅၊ ဟူရမ်းမြောက် ၆ ယောက်နဲ့စံကားလွယ်ခေါ်ရွာက ၁၀ ယောက်ပါသွားကြတယ်လို့ သိရပါတယ်။ မှော်ဘီကနေ ထီရီးအထိ စုဆောင်းထားတဲ့ တပ်သားသစ် စုစုပေါင်း ၂၀၀ ကျော်လို့သိရပါတယ်။

‘အိမ် ၁ အိမ်ကို ၈ သိန်းခွဲကောက်တယ်၊ အိမ်တိုင်းကောက်တယ်၊ လူငယ်တွေက မသွားချင်ကြဘူး၊ ပအိုဝ်းရွာကလူတွေ မဲနှိုက်ကြရတယ်။ မသွားမနေရဆိုတော့ ရွာမှာ သွားနိုင်တဲ့သူကို ပိုက်ဆံပေး ငှားရတယ်၊အရင် ပေါ်တာခေတ်မှာ လူငှားထည့် သ လိုမျိုး၊ အဆင်ပြေရင်အချိန်မီရှောင်ကြပါ’လို့ လူထုအတွက် တရားမျှတမှုဖော်ဆောင်ရေးအဖွဲ့-အင်းလေး((JMC)က ဒါရိုက်တာ ယုလှိုင်သင်းကပြောပါတယ်။ အင်းလေးကန်ဒေသမှာ ရွာပေါင်း ၄၄၅ ရွာရှိပြီး စံကားအုပ်စုမှာ ရွာ ၆၀ ရှိတဲ့အနက် ပအိုဝ်းရွာက ရွာပေါင်း ၄၀ ပါဝင်နေတာ ဖြစ်ပြီး လူဦးရေ ၁ သောင်းကျော် နေထိုင် နေတယ်လို့သိရပါတယ်။ https://www.facebook.com/ph oto?fbid=422656946787422&set=a.285900490463069
၂၂။ မိုးမိတ်မြို့၌ တရားဥပဒေ စိုးမိုးမှုမရှိဘဲ လူမြင်ကွင်းတွင် ဖောက်ထွင်းခံနေရ
   February 19, 2024

ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့ထဲမှာ စစ်ကောင်စီတပ်တွေရှိနေပေမဲ့ တရားဥပဒေ စိုးမိုးမှုမရှိတော့ဘဲ မြို့ပေါ်ရပ်ကွက် တွေက အိမ်တိုင်းလိုလိုဟာ နေ့ခင်းပိုင်း လူမြင်ကွင်းမှာတင် ပြည်သူပိုင်ပစ္စည်းတွေ ဖောက်ထွင်းခိုးယူခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မိုးမိတ်မြို့ကို ဇန်နဝါရီ ၁၈ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်တိုက်ခဲ့ပြီး မြို့ကို သိမ်းနိုင်တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ဒါပေမဲ့ ဇန်နဝါရီ ၂၅ ရက်လောက်မှာ အကြောင်းအရင်းမသိရဘဲ ပူးပေါင်းတပ်တွေပြန်ဆုတ်သွားတာ ကြောင့် မိုးမိတ်မြို့ကို စစ်တပ်ကပြန်လည် ဝင်ရောက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ တိုက်ပွဲပြင်းထန်ခဲ့တာ ၁ လဝန်းကျင်အကြာ အခုချိန်မှာတော့ တိုက်ပွဲတွေမရှိတော့လို့ စစ်ကောင်စီတပ်က  ဖေဖော်ဝါရီ ၁၄ ရက်လောက်ကစလို့ မနက် ၉ က‌နေ ညနေ ၄ နာရီ အထိ မြို့ အဝင်/ အထွက်ကို ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ တရားဥပဒေစိုးမိုးမှုမရှိတော့ဘဲ နေ့ခင်းဘက်မှာတောင် ပစ္စည်းတွေ ခိုးယူ လုယက် နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မိမိပိုင်ပစ္စည်းသွားသယ်တဲ့ မိုးမိတ်မြို့ခံစစ်ရှောင်တဦးက “ ပေါ်တင်ယူနေကြတာပဲဗျ။ သူ့အိမ်၊ ကိုယ့်အိမ်မဟုတ်လည်း ဝင်ပြီးယူနေကြတာပဲ။ ပိုင်ရှင်ရှိတာတောင်မှ ပိုင်ရှင်က ကိုယ့်အိမ်ကို မကျေနပ်ဘဲ မီးရှို့မှာစိုးလို့ တော်တန်ရုံ မပြောရဲကြတာပေါ့ ဗျာ။ သဘောက မင်းတို့ယူချင်လည်း နည်းနည်းပါးပါးယူကွာ။ ရရောပေါ့၊ အဲလောက်ဆို ပြန်လိုက်တော့။ ငါတို့လည်း အသုံး အဆောင်လေးတွေ လိုသေးတယ်ကွာ။ ဒီဟာလေးတွေတော့၊ အဲလိုပေါ့။ အဲတာလေး ချန်ထားပါဦး။ အဲလိုပဲပြောယူရတာပေါ့။ တချို့အိမ်ဘေးတွေ ဆိုရင်လည်း အိမ်ရှင် မရောက်လာသေးဘူး။ ကိုယ်အိမ်ဘေးက ပစ္စည်းကို လာသယ်နေတာ တွေ့ရင် ကိုယ်က စောင့်ရှောက်တဲ့အနေနဲ့၊ အဲတာတော့ ငါတို့အိမ်ဘေးက ငါတို့အမျိုးအိမ်ဟေ့။ သူတို့လည်း ရောက်လာပြီ မယူနဲ့ ဘာညာ ပြောနေ တဲ့ကြားထဲက ဓားထောင်ပြတာလည်း ရှိတာပဲ အဲလိုပေါ့။ ဓားထောင်ပြတော့ ဘာမှမပြောရဲတော့ဘူး။ အဲလိုမျိုးတွေဗျ။ ပါးစပ် တွေလည်း နှာခေါင်းတွေအုပ်ထားကြတော့ တော်ရုံ ဘယ်သူမှန်းမသိဘူးပေါ့ ”လို့ ပြောပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့တပတ်ကစလို့ စစ်ရှောင်တွေဟာ မြို့ထဲက မိမိပိုင်ပစ္စည်းတွေကို ပြန် သွားယူနေကြပြီး မြင်တွေ့ခဲ့ရသ လောက်ဆိုရင် မြို့ရဲ့ ၃ ပုံ ၂ ပုံလောက် ပျက်စီးသွားပြီလို့  ခန့်မှန်းကြပါတယ်။ တိုက်ပွဲတွေမဖြစ်ခင်ကတော့ မိုးမိတ်မြို့ပေါ်မှာ ရပ်ကွက် ၄ ရပ်ကွက်မှာ  လူဦးရေ ၁၀,၀၀၀ ဝန်းကျင် နေထိုင်ကြတာပါ။ https://burmese.dvb.no/post/639382

၂၃။ နှစ်ပတ်ကျော်တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကျွန်းစုမှာ နှစ်ဖက်တပ်တွေ ပြန်ဆုတ်ထားပေမဲ့ ဒေသခံတွေ နေရပ်မပြန်နိုင်သေး
  February 19, 2024

ကျွန်းစုမြို့နယ်ထဲမှာ နှစ်ပတ်ကျော်ကြာ စစ်ရေးပြင်းထန်ခဲ့တဲ့ တိုက်ပွဲနေရာတွေကနေ နှစ်ဖက်တပ်တွေ ပြန်ဆုတ်ထား တယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၂ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မျိုးကြီးက ပြောပါတယ်။ အခုလ ပထမအပတ်အတွင်း ကျွန်းစုမြို့နယ်၊မင်းဂုတ်ကျေးရွာအနီးတဝိုက်မှာ ပျူစောထီးတွေပါဝင်တဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန် ရေးအင်အားစုတွေ ထိတွေ့ပစ်ခတ်မှု ရက်ဆက်ဖြစ်ခဲ့ပြီး ဒုတိယအပတ်ထဲမှာတော့ မင်းဂုတ်ရွာနဲ့တစ်မိုင်ခန့်သာဝေးတဲ့ ကျေးရွာ ချင်းဆက်နေတဲ့ ရတောင်ရွာမှာ ထိတွေ့ပစ်ခတ်မှုတွေ ဆက်တိုက်ရှိခဲ့တယ်လို့‌ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။ တတိ ယအပတ်ထဲ ရောက်လာတဲ့အချိန်မှာတော့ တော်လှန်ရေးအင်အားစုတွေဘက်က တပ်အရင်ပြန်ဆုတ်ခဲ့သလို စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေဘက်ကလည်း ရှေ့ဆက်မတိုးဘဲ နှစ်ဖက်စလုံး ခံစစ်အနေအထားနဲ့ ရှိနေတယ်လို့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မျိုးကြီးက ရှင်းပြပါတယ်။“လိုအပ်ချက်တချို့ကြောင့် ကျနော်တို့ဘက်ကအရင်ဆုတ်လိုက်တာပါ။ သူတို့(စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေ)ဘက်ကလည်း ရှေ့မတိုးဘူး။” လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတဲ့ ကျွန်းစုမြို့နယ်ထဲက မင်းဂုတ်နဲ့ရတောင်ရွာကို မြစ်တစ်ခုသာခြားတဲ့ မြိတ်မြို့နယ်ထဲရှိိ မင်းသန်းရွာကနေ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တွေက လက်နက်ကြီးတွေ၊ ဒရုန်းတွေအသုံးပြု ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရေပြင်မှာလည်း စစ်သင်္ဘောရှိနေပြီး အဲဒီကနေ အမြောက်တွေအသုံးပြုပစ်ခတ်ခဲ့တယ်လို့ ရဲဘော်မျိုးကြီး က ပြောပြပါတယ်။ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေဘက်ကတော့ လက်နက်ငယ်၊ ဒရုန်းတွေနဲ့တန်ပြန်ထိုးစစ်ဆင်ခဲ့ တယ်လို့ ဆိုပါတယ်။ ရက်ရှည်တိုက်ပွဲတွေကြောင့် ကျွန်းစုမြို့နယ်ထဲက မင်းဂုတ်၊ ရတောင်နဲ့ မောင်းလှော်ရွာ၊ မြိတ်မြို့နယ်ထဲက မင်းသန်းရွာတွေက ဒေသခံပြည်သူတွေ စစ်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ လက်နက်ကိုင်အင်အားစုတွေ တပ် ပြန်ဆုတ်ထားပေမယ့် အဲ့ဒီစစ်ဘေးရှောင်ပြည်သူတွေကတော့ နေရပ်ပြန်လာနိုင်တာမျိုးမရှိသေးဘူးလို့ သိရပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မင်းဂုတ်ကျေးရွာအုပ်စုမှာ အိမ်ထောင်စု ၅၂၂ စုနဲ့ မောင်းလှော်ကျေးရွာအုပ်စုမှာ အိမ်ထောင်စု ၅၆၆ စုရှိပါ တယ်။ https://www.facebook.com/photo?fbid=418598040557951&set=a.196212682796489
၂၄။ မံစီမြို့ထဲ စစ်တပ်ကလက်နက်ကြီးပစ်ခတ်လို့ ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံး
   February 20, 2024

ကချင်ပြည်နယ် မံစီမြို့ထဲကို စစ်တပ်ကလက်နက်ကြီး ပစ်ခတ်လို့  ကလေးတစ်ဦးအပါအဝင် နောက်ထပ်အမျိုးသား တစ်ဦး နှလုံးဖောက်သေဆုံးသွားတယ်လို့ မံစီမြို့ခံတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၉  ရက်နေ့ မနေ့ည ၇ နာရီဝန်း ကျင် ဗန်းမော်မြို့အခြေစိုက် ခလရ ၄၇ တပ်က ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကျရောက်​ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး အလောင်းရှာမရတဲ့အထိသေဆုံးတဲ့အပြင် နောက်ထပ်အမျိုးသားတစ်ဦးလည်း နှလုံးဖောက်ပြီးသေဆုံးသွားတယ်လို့ ဒေသခံ တစ်ဦးက ခုလိုပြောပါတယ်။“က​လေးက အလောင်းတောင်ရှာမရဘူးလို့ သိရတယ် ပြီးတော့ နောက်ထပ်တစ်ယောက်က ကချင်အမျိုးသားဖြစ်တယ် အမှုတော်ဆောင်သင်းထောက်ဟုတ်တယ် သူက သူ့အိမ်နားမှာ လက်နက်ကြီး ၂ လုံးကျတော့ နှလုံး ဖောက်ပြီးသေတာ”လို့ ပြောပါတယ်။ နှလုံးဖောက်ပြီးသေဆုံးသွားတဲ့ အမျိုးသားဟာ ဂျိန်းဖော့မြေရပ်ကွက်က သင်းထောက် ဦးဘရန်ဆန် ဆိုသူဖြစ်ပြီး နောက်ထပ် ရီခူးမန်ခန်ကျေးရွာက ကလေးတစ်ဦးလည်း အလောင်းရှာမရသေးတဲ့အပြင် နောက်ထပ် သင်းထောက်ဦးလဖိုင်ဇော်ယော်လည်း ကျည်ထိမှန်ဒဏ်ရာရရှိထားတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟ မနေ့ည မံစီမြို့ထဲ လက်နက်ကြီး ၇ လုံးထက်မနည်းပစ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီလက်နက်ကြီး တွေဟာ မြို့ပေါ်ရပ်ကွက်အပြင် ရွာသစ်ကုန်းဘက်တွေလည်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတွေရဲ့ နွားနှစ်ကောင် လည်းသေဆုံးတဲ့အပြင် နေအိမ်တွေလည်း ကျည်ထိမှန်ပျက်စီးတာတွေများလာနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာလည်း ဗန်းမော် ခလရ ၄၇ က မံစီမြို့ဘက်ကို လက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့တာကြောင့် မံစီ ဘုရားကျောင်းဝင်းထဲ ၂ လုံး၊ ပြင်ဦးလွင်ရပ်ကွက် ၁ လုံး၊ ကောင်ရာမှာ ၁ လုံး၊ မော်ရဝတီရပ်ကွက်မှာ ၁ လုံးနဲ့ မံစီမြို့ပြင် လယ် ကွင်းပြင်တစ်နေရာမှာ ၁ လုံးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ပြင်ဦးလွင်ရပ်ကွက်က အသက် ၆၀ ကျော် အရွယ် ဒေါ်ဆွမ်လွမ့် ကိုင်ဘန် ကျောပြင်မှာ ကျည်ထိမှန်ဒဏ်ရရရှိထားပြီး လယ်ကွင်းပြင်ကျရောက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံတွေရဲ့နွား တစ်ကောင်လည်း ထိခိုက်သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ “မနေ့က စီခမ်းကိုသူတို့လက်လွတ်လိုက်ရတော့ ရှုံးမဲမဲလို့ ပြည်သူတွေကို ပစ်မှတ်ထားလာတာဖြစ်တယ်”လို့ ပြောပါတယ်။ https://burmese.kachinnews. com/2024/02/20/zm1-155/
၂၅။ ဘားအံတွင် ကရင်ဇာတ်အဖွဲ့ကားမှောက်ပြီး အမျိုးသမီး ၂ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ
  February 19, 2024

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြို့ရှောင်လမ်းမှာ ဖေဖော်ဝါရီ ၁၉ ရက်က ကရင်ဇာတ်အဖွဲ့ကားတစီး ရေမရှိတဲ့ချောင်း ထဲ တိမ်းမှောက်ခဲ့တာကြောင့် ယာဉ်ပေါ်ပါလာတဲ့ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ဘားအံထံက သိရပါတယ်။ ဘားအံမြို့ မြို့ရှောင်လမ်းမှာ ခလောက်နုဘက်ကနေ သံလွင်တံတားဘက် သွားနေတဲ့ ဇာတ်အဖွဲ့ကားဟာ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၁၀ နာရီလောက်က တောင်ကုန်းပေါ်က အဆင်းမှာ ရေမရှိတဲ့ချောင်း ထဲ တိမ်းမှောက်ခဲ့တာပါ။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၆ ဦးထဲက အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသား၊ အမျိုးသမီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ဘားအံအသင်း တာဝန်ရှိသူတဦးက “ဘားအံမြို့ရှောင်‌လမ်း ခလောက်နုဘက်က နေ သံလွင်တံတားဘက်ကိုအသွား တောင်ကုန်းပေါ်တက်ပြီး အဆင်း ၂၅ ပေ‌လောက်နက်တဲ့ ချောက်ထဲကျသွားတာ။ ကား မှောက်ပြီး ဖြစ်ဖြစ်ချင်း အမျိုးသမီးတဦး သေဆုံးတယ်။ ဆေးရုံရောက်တော့ တဦးထပ်သေတယ်။ ကားပါ်ပါလာတဲ့သူတွေထဲက ၅ ဦးကစိုးရိမ်ရတယ်။ နောက်ထပ် ၄ ဦးကဒဏ်ရာများပေမဲ့မစိုးရိမ်ရဘူး။ တဦးကတော့ ပွန်းပဲ့ဒဏ်ရာပဲရတယ်”လို့ ပြောပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ဘားအံနဲ့တခြား မိတ်ဘက်အဖွဲ့အစည်းတွေက ဘားအံပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ https://burmese.dvb.no/post/639379
၂၆။  တောင်ကြီးမြို့၌ တကိုယ်လုံးပုံ ဓာတ်ပုံရိုက်ပြီး ဧည့်စာရင်းတိုင်နေရ
   February 19, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ပြည်သူ့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် ဧည့်စာရင်းစစ်ဆေးမှု ပိုမို တင်းကျပ်လာပြီး မြို့ပေါ်နေထိုင်တဲ့သူ အကုန်လုံး တကိုယ်လုံးပုံ ဓာတ်ပုံရိုက်ကာ ဧည့်စာရင်းတိုင်နေရတယ်လို့ မြို့ခံတွေပြောပြ ချက်အရ သိရပါတယ်။ ဧည့်စာရင်းတိုင်တဲ့အချိန်မှာ မှတ်ပုံတင်၊ သန်းခေါင်စာရင်း မိတ္တူတွေနဲ့အတူ တကိုယ်လုံးရိုက်ထားတဲ့ အလှဓာတ်ပုံကို ပူးတွဲတင်ပြရပါတယ်။ လုံးချင်းအိမ်ငှားတွေကတော့ အိမ်ရှင်၊ အိမ်ငှား စာချုပ်တွေနဲ့ မိသားစုဓာတ်ပုံကိုပါ ပူးတွဲ တင်ပြရပါတယ်။ ဘုရားဖြူရပ်ကွက်မှ မြို့ခံအမျိုးသမီးတဦးက “ဓာတ်ပုံကို တကိုယ်လုံးပေါ်အောင် ရိုက်ရတယ်။ ပြီးတော့ အလုပ် အကိုင်တွေကအစ ဘယ်မှာပညာသင်တာ အကုန်လုံးကိုမေးတာ။ အခု ဒီဟာကို ရပ်ကွက်ရုံးမှာ လုပ်ရတယ်၊ ပြီးမှ ကတ်ထုတ် ပေးတယ်။ သူတို့ အိမ်တိုင်ရာရောက် လာစစ်လို့ ကတ်မရှိရင် အဲဒီမှာ ပြဿနာတက်မှာလို့ ရပ်ကွက်နေပြည်သူတွေကို သတိပေး ထားတယ်” လို့ ပြောပါတယ်။

အရင်က စစ်ဘေးရှောင်သီးသန့်သာ ဧည့်စာရင်း တိုင်ခဲ့ရပေမဲ့ လက်ရှိမှာတော့ ဘော်ဒါဆောင်မှာ နေထိုင်ကြတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ အဆောင်နေထိုင်သူမှန်သမျှ ဧည့်စာရင်း တိုင်ကြားရပါတယ်။ တောင်ကြီးမြို့မှာ စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ည ၈ နာရီနောက်ပိုင်း စစ်ကားအကြီးတွေနဲ့ မြို့ထဲ ရပ်ကွက်တွေထဲမှာ လိုက်လံ စစ်ဆေးနေပြီး လမ်းပေါ်တွေ့ရှိတဲ့ လူငယ်တွေကို စခန်းခေါ် စစ်ဆေးမေးမြန်းနေပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်က တောင်ကြီးမြို့ ပေါ် ဘားတခုမှာ လူငယ် ၈ ဦးကို အမှတ် ၁ ရဲစခန်းမှာ ဖမ်းဆီးခေါ်ဆောင် ချုပ်နှောင်ခဲ့ပြီး နောက်ရက်မှာပဲ တဦးကို သိန်း ၂၀ နဲ့ ငွေညှစ်ကာ ပြန်လွှတ်ပေးခဲ့ပါတယ်။ https://burmese.dvb.no/post/639376
၂၇။ ရှားတောမြို့နယ်တွင် စစ်ကောင်စီတပ်က စခန်းနှစ်ခုကို စွန့်ခွာထွက်ပြေး
  February 19, 2024

ကရင်နီပြည်နယ်၊ သံလွင်မြစ်အရှေ့ဖက်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုမှ တပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးသွား ပြီဖြစ်ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်လိုက်သည်။ ရှားတောမြိုနယ်၊ ဟွေပုန်းလောင်းဒေသမှ စိုးမိုး ကုန်းတစ်ခုဖြစ်သည့် ကျားပါစပ်ကြီးစခန်းနှင့် နန့်ပန်ချောင်းအနီး အခြေပြုထားသော ဟွေအွန်တပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း ရဟတ်ယာဉ်များဖြင့် လာရောက် ခေါ်ဆောင်သွားခြင်းဖြစ် ကြောင်း သိရသည်။ အဆိုပါတပ်စခန်းနှစ်ခုမှာ မြန်မာ – ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်၏ အရေးပါသော ရှေ့တန်းတပ်စခန်း များဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဟွေအွန်စခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က KNDF B/21 နှင့် KNPLF ပူးပေါင်းတပ်တို့က နယ်မြေရှင်း လင်းရေးလုပ်ဆောင်ခဲ့ပြီး စခန်းရှိ ဆန်အိတ်အချို့နှင့် ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ကျားပါစပ်ကြီးစခန်းကို ကရင်နီတပ်မတော် (KA)က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကလည်း ကရင်နီတပ်မတော် (KA) က ကျားပါစပ်ကြီးစခန်းကို တစ်ကြိမ် ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့သော်လည်း နာရီပိုင်းအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။ ရှားတောမြို့ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့မှစတင် တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော် (KNDF) အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးများအပါ အဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် စုစုပေါင်း ၁၆၀ ကျော်သေဆုံးခဲ့ကာ အရှင်ဖမ်းဆီးရမိထားသူများလည်းရှိသည်။ https://www.facebook.com/ph oto/?fbid=713199677674370&set=pcb.713200804340924
၂၈။ ICNCC ကို အသစ်ပြန်လည် ဖွဲ့စည်း၊ ပြည်သူအခြေပြု အသွင်သစ်ဖြင့် မြင်တွေ့ရမည်ဟု ဆို
   February 19, 2024

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကို ပြီးခဲ့သည့် တစ်ပတ်ခန့်က အသစ်ပြန်လည်ဖွဲ့စည်းလိုက်ပြီး ပြည်သူ့ အခြေပြု အသွင်သစ်ဖြင့် မြင်တွေ့ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ချင်းပြည် မြို့နယ်အသီးသီးမှ ကိုယ်စား လှယ်များပါဝင်သည့် ICNCC Fact – finding အဖွဲ့၏ (၃)လကြာ အချက်အလက်စုစည်းမှု၊ မြို့နယ်အသီးသီးမှ ကိုယ်စား လှယ်များ ပါဝင်သော ICNCC Reform Committee ၏ (၁)လကြာ ဆွေးနွေးမှုအပြီးတွင် အတည်ပြု လိုက်ခြင်းဖြစ်ကြောင်း ICNCC ပြော ရေးဆိုခွင့်ရှိသူ ဒေါက်တာကင်တန်က ပြောသည်။“Reform Committee ကနေ တစ်လကျော်ကြာအကြေအလည် ဆွေးနွေး ပြင်ဆင်ကြတာဆိုတော့ ပြည်သူအခြေပြု အသွင်သစ် ICNCC ဖြစ်ပါတယ်။ Bottom-up ပုံစံဖြစ်ပါတယ်။ ဒီအတွက် ဂုဏ်ယူ စရာကောင်းသလို လက်တွေ့အကောင်အထည်ဖော်မှုပိုင်း ပိုထိရောက်လာမယ်လို့ မျှော်လင့်ပါတယ်”ဟု ဒေါက်တာ ကင်တန်က ပြောသည်။ ICNCC  အသစ်ပြန်လည် ဖွဲ့စည်းမှုကို ဖေဖော်ဝါရီလ ၁၃ ရက်က  အတည်ပြုခဲ့ခြင်းဖြစ်ပြီး ချင်းပြည် တော်လှန်ရေး အင်အားစု (၇) စု ပါဝင်မည်ဖြစ်ကာ ယင်းတို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းလည်ပတ်ပတ်မည်ဖြစ်ကြောင်း သိရသည်။

ICNCC တွင် ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ တစ်မြို့နယ်လျှင် တစ်ပါတီ (၁) ဦးနှုန်းဖြင့် ချင်းပြည်အတွင်းရှိ နိုင်ငံရေး ပါတီများ၊ မြို့နယ် ကိုယ်စားပြု (၃)ဦး၊ မျိုးနွယ်စု (သို့မဟုတ်) ဒေသကိုယ်စားပြု (၁) ဦး ကိုယ်စားပြုပါဝင်မည့် ချင်းနိုင်ငံရေး ဦး‌ဆောင်အဖွဲ့နှင့် မြို့နယ် ကိုယ်စားပြု (၃)ဦး၊ မျိုးနွယ်စု (သို့မဟုတ်) ဒေသကိုယ်စားပြု (၁) ဦး ကိုယ်စားပြုပါဝင်မည့် ချင်းကာ ကွယ်ရေးအစုအဖွဲ့များ ဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။ ထို့အပြင် တစ်မြို့နယ်လျှင် (၂) ဦးနှုန်းဖြင့် ချင်း CDMs များနှင့် ချင်းအရပ်ဘက် ဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာရောက် ချင်းလူမျိုးအဖွဲ့အစည်းများနှင့် ပါဝင်သင့် ပါဝင်ထိုက်သော ပုဂ္ဂိုလ်များလည်း ICNCC အသစ်ဖွဲ့စည်းမှုတွင် ပါဝင်မည်ဖြစ်သည်။ ICNCC အသစ်ပြန်လည်ဖွဲ့စည်းမှုတွင် ပါဝင်မည့် အဖွဲ့များနှင့် လူပုဂ္ဂိုလ်များကို လတ်တလောတွင် ထုတ်ပြန်ရန် အဆင်မပြေသေးကြောင်း ဒေါက်တာကင်တန်က ပြောသည်။ ICNCC ၏ ချင်းပြည်အစိုးရ၊ လွှတ်တော်၊ တရားရေး စသည့် မဏ္ဍိုင် (၃)ရပ်တို့ကို တဖြည်းဖြည်းချင်း ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ် ပြီး အလျင်အမြန် ဖွဲ့စည်းမည်မဟုတ်ကြောင်း ဒေါက်တာကင်တန်က ပြောသည်။ https://www.facebook.com/photo?fbid=89632106916 3614&set=pcb.896321375830250
၂၉။  ကျိုက်ထိုမြို့ စစ်တပ်အနီးတွင် မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသား ၁ ဦး ခြေထောက်ပြတ်
   February 19, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအုပ်စု၊ ဝါးဒက်ကွင်းကျေးရွာ ခမရ ၂၀၇ တပ်နားမှာ ဖေဖော်ဝါရီ ၁၈ ရက်က အမျိုးသား ၁ ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ဖြတ်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျိုက်ထိုမြို့နယ် ဝါးဒက် ကွင်းကျေးရွာမှာနေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ကိုရန်နိုင်စိုးဟာ တံမြတ်စည်းပြုလုပ်ဖို့အတွက် ဝါးဒပ်ကွင်းကျေးရွာ ခမရ ၂၀၇ တပ်နား တောစပ်မှာ ဖေဖော်ဝါ ၁၈ ရက် မနက် ၉ နာရီလောက်က နတ်မြားပင်များ သွားရောက်ချိုးစဉ် မြေမြှုပ် နင်းမိခဲ့တာ ဖြစ်ပါတယ်။ မြေမြှုပ်မိုင်း ပေါက်ကွဲတာကြောင့် ကိုရန်နိုင်စိုးဟာ ညာဘက်ခြေထောက် ပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက်မေးရိုးပေါက်ပြဲ ဒဏ်ရာ၊ ယောက်ျားအင်္ဂါပေါက်ပြဲ ဒဏ်ရာနဲ့ ဘယ်‌ဘက်ခြေထောက်ပြတ်ဒဏ်ရာတို့ ရရှိခဲ့ပါတယ်။ ဝါးဒက်ကွင်း ဒေသခံ တဦးက “တံမြတ်စည်းလုပ်ဖို့ တောထဲ နတ်မြားသွားချိုးတဲ့အချိန် မိုင်းနင်းမိသွားတာပါ။ ဘယ်ဘက်ခြေထောက်က ဒူးအောက် ဖြတ်လိုက်ရတယ်။ ကျန်တဲ့ ဒဏ်ရာတွေလည်းများတယ်၊ အသက်အန္တရာယ်စိုးရိမ်ရပါတယ်” လို့ပြောပါတယ်။

ကိုရန်နိုင်စိုးနင်းမိတဲ့ မြေမြှုပ်မိုင်းကို KNU/PDF ပူးပေါင်းတပ်ဖွဲ့တွေ ထောင်ထားတယ်ဆိုပြီး စစ်ကောင်စီ ဝါဒဖြန့် ချန်နယ် တွေမှာဖော်ပြထားပေမယ့် စစ်တပ်နားမှာ PDF တွေ မိုင်းထောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျိုက်ထို ပကဖသတင်းပြန် ကြားရေးတာဝန်ခံက ပြောပါတယ်။“အခင်းဖြစ်တဲ့နေရာက ခမရ ၂၀၇ တပ်နားက ကျောက်မိုင်းဟောင်းမှာဖြစ်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက အဲဒီနေရာနားအထိ မိုင်း‌သွားထောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်မစီးနိုင်အောင် စစ်ကောင်စီအရာရှိတွေက စစ်တပ်နားတွေမှာ မိုင်းထောင်ထားဖို့ ညွှန်ကြားထားတယ်လို့ ကျနော်တို့ သိထားပါ တယ်။ တော်လှန်ရေးအဖွဲ့တွေရော KNU အဖွဲ့တွေပါ အဲဒီမှာ မိုင်းထောင်တာ လုံးဝမရှိပါဘူး” လို့ ပြောပါတယ်။ https://bur mese.dvb.no/post/639303
၃၀။ အာဆီယံနိုင်ငံများတွင် မြန်မာ စစ်ကောင်စီက  “အယုတ်မာဆုံး ” ဟု မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ပြောဆို
   February 20, 2024

မြန်မာစစ်တပ် ဦးဆောင်သော အာဏာသိမ်းစစ်ကောင်စီသည် အာဆီယံနိုင်ငံများအတွင်း “အယုတ်မာဆုံး ဖက်ဆစ် စစ်တပ်ဘွဲ့” ကို ၂၀၂၃ ခုနှစ်ကတည်းက ပြိုင်ဘက်ကင်းစွာ ရရှိထားကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်တပ်က ယမန်နေ့ တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။ စစ်ကောင်စီသည် အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ အပြင် စိတ်ပိုင်းဆိုင်ရာ ဒုက္ခမျိုးစုံကို တစ်နေ့တစ်မျိုး မရိုးရအောင် မြန်မာနိုင်ငံအနှံ့ နေစဉ်လုပ်နေသည်ဟု ညီနောင်တပ်က ဆို သည်။ ရက္ခိုင်ဒေသတွင်သာမက မြန်မာနိုင်ငံ၏ နေရာတိုင်းတွင် စစ်ရေးရှုံးနိမ့်ကာ နလံမထူနိုင်သည့် စစ်ရှုံးစစ်ကောင်စီသည် လက်ကျန်မြို့ကြီးအချို့ရှိ အပြစ်မဲ့အရပ်သားပြည်သူလူထုများအား မတရားစွပ်စွဲချက်များဖြင့် ဖမ်းဆီးခြင်းများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအား နေ့စဉ်ဆက်တိုက် ကျူးလွန်လျက်ရှိနေကြောင်းလည်း ပြောသည်။

ယခုအချိန်၌လည်း စစ်ကောင်စီ၏ရက်စက်ယုတ်မာသည့်လုပ်ရပ်များမှာ ၂၀၂၄ ခုနှစ်အတွက် “စစ်ရာဇဝတ်မှု အကျူး လွန်ဆုံး ဖက်ဆစ်စစ်တပ်ဆု” ကို ပြိုင်ဘက်မရှိ ထပ်မံရယူရန် အားထုတ်ကြိုးပမ်းနေခြင်းနှင့်တူနေသည်ဟု မြောက်ပိုင်းညီနောင် မဟာမိတ်တပ်က ထပ်မံပြောဆိုထားသည်။ ထို့ကြောင့် အာဏာသိမ်းစစ်ကောင်စီ၊ လက်ရှိစစ်ကောင်စီကို ဦးဆောင်နေကြသော သူများနှင့် စစ်အာဏာ ရှင်စနစ်မရှိတော့မှသာ မြန်မာပြည်သူလူထုတို့ စိတ်သက်သာရာရမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံအနှံ့ အပြား၌ စစ်ကောင်စီအား ဆန့်ကျင်တော်လှန်တိုက်ပွဲဝင်လျက်ရှိကြပြီး တော်လှန်ရေးအရှိန်အဟုန်သည်လည်း မြင့်တက်လျက်ရှိ နေကြောင်းသိရသည်။  မြန်မာပြည်လူထုတစ်ရပ်လုံး လိုလားချက်များနှင့်နီးစပ်သည့် ရည်မှန်းချက်များကို ၁၀၂၇ စစ်ဆင်ရေး (၄) လတာနီးပါးတွင် အပြည့်အဝမဟုတ်သည့်တိုင် အတိုင်းအတာတစ်ခုအထိ စိတ်ကျေနပ်စေလောက်သော အောင်မြင်မှု၊ ရလဒ်တို့ ကို ရယူနိုင်ခဲ့သည်ဟုဆိုနိုင်ကြောင်း ညီနောင်တပ်က ပြောသည်။  https://www.facebook.com/photo/?fbid=756169233 277352&set=a.568142278746716
၃၁။ ဖားကန့်တွင် ပိုင်ရှင်မဲ့အမျိုးသားအလောင်းတစ်လောင်းတွေ့၊ မူးယစ်ဆေးလွန် သေဆုံးခြင်းဖြစ်နိုင်သည်ဟုဆို
   February 19, 2024

ဖားကန့်မြို့၊ လုံးခင်းကျေးရွာတွင် ပိုင်ရှင်မဲ့အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ ကြောင်း သိရသည်။ သေဆုံးနေသူ ၏ ရုပ်အလောင်းကို လုံးခင်းကျေးရွာ ရပ်ကွက် ၂ တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသေးကြောင်း ရပ်ကွက်နေ ကျောက်အရောင်းအဝယ်ပြုလုပ်သူ အမျိုးသားတစ်ဦးက ပြောသည်။ “ဆေးသမားဟုတ်တယ်။ ရှော့ခ်ဖြစ်ပြီး သေတာ။ ပိုင်ရှင်ကိုဆက်သွယ် ပေးနေတယ်။ မပေါ်လာသေးဘူးပေါ့။ အဲ့မှာက ဆေးသမားတွေပေါတယ်လေ” ဟုပြောသည်။ လက်ရှိ ရုပ်အလောင်းကို လုံးခင်းသုသာန်တွင်ထားရှိပြီး ပိုင်ရှင်မပေါ်သေးသောကြောင်း လုံးခင်း သင်္ဂဟ လူမှုကူညီရေးအသင်းမှ အဖွဲဝင်တစ်ဦးကပြောသည်။

“သတ်မှတ်ထားတဲ့အချိန်ထိတော့ စောင့်တာပေါ့။ ဒါပေမဲ့ ပိုင်ရှင်မပေါ်လာလို့ အခုထိ မီးမသင်္ဂြိုဟ်ပေးရသေးဘူး။ မူးယစ်ဆေးက မသုံးတာအကောင်းဆုံးပါ” ဟုပြောသည်။ သေဆုံးသူမှာ အသက် ၅၀ ကျော်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ် ကြောင်း သိရသည်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာ အထွက်လမ်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း ကျောတွင် ဓါးထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့ရှိခဲ့သည်။ https://www.facebook.com/photo/?fbid=714085250919146&set=a.535867405407599
၃၂။ စစ်ကောင်စီက မိုင်းအလွန်အကျွံ ထောင်နေတာကြောင့် ပြည်သူသေဆုံးထိခိုက်မှု နေ့တိုင်းနီးပါးရှိနေတယ်လို့ ညီနောင် ၃ ဖွဲ့ သတိပေး
  February 19, 2024

စစ်ကောင်စီဟာ  သူတို့ရဲ့စခန်းတွေနားမှာ မိုင်းထောင်တွေတာအပြင် အရပ်သားတွေသွားတဲ့ လမ်းတွေမှာပါ  မိုင်းအမျိုး မျိုးကို အလွန်အကျွံထောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားကြဖို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က သတိပေးလိုက်ပါ တယ်။ စစ်တပ်ဟာ နင်းမိုင်း၊ တိုက်မိုင်း၊ စွန့်လွှတ်မိုင်းတွေကို စစ်စခန်းတွေနားမှာအပြင် ပြည်သူတွေသွားလာတဲ့ လမ်းတွေမှာပါ ထင်သလို အလွန်အကျွံထောင်တာကြောင့် ပြည်သူတွေ မိုင်းနင်းမိပြီး သေဆုံးတာနဲ့ ဒဏ်ရာရတာတွေ နေ့တိုင်းနီးပါး ဖြစ်ပေါ်နေ တယ်လို့ ညီနောင် ၃ ဖွဲ့က ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲက စစ်တပ် စခန်းတစ်ခုနားမှာ အသက် ၁၅ နှစ်အရွယ် အမျိုးသားတစ်ယောက် မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက် ပြတ်ထွက်ပြီး အပြင်းအထန်းဒဏ်ရာရသွားတယ်လို့လည်း ရက္ခိုင့်တပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

UNICEF ရဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ မိုင်းကြောင့်ထိခိုက်ခံစားရသူတွေထဲမှာ ကလေးငယ် တွေက ၂၂ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ သိရပါတယ်။ အဲဒီအစီရင်ခံစာဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလ အထိအတွက်ပဲဖြစ်ပြီး အဲဒီကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မိုင်းကြောင့် သေဆုံးထိခိုက်တဲ့ အရပ်သားတွေဟာ ၈၅၈ ယောက်အထိရှိခဲ့ပြီး ဒါဟာ ၂၀၂၂ တစ်နှစ်တာလုံးရဲ့ နှစ်ဆကျော်ရှိနေပါတယ်။ https://www.facebook. com/photo/?fbi d=413147684725564&set=a.266001999440134
၃၃။ မြိတ်တက္ကသိုလ်ကျောင်းသားများကို “အ”သုံးလုံးရုပ်ရှင်ပြပြီး စေတနာ့ဝန်ထမ်းလုပ်ရန် စည်းရုံး
   February 19, 2024

တနင်္သာရီတိုင်း၊ မြိတ်တက္ကသိုလ်မှာ စာမတတ်သူပပျောက်ရေး စီမံကိန်းအကြောင်းရိုက်ထားတဲ့ “ဘယ်သူပြိုင်လို့ လှပါ တော့နိုင်” ရုပ်ရှင်ဇာတ်ကားပြပြီး ကျောင်းသား ကျောင်းသူတွေကို နိုင်ငံတာဝန်ထမ်းဆောင်ဖို့ ဆရာ ဆရာမတွေက စည်းရုံးခဲ့ တယ်လို့ မြိတ်တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေထံက သိရပါတယ်။“ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ရုပ်ရှင်ဟာ တက္ကသိုလ်နဲ့ ကောလိပ်အသီးသီးက ကျောင်းသား ကျောင်းသူတွေက မြန်မာနိုင်ငံအတွင်း စာမတတ်သူပပျောက်ရေး လုပ်ငန်းမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့တဲ့ အကြောင်းကို ဒါရိုက်တာ ဦးသုခက ၁၉၇၃ ခုနစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ ရိုက် ကူးပုံဖော်ထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ဆရာ ဆရာမတွေက ကျောင်းသား ကျောင်းသူ တွေကို သက်ဆိုင်ရာမေဂျာအလိုက် စုစည်းပြီး မေဂျာအဆောင်အသီးသီးမှာ ၂ နာရီကြာ ပြသခဲ့ပြီး စေတနာ့ဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင်ဖို့ စည်းရုံးခဲ့တယ်လို့ ကျောင်းသား ကျောင်းသူတွေဆီက သိရပါတယ်။

မြိတ်တက္ကသိုလ်ကျောင်းသားတဦးက “အခန်းထဲမှာ လူတွေစုပြီး ရုပ်ရှင်ပြတယ်။ လုပ်အားပေးချင်တဲ့သူတွေ စာရင်းပေး လို့ ရတယ်ဆိုပြီး ဆရာ ဆရာမတွေက ပြောတယ်။ ကရင်၊ ကချင်နဲ့ ရှမ်းဘက်မှာ သွားရောက် လုပ်အားပေးရမယ်လို့လည်း သိရ တယ်။ ကျနော်တို့ စိုးရိမ်တာက မေဂျာတခုဆီမှာ ဘယ်နှယောက်ပါရမလဲဆိုပြီး စာရင်းလာကောက်တာမျိုးတွေပါ။ ဒါပေမဲ့ အခုလက်ရှိတော့ တယောက်မှ စာရင်းမပေးကြဘူး” လို့ ပြောပါတယ်။ အခုလို “အ”သုံးလုံးရုပ်ရှင်ပြပြီး စည်းရုံးတာကို ကျောင်း က ထောက်ပံ့ကြေးယူထားတဲ့ ကျောင်းသား ကျောင်းသူတွေက စိုးရိမ်နေကြပါတယ်။ မြိတ်တက္ကသိုလ် ကျောင်းဆရာမတဦးက “တိုင်းရင်းသားဒေသတွေမှာ လုပ်အားပေးဖို့ အထက်ကနေပြီး ပြခိုင်းတာပါ။ ဆရာမတို့လည်း အထက်ကဆိုတာလောက်ပဲ သိရ တယ်။ ကျန်တာတော့ မသိဘူး။ စေတနာ့ဝန်ထမ်း လုပ်ဖို့အတွက် ဘယ်သူမှလည်း စာရင်းမပေးကြသေးဘူး” လို့ ပြောပါတယ်။ https://burmese.dvb.no/post/639366
၃၄။  ဒီးမော့ဆို-မော်ချီး-မယ်စဲ့ ယာဥ်လိုင်းကို IEC ပြေးဆွဲ
  February 19, 2024

ဒီးမော့ဆို-မော်ချီး-မယ်စဲ့ ကိုသွားမယ့် ယာဥ်လိုင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကစ ပြေးဆွဲနေပြီလို့ ကရင်နီ ပြည်ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးကောင်စီ (IEC)က ပြောပါတယ်။ ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ပို့ဆောင် ဆက်သွယ်ရေးဌာနရဲ့ သယ်ယူပို့ဆောင်ရေးဌာနခွဲမှ IEC ယာဥ်လိုင်းကို ပြေးဆွဲနေတာဖြစ်ပါတယ်။“ပို့ဆောင်ရေး ဌာနစိပ်ကနေ တော့ ခုယာဉ်လိုင်းပြေးဆွဲပေးမှုတွေစနေတာပေါ့ ပြီးရင် ဌာနခွဲအလိုက် စုပေါင်းပြီး လုပ်ငန်းဗျူဟာတွေချမှတ်ရေးဆွဲနေဆဲပါ။ ပြီးရင်တော့ ကရင်နီပြည်အတွက် လုပ်နိုင်တာတွေတဆင့်ချင်းဆက်လုပ်ဖို့လုပ်နေပါတယ်။” လို့ IEC ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှူ နှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနမှ ဌာနမှူးကြီး ဦးအယ်လ်ဖောင်းရှိုက ပြောပါတယ်။

ခရီးစဥ်ကို တစ်ပတ် ၄ ရက်ပြေးဆွဲသွားမှာဖြစ်ပြီး တစ်ဦးလျှင် ကားခ ၃ သိန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ယာဉ်လိုင်း စတင်ပြေးဆွဲနေပြီး ရလာမယ့် အမြတ်ငွေတွေကိုတော့ IEC ဘဏ္ဍာငွေထဲကနေ လိုအပ်တဲ့နေရာတွေမှာ အသုံးပြုသွား မယ်လို့ သိရပါတယ်။ ခရီးသည်တွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ထားမှု အခြေအနေကို သယ်ယူပို့ဆောင်ရေးဌာနခွဲရဲ့ ညွှန်ကြားရေးမှူး သံချောင်းက အခုလိုပြောပြပါတယ်။“ကျနော်တို့ လမ်းလုံခြုံရေးကတော့ ဒီယာဥ်မောင်းတွေနဲ့တော့ သူလုံခြုံ မှုတော့ရှိမယ်။ ကောင်းကင်ဘုံက ကြဲချလာတဲ့ ဟာတွေကတော့ ကျနော်တို့ မတတ်နိုင်ဘူးပေါ့နော။ တွေ့တယ်သိတယ်။ မြင် တယ် ကြားတယ်။ ဆိုတာလောက်နဲ့ ရှောင်မယ်ပုန်းမယ် ဒီလောက်ပဲ ရှိတယ်ပေါ့နော။ ၁၀၀ ရာခိုင်နှုန်း လောက်တော့ လုံခြုံမှု မပေးနိုင်ဘူးပေါ့နော။ အတတ်နိုင်ဆုံးတော့ အန္တာရာယ်ကင်းမယ့်လမ်းတွေ မောင်းပေးမယ်။ အန္တာရာယ်ကင်းမယ့် နေရာတွေကို နားပေးမယ်။ အဲ့လောက်ပါပဲ။”လို့ သူက ပြောပါတယ်။ IEC ကနေ ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ပို့ဆောင်ဆက် သွယ်ရေးဌာနကို ဖွဲ့စည်းပြီး ဌာနမှူးကြီး နဲ့ ဒုတိယဌာနမှူးကြီး ၄ဦးကို ခန့်အပ်ထားကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ https://www.kantarawaddytimes.org/%e1%80%92%e1%80%ae%e1%80%b8%b1%e1%80

၃၅။ အင်းလေးဒေသမှာ စစ်ကောင်စီ၊ ပြည်သူ့စစ်နဲ့ ပျူစောထီးအဖွဲ့တွေ ပြည်သူတွေကိုပါ ဖမ်းဆီးသောင်းကျန်းနေ
     February 19, 2024

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ဒေသမှာ စစ်ကောင်စီနဲ့လက်အောက်ခံ PNO၊ ပျူစောထီးတွေက ပြည်သူတွေအပေါ် ပိုမိုအကြမ်းဖက် လာနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီနဲ့ PNO ထိုင်တဲ့ မှော်ဘီတံတားမှာ ခရီးသွားတွေရဲ့ ပစ္စည်းတွေကိုအကြမ်းဖက်လုယူမှု ပိုမိုဆိုးရွားလာနေပြီး မနေ့က ဖယ်ခုံမြို့က အမျိုးသမီးတစ်ဦးပိုင်ဆိုင်တဲ့ စက်သုံးဆီ ပေပါ ၉ လုံးကို သိမ်းယူခံခဲ့ရတယ်လို့ သိရပါတယ်။ ယင်းဂိတ်ကပင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်ကလည်း ကျိုင်းခမ်းရွာမှ ဒေသခံ တစ်ဦးရဲ့ စားသောက်ကုန်ပစ္စည်း ၈ သိန်းဖိုးကိုလည်း အကြမ်းဖက်စစ်တပ်က ယူဆောင်သွားခဲ့သလို မိုးဦးရွာမှ ဒေသခံတစ်ဦးရဲ့ ကားကိုလည်းစစ်တပ်ကယူ ထားတဲ့အပြင် လူကိုလည်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

စစ်တပ်နဲ့အင်းလေးပျူစောထီးခေါင်းဆောင် ညီညီထွန်းလွင်(ခ)ဖိုးသာထူးတို့က လုံကန်ကျေးရွာက ဇနီးမောင်နှံကို လည်း နန်းပန်ဂိတ်မှာကားနဲ့အတူဖမ်းဆီးခံထားရတာ ခုချိန်ထိ အဆက် အသွယ်မရသေးဘူးလို့ သိရပါတယ်။ အင်းလေးကန် အရှေ့ခြမ်းကနေ တောင်ဘက်ခြမ်းအထိကို စစ်တပ်နဲ့အပေါင်းပါတွေဟာ ယခင်က စစ်ဆေးမေးမြန်းတာကုန်တင်လာရင် ငွေ တောင်းတာလောက်သာရှိခဲ့ပေမယ့် လက်ရှိမှာတော့ ခရီးသွားတွေရဲ့ ပစ္စည်းတွေကို လုယူတာတွေအပြင် ပစ္စည်းပိုင်ရှင်တွေကိုပါ အကြမ်းဖက် ဖမ်းဆီးလာနေတာလို့ ဒေသခံတွေထံက သိရပါတယ်။ https://www.facebook.com/photo?fbid=4226386 06789256&set=a.285900487129736

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်

Related Articles

Back to top button