
FJMM ကဗျာ – ဆက်လျှောက်…
ငါတို့ရွေးခဲ့တဲ့ လမ်းက ကြမ်းတယ်
ဒါပေါ့ ဆက်လျှောက်ရမယ် သားရီးရေ
ပေါက်ပန်းလေးဆယ် လျှောက်လျှောက်လုပ်တတ်လည်း ငါတို့ကို ချစ်တဲ့သူတွေက တကယ်ချစ်တာပဲ။
ရောင်နီမလာခင်တော့ မှောင်အုံးမှာပဲ
ဒီခရီးကြမ်းကြီးမှာ
လွယ်လွယ်နဲ့တော့ စံပါယ်တွေ ဘယ်ပွင့်လိမ့်မလဲ
ငါတို့ကို ကာဆီးထားတာက အုတ်နံရံကြီးဆိုလည်း
ရဲရဲသာ ပြေးဆောင့်လိုက် ညီအစ်ကိုတို့ရေ
မင်းတို့နောက်မှာ လိုက်ဆောင့်မယ့်သူတွေ တန်းစီလို့။
မင်းခံယူချက်ကိုလည်း ချစ်သလို မင်းကိုလည်း ငါတို့ချစ်တယ်
ဒါကြောင့် ဒီခရီးကြမ်းကို ဆက်လျှောက်ကြစို့
၂၀၂၁မတိုင်ခင် လွတ်လပ်စဉ်ဘဝများဆီက ငါတို့မက်ခဲ့ဖူးတဲ့ အိပ်မက်တွေဆီ ငါတို့အရောက်ပြန်ကြမယ်။
သူတို့က ဖြဲလည်း ခြောက်လိမ့်မယ်၊ ခဲနဲ့လည်း ပေါက်လိမ့်မယ်
အရေးကြီးတာက ငါတို့ဆက်လျှောက်နေဖို့ပဲ…
– ဖိုးသား(ပင်းတယ)