
စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ TNP ပြော
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင် ၁၂ ၊ ၂၀၂၅
စစ်ကောင်စီဟာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်ဖန်တီးနေပြီး နိုင်ငံတော် အချုပ် အခြာအာဏာကို မတရားရယူရန် ကြိုးစားနေတာကြောင့် တအာင်း(ပလောင်)အမျိုးသားပါတီ (TNP)ဘက်က ကန့်ကွက်ရှုံ့ချတယ်လို့ ဒီကနေ့ ဇူလိုင် ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက ကျင်းပခဲ့သော နေပြည်တော် ငြိမ်းချမ်းရေးဖိုရမ် (Peace Forum) ဟာလည်း မြန်မာပြည်၏ ပဋိပက္ခကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။
လက်ရှိ စစ်ကောင်စီ၏ လူသားမဆန်တဲ့လုပ်ရပ်နဲ့ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကန့်ကွက်သလို နိုင်ငံတာကာအဖွဲ့အစည်းများအနေဖြင့် အမြန်ဆုံး အရေးယူပေးဖို့ကိုလည်း တိုက်တွန်းပါတယ်။
ဒါ့အပြင် တအာင်းပြည်ကောင်စီ(TLC)၏ တော်လှန်ရေးကာလ အစိုးရ အစီအမံများမှာလည်း တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)ဘက်က ပူပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နဲ့ ၂၉ ရက်နေ့ထိ ကျင်းပခဲ့တဲ့ တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)၏ ၆ လပတ် ဗဟိုကော်မတီမျက်နှာစုံညီ အစည်းအဝေးကတဆင့် အခုလို ထုတ်ပြန် ပြောဆိုလိုက်တာပါ။
ဓာတ်ပုံ – TNP