
▪️နိုင်ငံရေး
▪️ လူတိုင်းဟာနိုင်ငံရေးနဲ့မဆိုင်ဘူးလိုဆိုပေမယ့် နိုင်ငံရေးဟာ လူတိုင်းနဲ့ဆိုင်တယ်ဆိုတဲ့စကားအတိုင်း နိုင်ငံရေး ဟာသိဖို့အင်မတန်အရေးကြီးတယ်။ နိုင်ငံရေးလုပ်နေတဲ့လူတွေအပြင်၊ အထူးသဖြင့် လူမှုရေးလုပ်ငန်းနဲ့ထိတွေ့နေရတဲ့ လူတွေ၊ လူမျိုးရေးနဲ့ထိတွေ့နေရတဲ့လူတွေ၊ ပြောရရင် နိုင်ငံရေးကို ထဲထဲဝင်ဝင်မလုပ်သည့်တိုင်အောင် နိုင်ငံရေးက သိကိုသိသင့်တယ်၊ နားလည်သင့်တဲ့အရာဖြစ်တယ်။
➖ ဘာဖြစ်လို့လဲ?
▪️ နိုင်ငံရေးဟာ အင်မတန်မှကျယ်ပြန့်သလို အင်မတန်မှလဲ နက်နဲသိမ်မွေ့လွန်းပါတယ်။ ပြောရတာသာလွယ်မလိုလိုနဲ့ တကယ့် နဖူးတွေ့ဒူးတွေ့ရင်ဆိုင်နေရတဲ့အချိန်မျိုးမှာ နိုင်ငံရေးအပေါ် ကိုယ်နားလည်ထားတာနဲ့လုပ်နေရတာနဲ့ ကွဲလွှဲနေတတ်ပါတယ်။ နိုင်ငံရေးဟာ ပရိယာယ် မာယာတွေလည်းများလွန်းပါတယ်။ နိုင်ငံရေးဟာ စာတွေ့သက်သက်နဲ့လည်း မပြီးသေးဘူး၊ သာမန်ကာလျှံကာလောက်နဲ့လည်းမပြီးသေး။ နိုင်ငံရေးဟာ အတိတ်ကဖြစ်ရပ်ဖြစ်စဉ်တွေကို အခြေခံပြီးစတွေးရတယ်၊ ဒါကြောင့် သမိုင်းဟာ နိုင်ငံရေးမှာ မပါမပြီးတဲ့ အကြောင်းအရာဘာသာရပ်တစ်ခုဖြစ်ပါတယ်။ အဲ့ဒီအတိတ်က သမိုင်း၊ ဖြစ်စဉ်တွေကိုအခြေခံပြီးဖြစ်ပွါးလာတဲ့ ပြဿနာ ပဋိပက္ခတွေကို သီအိုရီ သဘောတရားတွေထည့်ပေါင်းစပ်ပြီး ဖြေရှင်းနည်းရှာရတဲ့ ဖြစ်စဉ်ဆိုလည်းမမှားပါဘူး။ ဒါကြောင့် နိုင်ငံရေးမှာ စာတွေ့ဆိုရင်တောင် ဖြစ်စဉ်(processes) ကြေဖို့လည်းထပ်လိုအပ်ပါတယ်။ ဖြစ်စဉ်ကျေဖို့ဆိုရင် နိုင်ငံရေးကို အမြဲတစေလေ့လာလိုက်စားနေမှ ထွက်ပေါက်ရှာတွေ့နိုင်မှာဖြစ်တယ်။ မိမိလူမျိုးလွတ်မြောက်ရာနိုင်ငံရေးလမ်းကြောင်းကို ဖောက်ထွက်လမ်းပြပေးနိုင်မှာဖြစ်တယ်။
▪️ ဒါတောင် မပြီးသေးဘူး၊ လက်တွေ့နဲ့ ပေါင်းစပ်လုပ်နိုင်ဖို့လိုအပ်နေပါသေးတယ်။ လက်တွေ့လို့ဆိုတဲ့နေရာမှာ လက်နက်ကိုင်လမ်းစဉ်နဲ့သွားမယ့် လမ်းကြောင်းလား? နိုင်ငံရေးအဖွဲ့အစည်းနဲ့သွားမည့်လမ်းကြောင်းလား? နိုင်ငံရေးပါတီနဲ့ သွားမယ့်လမ်းကြောင်းလား? ဆိုတာ၇ှိနပေါသေးတယျ။ မပြီးသေးဘူး. အဲ့ဒီဖြစ်စဉ် (processes) အပေါ်ကို [Concepts] သဘောတရားထပ်ကွပ်ပြီးလုပ်ရတဲ့ သဘော။ Concepts (အတွေးအခေါ်သဘောရား) ဆိုရာမှာ ဘယ်အတွေးအခေါ် သဘောတရားအပေါ်အခြေခံမှာလဲ? ကွန်မြူနစ်အတွေးအခေါ်လား? လစ်ဘရယ်ဒီမိုကရေစီအတွေးအခေါ်လား? ဆိုရှယ်လစ်အတွေးအခေါ်လား? ငါတို့က မိမိလူမျိုးအရေးပဲလုပ်တယ် သို့မဟုတ် အမျိုးသားနိုင်ငံရေးပဲလုပ်တယ်ဆိုရင်တောင် မိမိလူမျိုး မိမိပြည်သူကို ဘယ်နိုင်ငံရေးသဘောတရားထည့်ပေးသင့်သလဲ၊ ဘယ်နိုင်ငံရေးစံတန်ဖိုးတွေထည့်ပေးသင့်သလဲဆိုတာ ရှိသေးတာ။ အမျိုးသားရေးဆိုပြီး မပြီးဘူး။ အမျိုးသားရေးရဲ့နောက်မှာ ပညာပါဖို့ အတွေးအခေါ်ပါဖို့လိုကိုလိုအပ်တာ။
▪️ ဒါကြောင့် မိမိက မိမိလူမျိုး မိမိလူငယ်တွေကို ဦးဆောင်ဦးရွက်ပြုချင်တယ်ဆိုရင်တောင် မိမိလူမျိုးမှာ ဘာပြဿနာဖြစ်နေသလဲ၊ ဘယ်လိုပြဿနာတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရသလဲ။ အဲ့ဒီအမျိုးသားရေးပြဿနာတွေကိုဘယ်လိုနည်းနာနဲ့ ရှင်းမလဲ ပထမဒါကို ရှင်းနေအောင် သုံးသပ်နိုင်ဖို့လိုအပ်တယ်။ အမျိုးသားရေးပြဿနာ ဖြစ်ရင် အမျိုးသားရေးအသွင်သဏ္ဍာန်နဲ့ ရှင်းဖို့လိုအပ်တယ်။
▪️ ဒါကိုရှင်းနိုင်ဖို့ သို့မဟုတ် သုံးသပ်နိုင်ဖို့ဆိုရင် မိမိမှာ ခိုင်မာ ရှင်းလင်းတဲ့ အမျိုးသားနိုင်ငံရေးအတွေးအခေါ် ရှိကိုရှိဖို့လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုရင် အတွေးအခေါ်သဘောတရားတိုင်းမှာ သူ့စံတန်ဖိုးတွေလည်းရှိနေပါသေးတယ်။ အဲ့ဒီစံတန်ဖိုးအပေါ် မိမိဘယ်လောက် လေးစားလိုက်နာမှုရှိသလဲ။ လေးစားလိုက်နာနိုင်အောင် ဘယ်လောက်အတိုင်းအတာထိ နားလည်သဘောပေါက်ထားပါသလဲ ဆိုတဲ့ အခြေခံစံတန်ဖိုးတွေကအစ သာမန်ကာလျှံကာလုပ်လို့မရဘူး၊ လေးနက်မှုရှိဖို့ အင်မတန်းမှကို အရေးကြီးတာ။
▪️ ပျော်ပျော်ပါးပါး လှေလှော်သွားဖို့ ဒါမှမဟုတ် အပျော့ဆွဲဖို့ ဒါမှမဟုတ် ဒီယုန်ကိုမြင်လို့ ဒီချုံကိုထွင်ဖို့ ဆိုရုံလောက်နဲ့ နိုင်ငံရေး စတိတ်စင်ပေါ် တက်လာဖို့ စိတ်မကူးကြပါနဲ့။ မိမိအမျိုးသားနိုင်ငံရေးဂုဏ်သိက္ခာကျတယ်။
▪️ နောက်ဆုံးသေသေချာချာပြောနိုင်တာက နိုင်ငံရေးဟာ သင်တန်းတစ်ခါနှစ်ခါတက်ပြီးတာနဲ့ ဆရာဖြစ်သင်တန်း[ToT]ထပ်တက်၊ သင်တန်းဆင်းပြီး ငါဆရာဖြစ်ပြီ ဆိုပြီးသွားလုပ်လို့ရတဲ့ လုပ်ရှားမှုအခြေခံမဟုတ်ဘူး။ လုံလောက်တဲ့ သမိုင်းဖြတ်သန်းမှုရယ်၊ လေးနက်တဲ့လေ့လာလိုက်စားမှုရယ် လိုအပ်တယ်။
ခွန်စိုးမြင့် [ပ၊ အ၊ မ၊ ဖ]