စစ်ကောင်စီက အာဏာတည်မြဲရေးအတွက် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများကို အသုံးချလာ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၆၊ ၂၀၂၄
စစ်ကောင်စီက အာဏာတည်မြဲရေးအတွက် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများကို အစဉ်တစိုက် အသုံးချနေသော စစ်အုပ်စုသည် ၁၀၂၇ စစ်ဆင်ရေးကြောင့် ထိန်းချုပ်နယ်မြေများဆုံးရှုံးလာပြီးနောက်ပိုင်းတွင် အမုန်းစကားနှင့် ဝါဒဖြန့်ချိမှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့တယ်လို့ ဒီအကြောင်းလေ့လာနေတဲ့ သုတေသနအဖွဲ့က ဆိုပါတယ်။
“လူမျိုးရေးပဋိပက္ခများ စစ်အာဏာတည်မြဲရေးအတွက် မောင်းနှင်အားတရပ်”စာတမ်းတွင် ရှမ်းမြောက်၊ ရခိုင်နှင့် ချင်း၊ ပလက်ဝဒေသများ၌ လူမျိုးစုတော်လှန်ရေး အင်အားစုများအကြား ပွတ်တိုက်မှုအချို့အပေါ် စစ်အုပ်စု၏ အသုံးချမှုပုံစံများကို အသေးစိတ်ဖော်ပြထားပါတယ်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့ကတော့ နိုင်ငံရေးနှင့် လူမှုဖြစ်စဥ်များကို စဥ်ဆက်မပြတ်စောင့်ကြည့်လေ့လာနေတဲ့ အရပ်ဘက်သုတေသနအဖွဲ့အစည်းတခုဖြစ်ပါတယ်။
စာတမ်း ဖတ်ရှုနိုင်ဖို့ ဒေါင်းလုပ်ရယူရန်
မြန်မာဘာသာ: CLICK HERE TO DOWNLOAD
အင်္ဂလိပ်ဘာသာ: CLICK HERE TO DOWNLOAD
စာတမ်း ပေးပို့ – ဉာဏ်လင်းသစ်သုတေသနအဖွဲ့