မြန်မာနိုင်ငံတဝန်း ၄ လအတွင်း အရပ်သားအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဥ် ၆၀ ခန့် ရှိခဲ့
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၅၊ ၂၀၂၄
မြန်မာနိုင်ငံတဝန်း ၂၀၂၄ ခုနှစ်၊ မေလမှ သြဂုတ်လ ၄ လအတွင်း လူ (၅) ဦးနှင့်အထက် သေဆုံးစေခဲ့သည့် အရပ်သားအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဥ်ပေါင်း အနည်းဆုံး (၆၀ခု) ဖြစ်ပွားခဲ့သည့်အနက် စစ်အုပ်စုမှ ဖြစ်စဥ်ပေါင်း အနည်းဆုံး (၅၆) ခုကို ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူစုစုပေါင်း အနည်းဆုံး (၆၄၃) ဦးကို သတ်ဖြတ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ သြဂုတ်အထိ နိုင်ငံတဝန်းတွင် လူ (၅) ဦးနှင့်အထက် အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှု ဖြစ်စဥ်ပေါင်း အနည်းဆုံး (၃၂၀)ခု ကျူးလွန်ထားပြီး အရပ်သားပြည်သူစုစုပေါင်း အနည်းဆုံး (၃၁၉၅) ဦးထိ သတ်ဖြတ်ခံခဲ့ရပါတယ်။ ထို့ပြင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသော ဖြစ်စဉ်နှင့် သေဆုံးမှုများ၏ ထက်ဝက်ကျော်သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းဒေသတွင် ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရတယ်လို့ ဒီအကြောင်းအရာတွေကို လေ့လာစောင့်ကြည့်နေတဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ ပြောပါတယ်။
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ (မေလ ၂၀၂၄ – သြဂုတ်လ၂၀၂၄) အစီရင်ခံစာ အပြည့်အစုံကို ဖတ်လိုပါက ဖော်ပြပါ လင့်ခ်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
မြန်မာဘာသာဖြင့် – စစ်အုပ်စု၏အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ (၂၀၂၄ မေ -၂၀၂၄ သြဂုတ်)
အင်္ဂလိပ်ဘာသာဖြင့် – Massacre Carried out by the Military (May-August 2024)
အစီရင်ခံစာ ပေးပို့ – ဉာဏ်လင်းသစ် သုတေသနအဖွဲ့