သတင်း

လူထုပါဝင်မှုအားကြောင့် အချိန်တိုအတွင်း တော်လှန်ရေး နိုင်ပွဲရနေကြောင်း KIO ဥက္ကဌပြော

လူထုပါဝင်မှုအားကြောင့် အချိန်တိုအတွင်း တော်လှန်ရေး နိုင်ပွဲရနေကြောင်း KIO ဥက္ကဌပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဩဂုတ် ၁၀၊ ၂၀၂၄

လူထုပါဝင်မှုအားကြောင့် အချိန်တိုအတွင်း တော်လှန်ရေး နိုင်ပွဲရနေကြောင်း KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီကနေ့ ဩဂုတ်၁၀ ရက်နေ့မှာ ကျနေရာက်တဲ့ (၄၉) နှစ်မြောက် ကချင်အာဇာနည်နေ့မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုလိုက်ပါတယ်။

၂၀၂၁ ခုနှစ်ကနေ စတင်တဲ့ လူထုတော်လှန်ရေးကြီးဟာ လူထုထောက်ခံမှု အားအကောင်းဆုံး ဖြစ်တာကြောင့် အချိန်တိုအတွင်း တော်လှန်ရေးနိုင်ပွဲကြီးများ ရရှိနေပြီး တော်လှန်ရေး စစ်ဆင်ရေးများအတွင်း မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ အင်တိုက်အားတိုက် ပါဝင်နေတာကြောင့်လည်း နိုင်ပွဲများကို ဆက်လက် ရရှိနေကြောင်းပြောသလို တော်လှန် အင်အားစုများအားလုံးကို အထူးကျေးဇူးတင်ကြောင်းကို KIO ဥက္ကဌ ရဲ့ မိန့်ခွန်းကတဆင့် ထည့်သွင်း ပြောဆိုလိုက်တာပါ။

ဒါအပြင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက စစ်ရေးမဟာဗျူဟာ စီမံချက်များ ချမှတ်ပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် တော်လှန်စစ်ပွဲကို ဆင်နွဲနေပြီဖြစ်ကြောင်းလည်း မိန့်ခွန်းကတဆင့် အသိပေး လိုက်ပါတယ်။

ဒါပေမယ့် တပ်စခန်းများ ဆုံးရှုံးနေတဲ့ စစ်ကောင်စီဟာ တိုက်ပွဲများအတွင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထု များကို ဦးတည်တိုက်ခိုက်လျက်ရှိနေပြီး တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ နေရာဒေသများတွင်လည်း လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြုကာ အကြမ်းဖက်ပစ်ခတ်မှု ပြုလုပ်တာကြောင့် လူထုများက အသက်ဆုံးရှုံး နေကြရတယ်လို့လည်း ထည့်သွင်းပြောဆိုလိုက်ပါတယ်။  

အဲဒီလို စစ်ကောင်စီရဲ့ မတရားအကြမ်းဖက် ပြုလုပ်နေတာဟာ တော်လှန်ရေးကို ပါဝင်ထောက်ခံနေတဲ့ ပြည်သူ လူထုများကြား အကြောက်တရားများ ဖြစ်လာစေဖို့ ဖန်တီးနေတာလို့လည်း ပြောပါတယ်။

ဒါကြောင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖြိုချနိုင်မှတာလျှင် ပြည်သူလူထုများရဲ့ လုံခြုံရေးနှင့် ဖိနှိပ်မှုမျိုးစုံမှ လွတ်မြောက်နိုင်မှာ ဖြစ်တယ်လို့ ပြည်သူများ ဆက်လက် ပူးပေါင်းပါဝင်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

တဘက်မှာလည်း လူထုအင်အားများဖြင့် သိမ်းပိုက်ရရှိထားတဲ့ လွတ်မြောက်နေမြေများတွင်လည်း ပညာရေး၊ ကျန်းမာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူထုဘ၀ သာယာ၀ပြောရေးတို့ကိုလည်း အင်တိုက်အားတိုက် အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိတယ်လို့ ထပ်လောင်း အသိပေးထားပါတယ်။

Related Articles

Back to top button