သတင်း

စစ်ကောင်စီက၂ နှစ်အတွင်း အင်တာနက်ဖြတ်တောက်မှု အကြိမ် (၃၀၀)နီးပါး ပြုလုပ်ခဲ့

စစ်ကောင်စီက၂ နှစ်အတွင်း အင်တာနက်ဖြတ်တောက်မှု အကြိမ် (၃၀၀)နီးပါး ပြုလုပ်ခဲ့

စစ်ကောင်စီက၂ နှစ်အတွင်း အင်တာနက်ဖြတ်တောက်မှု အကြိမ် (၃၀၀)နီးပါး ပြုလုပ်ခဲ့

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင် ၁၇၊ ၂၀၂၄

၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ၂ နှစ်အတွင်း အင်တာနက်ဖြတ်တောက်မှုအကြိမ်ပေါင်း(၃၀၀)နီးပါးကို စစ်ကောင်စီက ပြုလုပ်ခဲ့တယ်လို့ မြန်မာ့အင်တာနက်ပရောဂျက်ရဲ့ သုတေသန အချက်အလက်အရ သိရပါတယ်။

မြန်မာ့အင်တာနက် ပရောဂျက်အဖွဲ့ရဲ့အဆိုရ “အင်တာနက်ဖြတ်တောက်မှုပုံစံများဟာ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဖြတ်တောက် ခြင်း၊ နေရာအကန့်အသတ်ဖြင့် ဖြတ်တောက်ခြင်း၊ အချိန်အကန့်အသတ်ဖြင့် ဖြတ်တောက်ခြင်း၊ အင်တာနက်မြန် နှုန်းလျော့ချခြင်း၊ လူသုံးများသော လူမှုကွန်ရက်မီဒီယာများကို ပိတ်ပင်ခြင်းနှင့် အင်တာနက်ဝက်ဘ်ဆိုက်များကို ပိတ်ပင်ခြင်း” တို့ကို စစ်ကောင်စီက ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အင်တာနက်ဖြတ်တောက်ခြင်း အများဆုံးကြုံရသောဒေသများဟာ စစ်ရေးပဋိပက္ခပြင်း ထန်တဲ့ ဒေသများ ဖြစ်နေတာကိုလည်း လေ့လာတွေ့ရှိရတယ်လို့ ဆိုပါတယ်။

တဘက်မှာလည်း အင်တာနက်နှင့်ဆက်သွယ်ရေးစနစ်တို့၏အဓိကကျသော တာဝါတိုင်ကဲ့သို့ အခြေခံအဆောက် အအုံများ ပျက်စီးခြင်း၊ ပြုပြင်ထိန်းသိမ်းရန် ခက်ခဲခြင်းနှင့် ပြုပြင်ထိန်းသိမ်းရန် ကြိုးစားစဉ် ကြုံတွေ့ရသည့် အခက်အခဲများကိုလည်း လေ့လာတွေ့ရှိခဲ့ရတယ်လို့ ဖော်ပြပါတယ်။

ဒါ့ကြောင့် အင်တာနက်ဖြတ်တောက်ခြင်းနှင့် အခြေခံအဆောက်အအုံပျက်စီးခြင်းများ ကြုံတွေ့ရသည့် နောက် ဆက် တွဲပြဿနာများ၊ အကြောင်းအရင်းများ၊ အကျိုးဆက်များနှင့် ပြန်လည်သတိထား လုပ်ဆောင်သင့် သည်များကို အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားတာပါ။

မြန်မာ့အင်တာနက် ပရောဂျက်အဖွဲ့ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းခြင်းနှင့်အတူ ဖြတ်တောက်ခံခဲ့ရသော အင်တာနက်ဖြတ်တောက်ခြင်းနှင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ ပျက်စီးခြင်းအကြောင်းများကို သုတေသနပြုလေ့လာနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

အစီရင်ခံစာ အပြည့်အစုံကို အခမဲ့ ဒေါင်းလုတ် ဖတ်ရှုနိုင်ပြီ။

မြန်မာဘာသာ : CLICK HERE TO DOWNLOAD

အင်္ဂလိပ်ဘာသာ : CLICK HERE TO DOWNLOAD

မြန်မာ့အင်တာနက်ပရောဂျက် အစီရင်ခံစာ – ပေးပို့

Related Articles

Back to top button