အတွေးအမြင်

De facto state ဆိုတာ ဘယ်လိုမျိုးလဲ

De facto state ဆိုတာ ဘယ်လိုမျိုးလဲ | Areng Pui

——————————————————-

တိုးတတ်ပြောင်းလဲလာတာနဲ့ အမျှ လူတွေရဲ့ စိတ်နေသဘောထားတွေ၊ အတွေးအခေါ်တွေလည်း ပြောင်းလဲ လာတာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသံ၊ အနိမ့်အမြင့်ကို ကြည့်ရင် ဖက်ဒရယ် ဆိုတဲ့ စနစ်သံကနေ နောက်ပိုင်း ဝ လူမျိုးတွေအနေနဲ့ ဝ ပြည်နယ်ကို ကွန်ဖက်ဒရေးရှင်းပြည်နယ် တစ်ခုအဖြစ် အင်အားကောင်းကောင်း တည်ဆောက်သွားနိုင်ကြတော့ တစ်ချို့ တိုင်းရင်းသားတွေကလည်း ကွန်ဖက် ဒရေးရှင်းကို အနိမ့်ဆုံးထားမျော်မှန်းလာကြတာဖြစ်တယ်။

လက်တွေ့လက်ညို့ထိုးပြောရရင် မြောက် ပိုင်းမဟာမိတ်အဖွဲ့တွေလို့ ပြောလို့ရပါတယ်။ သူတို့ရဲ့ နိုင်ငံရေးမျော်မှန်းချက်ဟာ ကွန်ဖက် ဒရေးရှင်း ထက်မနိမ့်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြစ်တယ်။ ခုဆို TNLA, MNDAA, AA တို့ဆိုတာ သူတို့ နိုင်ငံရေးခရီး အတွက် အတော်လေးခရီးရောက်နေကြပြီလို့ ပြောလို့ရနေ ပြီဖြစ် တယ်။

အလားတူ နောက်ပိုင်း လူငယ်နိုင်ငံရေးခေါင်းဆောင်တစ်ချို့တွေရဲ့ နိုင်ငံရေးအာဂျင်တာတစ်ခု ထပ်တိုး ပြောကြဆိုတာကြတာတွေကို ကြားနေရတာဖြစ်တယ်။ အဲဒါက De facto State ဆိုတဲ့ဟာ ဖြစ်ပါ တယ်။ မြန်မာလိုတိုက်ရိုက်ဘာသာ ပြန်ရရင် သီးခြားလွတ်လပ်တဲ့ ပြည်နယ်၊ နိုင်ငံလို့ပဲ အနက်ဖွင့်ရ မယ်ထင်ပါတယ်။ အဲထက်ပိုကောင်းတဲ့၊ သင့်တော်တဲ့ အနက်ဖွင့်ဆိုချက်လည်း ရှိနိုင်ပါတယ်။ ကျွန်တော် တို့ De facto State ကိုသွားသင့်တယ်၊ တည်ထောင်သင့်တယ် အစရှိသည်ဖြင့်ပေါ့။

အဲသည်အတွက် ကြောင့် နိုင်ငံရေးနယ်ပယ်ထဲကို စပြီးလေ့လာ နေကြတဲ့ လူငယ်တွေ၊စာဖက်သူတွေအနေနဲ့ နိုင်ငံရေး စာပေတွေ၊ နိုင်ငံရေးစကားဝိုင်းတွေကို နားထောင်လေ့လာကြတဲ့အခါ အထောက်အကူဖြစ်စေရန် နှင့် လူငယ်နိုင်ငံရေးခေါင်းဆောင်များအနေနနဲ့ နိုင်ငံရေးစနစ်ကို မဖော်ဆောင်ခင် စနစ်တကျစဥ်းစားနိုင်ရန် အဓိက ရည်ရွယ် ပြီး၊ De facto State ဆိုတာဘာလဲ၊ ဘယ်နိုင်ငံတွေမှာ ကျင့်သုံးနေကြသလဲ၊ ဘာတွေက စိန်ခေါ်မှုအနေနဲ့ ရှိနေသလဲဆိုတာကို မိမိလေ့လာ မှတ်သားသလောက် ပြန်လည်မျှဝေရေးသား သွားမှာ ဖြစ်ပါတယ်။

De Facto State ဆိုတာဘာလဲ

“de facto” ဟူသော ဝေါဟာရသည် လက်တင်စကားဖြစ်ပြီး “in fact” သို့မဟုတ် “in reality” ဟု အဓိပ္ပါယ်ရတာဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုတွေမှာ၊ ဥပဒေအရ နိုင်ငံတာ က တရားဝင်အသိ အမှတ်ပြုမှုမရှိ သို့တည်းမဟုတ် လက်တွေ့တရားဝင်အသိအမှတ်ပြုခြင်းမရှိ သို့သော်လည်း လက်တွေ့တွင်အမှန်တကယ် တည်ရှိသော အခြေအနေများ၊ အဖွဲ့အစည်း များ ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

De Facto State တစ်ခုဖြစ်ဖို့ဆိုရင် လွတ်လပ်ရေးကြေညာတဲ့ နိုင်ငံတစ်နိုင်ငံနဲ့နည်းတူ အုပ်ချုပ်ခံ ပြည်သူလူ၊ အုပ်ချုပ်သူအစိုးရ၊ တိကျသတ်မှတ်ထားတဲ့ နယ်မြေ၊အချုပ်အခြာအာဏာ တွေရှိဖို့လို အပ်တာဖြစ်တယ်။ De facto State မှာ တစ်ခြားနိုင်ငံတစ်နိုင်ငံနဲ့ မတူတဲ့အချက်က နိုင်ငံတကာရဲ့ အသိ မှတ်ပြုမှုအပိုင်းဖြစ်ပါတယ်။ De facto State အနေနဲ့ ရပ်တည်နေကြတဲ့ နိုင်ငံတွေကို လေ့လာ ကြည့်ရင် နိုင်ငံတကာကသော်လည်ကောင်း၊ ကုလသမဂ္ဂကသော်လည်းကောင်း တရားဝင် နိုင်ငံတစ်ခုအနေနနဲ့ လက်ခံအသိမှတ်ပြုတာ မရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။

နိုင်ငံအနည်းစုများကသာ မိမိတို့နိုင်ငံရဲ့အကျိုး အမြတ် အတွက် လက်ခံပေါင်းသင့်ဆက်ဆံ အသိမှတ်ပြုတဲ့အဆင့်သာသာရှိတာဖြစ်ပါတယ်။ အဲသည် တွက်ကြောင်း De facto state အနေနဲ့ ရပ်တည်နေကြတဲ့ နိုင်ငံတွေ အနေနဲ့ နိုင်ငံတကာ အသိမှတ်ပြုရေး နဲ့ ကုလသမဂ္ဂ မျက်နှာစာ ဝင်ဆံ့ရေးကို အမြဲကြိုးပမ်းနေကြတာဖြစ်ပါတယ်။ အသည်အပြင် သူတို့နိုင်ငံရဲ့ လုံခြုံရေး၊စီးပွားရေးအတွက် အင်အားကြီးနိုင်ငံတွေရဲ့ အာကာအကွယ်၊ဆက်နွယ်မှုကို ခိုင်ခိုင်မာမာ တည်ဆောက်နေကြတာဖြစ်ပါတယ်။

De Facto State ရဲ့ အားသာချက်အနေနဲ့ နိုင်ငံတကာက တရားဝင် အသိမှတ်ပြုမှုမရှိပေမယ့် နိုင်ငံ တကာနဲ့ စီးပွားရေးအရ ဆက်ဆံတာမျိုးတွေ၊ ကုန်သွယ်အကျိုးတူ လုပ်နေတာမျိုးတွေကိုလုပ်ဆောင်နိုင် တာဖြစ်ပြီး မိမိတို့နိုင်ငံနဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေး၊ဥပေဒပြုရေး၊တရားစီရင်ရေးနဲ့ အတူ ငွေကြး၊အခွန်၊ နိုင်ငံတကာဆက်ဆံရေး အစရှိတဲ့ ကိစ္စအဝဝ တွင်မှာ လုံးဝ၊ အပြည့်အဝ မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲခွင့် ရှိတာဖြစ်တယ်။ ဘယ်နိုင်ငံရဲ့ ထိန်းချုပ်မှု၊ကန့်သတ်ချက်မရှိဘဲ မိမိတို့ကံကြမ္မာကို မိမိတို့ လွတ်လပ်စွာ ပုံဖော်ထုထစ်ခွင့်ရရှိကြတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အာမခံချက်အပြည့်အဝ နဲ့ ကိုယ်ပိုင်အုပ်ချုပ် ခွင့် အပြည့်အဝ ရှိတဲ့ နိုင်ငံငယ်လေးလို့ ဆိုရမှာဖြစ်တယ်။

ဘယ်နိုင်ငံတွေက De Facto State အနေနဲ့ ကျင့်သုံးကြသလဲ

De facto State အနေနဲ့ ရပ်တည်နေကြတဲ့ နိုင်ငံတွေရဲ့ နောက်ခံသမိုင်းကို လေ့လာရင် နိုင်ငံကြီးနိုင်ငံကနေ အကြောင်းအမျိုးမျိုးကြောင်း ခွဲထွက်ပြီး လွတ်လပ်တဲ့ နိုင်ငံအဖြစ်ကြေညာခဲ့ကြတဲ့ နိုင်ငံတွေဖြစ် ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် Taiwan, Northern Cyprus နဲ့ Somaliland တို့လို နိုင်ငံငယ်လေးတွေလို့ ဆိုနိုင်ပါတယ်။ တစ်ခြားနိုင်ငံတွေလည်းရှိသေးတာဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံတစ်ခုအနေနဲ့ ကြေညာခဲ့ကြပေမယ့် လက်ရှိအချိန်ထိ ကုလအဖွဲ့ဝင်နိုင်ငံတွေမဖြစ်ကြသေးသလို နိုင်ငံအနည်းစုရဲ့အသိမှတ်ပြုထောက်ခံချက်တွေသာရရှိကြပြီး De facto State အနေနဲ့ ရပ်တည်နေကြတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

De Facto State တွေရဲ့ စိန်ခေါ်မှုများ

De Facto State တွေဟာ ဆိုရင် နိုင်ငံတကာကနေ အသိမှတ်ပြုမှုအားနည်းတဲ့အတွက် နိုင်ငံရေး ဆိုင်ရာ စိန်ခေါ်မှုများကိုများစွာ ရင်ဆိုင်နေကြတာဖြစ်ပါတယ်။ အဲသည်အထဲကနေ ဘုံစိန်ခေါ်မှုတွေကို ပြောရရင် နိုင်ငံတကာ ဆက်ဆံရေး၊ စီးပွားကုန်သွယ်ရေးနှင့် လုံခြုရေးနဲ့နိုင်ငံကာကွယ်ရေး အပိုင်းတွေ ဖြစ်ပါတယ်။ De facto State တွေဟာနိုင်ငံတကာက အသိပြုမှုမရှိဘဲ အနည်းစုနိုင်ငံများကသာ အသိ အမှတ်ပြုတာဖြစ်တဲ့အတွက် နိုင်ငံတကာနဲ့ ပေါင်းသင့်ဆက်ဆံတဲ့အခါ နိုင်ငံတိုင်းနဲ့ ဆက်ဆံလို့မရဘဲ သူတို့ကို အသိမှတ်ပြုတဲ့ နိုင်ငံတွေနဲ့သာ ဆက်ဆံကြရတာဖြစ်ပြီး သူတို့ရဲ့အသံတွေကို နိုင်ငံတကာ စာမျက်နှာစာမှာ ဝင်ဆံ့နိုင်ဖို့ အခက်ခဲ့တွေရှိနေတာဖြစ်ပါတယ်။

ဒုတိယအချက်က စီးပွားရေးဖြစ်ပါတယ်။ စီးပွားရေးကုန်သွယ်မှုတွေပြုလုပ်တဲ့အခါလည်း နိုင်ငံတကာ စျေးကွက်မှာ ထိုးဖောက်ဖို့ အနည်းငယ်အခက်ခဲ့တာတွေကြံရတာဖြစ်ပါတယ်။သူတို့ကို လက်ခံပြီး အကျိုးတူပူးပေါင်းနိုင်မယ့် နိုင်ငံအနည်းစုများနဲ့သာ လက်တွဲနေရတာဖြစ်ပါတယ်။အဲအတွက် သူတို့မှာ စီးပွားရေးဆိုင်ရာ အကန့်အသတ်တွေများစွာ ကြုံနေကြရတာဖြစ်ပါတယ်။

နောက်ဆုံးအချက်က အဲဒီနိုင်ငံရဲ့ လုံခြုံရေးနဲ့ကာကွယ်ရေးကိစ္စဖြစ်ပါတယ်။ လုံခြုံရေးနဲ့နိုင်ငံ ကာကွယ် ရေး ကိစ္စနဲ့ပတ်သက်ပြီး အသိသာဆုံးနဲ့ အမြင်သာဆုံးပြောရရင် Taiwan နဲ့ တရုတ်ကြားက အငြင်း ပွားဖွယ် နိုင်ငံရေးပြဿနာဖြစ်ပါတယ်။ တရုတ်အနေနဲ့ Taiwan ကို မိမိတို့ရဲ့ပိုင်နက်တစ်ခုအနေနဲ့သာ ရူမြင်လက်ခံထားပြီး အမြဲတမ်းလိုလို ခြိမ်းခြောက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

အလားသူပါပဲ De facto State တွေအနေနဲ့သူတို့ ခွဲထွက်ခဲ့ကြတဲ့ ပင်ရင်းနိုင်ငံကြီးတွေက သူတို့ရဲ့ နိုင်ငံအစိပ်အပိုင်း တစ်ခုလိုမှတ်ယူပြီး De facto State တွေရဲ့ လုံခြုံရေး၊ ကာကွယ်ရေးကိစ္စတွေမှာ အမြဲတမ်းလိုလို ခြိမ်းခြောက်နေကြတဲ့ စိန်ခေါ်မှုပြဿနာတွေကို ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ ဒီလိုစိန်ခေါ်မှုတွေ ကြောင့် De Facto State အနေနဲ့ လုံခြုံရေးအရေးကြုံလာရင် သူတို့နောက်ကနေ ကူညီပံ့ပို့ပေးနိုင်မယ့် နိုင်ငံကြီး တွေကို နောက်ခံထားဆက်ဆံကြရတာဖြစ်တယ်။

အဲသည်အတွက်ကြောင့် လူငယ်နိုင်ငံရေးခေါင်းဆောင်များအနေနဲ့ De facto State တစ်ခုကို ပုံဖော်တည် ဆောက် ကြမယ်ဆိုရင် ဒီလို ဖြစ်တန်ချေရှိတဲ့ နိုင်ငံရေးဆိုင်ရာ၊ စီးပွားရေး၊ကုန်သွယ်ရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေးအစရှိတဲ့ စိန်ခေါ်မှုတွေ အတွက်ကြိုတင်ပြင်ဆင် ထားဖို့လိုအပ် တာဖြစ်ပြီး တစ်ခြား လိုအပ်တဲ့ အပိုင်းတွေ ကိုစနစ်တကျ ပြင်ဆင်စဉ်းစားကြဖို့လိုတာဖြစ်ပါတယ်။ မိမိအနေနဲ့ ဘယ်နိုင်ငံရေးစနစ်က ကောင်းတယ်၊ မကောင်းဘူး၊ ဘယ်လိုဖြစ်သင့်တယ် ဆိုတာထက် စနစ်တစ်ခုကို စဉ်းစားကြတဲ့အခါ တစ်ခုချင်းစီရဲ့ နောက်ခံအကြောင်းအရာ၊ နည်းနာ၊ လိုအပ်ချက်၊ အကျိုုးဆက်များ ကိုအခြေခံပြီး စဉ်းစားကြဖို့လိုအပ်ကြောင့်ကို မီးမောင်းထိုးရေးသား ရခြင်း ဖြစ်ပါတယ်။

Areng Pui

Related Articles

Back to top button