အတွေးအမြင်

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် ဗမာပြည်နယ်ဖွဲ့စည်းရန်လိုအပ်သည့်အကြောင်းရင်း

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် ဗမာပြည်နယ်ဖွဲ့စည်းရန်လိုအပ်သည့်အကြောင်းရင်း

Salai Thang Houng  
  • ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ရန်အတွက် ဗမာပြည်နယ် ဖွဲ့စည်းရန် ဘာကြောင့် အရေးကြီးသလဲ။
  • ဗမာပြည်နယ်မဖွဲ့စည်းခဲ့ခြင်းကြောင့် ဌာနေတိုင်းရင်းသားများ မည်ကဲ့သို့သော နစ်နာမှုများ ရှိသနည်း။

ဗမာတိုင်းရင်းသားများ ပြည်နယ်တစ်ခုအနေဖြင့်ရပ်တည်သင့်သည်ကို သမိုင်းကြောင်းအရ ပြန်ပြောရမည်ဆိုလျှင် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်မတိုင်မှီ (Frontier Areas) တောင်တန်းဒေသဟုခေါ်သော ဌာနေတိုင်းရင်းသားဒေသများတွင် ချင်း၊ ကချင်၊ ရှမ်း၊ကရင်နီ တို့တွင်ဖွဲ့စည်းပုံကိုယ်စီးရှိကြပြီး ဗမာတိုင်းရင်းသားများနေထိုင်ကြသော မြေပြန့်ဒေသတွင် လည်းဖွဲ့စည်းပုံသီးသန့်ရှိခဲ့သည်။

၁၈၉၆(Chin Hill Regulation) ချင်း၊၁၈၉၄ (Kachin Hill Regulation) ကချင်၊ ၁၉၉၂ (Federated Shan State) ရှမ်းနှင့် ဗမာတွင် ၁၉၃၅(Burma Act or Ministerial of Burma) ဗမာ ဟူ၍ဖွဲ့စည်းပုံအခြေ ခံဥပဒေဖြင့်အသီးသီးအုပ်ချုပ်ခဲ့ကြသည်။

ဤကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ အသီးသီးရှိကြပြီး မတူညီကြသောလူမျိူးများ သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ကွန်ဖက်ဒရေးရှင်း( Confederation) ပုံစံဖြင့် တည်ဆောက်ကြပြီး ခွဲထွက်ခွင့်အ သီးသီးရှိရမည်ဟု ပင်လုံစာချုပ်တွင် ဂတိပြုလက်မှတ်ရေးထိုးကြသည်။

ထို့ကြောင့် လူမျိူးတစ်မျိူးဖြစ်သော ဗမာလူမျိူး တို့နေထိုင်ရာဒေသကို ပြည်နယ်တစ်ခုဖြင့်သာဖွဲ့စည်းသင့်သည်မှာသမိုင်းက သက်သေထူသည်။ သို့ရာတွင် ဗမာလူမျိူးတို့ သူ့ကျွန်ဘဝ မရောက်မှီသိမ်းပိုက်ထားခဲ့သော မွန်နှင့် ရခိုင်တို့သည်လည်းသီးခြားလူမျိူးများဖြစ်ကြသောကြောင့် ပြည်နယ် တစ်ခုစီအနေဖြင့် ပြန်လည်ဖွဲ့စည်းရမည်ဖြစ်သည်။

၁၉၆၁ ခုနှစ်ရောက်သောအခါ တိုင်းရင်းသားလူမျိူးများ စုံလင်စွင်ဖြင့် ရှမ်းပြည်ရှိတောင်ကြီးတွင် (၈)ပြည်နယ်မူ ဖြင့် ပြည်ထောင်စုဖွဲ့စည်းပုံဖြင့် ပြန်လည်ဖွဲ့စည်းသင့်ကြောင်း ဖက်ဒရယ်မူကိုချမှတ်ကြပြီး ၁၉၃၅ (Burma Act)အောက် တွင်ရှိခဲ့ကြသော မွန်၊ရခိုင်နှင့် သီးခြားလွတ်လပ်သော ကရင်တိုင်းရင်းသားတို့သည်လည်း သီးခြားပြည်နယ်တစ်ခုစီအဖြစ် နေရန် ကြိုးပမ်းလာကြသည်။ ယေဘုယျအားဖြင့် ပြည်နယ်များကို ဖွဲ့စည်းရာတွင် စီးပွားရေးကိုအခြေခံ၍လည်းကောင်း၊ ပထဝီမြေအနေအထားအရသော်လည်းကောင်း၊တိုင်းရင်းသားလူမျိူးစုများ၏ဝိဒေသလက္ခဏာအခြေခံ၍သော်လည်း ကောင်း၊ လူဦးရေကိုအခြခံ၍လည်း လည်းကောင်း၊ ဘာသာစကားအုပ်စုကိုအခြေခံ၍သော်လည်းကောင်း ဖွဲ့စည်းနိုင်သည်၊၊

မြန်မာနိုင်ငံတွင်ပြည်နယ်များကိုဖွဲ့စည်းရာတွင် တိုင်းရင်းသားလူမျိူးများ၏ ဝိဒေသလက္ခဏာ၊ ဘာသာစကားအုပ်စုနှင့် ပထဝီအပေါ်အခြေခံ၍ဖွဲ့စည်းသင့်သည်။ သို့မှသာ တရားစီရင်ရေး၊အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတို့တွင် နိုင်ငံအတွင်းရှိ လူမျိူးတိုင်းရင်းသားအားလုံးတို့သည် အချိုးတူညီစွာပါဝင်နိုင်မည်ဖြစ်ပြီး တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ရိုးရားယဥ်ကျေးမှု ကိုမြှင့်တင်ခြင်း၊ ပြည်နယ်အလိုက် ရုံးသုံးဘာသာစကားများရွေးချယ်‌‌‌စေနိုင်ခြင်နှင့်မိမိလူမျိူးတို့၏ကိုယ်ပိုင်လက္ခဏာကို ကာကွယ်နိုင်မည်ဖြစ်သည်။ 

၁၉၄၇ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၈၇)အရ လူမျိူးစုလွှတ်တော် (၁၂၅)နေရာ ရှိသည့်အနက် ရှမ်းပြည်နယ်မှ (၂၅)နေရာ၊ ကချင်ပြည်နယ်မှ (၁၅)နေရာ၊ ချင်းဝိဒေသတိုင်းမှ (၈)နေရာ၊ ကယားပြည်နယ်မှ (၃)နေရာ၊ မြန်မာနိုင်ငံ၏ကျန်ရှိ နေသော နယ်မြေ(ဗမာ)ကိုယ်စားလှယ်များမှ(၆၂) နေရာ ဖြင့်ဖွဲ့စည်းပုံဖော်ထားသည်၊၊

မွန်နှင့်ရခိုင်ကို ဗမာလူမျိူးများကသာ ကိုယ်စားပြုကြသည်၊၊ လူမျိူးစုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကြမည်ဆိုပါက ရှမ်း၊ချင်း၊ကယား၊ကရင်၊ကချင်တို့သည် အားလုံးပေါင်းမှသာ ဗမာလူမျိူးတစ်မျိူးတည်းကို တစ်မဲဖြင့်အနိုင်ရရှိကြမည်ဖြစ်သည်။ ဤသုံးသပ်ချက်သည်လည်း လူမျိူးစုလွှတ်တော်တွင် သီးသန့်အာဏာရှိမှသာဖြစ်နိုင်ခြေရှိမည်။ သို့ရာတွင် တိုင်းရင်းသားလူမျိူးများစည်းလုံးမှုမရှိပါက တိုင်းရင်းသားတို့ဖက်မှ တစ်မဲဖြင့်ပင် အနိုင်ရရှိနိုင်ကြမည်မဟုတ်ပေ။

ပါလီမာန်လွှတ်တော်(ပြည်သူ့လွှတ်တော်) အမတ်နေရာ (၂၅၀) ရှိသည့်အနက် ရှမ်းပြည်မှကိုယ်စားလှယ်များမှ (၂၅) နေရာ၊ကချင်ပြည်နယ်မှ(၇)နေရာ၊ ချင်းဝိ‌ဒေသတိုင်းမှ(၆)နေရာ၊ကယားပြည်နယ်မှ(၂)နေရာ၊ ကရင်ပြည်နယ်မှ(၇)နေရာ၊ မြန်မာနိုင်ငံရှိ ကျန်နယ်မြေများမှ (၂၀၃)နေရာ ဖြင့်အသီးသီးပုံဖော်ဖွဲ့စည်းထားသည်။ ပြည်သူ့လွှတ်တော်တွင်မူ လူဦးရေများ သော ဗမာလူမျိူးစုများက အသားစီးရယူနိုင်မှုသည် ဌာနေတိုင်းရင်းသားတို့အနေဖြင့်စောတက တက်စရာမရှိပေ၊၊

သို့သော် လည်း ၁၉၄၇ဖွဲ့စည်းပုံတွင်လည်း ပြည်သူ့လွှတ်တော်နှင့် အမျိူးသားလွှတ်တော်ကို သီးသန့်အာဏာခွဲဝေမှုမရှိသည့်အပြင် ပင်လုံစာချုပ်တွင်ပါဝင်ကြသော ပြည်ထောင်စုအဖွဲ့ဝင်တိုင်းရင်းသားများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် မရှိပေ။ လွှတ်တော်နှစ်ရပ်ကို စုပေါင်းကာပြည်ထောင်စုပါလီမာန်လွှတ်တော်ပုံစံဖြင့် ဖွဲ့စည်းကြသောကြောင့် အမတ်နေရာ(၃၇၅)ရှိ သည့်အနက် ဗမာတို့သည်(၂၆၅)နေရာကို ကိုယ်စားပြုကြမည်ဖြစ်ပြီး ပြည်ထောင်စုအဖွဲ့ဝင် တိုင်းရင်းသားလူမျိူးများသည် (၁၁၀)နေရာကိုသာ ကိုယ်စားပြုနိုင်ကြမည်ဖြစ်သည်၊၊

နိုင်ငံတော်သမ္မတကို ပြည်ထောင်စုပါ လီမာန်တွင်သာ မဲခွဲဆုံးဖြတ်ကာ ခန့်အပ်ရသည်။ ထိုနည်းတူ နိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်း ပြည်ထောင်စု ပါလီမာန်ကသာ အမည်စရင်းတင်သွင်းပြီး သမ္မတက အတည်ပြုခန့်အပ်ပေးရသည်။ ဤသို့ဆိုလျှင် အမတ်ဦးရေအသာစီးပိုင်ဆိုင်ထားသော နိုင်ငံတော်ဝန်ကြီးချုပ်တွင်သာ အာဏာရှိပြီး နိုင်ငံတော်သမ္မတသည် ရုပ်သေးရုပ်မျှသာဖြစ်ပြီးလုပ်ပိုင်ခွင့်မရှိသော အာဏာမဲ့သမ္မတ သာဖြစ်တော့သည်။ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုနှင့် နိုင်ငံတော်သမ္မတ စပ်‌ရွှေသိုက်၏ လုပ်ပိုင်ခွင့်ကိုကြည့် လျှင်သိနိုင်သည်။

၁၉၇၄-ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မူတိုင်းခုနှစ်ခုနှင့် ပြည်နယ်ခုနှစ်ခုကိုဖွဲ့စည်းလာသည်။ကော်သူလေးကို ကရင်ပြည်နယ်၊ ချင်းဝိဒေသတိုင်းကိုချင်းပြည်နယ်၊တနင်္သာရီတိုင်း(၁)ကို မွန်ပြည်နယ်၊ တနင်္သာရီတိုင်း(၂)ကို တနင်္သာရီတိုင်း၊ရခိုင်တိုင်းကိုရခိုင်ပြည်နယ်ဟုသတ်မှတ်ကာ ပြည်ထောင်စုဆိုရှယ်သမ္မတနိုင်ငံကို ကချင်ပြည်နယ်၊ကယား ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊မကွေးတိုင်း၊ မန္တလေးတိုင်း၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ဧရာဝတီတိုင်း စသည်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။

၁၉၇၄-ဖွဲ့စည်းပုံအခြေခံဥပ‌ဒေတွင် ပြည်သူ့ လွှတ်တော်တစ်ခုတည်းသာရှိပြီး ပြည်သူ့လွှတ်တော်တွင်သာ နိုင်ငံတော်၏ ကိစ္စရေးရာဟူသမျှကို ဆုံးဖြတ်ဆောင်ရွက် သည်။ စစ်တပ်၏စိတ်ကြိုက်အလိုကျ တစ်ပါတီစနစ်ဖြစ်ပြီး ရခိုင်နှင့်မွန်တို့ကို ပြည်နယ်တစ်ခုစီအဖြစ်ပြန်လည် တိုးမြှင့်ဖွဲ့ စည်းပေးခဲ့သော်လည်း ဌာနေတိုင်းရင်းသားတို့၏ ကိုပိုင်အုပ်ချုပ်ခွင့်၊ကိုပိုင်ပြဌားခွင့် အချုပ်အခြာအာဏာသည် ပို၍ပျောက် ဆုံးလာသည်။

ပြည်သူ့လွှတ်တော်တစ်ရပ်တည်းသာရှိသောကြောင့် လူဦးရေအများစုဖြစ်သော ဗမာတိုင်းရင်းသားတို့အ ကြားတွင်ဌာနေတိုင်းရင်းသားတို့မှ နိုင်ငံတော်အကြီးအကဲဖြစ်ရန်မှာလုံးဝမဖြစ်နိုင်တော့သည့်အပြည် ပြည်နယ်အကြီးအကဲ များသည်လည်း ဗမာစစ်ဗိုလ် အရာရှိတို့၏ စေလိုရာစေ အဆင့်မျှသာရှိတော့သည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပ‌ဒေကို ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကို အခြေခံကာ စစ်တပ်အလိုကျ လွှတ်တော်ကို အသွင်ပြောင်း ပြန်လည်ရေးဆွဲထားခြင်းသာဖြစ်သည်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကိုမူ ပြည်သူများ ရင်းနှီးကျွမ်းဝင်ပြီး သားဖြစ်၍ အကျယ်တဝင့်ရှင်းပြနေစရာမလိုတော့ပေ။ပြည်သူ့လွှတ်တော်နှင့် အမျိူးသားလွှတ်တော်ဟု ခွဲခြားဖွဲ့စည်းထား သော်လည်း ပြည်ထောင်စုလွှတ်တော်ဟုပြန်လည်စုပေါင်းထားသောကြောင့် လူမျိူးစုလွှတ်တော်တွင်လုပ်ပိုင်ခွင့်အာဏာ မရှိတော့ချေ။

ပြည်ထောင်စုလွှတ်တော်အမတ်ဦးရေ ၆၆၄ ဦးရှိသည့်အနက် ဌာနေတိုင်းရင်းသားတို့သည် ၂၀၇ နေရာကို သာရရှိကြပြီး ၄၅၇ဦးသည်ဗမာတိုင်းရင်းသားများသာဖြစ်ကြသည်။ ပါတီစုံဒီမိုကရေစီဟု ဆိုကြသော်လည်း လွှတ်တော် ဖွဲ့စည်းပုံကိုကြည့်လျှင်တစ်ပါတီစနစ်ကို အသာပေးထားသောစနစ်ပင်ဖြစ်သည်။

အမျိူးသားလွှတ်တော်တွင် တိုင်းနှင့်ပြည် နယ်တို့မှ အညီအမျှစေလွှတ်သော ကိုယ်စားလှယ် ၁၂ဦးစီ ၁၆၈ ဦးနှင့် တပ်မတော်သား ၅၆ ဦးစုစုပေါင်း ၂၂၄ ဦးရှိပြီး၊ တစ်မြို့ နယ်လျှင် တစ်ဦးကျစေလွှတ်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်-၃၃၀ ဦးနှင့်တပ်မတော်သား -၁၁၀ဦး စုစုပေါင်း -၄၄၀ဦး ဖြင့်ဖွဲ့စည်းထားသည်။

ဥပ‌ဒေပြုရေးကို ပြည်သူ့လွှတ်တော်နှင့် အမျိူးသားလွှတ်တော်ဟုဖွဲ့စည်းထားသော်လည်း ပြည်ထောင်စုလွှတ်တော်တွင်သာ အဆုံးအဖြတ်လုပ်ရသောကြောင့် လွှတ်တော်နှစ်ရပ်စလုံးတွင် သီးသန့်ဆုံးဖြတ်ပိုင်ခွင့် အာဏာမရှိပေ။

၂၀၀၈ဖွဲ့စည်းပုံတွင် သမ္မတ ရွေးချယ်မှုပုံစံသည် အစုအဖွဲ့( ၃)ခုပုံစံရှိသည်။ ပြည်သူ့လွှတ်တော်မှအဆိုပြုသော သမ္မတလောင်း၊အမျိူးသားလွှတ်တော်မှ တင်သွင်းလာသော သမ္မတလောင်းနှင့် တပ်မတော်သား-၂၅ရာခိုင်နှုန်းမှ အဆိုပြု သော သမ္မတလောင်း တို့ကို ပြည်ထောင်စုလွှတ်တော်တွင်မဲခွဲဆုံးဖြတ်ကြပြီး မဲအများဆုံးသည် သမ္မတ၊ကျန်နှစ်ယောက် သည် ဒုသမ္မတနေရာကိုရရှိကြမည်ဖြစ်သည်။

အချုပ်အခြာအာဏာ(၃)ရပ်ကို အုပ်ချုပ်ရေးအာဏာ-သမ္မတ၊ဒုသမ္မတများ နှင့်တပ်မတော်သားမှ ဝန်ကြီး(၃)ဦး၊ ရှေ့နေချုပ်ဟူ၍လည်ကောင်း၊ ဥပဒေပြုအာဏာကို-အမျိူးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကိုပေါင်းကာ ပြည်ထောင်စုလွှတ်တော်ဟူ၍လည်ကောင်း၊တရားစီရင်ရေးအာဏာကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဟူ၍ စီမံထားသည်။

တိုင်းရင်းသားအရေးရှုထောင့်ဖြင့်ကြည့်ပါက လူမျိူး(၇)မျိူးတို့သည် နိုင်ငံတော် သမ္မတဖြစ်ရန်အခွင့်အလမ်း မရှိသကဲ့သို့ ဗမာတိုင်းရင်းသားတို့မှ သဘောထားကြီးလှ၍ သမ္မတနေရာကိုရရှိခဲ့လျှင်လည်း ၁၉၄၇ဖွဲ့စည်းပုံမှာကဲ့သို့ အမည်ခံသမ္မတ သာဖြစ်မည်ဟုထင်မှတ်စရာရှိသည်။ အဘယ့်ကြောင့်ဆိုသော် သူ့လက်အောက် တွင်တာဝန်ထမ်းဆောင်မည့်သူများ အစိုးရအဖွဲ့ဝင်များ၊ ဝန်ကြီးများနှင့် ပြည်ထောင်စုလွှတ်တော် တို့သည် သမ္မတအပေါ် မည်သို့  သဘောထားရှိကြမည်ကို သံသယဝင်စရာဖြစ်နေသည်။

ထို့ကြောင့်အနာဂတ်တွင်ရေးဆွဲလာကြမည့်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဗမာတိုင်းရင်းသား လူမျိူးတစ်မျိူးတည်း ကဌာ‌နေတိုင်းရင်းသား (၇)မျိူးကို လွှတ်တော်တွင်စိုးမိုးထားသောအခြေနေကို ခြေဖျက်ရန်လိုအပ်သည်။ လုပ်ဆောင်ရန် နည်းလမ်းမှာ ဗမာပြည်နယ်ကိုအများဆုံး(၃)ခုသို့မဟုတ်(၄)ခုဖြင့်ဖွဲ့စည်းကာ တိုင်းရင်းသားပြည်နယ်များကိုနကိုယ်အတိုင်း (၇)ပြည်နယ်ဆက်လက်ထားရှိရမည်။

ဗမာတိုင်းရင်းသားများအနေဖြင့်(၈) ပြည်နယ်မူကိုလက်မခံသည့်တိုင် နောက်ဆုံး ဗမာပြည်နယ်ဖွဲ့စည်းရေးကိုလက်ခံရန်လိုအပ်သည်။ သို့ရာတွင် ပြည်နယ်တစ်ခုစီမှ အညီမျှစေလွှတ်သော ကိုယ်စာလှယ် များကို အမျိူးသားလွှတ်တော်အဖြစ်သတ်မှတ်ကာ မြို့နယ်အလိုက်စေလွှတ်သော ကိုယ်စားလှယ်များကို ပြည်သူ့လွှတ် တော်အဖြစ်ထားရှိရမည်၊၊ လွှတ်တော်နှစ်ရပ်ကိုပြန်လည်စုပေါင်းထားသော ပြည်ထောင်စုလွှတ်တော်မရှိစေရ။

လွှတ်တော်နှစ်ရပ်တွင် သီးသန့်စီ   ဥပဒေပြုအာဏာရှိရမည်၊၊ သွယ်ဝိုက်သောနည်းဖြင့်နိုင်ငံတော် သမ္မတကိုရွေးချယ်တင် မြှောက်မည်ဆိုပါက နိုင်ငံတော်သမ္မတကို အမျိူးသားလွှတ် တော်က လွတ်လပ်စွာ‌ရွေးချယ်တင်မြှောက်ရမည်။

နိုင်ငံတော် သမ္မတကို ပြည်သူများမှ တိုက်ရိုက်ရွေးချယ်မည်ဆိုရင်လျှင်လည်း အမျိူးသားလွှတ်တော်( လူမျိူးစုလွှတ်တော်) မဲဆန္ဒနယ် ဖြင့် ရွေးချယ်တင်မြှောက်ရမည် ဖြစ်သောကြောင့် လူမျိူးကြီးတို့၏ စိုးမိုးခြင်းမှ ကာကွယ်ပေးနိုင်သည်။

ဗမာပြည်နယ်ဖွဲ့စည်းသင့်သည့်အကြောင်းရင်းမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖြစ်ပေါ်လာသော သမိုင်းကြောင်း မရသော်လည်းကောင်း၊ လူမျိူးစုတို့၏ဝိဒေသ လက္ခဏာအရသော်လည်းကောင်း၊ ဘာသာစကားအုပ်စုအရသော်လည်း ကောင်း၊ ပထဝီဒေသအရနှင့် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးတို့၏ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ် ပိုင်ပြဌာန်းခွင့်တို့နှင့် တိုက်ရိုက်ပတ်သက်မှုရှိသည်။

Related Articles

Back to top button