အတိတ်အရိပ်များ နှင့် ဖက်ဒရယ်ဆုံမှတ် …? ( Documentary )
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဧပြီ ၉၊ ၂၀၂၄
ပြည်ထောင်တွေ စုပြီး ပြည်ထောင်စုကြီး တည်ထောင်ကြမယ်လို့ ဆုံးဖြတ်ခဲ့တဲ့ ပင်လုံစာချုပ်ချုပ်ဆိုပြီး မကြာခင်မှာပဲ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ကြီး စတင်ခဲ့ပါတယ်။
မြန်မာလူမျိုးတွေ ကြီးစိုးတဲ့ အစိုးရ အဆက်ဆက်မှာ ပြည်ထောင်စု စစ်စစ်ကို မတည်ဆောက်နိုင်ခဲ့ဘူးလို့ မြန်မာမဟုတ်တဲ့ တိုင်းရင်းသား အားလုံး လိုလိုက ပြောဆိုကြပါတယ်။
အခု နွေဦးတော်လှန်ရေးကြီးပေါ်ပေါက်ပြီးနောက်ဆက်တွဲ ၁၀၂၇ စစ်ဆင်ရေးတွေ နောက်ပိုင်းမှာ တော်လှန်နေကြတဲ့ မြန်မာတွေ ဦးဆောင်တဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေ အကြား စုစည်းညီညွတ်မှုရအောင် ဘယ်လိုရှာဖွေကြမလဲ၊ ဘာ ပြဿနာတွေ ရှိနေလဲ ဆိုတာ သတင်းနဲ့ မီဒီယာ ကွန်ရက်က တိုင်းရင်းသား ခေါင်းဆောင်တွေ နဲ့ အမျိုးသား ညီညွတ် ရေး အစိုးရ ခေါင်းဆောင်တွေကို မေးမြန်းတင်ဆက်ထားတာဖြစ်ပြီး ပါဝင်ကြတဲ့သူတွေကတော့ …………
- ဒုတိယ ဗိုလ်ချုပ်ကြီး ဆွန်လွတ်ဂွမ်မော် - ဒု - ဥက္ကဋ္ဌ - ၁ (ကချင်လွတ်လပ်ရေးကောင်စီ KIC)
- ခူဦးရယ် - ဥက္ကဋ္ဌ (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP)
- ပဒိုစောကလယ်စေး - ပြောရေးဆိုခွင့်ရှိသူ (ကရင်အမျိုးသား အစည်းအရုံး - KNU)
- ခွန်မြင့်ထွန်း - ဥက္ကဋ္ဌ (ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ - PNFC)
- ဦးကျော်ဇော - ပြောရေးဆိုခွင့်ရှိသူ (အမျိုးသားညီညွတ်ရေး အစိုးရ - NUG)
- ရဲဘော်မိဆူးပွင့် - (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - ABSDF)
- ဒေါ်နှင်းနှင်းမွှေး - တွဲဖက်အထွေထွေအတွင်းရေးမှူး (လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ - DPNS)
- ဦးရီမာန်ထူး - အမြဲတမ်းဗဟိုကော်မတီဝင် (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP)
- ဦးအောင်ထူး - (ဥပဒေအထောက်အကူပြုကွန်ရက် - LAN)
- ခွန်းမတ်ရ်ကိုဘန်း - ဖက်ဒရယ်အရေး လှုပ်ရှားသူ (ကယန်းအမျိုးသားခေါင်းဆောင်) နဲ့ စစ်ဘေးရှောင်တွေကို မေးမြန်းတင်ဆက်ထားပါတယ်။
(မိတ်ဖက် သတင်းနှင့် မီဒီယာကွန်ရက် စီစဉ်ထုတ်လွင့်တင်မှုကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာကလည်း တပြိုင်နက်တင်ဆက် ပေးထားပါတယ်။)
Documentary ရုပ်သံ - ပေးပို့
Song: Scott Buckley - Legionnaire
License: Creative Commons (CC BY 3.0) https://creativecommons.org/licenses/by/3.0
Music powered by Breaking Copyright: https://breakingcopyright.com


