သတင်း

ထိုင်းနိုင်ငံမှာ အာဏာသိမ်း ၃ နှစ်ပြည့် လူထုလှုပ်ရှားမှု ပြုလုပ်

ထိုင်းနိုင်ငံမှာ အာဏာသိမ်း ၃ နှစ်ပြည့် လူထုလှုပ်ရှားမှု ပြုလုပ်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၄
 
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ UN ရုံးရှေ့မှာ ထိုင်းရောက်မြန်မာနိုင်ငံသားများမှ အာဏာသိမ်း ၃ နှစ်ပြည့် လူထုလှုပ်ရှားမှု တစ်ခုပြုလုပ်ခဲ့ပါတယ်။
 
အဆိုပါလူထုလှုပ်ရှားမှုတွင် အာဏာသိမ်းမှု ၃ နှစ်အတွင်း မြန်မာပြည်သူများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို UN ရုံးထံ အိတ်ဖွင့်စာပေးပို့ခြင်း ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
 
ထို့ပြင် လူထုလှုပ်ရှားမှုတွင် ပါဝင်လာသူများကလည်း အာဏာရှင်စနစ်ဖြုတ်ချရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေးအတွက် ကြွေးကြော်မှုများလည်း ပြုလုပ်ခဲ့ပါတယ်။
 
” အာဏာသိမ်းထားတာ ၃ နှစ်ပြည့်လာတဲ့ အချိန်မှာ တော်လှန်ရေးက ဘယ်လောက် အထိ ခရီးပေါက်နေပြီး၊ တော်လှန်ရေးရဲ့ ဆူးငြောက်ခလုတ်တွေက ဘာတွေလဲ၊ တိုင်းပြည်ကို ဘယ်လိုပုံစံနဲ့ တည် ဆောက်ရမလဲ ဆိုတာကို ပြည်သူတိုင်း စဥ်းစားဖို့လိုနေပြီး ” လို့ လှုပ်ရှားမှုတွင် ပါဝင်သူတစ်ဦးက ပြောခဲ့ပါတယ်။
 
ထို လူထုလှုပ်ရှားမှုမှာ အလုပ်ပိတ်ရက်မဟုတ်သော်လည်း ထိုင်းရောက် မြန်မာနိုင်ငံသား ၈၀၀ ကျော် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Photo – FJMM

Related Articles

Back to top button