သတင်း

နမ္မတူ-လားရှိူးလမ်းမပေါ်ရှိ အီနိုင်းတံတား မိုင်းခွဲဖျက်ဆီးခံရ

နမ္မတူ-လားရှိူးလမ်းမပေါ်ရှိ အီနိုင်းတံတား မိုင်းခွဲဖျက်ဆီးခံရ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၁၊ ၂၀၂၃
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်နဲ့ လားရှိူးမြို့နယ်ကိုဆက်သွယ်ထားတဲ့ ပြည်ထောင်စု လမ်းမပေါ်ရှိ အီနိုင်းတံတားဟာ ဒီကနေ့၊ မနက်အစောပိုင်းအချိန်က မိုင်းခွဲ ဖျက်ဆီးခံရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
 
အီနိုင်းတံတားကို ဒီကနေ့ဇန်နဝါရီလ ၁ရက်၊ မနက် ၃နာရီခွဲဝန်းကျင်က မိုင်းခွဲဖျက်ဆီး ခံလိုက်ရတာ ဖြစ်ပြီး ထက်ပိုင်းကျိုးကျပျက်စီးသွားတာဖြစ်တယ်လို့ သိရပါတယ်။
 
“အသံပဲကြားလိုက်ရတယ်၊ အစောကြီးဆိုတော့သွားမကြည့်ရဲဘူး။ အစောနားကမှသွားကြည့်တော့ တံတားက ထက်ပိုင်းကျိုးကျပြီးလုံးဝပျက်စီးသွားတာ၊ လူထိခိုက်ဒဏ်ရာ ရတာတော့မရှိဘူး”လို့ သတင်းရင်းမြစ်တစ်ဦးက FJMM ကို ပြောပါတယ်။
 
အဲဒီတံတားကျိုးကျပျက်စီးသွားတာတော့ လက်ရှိအချိန်မှာ ကား၊ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာလို့ မရသေးဘဲ နမ့်ပေါင်လမ်းကနေ ရှောင်ကွင်းသွားလာနေရတယ်လို့ သိရပါတယ်။
 
၁၀၂၇စစ်ဆင်ရေးစတင်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သွားလာရေးနဲ့ စစ်ရေးအရ အရေးပါတဲ့ တံတားအများစု မိုင်းခွဲဖျက်ဆီးခံနေရပေမယ့် ဘယ်အဖွဲ့က လုပ်ဆောင် တာ ဖြစ်တယ် ဆိုတာကတော့ မသိရပါဘူး။
 

ဓာတ်ပုံ- CJ

Related Articles

Back to top button