သတင်း

စက်သုံးဆီ စျေးနှုန်း အဆမတန် မြင့်တက်လာ မှုကြောင့် ကရင်နီပြည်သူများ အခက်တွေ့နေ

စက်သုံးဆီ စျေးနှုန်း အဆမတန် မြင့်တက်လာမှုကြောင့် ကရင်နီပြည်သူများ အခက်တွေ့နေ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၂၉၊ ၂၀၂၃

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီမှ ကရင်နီဘက်သို့ အဝင်လမ်းများကို ပိတ်ဆို့ထားမှုကြောင့် စက်သုံး ဆီများဖြစ်တဲ့ ဓာတ်ဆီ၊ဒီဇယ်ဆေးများ ပြတ်တောက်ကာ စျေးနှုန်းများ အဆမတန် မြင့်တက်လျက် ရှိတယ်လို့ သိရပါတယ်။

လွိုင်ကော်၊ ဖယ်ခုံ၊ ဒီမောဆိုတို့မှာတော့ ဓာတ်ဆီ၊ ဒီဇယ် (၁)ဂါလံကို (၄)သောင်းအထိ စျေးပေးဝယ် နေရ တယ်လို့ သိရပါတယ်။

ဖယ်ခုံနှင့် လွိုင်ကော်တို့မှာလည်း စစ်ရေးအခြေအနေ တင်းမာမှုများကြောင့် စစ်ကောင်စီမှ ကရင်နီ ဘက်သို့ ဆက်သွယ် သွားလာတဲ့ လမ်းများဖြစ်သည့် ပင်လောင်း – ဖယ်ခုံလမ်း၊ ညောင်ရွှေ – ဖယ်ခုံလမ်း၊ ဆီဆိုင် – လွိုင်ကော်လမ်းတို့ကို ပိတ်ဆို့မှုများ ပြုလုပ်လျက် ရှိနေပါတယ်။

ကုန်သွယ်ရေးလမ်းကြောင်းများ လနဲ့ချီပြီး ပိတ်ဆို့ထားပါက တခြားကုန်ပစ္စည်းမျာပါ ပြတ်တောက်ပြီး စျေးများ အဆမတန် မြင့်တက်သွားနိုင်တယ်လို့ သိရပါတယ်။

ပဋိပက္ခများကြောင့် ကရင်နီပြည်သူ အများစုဟာ အိုးအိမ်ကိုစွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေတာဖြစ်လို့ ကုန်စျေးနှုန်းများ ထပ်မံမြင့်တက်လာပါက စားဝတ်နေရေးအတွက် ပိုမိုခက်ခဲ ကျပ်တည်းသွားလို့ စိုးရိမ်းမှု မြင့်တက်နေကြရပါတယ်။

ဓါတ်ပုံ – CJ / ကရင်နီ လွိုင်ကော် စစ်ဘေးရှောင်ပြည်သူများ။

Related Articles

Back to top button