တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းစုစည်းတင်ပြခြင်း

(No. 93, November 21, 2023)

၁။  လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ၂၀၄ ဦး လုံခြုံစွာ ရှိနေကြောင်း KNDF နဲ့ IEC အသိပေးထုတ်ပြန်
November 20, 2023

ကရင်နီပြည် လွိုင်ကော်တက္ကသိုလ်မှာ ပိတ်မိနေပြီး တော်လှန်ရေးတပ်တွေကနေ ကယ်ထုတ်ခဲ့တဲ့ Non CDM ဝန်ထမ်း များ၊ ပါမောက္ခချုပ်အပါအဝင် ၂၀၄ ဦးဟာ လုံခြုံစွာ ရှိနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နဲ့ ကရင်နီ ပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC တို့က (နိုဝင်ဘာလ၂၀ ရက်နေ့)မှာ အသိပေးထုတ်ပြန်ထားပါတယ်။“ကျနော် လွိုင်ကော် တက္ကသိုလ် ပါမောက္ခချုပ် အောင်ခင်မြင့်ပါ။ ကျနော် အခုလောလာဆယ် ဒီမှာ ကျနော့်တက္ကသိုလ်က ဆရာ၊ ဆရာမ ဝန်ထမ်း ၁၉၄ ယောက်နဲ့အတူတူ ရှိနေပါတယ်။ ကျနော့်ကို သေသွားပြီဆိုတဲ့ သတင်းအမှားအပေါ်မှာတော့ ကျနော် ဒီမှာလုံလုံခြုံခြုံ ကျန်းကျန်းမာမာ ရှိနေတယ်ဆိုတဲ့အကြောင်းကို ပြောချင်ပါတယ်ခင်ဗျား။” လို့ ၎င်းတို့ ထုတ်ပြန်တဲ့ ဗီဒီဖိုင် မှာ ပါမောက္ခချုပ် ဒေါက်တာအောင်ခင်မြင့်က ပြောဆိုထားပါတယ်။ တစ်လေးလုံး စစ်ဆင်ရေးစတင်တဲ့နေ့မှာ လွိုင်ကော်မြို့ ကို ဝင်ရောက်လာတဲ့ KNDF စစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တွေဟာ လွိုင်ကော်တက္ကသိုလ်မှာ အပြန်အလှန် တိုက်ပွဲဖြစ် ပွားခဲ့ရာ ဝန်ထမ်းအပါအဝင် မိသားစုဝင်တွေဟာ ကျောင်းဝန်းထဲမှာ ပိတ်မိနေခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်တာတွေကို ပြုလုပ်လာတာကြောင့် တက္ကသိုလ် ကျောင်းဝန်းထဲက ဝန်ထမ်းတွေနဲ့  စက်မှုကျောင်းက ဝန်ထမ်းတွေအပါအဝင် (၂၀၄) ဦးတို့ကို လက်နက်ကြီးကျရောက်မှု အနည်းငယ် လျော့ကျချိန်မှာ ဘေးကင်းရာကို ကူညီရွှေ့ပြောင်းပေးခဲ့ကြတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထား တာပါ။

လွိုင်ကော်တက္ကသိုလ်က ဝန်ထမ်းတွေနဲ့ မိသားစုဝင်အားလုံးကိုလူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးတွေ နဲ့အညီ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားပြီး မိသားစုတွေနဲ့ အမြန် ဆုံးပြန်လည်ဆုံတွေ့နိုင်စေရေး လုပ်ငန်းကိစ္စတွေကို IEC ကဆက်လက်လုပ်ဆောင်ပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ မြန်မာစာဌာန လက်ထောက်ကထိက ဦးဝေလင်းစိုးက “ကျနော်တို့က လွိုင်ကော်တက္ကသိုလ်မှာ ၁၁ ရက်နေ့ တိုက်ပွဲ တွေစဖြစ်ပါတယ်။ အဲ့လိုဖြစ်တဲ့ချိန်မှာလည်း စစ်တပ်က ဝင်ရောက်လာတာကိုလည်း ကျနော်တို့ မသိရဘူး ပေါ့နော။ ၁၁ ရက်နေ့ ကနေစပြီးတော့ Main ပင်မဆောင်မှာ ကျနော်တို့ ဆရာ၊ ဆရာမတွေ ဝန်ထမ်းတွေ ပါချုပ်အပါအဝင် ပေါ့ ကျနော်တို့ အားလုံး ပင်မဆောင် အောက်ထပ်မှာ ကျနော်တို့ ရှိနေကြပါတယ်။ ပြီးတဲ့အခါမှာမှ ပြည်သူ့ရဲဘော်တွေက နေမှ ကျနော်တို့ကို လာပြီးတော့ ကယ်ထုတ်ပေးတယ်။ ပထမ အကြိမ်ကယ်ထုတ်ပြီးတော့ အင်္ဂလိပ်စာဌာန အောက်ထပ်ကို ကျနော်တို့ ရွှေ့ရပါတယ်။ ရွှေ့ပြီး တော့ ထပ်ပြီးတော့ တစ်နေရာကို ထပ်ရွှေ့ပေးပါတယ်။ အခု ကျနော်တို့ လက်ရှိနေနေတဲ့ နေရာမှာလည်း ကျနော်တို့ အစစအရာ ရာ အားလုံးအဆင်ပြေချောမွေ့ပါတယ်။ ဝတ်စရာကအစ နေစရာစားစရာ အစစ အရာရာ အားလုံး အဆင်ပြေချောမွေ့ပါတယ်။ ကျနော့်အနေနဲ့ ကျန်ရှိခဲ့တဲ့ မိသားစုအားလုံး ကျနော့်မိသားစုအပါအဝင် လွိုင်ကော်တက္ကသိုလ်ကနေမှ ကယ်ထုတ် ခြင်းခံရတဲ့ ဒီမှာအဖွဲ့တွေအားလုံးပေါ့ ဝန်ထမ်းတွေအားလုံးအတွက် မိသားစုဝင် တွေအားလုံး စိတ်ပူနေကြမှာဖြစ်တဲ့အတွက် ကျနော်အပါ အဝင် ဝန်ထမ်းတွေအားလုံး ၁၉၇ ဦး အဆင်ပြေပြေ ချောချော မွေ့မွေ့နဲ့ ဒီမှာရှိနေပါတယ်ဆိုတဲ့ သတင်းစကားလေး ပါးချင်ပါ တယ်ခင်ဗျား၊ ကျေးဇူးတင်ပါတယ်ခင်ဗျား” လို့ KNDF က ထုတ်ပြန်ထားတဲ့ ဗီဒီယိုဖိုင်မှာ ပြောဆိုထားတာ ဖြစ်ပါတယ်။ Non CDM ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး IEC က နိုင်ငံ့ ဝန်ထမ်းဆိုင်ရာ မူဝါဒတွေကို စီစဉ်ဆောင်ရွက်ထားတာ မရှိသေးတဲ့အတွက်၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC ) ရဲ့ CDM ဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဆိုင်ရာမူဝါဒ ကိုးကားချက်တွေ အပေါ် အခြေခံပြီး စီမံဆောင်ရွက်သွားမယ်လို့ IEC ရဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။  https:// www.facebook.com /photo?fbid=746532237513351&set=pcb.746533990846509

၂။ စစ်ကောင်စီတပ်စခန်းနှင့် အကျဉ်းစခန်း ၅ ခုကို TNLA သိမ်းပိုက်
   November 20, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် အကျဉ်းစခန်းများကို ယမန် နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က သတင်းထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲ သတင်းများကို ဖော်ပြရာ ယမန်နေ့(နိုဝင်ဘာ ၁၉ရက်)က နောင်ချိုမြို့နယ်ရှိ လွင်ကြီး အကျဉ်းဦးစီးစခန်း၊ ကျုအင်း အကျဉ်း ဦးစီး စခန်း၊ ခိုဟို အကျဉ်းဦးစီးစခန်း၊ ကုန်းစံ အကျဉ်းဦးစီးစခန်း (၄)ခုကို TNLA နှင့် မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။ အဆိုပါတိုက်ပွဲများအတွင်း လက်နက်မျိုးစုံ (၁၀၄)လက်၊ ကျည်မျိုးစုံနှင့် ဆက်စပ်စစ်သုံးပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်ဟု ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြသည်။ ထို့ပြင် ယမန်နေ့ ညပိုင်းက ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ မှိုင်ဟွမ်တပ်စခန်းကို  သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။ အဆိုပါ တပ်စခန်း ၅ ခု အပါ အဝင် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၅၀ နီးပါးကို TNLAက သိမ်းပိုက်ရရှိထားသည်။

TNLA သည်  နမ့်ခမ်းမြို့ စစ်ကောင်စီ စခန်းသစ်ကုန်းအား ယနေ့ ဆက်လက် တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။ အဆို ပါ စခန်းသစ်ကုန်းကို ပြီးခဲ့သည့် ရက်ပိုင်းများကတည်းက တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ အသုံးပြု ခုံခံနေရခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သည် နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာအတွင်းသို့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးဖြင့် ယမန်နေ့ညက ကြဲချတိုက်ခိုက်ခဲ့၍ ကလေးငယ် အပါအဝင် အရပ်သား ၂ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရ သူများ ရှိခဲ့သည်။  စစ်ကောင်စီ၏ နမ့်ဆန်နှင့် မိုင်ငေါ့တပ်စခန်းတို့မှ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၃၀)ကြိမ် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ စစ်ကောင်စီသည်  နောင်ချိုမြို့နယ် ဒိုပင်ရဲစခန်းကို ယမန်နေ့ ညပိုင်းက ပေါင် ၅၀၀ ဗုံးကြဲချ တိုက် ခိုက်ခဲ့၍ စစ်သုံ့ပန်း ၄ ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးထုတ်ပြန် ထားသည်။ https://www.facebook.co m/photo/?fbid=681675330697929&set=pcb.681675360 697926

၃။ တော်လှန်ရေး သုံးနှစ်တာကာလအတွင်း ABSDF တပ်ဖွဲ့ဝင် ၂၄ ဦးကျဆုံးပြီး၊ ၅၀ ဦးဒဏ်ရာရဟုဆို
    November 20, 2023

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်သစ်တပ်ဦး (ABSDF)ဟာ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန် ရေး ၃ နှစ်တာ ကာလအတွင်းမှာ စစ်ကောင်စီနှင့် တိုက်ပွဲပေါင်း ၂၈၀ ကျော်ဆင်နွဲခဲ့ပြီး ABSDF တပ်ဖွဲ့ဝင် ၂၄ ဦးကျဆုံးခဲ့ပြီး၊ ရဲဘော် ၅၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ABSDF ၁၂ ကြိမ်မြောက်ညီလာခဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ABSDF ကို ၁၉၈၈ နိုဝင်ဘာ ၁ ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး၊၂၀၂၁ အာဏာသိမ်းချိန်မှာလည်း စစ်ကောင်စီကို ဆက်လက် တိုက်ခိုက် ပြီး တိုက်ပွဲများဖော်ဆောင်နေတာလည်းဖြစ်ပါတယ်။ ABSDF တပ်ဖွဲ့ဟာ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ စစ်ဒေသ တွေကနေတစ်ဆင့် စစ်ကောင်စီကိုပါဝင်တိုက်ခိုက်နေတာဖြစ်ပြီး ယခုအခါ အမှတ်(၁)စစ်ဒေသ အောက်မှာရှိတဲ့ စစ်ဆင်ရေး တွေမှာ အဓိက ပါဝင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ABSDF ၁၂ ကြိမ်မြောက်ညီလာခံကို နိုဝင်ဘာ ၁ရက်နေ့ကနေ ၁၇ရက်နေထိ အောင်မြင်စွာကျင်းပခဲ့တာဖြစ်ပြီး ဗဟို ကော်မတီ ၂၁ ဦးနဲ့ အရံဗဟိုကော်မတီ ၄ ဦးကို ရွေးကောက်တင်မြှောက်ခဲ့ကြောင်းလည်းဖော်ပြထားပါတယ်။ ဥက္ကဌနေရာကို လက်ရှိဥက္ကဌဖြစ်တဲ့ရဲဘော် သံခဲ ကဆက်လက်ရွေးချယ်ခံရပြီး ယခင်ဒု-ဥက္ကဌရဲဘော် မျိုးဝင်းနေရာကို ရဲဘော် လဆိုင်း ကို ရွေးချယ်ခန့်အပ်ခဲ့ကြပါတယ်။ ယခင်ဥက္ကဌဖြစ်တဲ့ မျိုးဝင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ မှာ စစ်ကောင်စီကျင်း ပတဲ့ NCA နှစ်ပတ်လည်အစည်းအဝေးကို တက်ရောက်ခဲ့တာကြောင့် ရာထူးကနေရုပ်သိမ်းခံခဲ့ရတာလည်းဖြစ်ပါတယ်။ https://za len.info/%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%9c%e1%80%be%e1%80%94%e

၄။ ရန်ကုန်မြို့ လှည်ကူးမြို့က ချင်းစစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် အကူညီလိုအပ်နေ
    November 20, 2023

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်၊ ပလက်ဝနဲ့ ဆမီးမြို့တွေကနေ ရန်ကုန် မြို့၊ လှည်းကူးမြို့ကို စစ်ဘေးရှောင်လာတဲ့ ဒုက္ခသည်တွေအတွက် နေထိုင်စားသောက်ရေး အခက်အခဲ ဖြစ်နေတယ်လို့ အကူညီ ပေးနေသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်ကတည်းက ပလက်ဝနဲ့ ဆမီးမြို့တွေကနေ ရွေ့ပြောင်းပြီး လှည်းကူးမြို့ ကုက္ကိုတောင် ရွာသစ်၊ ဝဲအင်းပေါက်ကျေးရွာမှာ အခြေချနေထိုင်ခဲ့တဲ့ ချင်းဒုက္ခသည်တစ်ထောင်ကျော်အတွက် အကူညီ ထောက်ပံ့ မှုတွေ အရင်ကထက် မရှိသလောက်နည်းပါးသွားတယ်လို့ ကူညီပေးနေသူတွေက ဆိုပါတယ်။ စစ်ဘေးဒုက္ခသည် လေးရာနီးပါး နေထိုင်တဲ့ ကုက္ကိုတောင်ရွာသစ် ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေ နေထိုင်တဲ့နေအိမ်တွေ ပျက်စီးနေပြီး ကလေးငယ်တွေကို စာသင်ပေးနေတဲ့ စာသင်ဆောင်လည်း ပျက်စီးယိုယွင်းနေတယ်လို့ သိရပါတယ်။

“ နေအိမ်တွေရဲ့ အမိုးအကာတွေဆို ပျက်စီးနေပြီ။ အဓိက ကလေးတွေ စာသင်တဲ့ အဆောင်ကလည်း မိုးယိုတာနဲ့ နောက် နှစ်ထိ မခံလောက်တော့ဘူး။ အကူညီတွေကလည်း သူတို့ရောက်စက ရပါတယ်။ အခုနောက်ပိုင်းတော့ သုံးလတစ်ခါ လောက်တောင်မှ မရတော့ဘူး။ လာမလှူ နိုင်ကြတော့ဘူး။ ” လို့ ကူညီလုပ်ဆောင်ပေးနေသူ တစ်ဦးက ပြောပါတယ်။  လက်ရှိမှာ လှည်းကူးမြို့ရောက် ချင်းစစ်ဘေးဒုက္ခသည်တွေဟာ စားသောက်နေထိုင်ရေးအတွက် ကြုံရာအလုပ်ကို လုပ်ကိုင် ရှာဖွေနေရ တယ်လို့ သိရပါတယ်။ https://www.facebook.com/photo?fbid=687936736770829&set=pcb.687936890104147
၅။ မူဆယ်(၁၀၅)မိုင် စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်၍ (၇၀)အရွယ်အဖွားအို တစ်ဦးသေဆုံး
    November 20, 2023

ရှမ်းမြောက် မူဆယ်မြို့နယ်ရှိ မူဆယ် (၁၀၅)မိုင် စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ အဖွားအိုတစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း တအာင်းတပ်မတော် (TNLA)က သတင်းထုတ်ပြန်သည်။ (နိုဝင်ဘာ ၂၀ ရက်) နေ့လယ်ပိုင်းတွင် နမ့်တောင်ကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နမ့်တောင်ရွာဘုန်းကြီးကျောင်းပေါ်သို့ လက်နက်ကြီး ကျ ရောက်ခဲ့ပြီး ကျောင်းအနီးနေထိုင်သူ အသက်(၇၀)အရွယ်အဖွားအိုတစ်ဦး လက်နက်စထိမှန်သေဆုံးခဲ့ရသည်ဟု ဆို သည်။ ထို့ အပြင် နမ့်ခမ်းမြို့နယ် ကောင်းကပ်ကျေးရွားအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်ရာ လက်နက် ကြီး  မပေါက်ကွဲ ဘဲ ကျန်ရှိနေသည်ဟုဆိုသည်။ စစ်ကောင်စီတပ်သည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နမ့်ဆန်မြို့ နယ်မြို့သစ်ကျေးရွာသို့ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်း ၃၀ကျော် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း အသိပေး သည်။ ယမန်နေ့ညကလည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ  လေကြောင်းမှ ပေါင် ၅၀၀ ဗုံးသုံးပြီး တိုက်ခိုက်ခဲ့၍ မြို့သစ်ကျေးရွာရှိ ကလေးငယ် အပါအဝင် အရပ်သား ၂ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့သည်။

နမ့်ဆန်တပ်စခန်းမှ လက်နက်ကြီးဖြင့်(၁၅)ကြိမ်၊ မိုင်းငေါ့တပ်စခန်းမှ (၁၅)ကြိမ်၊ ကျောက်မဲတပ်စခန်းမှ (၂)ကြိမ် စုစု ပေါင်း (၃၂)ကြိမ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး တစ်လုံးမှာ ပန်နိမ့်ကျေးရွာသို့ ကျရောက် ကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟုထုတ်ပြန်သည်။ စစ်ကောင်စီတပ်သည် စစ်ဘက်နှင့် လုံးဝ မသက် ဆိုင်သည့် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာရပ်ရွာများ၊ လူနေအိမ်များကို ဦးတည်ပြီး လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက် ခိုက်ခြင်း၊ တိုက်လေယာဉ်များအသုံးပြုကာ လေကြောင်းမှ လူမဆန်စွာ ဗုံးကြဲတိုက်ခိုက် ခြင်းတို့ကို နေ့စဉ်ရက်ဆက်ပြုလုပ်လျက် ရှိကြောင်း TNLA က ထုတ်ပြန်ခဲ့ပြီး လတ်တလော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူ ၄၀ ကျော်သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။ https://www.facebook.com/photo/? fbid=681662084032587&set=a.559 396186259178
၆။ တိုက်ပွဲဖြစ်နိုင်ချေရှိသဖြင့် ဖားကန့်မြို့ခံအချို့ကို ပြောင်းရွှေ့ခိုင်း
    November 20, 2023

စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲထားသော ဖားကန့်မြို့ရှိ ဘုရားကုန်းအနီးတွင် နေထိုင်သူများကို ယခုလ နိုဝင်ဘာ (၂၅) ရက်နေ့ နောက်ဆုံး ပြောင်းရွှေ့ခိုင်းနေကြောင်းသိရသည်။ ဖားကန့်မြို့၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာ ကွက်သစ်တွင်နေ ထိုင်သည့် ဒေသခံပြည်သူများကို အခြားနေရာသို့ရွေ့ပြောင်းနေထိုင်ခိုင်းခြင်းဖြစ်သည်ဟု အသက် (၃၆) နှစ်ခန့်အရွယ်ရှိ ရပ်ကွက် နေအမျိုးသမီးတစ်ဦက ပြောသည်။ “ဘယ်နေရာကိုပြောင်းပေးရမယ် ဆိုပြီးတော့ မပြောသွားဘူးရှင့်။Mask (နှာခေါင်းစည်း)တွေ တပ်ထားကြတယ်။ ခါးမှာလည်း လက်ထိပ်တွေနဲ့။ ဘယ်တပ်ရင်းကလဲမေးတော့ မေးစရာမလိုဘူးလို့ ပြန်ပြောတယ်”ဟု သူက ပြောသည်။ လက်ရှိ ရှရော်ခကွက်သစ်တွင်နေထိုင်နေသူများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၂) ရက်နေ့က စပျစ်ကူးကျေးရွာရှိ မြေစာပုံအနီးမှ ပြောင်းရွှေ့လာသူများဖြစ်သည်။ အဆိုပါရပ်ကွက်မှာ စစ်ကောင်စီတပ်က တပ်စွဲထားသည့် ဆန်းကြွယ်ဘုရား ကုန်းနှင့် အလွန်နီးသောကြောင့် ပြောင်းရွှေ့ခိုင်းခြင်းဖြစ်နိုင်ကြောင်း အသက် (၅၂) နှစ် ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ဘယ်အဖွဲ့အစည်းက ပြောင်းခိုင်းတာလဲတော့မသိဘူး။ စစ်တပ်နဲ့ အရမ်းနီးကပ်နေတော့ တိုက်ပွဲဖြစ်လာရင် မလွယ် ဘူးဗျ။ ဒါကြောင့်ပြောင်းခိုင်းတာလည်းဖြစ်နိုင်တယ်” ဟုသူကပြောသည်။

ပြောင်းရွှေ့ရန် လာရောက်ပြောဆိုသူ အမျိုးသားနှစ်ဦးမှာ ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး ခါးတွင်လက်ထိပ်များ ချိတ် ဆွဲထားကာ သေနတ်အတိုများလည်း ကိုင်ဆောင်ထားကြောင်း ဒေသခံများကပြောသည်။ ဖားကန့်မြို့နယ်တွင် အောက်တို ဘာလမှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား မကြာခဏထိတွေ့တိုက်ပွဲများ ဖြစ်ပွား နေပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ SNA တပ်စခန်းလေးခုကို KIA နှင့် PDF ပူပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ တိုက်ပွဲ ဖြစ်ပွားနေချိန် စစ်ကောင်စီ တပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၆၅ နှစ်ခန့်အရွယ်ရှိ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ လက်ရှိဆယ်ဇင်ကျေးရွာရှိ ဒေသခံပြည်သူများကို စစ်ကောင်စီ တပ်က ဝင်ထွက်သွားလာခွင့်ပိတ်ထားပြီး ကျေးရွာမှထွက်ခွာလိုသူများကိုလည်း ပိုင်ဆိုင်မှုအားလုံး အပြီးအပိုင်စွန့်လွတ် ကြောင်း လက်မှတ်ရေးထိုးခိုင်းခဲ့သည်။ https://ww w.facebook.com/photo/?fbid=662245216103150&set=a.535867418740931

၇။ ညောင်ရွှေရောက် ကရင်နီစစ်ဘေးရှောင် ၂၅၀၀ ကျော် အကူအညီ လိုအပ်နေ
    November 20, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့ကို ရောက်ရှိနေတဲ့ ကရင်နီ စစ်ဘေးရှောင်တွေဟာ အရေးပေါ် စားဝတ်နေရေး အကူအညီတွေ လိုအပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အဲဒီ စစ်ဘေးရှောင်တွေက နိုဝင်ဘာလ ၁၁၁၁ စစ်ဆင်ရေး ကြောင့် ကရင်နီပြည်၊ လွိုင်ကော်မြို့နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တို့ကနေ ပြောင်းရွှေ့လာကြတာ ဖြစ်ပြီး လူဦးရေ ၂၅၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက “၁၁ ရက်နေ့ကတည်းက တစ်စုပြီးတစ်စု လာကြတာ။ ဒီနေ့ အထိလာနေတုန်းပဲ။ လိုတာတော့အကုန်လိုတာပေါ့နော်။ အဓိကလိုတာက စခန်းကလူတွေပေါ့။ တတ်နိုင် တဲ့သူတွေက ရပ်ကွက် ထဲ ငှားနေကြတယ်။ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ ချက်ပြုတ်စရာတွေ၊ စောင်တွေ၊ အနွေးထည်တွေ လိုနေတာပေါ့နော်။ ရုတ်တရက် ထပြေးလာရတော့ ဘာမှသယ်မလာနိုင်ဘူးလေ”လို့ ပြောပါတယ်။ ဒါ့အပြင်ရောက်လာတဲ့ စစ်ဘေးရှောင်တွေအထဲမှာ လက်နက် ကြီး ထိမှန်ထားသူနဲ့ လမ်းမလျှောက်နိုင်တဲ့ နာတာရှည် ရောဂါသည်တွေလည်း ပါဝင်တာကြောင့် ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

ကရင်နီ စစ်ဘေးရှောင်တွေကို မြို့မရန်ကုန်ကျောင်း၊ မဟာရန်အောင်စေတီ၊ ရွှေချမ်းသာ ဘုရား၊ မြို့ဦးဓမ္မရုံ၊ ဆရာကြီး ဦးတင်မောင်ဝေ ပရဟိတ္တအဆောင်၊ နှစ်ကျိပ်ရှစ်ဆူ ဘုရား၊ ရွှေဇာလီ ဘုရား စတဲ့ စခန်းတွေမှာ လက်ခံထားပြီး စုစုပေါင်း စစ်ဘေး ရှောင်စခန်း ၇ ခုနဲ့ လူဦးရေ ၂၅၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။“စစချင်း ပထမရက်က ကလောနဲ့ တောင်ကြီး မှာ လက်မခံဘူး ဆိုတော့ ဒီဘက် ရွှေ့လာကြတာပေါ့။ မနေ့ညလည်း ၁၂ နာရီကျော် သားအဖ ၂ ယောက် လမ်းဘေး အိပ်နေ လို့ တွဲခေါ်ပြီး စခန်းပို့ ပေးလိုက်သေးတယ်။ ရောက်လာတဲ့သူ တော်တော်များများက မပြေလည်ကြတော့ ကားမရှိဘူး။ လိုင်းကားလည်း မစီးနိုင်ဘူး။ ဆိုင်ကယ်နဲ့ပဲလာကြတာ။ ညောင်ရွှေက ဝေယျာဝစ္စဆို အလှည့်ကျ အမြဲလုပ်နေရတော့ ဒီလို ကိစ္စဆို လူညီကြတယ်။ လူအင်အား က များတယ်။ လိုနေတာက ရေရှည် ရပ်တည်နိုင်ဖို့ ငွေရေးကြေးရေးနဲ့ တခြားလိုအပ် တာလေးတွေပေါ” လို့ ကူညီဆောင်ရွက် ပေးနေသူ တစ်ဦးက ဆက်ပြောပြပါတယ်။ ညောင်ရွှေမြို့မှာ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေနဲ့ စစ်ကောင်စီ ထောက်ခံသူတွေ ဆိုပြီး ဘက် ၂ ဘက် ရှိကြပေမယ့် စစ်ဘေးရှောင် ကူညီတဲ့ အရေးကိစ္စ တွေမှာ အားလုံး ပူးပေါင်းဆောင်ရွက်ကြတယ်လို့ မြို့ခံတွေ က ပြောပါတယ်။ https://www.facebook.com/photo/?fbid=371821215204329&set=pcb.371821261870991

၈။ လောက်ကိုင်မြို့ပေါ်မှာ ပိတ်မိနေတဲ့ ပြည်သူတွေ ရိက္ခာပြတ်လပ်နေ
    November 20, 2023

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ပေါ်မှာ ပိတ်မိနေတဲ့ ပြည်သူတွေ အခြေခံ စားသောက်ကုန် ရိက္ခာ ပြတ်လပ်နေပြီလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ လောက်ကိုင်မြို့ပေါ်မှာ တိုက်ပွဲတွေ ဖြစ်ပွား လာနိုင်တာကြောင့် မြို့ကို အလုံးအရင်းနဲ့ စွန့်ခွာနေပေမဲ့ ပိတ်မိနေတဲ့ ပြည်သူ ထောင်နဲ့ချီ ရှိနေသေးတယ်လို့ ဆိုပါတယ်။ “ထွက်လို့မှ မရတာ။ ရလည်း မြို့ပြင်လောက်ပဲလေ။ မြို့ထဲ အများစု ကျန်တာတော့ သက်ကြီးရွယ်အိုတွေနဲ့ လူငယ်တွေ ကျန်တာ။ အခုတော့ မီးပြတ်၊ ရေပြတ်၊ ဂတ်စ်ကုန် ဘာတစ်ခုမှ မလုံလောက်တော့ဘူး။ ဆန်ရှိလည်း ချက်စားလို့ မရတဲ့ အဆင့် ဖြစ်နေပြီ။ တစ်ချို့ ထမင်းမစားရတာ။ သုံးလေးရက် ရှိနေပြီလည်း ကြားတယ်” လို့ သူကရှင်းပြပါတယ်။ လက်ရှိ လောက်ကိုင်မြို့တွင်းမှာ ဆန်၊ ဆီ၊ ခေါက်ဆွဲ စတဲ့ အခြေခံစားသောက်ကုန်တွေ ပြတ်တောက်လုနီးပါး ဖြစ်နေသလို စျေးနှုန်း တွေ ၃ ဆကျော် မြင့်တက် သွားတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။“တစ်ချို့ ဂိုထောင်တွေက ထုတ်ရောင်းတာမျိုးတော့ ရှိတယ်။ စျေးကတော့ မြောက် နေရောပဲ။ ဆန်ကတော့ သိပ်မရတော့ဘူး။ ဆီတော့ လိုက်ရှာဝယ်ရင် ရသေးတယ်။ ပုံးဝါ တစ်ဗုံး အပြည့်ဆို ယွမ် ၃၅၀၀ လောက် ပေါက်တယ်” လို့ သူကရှင်းပြပါတယ်။

လက်ရှိ မြို့တွင်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က တရုတ်လူမျိုးတွေကို အဓိကထားဖမ်းဆီးပြီးတိုက်ပွဲဖြစ်လာ တော့မယ်လို့ ပြောဆိုကာ တရုတ်ပြည်ဘက် ပြန်ပို့နေလို့ မြို့နေ ပြည်သူတွေ ပိုပြီး စိုးရိမ်ထိတ်လန့် နေကြတယ်လို့ သိရပါ တယ်။ ကိုးကန့်ဒေသတွင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပြီး လမ်းတံတားတွေ ကျိုးပျက်နေတာ၊ တိုက်ပွဲ အခြေအနေ တွေအရ လမ်းပိုင်းတွေ သွားလာခွင့် ပိတ်ပင်ထားတာတွေကြောင့် လောက်ကိုင်မြို့တွင်း ပိတ်မိနေကြတာ ဖြစ်ပါတယ်။ လောက်ကိုင်ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ်-ဒကစ လက်အောက်ခံ ခမရ (၁၂၉) တပ်ရင်းမှူး၊ ဗိုလ်မှူး ကျော်ရဲအောင် ဦးစီးတဲ့ စစ်ကောင်စီတပ်သား ၁၂၇ ဦး MNDAA တပ်ဖွဲ့ထံ နိုဝင်ဘာ ၁၂ ရက်က လက်နက်ချပြီးနောက် လောက်ကိုင်မြို့နဲ့ ၇ မိုင်အ ကွာ ရောက်ရှိနေပြီး မကြာခင် မြို့ကို ဝင်ရောက် တိုက်ခိုက်တော့မယ်လို့ ညီနောင် မဟာမိတ်တပ်က အသိပေးထားပါတယ်။ စစ်ကောင်စီကတော့ ကိုးကန့် အုပ်ချုပ်ရေမှူး ဦးမြင့်ဆွေ ကို ထုတ်ပယ်ပြီး ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့် ကို ပြောင်းလဲ ခန့်အပ် ကာ လောက်ကိုင်မြို့တွင်း အခိုင် အမာ ခံစစ်ပြင်ဆင်နေတယ်လို့ သိရပါတယ်။ https://www.facebook.com/photo/?fbid=371778681875249&set=a.28590 0490463069
၉။ နမ္မချီးအထိုင်ချတပ်စခန်းကို KIA က ထပ်မံတိုက်ခိုက်သိမ်းပိုက်
     November 20, 2023

မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအုပ်စု နမ္မချီးကျောက်စိမ်းမှော်ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အရေးပါ တဲ့ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က နိုဝင်ဘာလ ၁၉ ရက်နေ့ သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ တယ်လို့ သိရပါတယ်။ စစ်အား ၆၀ ကျော်လောက်နဲ့ နမ္မချီးကျောက်စိမ်းမှော်ကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ လက်အောက်ခံ တပ်ရင်း ၃၅ တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ် တယ်လို့ KIA နဲ့ နီးစပ်တဲ့ မော်ဟန်ဒေသခံတစ်ယောက်က ပြောပါတယ်။“စနေ့ညကစပြီးတော့ KIA ဘက်ကနေ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဟုတ်တယ်။ မနေ့ကတော့ တပ်စခန်းကိုပါ အပြီးအပိုင် ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။ အဲဒီ စစ်ကောင်စီတပ်စခန်းက နန့်ခီမှော်တစ်ကျောကို ထိန်းချုပ်ထားတဲ့ တပ်စခန်းဖြစ်တယ်။ ပြီးရင် အဲတပ်စခန်းက ခိုင်ခိုင်မာမာ နဲ့ ဆောက်ထားတယ်။ ရဟတ် ယာဉ်တောင်ဆင်းလို့အနေအထားမှာရှိတယ်”လို့ပြောပါတယ်။ နမ္မချီး စစ်ကောင်စီတပ် စခန်းကို စစ်ကောင်စီတပ်ဟာ တပ်စခန်း အတွင်း လေယာဉ်ကွင်းအပါဘန်ကာကတုတ်ကျင်းနဲ့ ခိုင်ခိုင်မာမာတပ်ချထားတဲ့ တပ်စခန်းတစ်ခုဖြစ်ပြီး နမ္မချီးကျောက်စိမ်းမှော် ဒေသကို ထိန်းချုပ်ထားတဲ့ အရေးပါတပ်စခန်းတစ်ခုဖြစ်တယ်လို့ သိရပါ တယ်။

နမ္မချီးစစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီဘက်က လက်နက်ပစ္စည်းများနဲ့အတူ ထွက်ပြေးလွတ်မြောက် နိုင်ခဲ့တာတွေရှိသလို လက်နက်ခဲယမ်းအနည်းငယ်နဲ့ ဆန်အိတ် ၅၀ ဝန်းလောက်ကို KIA က သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ လွန်ခဲ့တဲ့ ၂၀၁၁ – ၂၀၁၂ ဝန်းကျင်လောက်ကနေ နမ္မချီးကျောက်စိမ်းမှော်ဒေသကို ထိန်းချုပ်ဖို့ ရန် တပ်ချနေထိုင်ခဲ့တာဖြစ်ပြီး ဆယ်နှစ်တစ်ခုအကြာမှာ တိုက်ခိုက်ခံရတာကြောင့် လက်ရှိမှာ KIA က တပ် စခန်းအတွင်း ဘက်ဟိုးတွေနဲ့ ရှင်းလင်းရေးလုပ်ဆောင်ပြီးတော့ တပ်ချနေထိုင်ထားပြီဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိ ကချင်ပြည်နယ် အတွင်း ၂၀၁၁ ခုနှစ်နောက်ပိုင်း စစ်ကောင်စီတပ်ဘက်နေ အခိုင်အမာတပ်ချနေထိုင်ထားတဲ့ စစ်ကောင်စီရဲ့ စစ်ဗျူဟာမြောက်တဲ့ တပ်စခန်းတစ်ချို့ကို KIA က ယခုနှစ်အတွင်းထဲမှာ စခန်းသိမ်းတိုက်ပွဲအဖြစ် တိုက်ခိုက် သိမ်းပိုက်တာတွေ လုပ်ဆောင်နေတာ လည်းဖြစ်ပါတယ်။ https://burmese.kachinnews.com/2023/11/20/yl1-137/

၁၀။ မုဒုံ၊ မော်လမြိုင်နှင့်ကျိုက်မရောမြို့နယ်ရှိ စစ်တပ်တပ်စွဲထားသောနေရာများနှင့်ရဲစခန်းများကို ဒရုန်းဖြင့်ဗုံးကျဲခြင်း    ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် လက် နက် ၆ လက်နှင့် ခဲယမ်းများရရှိ
  November 20, 2023

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မော်လမြိုင်မြို့နယ်နှင့် ကျိုက်မရော မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်း ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KNDO တပ်ရင်း ဒရုန်းတပ်ဖွဲ့ တာ၀န်ခံမှ ပြောဆိုသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့ မုဒုံမြို့ ရဲစခန်း ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ရဲတပ်သား ၂ ဦး နှင့် ရဲ မိန်းမဖြစ်သူ ၁  ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ယင်းနေ့ ညနေ ၃ နာရီ ၁၇ မိနစ်တွင် မော်လမြိုင်မြို့နယ်ရှိ အမရ တပ်ရင်း ၆၂ အမြောက်တပ် ဗဟို ကင်းကို ဒရုန်းဖြင့် ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေအတည်မပြုနိုင် သေးကြောင်း သိရှိရသည်။ အလားတူ ညနေ ၃ နာရီ ၅၄ မိနစ်တွင် ကျိုက်မရောမြို့ရှိ ခမရ ၂၀၈ တပ်ရင်းကိုလည်း ဒရုန်းဖြင့် ဗုံးသီး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြု နိုင်သေးဘဲ အကြမ်းဖက် စစ်တပ်က တပ်အတွင်းမှ လက်နက်ကြီး လက်နက်ငယ် မျိုးစုံဖြင့် ပြန်လည် ပစ်ခက်ခဲ့ကြောင်း၊ ထို့ပြင် ညနေ ၄ နာရီ ၃၁ မိနစ်ခန့်တွင် ကျိုက်မရောမြို့ရှိ အထွေထွေအုပ်ချုပ်ရေးရုံး ကိုလည် ဗုံးသီး ၁ လုံးကျဲချခဲ့ပြီး စစ်ကောင်စီ လက်အောက်မှ ထွက်ခွာကြရန် သတိ ပေးစာ ပေးပို့ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို KNDO တပ်ရင်းနှင့်  Alpha bats ဒရုန်းတပ်ဖွဲ့တို့က ပူပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်ရာ လက်နက် ၆ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း Lion Battalion စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဂျီဖက်က ပြောဆို သည်။ နိုဝင်ဘာလ ၁၆ ရက်နေ့  ဗိုလ်အယ်စေးဝါး ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ များမှနယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေစဥ်  စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်ရာ လက်နက် ၆ လက်နှင့် ခဲယမ်းများထပ်မံ သိမ်းဆည်းရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က လက်လွှတ်ခဲ့ရသော ချောင်းနှစ်ခွတံတားကို ပြန်လည်သိမ်းပိုက်နိုင်ရန် လေ ကြောင်းပစ်ကူ များအသုံးပြု၍ မြေပြင်ထိုးစစ်များနှင့် ထိုးစစ်ဆင်ခဲ့သော်လည်း ကြားဖြတ် တိုက်ခိုက်ခံရပြီး လက်နက် ၆ လက် အား ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ အကျဆုံးစာရင်းများအား အတည်မပြုနိုင်သော်လည်း ဖရိုဖရဲဖြင့် ထွက်ပြေးဆုတ်ခွာသွားကြကြောင်း ရဲဘော်ဂျီဖက်က ရှင်းပြသည်။  “နိုဝင်ဘာလ ၁၆ ရက်နေ့ ရန်သူ့ဘက်က  ဒီဘက်ကို ထိုးပြီး တက်လာတဲ့ စစ်ကြောင်းဘက်က   တချို့ ကျွံဝင်သွားတဲ့စစ်ခွေးတွေကို  ပစ်တဲ့အချိန်မှာ လက်နက်တွေကျန်ပြီး ထွက်ပြေးသွားတဲ့ ကောင်တွေဆီကရတာပါ” ဟု ရဲဘော်ဂျီဖက်က ပြောဆိုသည်။ https://www.facebook.com/photo/?fbid=70238877532206 5&set=pcb.702388908655385
၁၁။ ထားဝယ်တွင် အရက်ဝိုင်းဖွဲ့နေသည့် စစ်ကောင်စီတပ်သား ၁၀ ဦး တိုက်ခိုက်ခံရပြီး သေဆုံး
     November 20, 2023

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ မောင်မယ်ရှောင်ကျေးရွာ။ ရှင်ဓာတ်ဝဲဘုရားအနီးမှာ  အရက်ဝိုင်းဖွဲ့ သောက်စားမူးယစ် နေတဲ့ စစ်ကောင်စီတပ် အလစ်ဝင်ရောက်တိုက်ခိုက်ခံရလို့ ၁၀ ဦး သေဆုံးခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့လယ်မှာ အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်ကို Dawei Guerrilla Revolutionary Force-DGRF ကဝင် ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကနဦး ၆ ဦးသေဆုံးခဲ့ပြီး နောက်ထပ် ၄ ဦးထပ်မံသေဆုံးခဲ့တာလို့ ဆိုပါတယ်။ DGRF ရဲ့တာဝန်ရှိသူက ”ရှင်ဓာတ်ဝဲဘုရားအနီးမှာ ဘာကြောင့်ရှိနေတာလဲ၊ ကျနော်တို့ နားမလည်ပါဘူး။ အထဲမှာ၊ လူသွား လူ လာလည်းမရှိဘူး၊ အခုက ဘာကိစ္စနဲ့ လာတယ်ဆိုတာ နားမလည်ဘူး။ ၁၉ ရက်နေ့ မနက်ပိုင်း ထားဝယ်ဂိတ်ကနေပြီး ကားတစီးနဲ့ လာချသွားတာ ။ အင်အား ၃၀ ဝန်းကျင်လောက်ရှိပါတယ် ” လို့ ပြောပါတယ်။

DGRF အနေနဲ့ ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ရပ်ကွက်ထိပ် ရေး-ထားဝယ်ကားလမ်းပေါ်မှာ ပြည်သူတွေကို စစ်ဆေး နေတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ  ပစ်ခတ်ခဲ့လို့ ယာဥ်ထိန်းရဲ ၂ ဦးနဲ့ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ပါသေးတယ်။ တိုက်ပွဲဖော်ဆောင်တာတွေမှာ လက်လုပ်သေနတ်တွေက ခုချိန်က အသုံးမတည့်တော့ဘဲ ကျည်တွေ လိုအပ်ချက်ရှိနေတဲ့ အခက်ခဲတွေနဲ့  ကြုံတွေ့နေရပါတယ်။ https://burmese.dvb.no/post/625962

၁၂။  ပလက်ဝ၊ မီးဇာရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရတချို့မှာ အသက်            အန္တရာယ်စိုးရိမ်ရ
 November 21, 2023

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ မီးဇာရွာကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက် ခိုက်သော ကြောင့် အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး တချို့မှာ အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ဒေသခံများကပြော သည်။“စစ်ကောင်စီကနေ ဗုံးကြဲချတဲ့ အဲဒီနေရာက တိုက်ပွဲဖြစ်တဲ့ နေရာလည်း မဟုတ်ဘူး။ ဗုံးကြဲတော့ ၇ ယောက် ဒဏ်ရာရ တယ်။ ဒဏ်ရာရတဲ့ အထဲမှာ အသက်ကြီးပိုင်း အမျိုးသမီးတစ်ယောက်တော့ ဒဏ်ရာ ပြင်းထန်တယ်။ အသက် ဆုံးရှုံးနိုင်တဲ့ အခြေအနေရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းတွင် ပလက်ဝမြို့နယ်၊ တရွန်အိုင်ရွာ အထက်ပိုင်း ၆ မိုင်ခန့်က မီးဇာရွာကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသော ပြည်သူများ ကို ဆေးဝါးကုသမှုပေး နေသော်လည်း ဒဏ်ရာပြင်းထန်သော အရပ်သားတချို့ကို ဆေးဝါးကုသမှုပေးနိုင်ရန် ခက်ခဲနေသည် ဟု သိရသည်။

တရွန်အိုင်ရွာအနီးမှာ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်မှာ ၄ ရက်ဝန်းကျင်ရှိ လာချိန်တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများ စစ်ဘေးရှောင်နေသည် ကျေးရွာကို လေ ကြောင်းမှ ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။ ရက္ခိုင်တပ်တော် (AA)သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေက စစ်ကောင်စီစခန်းတွေကို နိုဝင်ဘာလ ဒုတိယပတ်ကစ၍ ထိုးစစ်ဆင်တိုက်ခိုက် ပြီးနောက် နှစ်ဖက်တိုက် ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေသည်။ https://www.facebook.com/photo?fbid=834 237395371982&set=a.7231518764 80535
၁၃။ လားရှိုး မာရှယ်လော ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက လူ ၄ ဦးထက်မနည်း ပစ်သတ်
      November 21, 2023

သျှမ်းပြည် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က မာရှယ်လော ထပ်မံကြေညာပြီးနောက် စစ်ကောင်စီ က အရပ်သား ၄ ဦးထက်မနည်း ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ)မှ လားရှိုးမြို့နယ် တွင် နိုဝင်ဘာလ ၁၅ ရက်တွင် မာရှယ်လော စတင်ထုတ်ပြန်ခဲ့ပြီး ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့် မလိုက်နာ သူများကို ဖမ်းဆီးအရေးယူလျက်ရှိရာ တစ်ပတ်အတွင်း လူ ၄ ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့ကြောင်း လားရှိုး ဒေသခံများက ပြောသည်။“သူတို့စစ်တပ်က ညမထွက်ရ ကြေညာပြီးနောက်တစ်ရက် နိုဝင်ဘာ ၁၆ ရက်နေ့ မနက်စောစော မှာ လူ ၂ ယောက် ပစ်သတ်ခံရတယ်။ မနက်ဈေး စောစောသွားတဲ့လူလို့ ပြောကြတယ်။ နောက်တစ်ယောက်က ဗူးခွံလိုက် ကောက်တဲ့လူ။ နောက် ထပ် ၂ ယောက်က နိုဝင်ဘာ ၁၈ ရက်မှာ ပစ်သတ်ခံရတာ။ သူတို့က အလုပ်ကနေ အိမ်အပြန် ဗျူဟာလမ်းမှာ ပစ်သတ်ခံရတာ”ဟု အမည်မဖော်လိုသည့် လားရှိုးဒေသခံတစ်ဦးက ပြောသည်။ လားရှိုးမြို့ ဗျူဟာလမ်း တွင် သေနတ်ပစ်သတ်ခံရသူ ၂ ဦးမှာ အလုပ်မှ အိမ်အပြန် အိမ်ခြံဝင်းတံခါးသို့ ရောက်နေစဉ် ည ၆ နာရီကျော် အချိန်ရှိနေ၍ စစ်ကောင်စီတပ်သားများမှ တစုံတရာ မေးမြန်းခြင်း မရှိဘဲ ပစ်သတ်ခဲ့ရာ အိမ်ခြံဝင်းအဝင်ဝတွင် ပွဲချင်းပြီး သေဆုံးသွား ကြောင်း လားရှိုးမြို့မှ ၎င်းဒေသခံက ဆက်ပြောသည်။

စစ်ကောင်စီ၏ သေနတ်ပစ်သတ်ခံရပြီး သေဆုံးသူ ၄ ဦးစလုံးသည် အသက် ၃၀ မှ ၄၀ ကြားရှိ အမျိုးသားများ ဖြစ်သည် ဟု သိရပြီး လားရှိုးမြို့ပေါ်ရှိ ပြည်သူများမှာ ညမထွက်ရ အမိန့်ကြောင့် လတ်တလော သွားလာရေး ခက်ခဲနေကြောင်း လားရှိုးမြို့ ဒေသခံများက ပြောသည်။“ဒီလိုဆိုရင်တော့ ဈေးမှာရောင်းတဲ့ ကုန်စိမ်းသည်တွေ၊ သားငါးရောင်းတဲ့သူတွေ အခက်အခဲ ဖြစ်တာ ပေါ့။ သူတို့အရင်က အချိန်မသတ်မှတ်တုန်းကတောင် သွားလာရ ခက်နေတာ။ ခုကျတော့ မနက် ၆ ည ၆ ဆို ပိုဆိုးပြီပေါ့။ မနက် ခင်းရောင်းတဲ့ ဈေးသည်လေးတွေဆိုရင် မနက် ၄ နာရီ ကတည်းက ထရတာရှိတယ်။ ဒီပုံစံနဲ့ဆိုရင် တော့ ငတ်ရုံပဲရှိတော့မှာ”ဟု လားရှိုးမြို့မှ ဈေးသည်တစ်ဦးက ပြောသည်။ ယခုကဲ့သို့ ညမထွက်ရအမိန့်ကြောင့် ည ၆ နာရီမှ စ၍ စစ်ကောင်စီတပ်သားများမှ မြို့တွင်းလမ်းများတွင် ကင်းစောင့်၍ ကားများကို စစ်ဆေးနေပြီး ကားသမားများကို ဖမ်းဆီး ခေါ်ဆောင်သွားခြင်းကြောင့် ဒေသခံ ပြည်သူများမှာ သွားလာရေးအတွက် စိုးရိမ်ထိတ်လန့်နေကြောင်း လားရှိုးဒေသခံများက ပြောသည်။ https://burmese.shan news.org/archives/38231
၁၄။ စစ်ရေးအကြောင်းပြပြီး ဟုမ္မလင်းနယ် ဥရုချောင်းနံဘေးက ကျေးရွာတစ်ချို့ SNA ပြောင်းရွေ့ခိုင်း
     November 21, 2023

စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့အထက်ဘက် ဥရုချောင်းနံဘေးမှာနေထိုင်တဲ့ကျေးရွာတစ်ချို့က ဒေသခံပြည်သူတွေကို ရှမ်းနီအမျိုးသားများတပ်မတော် SNA က ပြောင်းရွေ့ခိုင်းထားတယ်လို့ ဟုမ္မလင်းဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိ ပြောင်း SNA ဘက်က ပြောင်းရွှေ့ခိုင်းနေတဲ့ရွာတွေဟာ နောင်ပိုအောင်ကျေးရွာအထက်ဘက် ဥရုချောင်းနံဘေးက နန်တော၊ မန်ခဲကျေးရွာ၊ မိုင်းကိုင်းကျေးရွာတွေဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက်နေ့ကနေ ဘေးလွတ်ရာကိုတိမ်းရှောင်ကြဖို့ အမိန့် ထုတ်ထားတယ် လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။“တချို့လည်းဒီဘက် ဟုမ္မလင်းမြို့ပေါ်ကို ရှောင်လာ ကြတယ်။ တချို့ လည်း နန်တောအထက်ဘက် စစ်ကြောင်းနဲ့လွတ်တဲ့ဘက်ကိုရှောင်သွားကြတယ်။ပြောင်းဖို့ အမိန့်ထုတ် တာက ၃ ရက်လောက်ရှိ နေပြီဆိုတော့ပြောင်းတဲ့သူတွေကတော့ ပြောင်းနေကြပြီ”လို့ပြောပါတယ်။ လက်ရှိ SNA တပ် ကပြောင်းရွေ့ခိုင်းထားတဲ့ နန်တော၊ မန်ခဲ၊ မိုင်းကိုင်းကျေးရွာတွေဟာ တစ်ဆက်ထဲရှိတဲ့ကျေးရွာတွေဖြစ်ပြီး အဲ့ဒီကျေးရွာ သုံးရွာနဲ့အထက်ဘက် သက်ကယ်တောင်မှာ ထိုင်ထားတဲ့ SNA တပ်တွေကပြောင်းရွေ့ခိုင်းတာလို့သိရပါတယ်။

“အဲ့ဒီ နန်တောတို့၊ မန်ခဲတို့မှာတော့ SNAတပ်တွေထိုင်တာမရှိဘူး ဒါပေမယ် နန်တောနားက သက်ကယ်တောင်ဆို တာရှိ တယ်။ အဲ့သက်ကယ်တောင်မှာက SNA တပ်ရဲ့ အထိုင်တပ်အကြီးကြီးရှိတယ် SNA တပ်သားတွေရာနဲ့ ချီထိုင်တယ် သင်တန်းတွေဘာတွေလည်းအဲ့မှာပေးတယ် အဲ့တပ်ကပြောင်းရွေ့ခိုင်းတာတဲ့”လို့ နောက်ထပ် ဟုမ္မလင်းမြို့နယ် နောင်ပိုရွာ ဒေသခံတစ်ဦး ကပြောပါတယ်။ SNA တပ်ဟာ နောင်ပိုအောင်၊ နန်တောဘက်တွေမှာ လက်ရှိ SNA၊ စစ်ကောင်စီပူးပေါင်း တပ်နှင့် ဟုမ္မလင်းမြို့နယ်ထဲက ဒေသကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်တွေကြားတင်းမာနေတဲ့ စစ်ရေးအခြေအနေကို အကြောင်းပြ ပြီး ပြောင်းရွေ့ခိုင်းထားတာလို့ဒေသခံတွေကဆိုပါတယ်။ ပြောင်းရွေ့ခိုင်းထားတဲ့ကျေးရွာတွေဟာ ဟုမ္မလင်း မြို့နဲ့ မိုင်ပေါင်း ၂၀ ကျော်ဝေးပြီး အိမ်ခြေ ၈၀ ကနေ ၁၀၀ ဝန်းကျင်အထိရှိတဲ့ကျေးရွာတွေဖြစ်ပါတယ်။ နောင်ပိုအောင် ၊လွှစင်ကုန်းအနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နောင်ပိုအောင်ရွာ၊ အော်တော်ကျေးရွာ၊ အောင်ပင်ကျေးရွာနဲ့ အနီးဝန်းကျင် မှာ နေထိုင်တဲ့ ပြည်သူတွေ ထွက် ပြေးတိမ်းရှောင်ခဲ့ရသလို  ပြည်သူတစ်ချို့ကတော့ လက်ရှိချိန်ထိတိမ်းရှောင်နေဆဲ လို့သိရ ပါတယ်။ https://burmese.kachinn ews.com/2023/11/21/zz1-24/
၁၅။ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းကို တိမ်းရှောင်လာတဲ့ လွိုင်ကော်စစ်ရှောင်လူထုတွေအတွက် စားနပ်ရိက္ခာလိုအပ်
     November 21, 2023

(၁၁.၁၁) စစ်ဆင်ရေးစတင်ခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး ကရင်နီပြည် လွိုင်ကော်မြို့ပေါ်ကနေ တိုက်ပွဲတွေ ကြားက တိမ်းရှောင်လာတဲ့ လူထုတွေဟာ ဖရူဆိုမြို့နယ်အထိ စစ်ဘေးရှောင်လာကြပြီး လက်ရှိမှာ စားနပ်ရိက္ခာတွေလိုအပ်နေတယ် လို့ ဖရူဆိုမြို့နယ် စစ်ဘေးရှောင်ကူညီရေးအသင်းတွေဆီကနေ သိရပါတယ်။ ဖရူဆိုမြို့နယ်အတွင်း အလှူရှင်တွေမရောက် တာ ၃ လကျော်ရှိနေပြီဖြစ်တာကြောင့် နဂိုရှိနှင့်ပြီးသား စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာတွေ ခက်ခဲနေတဲ့အပြင် စစ်ဘေး ရှောင်အသစ်တွေ ထပ်မံရောက်ရှိလာတာကြောင့် ပိုမိုခက်ခဲနေတဲ့ အခြေအနေမှာရှိနေတယ်လို့ ကယောလူငယ် အဖွဲ့အစည်း က အထွေထွေအတွင်းရေးမှူးချုပ် ကိုနိုင်နိုင်ထွေးက ပြောပါတယ်။“အဟောင်းတွေတောင်မှ ‌‌လောလောဆယ်စားဖို့ မရှိဘူးဆို တော့ အသစ်ကတော့ ပိုဆိုးတာပေါ့နော်။ သူတို့မှာလည်း ဘာမှမပါလာတော့အရေးပေါ် ဖြစ်ရပ်တွေလည်း ကျနော်တို့ ပြန် တော့ လိုက်ချိတ်နေတာပေါ့နော်။ လောလောဆယ်တော့ မရသေးဘူးပေါ့နော်။ စားဝတ်နေရေးအခြေအနေတော့ တော်တော် တော့ ခက်ခဲတာပေါ့နော်” လို့ ကိုနိုင်နိုင်ထွေးက ဆိုပါတယ်။

ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ရှောင်လာတဲ့ လွိုင်ကော်ဘက်က လူထု ၄၀၀ ကျော်အထိရှိနေတယ်လို့ စစ်ရှောင် ကူညီသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ ကိုယ်ပိုင်စားနပ်ရိက္ခာ သယ်ယူလာသူတွေရှိသလို ကိုယ်လွတ်ရုန်း ထွက် ပြေးတိမ်းရှောင်ရသူတွေလည်း ရှိနေတာပါ။“ဒီမှာက စစ်ရှောင်တွေ ချေးစားရတာပေါ့နော်။ မရှိဘူးဆို ချေးစားရတယ်။ တစ်ချို့ ဆိုလည်း ပါလာတဲ့ ဟာတွေနည်းနည်းပါးပါးနဲ့ ကုန်ကုန်ပြီပေါ့နော်။ အလုပ်ကလည်းမရှိ ဝင်ငွေလည်း မရှိတော့ ဆန်တွေက သိတဲ့ အတိုင်းပဲ အခုဆို (ဆန်တစ်အိတ်ကို) သိန်းကျော်ပြီပေါ့နော်။ ဝယ်စားရတဲ့ဟာမျိုးတွေ မတတ်နိုင်တဲ့ ဟာမျိုးတွေအများကြီးတော့ ဖြစ်တာပေါ့နော်”လို့ ဖရူဆိုမြို့နယ်ထဲက စစ်ရှောင်ကူညီသူ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ ဖရူဆိုအနောက် ခြမ်းဟာ လမ်းပန်း ဆက်သွယ်ရေးခက်ခဲတာကြောင့် စားနပ်ရိက္ခာတွေ သယ်ယူရခက်ခဲသလို ကူညီပံ့ပိုးမယ့် အလှူရှင်တွေ နည်းလာတယ်လို့ သိရပါ တယ်။ ထပ်မံတိမ်းရှောင်လာတဲ့ လွိုင်ကော်စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာတွေ လိုအပ်နေသလို ဆောင်းတွင်းကို ရောက်ရှိ လာပြီဖြစ်တာကြောင့် နွေးထွေးမယ့် အဝတ်အထည်တွေ လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။ https://www.kantarawaddytimes.org/%e1%80%96%e1%80%9b%e1%80%b0%e1%80%86%e1%80%ad%e1%80
၁၆။ ကနေဒီတောင်မှာ တပ်စွဲထားသော စစ်ကောင်စီစခန်းကို PDF-Zoland က တိုက်ခိုက်သိမ်းပိုက်
      November 21, 2023

ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီတောင်ပေါ်မှာ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို PDF-Zoland တပ်ဖွဲ့ က ယနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု သိရသည်။ အင်အား ၃၀ ၀န်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်စခန်းကို ယနေ့မနက်ပိုင်း ၄ နာရီခန့်ကစ၍ PDF-Zoland တပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ရာမှာ မနက်ပိုင်း ၇ နာရီခန့်မှာ စခန်းကို သိမ်းပိုက် နိုင်ခဲ့သည်ဟု PDF-Zoland တာ၀န်ရှိသူတစ်ဦး ကပြောသည်။“ မနက် ၄နာရီမှာ စတိုက်တာ ၇ နာရီလောက်မှာ စခန်းသိမ်းနိုင်ခဲ့ တယ်” ဟု PDF-Zoland တာ၀န်ရှိသူကပြောသည်။ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အနည်း ဆုံး ၂ ဦးသေဆုံးပြီး တစ်ဦးကို အရှင်ဖမ်းမိကာ အများစုကတော့ ထွက်ပြေးသွားကြသည်ဟု သိရသည်။

ကနေဒီတောင်စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ထံမှ ၄၀/၆၀ မမ အပါအ၀င် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု သိရသည်။ အဆိုပါစစ်ဆင်ရေးသည် ပူးပေါင်းစစ်ဆင်ရေးမဟုတ်ဘဲ PDF-Zoland တပ်ဖွဲ့၏ စစ်ဆင် ရေးတစ်ခုဖြစ်သည်ဟု သိရသည်။ အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေး ကလေး-တီးတိန်ကားလမ်း ကြီးနဘေးတွင် တည်ရှိသော ကနေဒီတောင်သည် ချင်းပြည်နယ်တွင် ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပြီး ၎င်းတောင်ပေါ်မှ ကလေးမြို့နှင့် ဖလမ်းမြို့ ကို လှမ်းမြင်နိင်သည့် စစ်ရေးအတွက် အချက်အချာနေရာတစ်ခုဖြစ်သည်။ https://www. facebook.com/photo/?fbid=83456 6485339073&set=pcb.834566768672378

၁၇။ သိန္နီမြို့ ကျောင်းခမ်းဘုန်းကြီးကျောင်းထဲမှာ စစ်ရှောင်လူဦးရေ ၁ ထောင်ကျော် ပိတ်မိနေ၊ ရိက္ခာတင်သွင်းခွင့်ကို    စစ်တပ်က ပိတ်ပင်ထား
 November 21, 2023

ရှမ်းမြောက် သိန္ဒီမြို့ထဲက ကျောင်းခမ်းပရိယတ္တိစာသင်ကျောင်းတိုက်ထဲမှာ စစ်ဘေးရှောင် ဉီးရေ ၁၃ဝဝ ကျော် ပိတ်မိနေ ပြီး ရိက္ခာတင်သွင်းခွင့်ကိုလည်း စစ်ကောင်စီတပ်က ပိတ်ထားတယ်လို့ ဖြစ်စဉ်သိရှိသူ တစ်ဦးဆီက စုံစမ်းသိရှိရပါတယ်။ အဲဒီ စစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် ၁ဝ၂၇ စစ်ဆင်ရေး စတင်ကတည်းက ကျောင်းခမ်းဘုန်းကြီး ကျောင်းမှာ လာ ခုံလှုံနေကြသူတွေဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိကျောင်းထဲမှာ ပိတ်မိနေတဲ့ စစ်ရှောင်သူ အိမ်ခြေ ၃ဝဝ ကျော်နဲ့ လူဦးရေ ၁၃ဝဝ ကျော်ဟာ ဆန်တင်သွင်းခွင့်မရတာကြောင့် ရိက္ခာတွေပြတ်လုနီးပါးရှိပြီး လားရှိုးဘက် သွားဖို့ဆို လည်း စစ်တပ်က သွားခွင့် မပြုဘူးလို့ ၎င်းကဆိုပါတယ်။ ဖြစ်စဉ်သိရှိသူ တစ်ဦးက “ကျောင်းထဲမှာ စစ်ရှောင်တွေအများ ကြီးရှိတယ်။ ဆန်တွေလည်း ပြတ်လု နီးပါးရှိပြီလို့ ကြားရတယ်။ ဆန်တွေတင်သွင်းဖို့ သူတို့ကအကြိမ်ကြိမ်ကြိုးစားကြည့် တယ်။ စစ်တပ်ဘက်တွေက ခွင့်မပြုဘူး။ လားရှိုးဘက်ကို ပြောင်းရွှေ့ဖို့လုပ်တော့ အဲဒါလည်းသူတို့ခွင့်မပြုဘူး။ ကျောင်းထဲ က စစ်ရှောင်တွေရော ဘုန်းကြီးတွေပါ ထွက်ခွင့် မပြုဘူး”လို့ ပြောပါတယ်။ ကျောင်းခမ်းထဲမှာရှိတဲ့ စစ်ဘေးရှောင်တွေကို ၆၉ တပ်နဲ့ ၁၆ တပ်တို့က လူသားဒိုင်းအနေနဲ့ ကာဗာ ထားတာလို့ အထပ်ပါ ၎င်းက ဆိုပါတယ်။

“သူတို့က ဘာကြောင့် သွားခွင့်မပြုလည်းဆိုတော့ စစ်တပ်တွေကို ကာနိုင်ဖို့ရာအတွက် ကျောင်းထဲက လူ ၁ ထောင် ကျော် ကို ကာဗာအဖြစ်နဲ့ ထားတာဖြစ်နိုင်တယ်လို့ ယူဆတယ်။ စစ်ရှောင်တွေကို ခံတပ်အနေနဲ့ ထားတာ‌တော့ဟုတ်တယ်။ ရိက္ခာ ကိုတော့ တင်သွင်းခွင့်ပြု အဲလိုဖြစ်စေချင်တယ်။ ရိက္ခာတွေ တင်ခွင့်မပြုတော့ အဲထဲက လူ ၁ ထောင်ကျော်က ငတ်ပြီး သေရုံဘဲ”လို့ ပြောပါတယ်။ သိန္ဒီမြို့မှာ တချို့ဒေသခံတွေ စစ်ဘေးရှောင်နေရတဲ့အချိန်မှာ ဆိုင်ထဲက ပစ္စည်းတွေကို ကားနဲ့ သူတို့တပ်ထဲကို သယ်ဆောင်သွားတယ်လို့ ၎င်းက ဆိုပါတယ်။ ၁ဝ၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ ဒီနေ့ နိုဝင်ဘာ ၂၁ ရက် အထိ ၂၆ ရက်အတွင်း ရှမ်းမြောက်မှာ စစ်ရှောင်ဦးရေ ၅ သောင်းနီးပါးရှိလာပြီး စစ်ရှောင်တွေ အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေပါတယ်။ https://www.facebook.com/photo/?fbid=670404275266840&set=pcb.6704043752 66830
၁၈။ သရက်ချောင်းမှာ ဝဲရစ်ရွာသားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ
     November 20, 2023

သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာက အမျိုးသားတစ်ဦးကို အမည်မသိလူနှစ်ဦးက မေးစရာရှိတယ်လို့ ခေါ်ဆောင်သွားပြီး နောက် ​သေနတ်နဲ့ပစ်သတ်လိုက်တယ်လို့ ဒေသခံ​​တွေကပြောပါတယ်။ ပစ်သတ်မှုက ဒီကနေ့မနက် ၈ နာရီခွဲလောက်မှာ ဖြစ်ပွါးခဲ့တာဖြစ်ပြီး အသတ်ခံရသူက အသက် ၄၈ နှစ်ဝန်းကျင်အရွယ်ရှိ ကိုတင်ဇော်ဆိုသူ ဖြစ်ပါတယ်။ အမည်မသိ အမျိုးသားနှစ်ဦးက ကိုတင်ဇော်ကို မေးစရာရှိတယ်ဆိုပြီး သူ့ရဲ့နေအိမ်ကနေ လာရောက်ခေါ်ယူသွားခဲ့တာဖြစ်ပြီး မိနစ်ပိုင်း အတွင်းမှာပဲ သေနတ်ပစ် ခတ်သံ သုံးချက်ထွက်ပေါ်ခဲ့ကာ လမ်းပေါ်မှာသေဆုံးနေတဲ့ ကိုတင်ဇော် အလောင်းကို ရွာခံတွေက တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ “စကားကိုယဥ်ယဥ်ကျေးကျေးပြောပြီး အေးဆေးပဲလာခေါ်တာတဲ့။ သူကလည်းအေးဆေးပဲ လိုက်သွားတာလေ”လို့ ဝဲရစ်ရွာခံ တစ်ဦးက ပြောပါတယ်။

ကိုတင်ဇော်ဟာ ရငဲရွာသားဖြစ်ပြီး ဝါရစ်ရွာသူနဲ့အိမ်ထောင်ကျတာကြောင့် ဝါရစ်ရွာမှာ ဥယျာဥ်ခြံလုပ်ငန်းလုပ်ကိုင်ပြီး လာ ရောက်နေထိုင်နေသူဖြစ်တယ်လို့ ရွာခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ လက်ရှိမှာလည်း ဝါရစ်ရွာကဘုန်းကြီး ကား မောင်းနေသူဖြစ်တယ်လို့လည်း ရွာခံတွေ ပြောပြလို့ သိရပါတယ်။ ကိုတင်ဇော်မှာ သားသမီးတွေရှိပြီး အငယ်ဆုံးသမီး ဖြစ်သူက တော့ အသက် ၆ နှစ်ဝန်းကျင်သာရှိသေးတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ အခုလ ၈ ရက်နေ့ ကလည်း သရက် ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးစိုး​​ဝေကို အမည်မသိအဖွဲ့တစ်ခုက ပစ်သတ်ခဲ့ပါသေးတယ်။ သရက်ချောင်းမှာ လက်သည်မပေါ်ဘဲပစ်သတ်ခံရတဲ့ဖြစ်စဥ်တွေ အရင်ကလည်းရှိခဲဖူးပါတယ်။ https://www.facebook.com/photo/?fbid=369243305493425&set=a.196212682796489

၁၉။ ကျောက်ဖြူတွင် ရေကြောင်းသွားလာခွင့်နှင့် ငါးဖမ်းခြင်း၊ မြို့အတွင်း  ၂၄ နာရီသွားလာခွင့်များကို စစ်ကောင်စီ         ပိတ်ပင်
 November 20, 2023

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်က ကျေးရွာအုပ်စုနှင့် မြို့ပေါ်ရပ်ကွက်အချို့ကဒေသခံများကို ငါးဖမ်းခြင်း မြို့နှင့် ထိစပ် သည့် ကမ်းခြေတစ်လျှောက်သွားခြင်းများမပြုလုပ်ရန် စစ်ကောင်စီမှ နိုဝင်ဘာ ၁၉ ရက်နေ့က အမိန့်ထုတ်ပြန်လာသည်။ ကျောက်ဖြူမြို့နယ်ရှိ လိပ်ခမော်ကျေးရွာအုပ်စု၊ ဂုံးချွိန်ကျေးရွာအုပ်စု၊ နတ်ကျောက်ကမ်းခြေ၊ ဆိတ်ကျွန်းသာသနာ ၂၅၀၀ ကမ်း ခြေ၊ စေတီရပ်ကွက်၊ အစိုးရရပ်ကွက်၊ သန်ပန်ချောင်းရပ်ကွက်၊ မြစ်နားတန်းရပ်ကွက်၊ ကုလားပိုက်ဆိပ်ရပ်ကွက်၊ ပြင်ဖြူမော် ရပ်ကွက်၊ ကညင်တောရပ်ကွက်၊ ငလပွေ့ရပ်ကွက်၊ စိုင်ခြုံကျေးရွာအုပ်စုတို့တွင် ၂၄ နာရီပတ်လုံး သွားလာခွင့် မပြုဟု အမိန့်ထား လာသည်။ ထို့အပြင် အောင်စေတီရွာ၊ ကပ်သပြေကျေးရွာအုပ်စု၊ ကန္ဒီးအုပ်စုနှင့် မြို့နှင့်ထိကပ်သည့် ကမ်းခြေများ၊ သံဇစ်မြစ် တွင်းကမ်းခြေများတွင်၊ စက်လှေ၊ လက်လှေ၊ ကမ်းဝေးငါးဖမ်းလှေ၊ ဘုတ် စသည်တို့သွား လာခြင်း များမပြုလုပ်ရန်နှင့် ငါးဖမ်းခြင်း မပြုလုပ်ရန် စစ်ကောင်စီ က ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ ယမန် နေ့ ကစတင်ကာ ကျေးရွာအုပ်စုများနှင့် ရပ်ကွက်များကို အကြောင်းကြာလာမှုရှိပြီဖြစ်သည်ဟု ဂုံးချွိန်အုပ်စုမှ အုပ်ချုပ်ရေး မှူး ကပြောသည်။ ” မနေ့ကအကြောင်းကြား ထားလို့ ဒေသခံတွေသိထားကြပါပြီ”ဟုပြောသည်။ ကျောက်ဖြူအတွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး မျိုးမင်းထွဏ်းက လက်မှတ်ထိုးထုတ်ပြန်ထားခြင်းဖြစ်ပြီး အမိန့်စာမှာ လာ မည့် ဒီဇင်ဘာ ၁၉ ရက်နေ့အထိ အတည်ဖြစ်ကာ မလိုက်နာပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်သည်ဟု ပါရှိ သည်။

ငလပွေ့မှ ဒေသခံတစ်ဦးကမူ စစ်ကောင်စီမှ ယခုကဲ့သို့ လုပ်ဆောင်မှုမှာ ရေလုပ်သားများကို ဒုက္ခအတိ ရောက်စေရန် လုပ် သကဲ့သို့ဖြစ်နေသည်ဟု ပြောသည်။ “ဒီလိုလုပ်လိုက်တာကျနော်တို့အတွက် ဘယ်လိုမှ အဆင်မပြေဘူး ပြီးတော့ ရက်ပိုင်း လည်း မဟုတ်ဘူး။ လနဲ့ချီကန့်သတ်ခံရတော့ ရေလုပ်ငန်းနဲ့ အသက်မွေးနေတဲ့ ကျနော်တို့ကို ဒုက္ခရောက်အောင်လုပ်လိုက် သလိုပဲ” ဟုပြောသည်။ ကျောက်ဖြူမြို့နယ်သည် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက် စစ်ရေးအရ တင်းမားမှုမရှိသည့် မြို့နယ်တစ်ခုဖြစ်သော်လည်း AAနှင့် ဆက်စပ်သူများကို ဖမ်းဆီးရန် လုပ်နေသလို တစ်ဖက်တွင်လည်း ကျောက်ဖြူ မြို့နယ်တွင် တရုတ်၏ မဟာ စိမံကိန်းများရှိသည့်နေရာတစ်ခုလည်း ဖြစ်သည်။  ဤထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကျောက်ဖြူမှ ရပ်မိရပ်ဖတစ်ဦးကမူ လက်နက်အားကိုးဖြင့် ပြည်သူကိုအနိုင်ကျင့်ခြင်းမျိုးသာဖြစ်သည်ဟု ပြောသည်။ “ရခိုင်ပြည်မြို့နယ် ၁၁ ခုထဲက ကျောက်ဖြူကိုပဲ ခုလိုထုတ်ပြန်တယ်။ ဒီလောက် စားဝတ်နေရေးကျပ်တည်းပြီး အခက်ခဲဖြစ်နေကြတဲ့အချိန်မှာ ဒါက သပ်သပ်ပြည်သူလူထုကို ဒုက္ခရောက် အောင်လုပ်တာ။ သူတို့မှာ ပြဿနာတက်တာက တက်တာပဲ။ ပြည်သူတွေနဲ့မဆိုင်ဘူးလေ။ ခုက ပြည်သူတွေအခက်တွေ့အောင် ငါးမရှာရ၊ လှေမထွက်ရ လမ်းတွေကို ပိတ် ထားတယ်ဆိုတာက ပြည်သူတွေအတွက် အတော် နစ်နာတယ်။ ဒါတွေဟာ လက်နက်အားကိုးနဲ့ ပြည်သူကိုအနိုင်ကျင့် နေတာပဲ” ဟုပြောသည်။ https://www.facebook.com/ph oto?fbid=784883263651102&set=a.6 82731967199566
၂၀။ အိပ်နေတဲ့အချိန် လက်နက်ကြီးကျလို့ ကလေးငယ်တစ်ယောက်သေဆုံး
     November 21, 2023

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်က အုန်းစွမ်ရွာမှာ နိုဝင်ဘာ ၂၀ ရက်နေ့ ည၁၂ နာရီခန့် လူတွေအိပ်နေတဲ့အချိန် လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေးငယ်တစ်ယောက်သေဆုံးခဲ့ပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တွေ ဆီ ကသိရပါတယ်။ အဲ့ဒီလက်နက်ကြီးဟာ အုန်းစွမ်ရွာကနေ ဆိုင်ကယ်နဲ့ ၄၅ မိနစ်လောက်သွားရတဲ့ စစ်ကောင်စီရဲ့ မိုင်းငေါ့ တပ်စခန်းကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။“ည ၁၂ နာရီလောက်မှာ အိမ်ပေါ်ကိုကျတာ အိမ်လည်းတစ်ခြမ်းပြိုသွားတယ် ပြီးရင်ကလေး တစ်ယောက် သေတယ်။ သူ့မိဘနှစ်ယောက်ရယ် သူ့ရဲ့မိသားစုဝင်တစ်ယောက်သုံးယောက်ဒဏ်ရာရတယ်”လို့ ပြောပါတယ်။ သေဆုံးခဲ့ရတဲ့ ကလေးငယ်ဟာ ၆ တန်းအရွယ် ၁၄ နှစ်သာရှိသေးတဲ့ မလွေးမော်မော်စန်းဆိုသူဖြစ်ပြီး ရင်ဘက်ကိုထိမှန်ပြီး သေဆုံးခဲ့ရတာ ဖြစ်ပြီး နောက်ထပ် မိုင်းရဲလင်းနောင် အသက် ၁၈ နှစ်၊ ယာမြညွန့် အသက် ၄၈ နှစ် နဲ့ တာထွန်းလှ အသက် ၅၀ အရွယ်တို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ သတင်းပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အခုလို လက်နက်ကြီးပစ်ခတ်ခံနေရတဲ့ နမ့်ဆန်မြို့နယ်မှာတော့ တစ်စုံတစ်ရာတိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ တအာင်း အမျိုး သမီးအဖွဲ့အစည်းက တာဝန်ရှိသူတစ်ယောက်က အခုလိုပြောပါတယ်။“အဲ့ဘက်မှာက စစ်တပ်ဘက်ကထင်တာ TNLA က အဲ့ဘက်မှာရှိနေတယ် နေရာချတယ်လို့ သူတို့ဘက်က ထင်ပုံရတယ် ဒါကတော့ ကျမရဲ့ တစ်ဦးတစ်ယောက်အမြင်ပါ အဲ့အုန်း စွမ် ကတော့ဘာမှမရှိဘူး ရွာကကြီးပေမဲ့ ဘာမှမရှိသလို တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး” လို့ပြောပါတယ်။ လက်ရှိ ရှမ်း ပြည်မြောက်ပိုင်းတစ်ခွင်မှာ မြောက်ပိုင်းညီနောင်၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးတဲ့နောက်ပိုင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေကြောင့် ရှမ်းပြည် မြောက်ပိုင်းမှာ သေဆုံးခဲ့တဲ့အရပ်သား ၅၀ ကျော်ရှိပြီလို့ သျှမ်းကျောင်းသားသမဂ္ဂက ပြုစုထားတဲ့ စာရင်းတွေအရသိရပါတယ်။ https://burmese.kachinnews.com/2023/11/21/am1-64/
၂၁။ အင်ဂျန်းယန်မြို့အတွင်းက စစ်ကောင်စီတပ်ရင်းနှင့် ရဲစခန်းတစ်ခုလုံးက တာဝန်ကျတပ်သားများ လုံခြုံရေးကြောင့် တပ်စခန်းများမှ စွန့်ခွာ
 November 21, 2023

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့အတွင်းက စစ်ကောင်စီတပ်စခန်းနှစ်ခုနဲ့ ရဲစခန်းမှာ တာဝန်ထမ်း ဆောင် နေသူအားလုံး နိုဝင်ဘာလ ၂၀ ရက်နေ့မှာ တပ်စခန်းတွေကနေ အသီးသီးထွက်ခွာသွားကြပြီလို့ အင်ဂျန်းယန်ဒေသခံ ပြည်သူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ အင်ဂျန်းယန်မြို့နယ်အတွင်းက အင်ဂျန်းယန်မြို့ထိပ်နဲ့ ဇွပ်မိုင်ယန်(၁၆မိုင်) စစ်ကောင်စီတပ်စခန်းတွေမှာ စစ်ကောင်စီတပ်သားတွေအပြင် ပြည်သူ့စစ်တွေပါ ပူးပေါင်းတပ်စွဲနေပြီး အင်အားစုစုပေါင်း ၁၀၀ ကျော်ရှိတဲ့အပြင် ရဲစခန်းမှာတော့ ရဲတပ်သား ၁၀ ယောက်ကျော်လောက် နေထိုင်တယ်လို့လည်း သိရပါတယ်။ နိုဝင်ဘာလ ၁၉ ရက်နေ့ကနေ ပစ္စည်းရွှေ့တာတွေ လုပ်ဆောင်နေပြီး နိုဝင်ဘာလ ၂၀ ရက်နေ့မှာတော့ တပ်စခန်းတွေကနေ ရွှေ့ပြောင်းသွားကြ တာ ဖြစ်တယ်လို့ အင်ဂျန်းယန်ဒေသခံပြည်သူတစ်ဦးကအခုလိုပြောပါတယ်။ ” အရှင်းကို ရွှေ့သွားကြပြီ။ ရဲတွေရော၊ စစ်သား တွေရော အရှင်းဟုတ်ပြီ။ ရဲစခန်းကတော့ သပ်သပ်ဟုတ်တယ်”လို့ ဒေသခံက ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်စခန်းဟာ အင်ဂျန်းယန်မြို့နယ်အတွင်း တပ်ခန်းချနေထိုင်တာ ၂ နှစ်လောက်ရှိနေပြီဖြစ်ပြီး စခန်းစ ထိုင်ချိန်က မိုးညှင်းတပ်ရင်း ၁၄၀ က တပ်သားတွေ ဝင်ရောက်နေထိုင်တယ်လို့ ကြားသိရပေမဲ့ လက်ရှိအချိန်မှာတော့ ပြည်သူ့စစ် စစ်သားတွေပါ ပူးပေါင်းနေထိုင်နေတဲ့အတွက် တပ်ရင်းဘယ်လောက်က တပ်သားတွေပါဝင်တယ်ဆို အတိ အကျပြောဆိုဖို့ ခက်ခဲ တယ်လို့ ဆိုပါတယ်။ ရရှိထားတဲ့ သတင်းအရ အထက်ပါ စစ်ကောင်စီ တပ်သားတွေဟာ အင်ဂျန်းယန်မြို့အနီးက ဂွေထော်တပ် စခန်းမှာ ရှိနေသေးတယ်လို့ ဆိုပါတယ်။ အခုလို အင်ဂျန်းယန်တပ်စခန်းတစ်ခုလုံး ရွှေ့ပြောင်းသွားတာဟာ စားနပ်ရိက္ခာသယ်ယူ ရရှိဖို့ အခက်အခဲရှိတာတွေ၊ တပ်အပြောင်းအရွှေ့လုပ်ဖို့ လမ်းခရီး ခက်ခဲ တာတွေကြောင့် ရွှေ့ပြောင်းသွားတာ ဖြစ်နိုင်တယ်လို့ လည်း အထက်ပါ ဒေသခံက ဆက်လက်ပြောပါတယ်။ “သူတို့က ကြားမှာနေသလို ဖြစ်သွားတာ။ သူတို့သွားလမ်းမှာ KIA ဘက် က တပ်စခန်းအကြီး ထိုင်လိုက်တော့ အစားအသောက် သယ်ယူဖို့ ခက်သွားတာ။ ကုန်ကားတွေတော့ရှိပေမဲ့ စားနပ်ရိက္ခာ မလုံ လောက်တော့ဘူး။ အပြင်ကိုလည်း သူတို့ထွက်မရ ဘူး။ တောထဲ တပ်ထဲမှာပဲနေရတော့ ဒုက္ခအရမ်းရောက်လို့နေမယ်”လို့ ဒေသခံ က ဆိုပါတယ်။ https://www.faceboo k.com/photo/?fbid=360225566684443&set=a.266001999440134
၂၂။ မြိတ်မြို့က CDM ကျန်းမာရေးဝန်ထမ်းတွေ ချေးငွေပြန်ဆပ်ဖို့ ဖိအားပေးခံနေရ
     November 20, 2023

မြိတ်မြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ CDM လုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ချေးငွေပြန်ဆပ်ဖို့ စစ်ကောင်စီဘက်ကဖိအားပေးနေတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။ အခုလဒုတိယပတ်အတွင်းမှာပဲ ကျန်းမာရေးဝန် ကြီး ဌာန၊ ခရိုင်ဦးစီးမှူးကနေ အမိန့်ပေးပြောဆိုလာတာဖြစ်ပြီး ချေးငွေတွေပြန်မဆပ်ရင် တရားစွဲပြီးထောင်ချမယ်ဆိုတာ ကိုပါ ရာထူး အဆင့်ဆင့်နှုတ်အမိန့်နဲ့ စကားပါးလာတာလို့ CDM ဝန်ထမ်းအဝန်းအဝိုင်းကတဆင့် သိရတယ်။ ပြန်ဆပ်ခိုင်းတဲ့ အဆိုပါ ချေးငွေ က NLD အစိုးရလက်ထက်၊ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလကစ ဆိုင်းငံ့ ၆ လ၊ ပြန်ဆပ်ကာလ ၁ နှစ်သတ်မှတ်ပြီး နိုင်ငံ့ဝန် ထမ်း(အမြဲတမ်း)တွေကို လုပ်အားခ ၂ လစာ အတိုးမဲ့ကြိုထုတ်ပေးခဲ့တဲ့ ငွေတွေဖြစ်ပါတယ်။“အကြောင်းကြားနေတာ ၂ ခေါက် ၃ ခေါက်ရှိနေပြီ။ ဒီတခေါက်လာမဆပ်ရင်တော့တရားရုံးမှာ တရားရင်ဆိုင်ရမယ်ဆိုပြီး ပြောတယ်။ ချေးငွေပြန်မဆပ်တဲ့သူတွေ စာရင်းနဲ့ရှိနေတယ်။ တရားရုံးကိုပို့မှာဆိုတော့ ကြောက်ဟိဆပ်လိုက်တယ်။” လို့ CDM ကျန်းမာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။ သုံးကြိမ်နီးပါး အကြောင်းကြားထားတယ်ဆိုတဲ့ ပြောဆို ချက်ကို CDM ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ တခါမှ မသိခဲ့ရသလို ဘယ်နေ့နောက်ဆုံးပြန်ဆပ်ရမယ်ဆိုတာတွေလည်း မသိရှိလို့ အခက်တွေ့နေတယ်လို့ အဆိုပါအမျိုးသမီးက ဆက်ပြောပါတယ်။ ချေးငွေယူထားတဲ့ Non-CDM ဝန်ထမ်းတွေ ကတော့ လစာထဲကနေ လစဉ်ပုံမှန် အနည်းအကျဉ်းပြန်ဆပ်နေ ကြတယ်လို့ ဆိုပါတယ်။

မြိတ်မြို့နယ်မှာ CDM ဝန်ထမ်းတွေ ဌာနအသီးသီးမှာ ရှိပေမယ့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်မှာရှိတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေလို တရားဝင်အမိန့်စာထုတ်ပြန်ထားတာမရှိဘဲ နှုတ်အမိန့်နဲ့ဖိအားပေးခံရတာမျိုး မတွေ့ရဘူးလို့ CDM ဝန်ထမ်းအဝန်းအဝိုင်းက ပြောပါတယ်။“ဆပ်မနိုင်လို့ ရှောင်ပြေးနေရတဲ့သူတွေလည်းရှိနေတယ်။ ချေးငွေပြန်မဆပ် ချင် တာတစ်ခုတည်းမဟုတ်ဘူး သူတို့အသိုင်းဝိုင်းကို ကြောက်နေကြရတာ။ သူတို့(ခရိုင်ဦးစီးမှူး)ဘက်က ဒီလိုတွေစလာနေ ပြီဆိုတော့ ဆပ်ဆပ်မဆပ်ဆပ် ဆွဲဖမ်းတာတွေလည်း ဖြစ်လာနိုင်တာပဲလေ။” လို့ တစ်မိသားစုလုံးရွှေ့ပြောင်းနေထိုင်နေရတဲ့ CDM ကျန်းမာရေးဝန်းထမ်းတစ်ဦးက ပြောပါတယ်။ မြို့ပေါ်မှာနေထိုင်တဲ့ CDM ကျန်းမာရေးဝန်ထမ်းအများစုက ချေးငွေ ပြန်ဆပ်နေ ကြရပြီး ရွှေ့ပြောင်းနေထိုင်နေကြတဲ့ ဝန်ထမ်းတချို့ကလည်း မြို့ပေါ်မှာကျန်ခဲ့တဲ့ မိသားစုဝင်တွေရဲ့ လုံခြုံရေး အတွက် ချေးငွေ ပြန်ဆပ်နေကြရတယ်လို့ ချေးငွေဆပ်ထားတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေဆီက သိရပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) ကတော့ CDM ဝင်ထားတဲ့ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ကြိုတင် ထုတ်ယူထားတဲ့ လစာတွေကို ပြန်ဆပ်စရာမလိုတဲ့ ချီးမြှင့်ငွေအဖြစ် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လကတည်းက ထုတ်ပြန်ကြေ ညာထားပါတယ်။ https://www.ဘ facebook.com/photo/?fbid=368720258879063&set=a.1962126 82796489

၂၃။ ရခိုင်တွင် စစ်ကောင်စီ လမ်းပိတ်ထား၍ ကုလအကူအညီ ရပ်ဆိုင်းထားရ
    November 20, 2023

ရခိုင်ပြည်အတွင်း လမ်းပန်းဆက်သွယ်ရေးများကို စစ်ကောင်စီက ပိတ်ပင်ထား၍ ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီများ ရက်အတန်ကြာ ရပ်ထားရကြောင်း ယူအန်အိုချာ မြန်မာက ထုတ်ပြန်ထားသည်။ ရန်ကုန်-စစ်တွေနှင့် ရခိုင်ပြည်အတွင်း မြို့နယ်များကို သွားရောက်နိုင်သည့် အဓိက သယ်ယူ ပို့ဆောင်လမ်းကြောင်းနှင့် ရေလမ်းများ မှာ ကန့်သတ်ခံထားရသည့်အတွက် အရပ်သားများ ရွှေ့လျားသွားလာရေးနှင့် လူသားချင်းစာနာမှုအကူအညီများကို ထိခိုက် စေသည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့က ယူအန်အိုချာ မြန်မာက ထုတ်ပြန်ထားသည်။ လူသားချင်းစာနာမှု အကူ အညီများကို အကန့်အသတ်ကြားမှ သွားရောက်ခွင့်ရှိသည့် ဒေသများသို့ပင် တိုက်ပွဲများပြင်းထန်နေ၍ ရက်အတန်ကြာ ရပ်ဆိုင်ထားရသည်ဟု ကုလက ပြောသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က “လူသားချင်းစာနာထောက်ထားမှု အရေးပေါ် အကူအညီများနှင့် မဖြစ် မနေ လိုအပ်သည့် ဝန်ဆောင်မှုများ ပေးအပ်ဆောင်ရွက်နိုင်ရေးအတွက် လမ်းကြောင်းအားလုံး ကနေ အတားအဆီးမရှိ ဝင်ရောက် သွားလာခွင့်ရဖို့ကိုလည်း တောင်းဆိုသည်” ဟု ပြောသည်။  ရခိုင်နှင့် ပလက်ဝဒေသတွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲများ ကြောင့် နေရပ်စွန့်ခွာရသူ အရပ်သား ၉၀၀၀၀ ကျော်အထိ မြင့်တက်လာပြီး ယင်း အထဲက ၂၉၀၀၀ ကျော်မှာ အပစ်ရပ်ပျက်သွား ပြီးနောက် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ထွက်ပြေးလာရသူများဖြစ်သည်။

ယင်းအပြင် ရပ်ရွာအသိုင်းအဝိုင်းများကြား ကာလရှည်ကြာ တင်းမာမှုများကြောင့် ရခိုင်ပြည်အတွင်း နေရပ်စွန့်ခွာခဲ့ရ သည့် မွတ်ဆလင် ဒုက္ခသည် ၁၅၀၀၀၀ နီးပါးလည်း ရှိနေပြီး ၎င်းတို့လည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေ ကြသည်ဟု ယူအန်အိုချာက ဆိုသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရပ်ရွာများနှင့်နေရာများသို့ ကုလက လူသားချင်းစာနာမှု များကို ကူညီပေးနေပြီး လတ်တလောတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသူများကိုလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီများအရေးတကြီးပေးရန် လိုအပ်နေသည်ဟု ကုလက ထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၁၃ ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့ အတွင်း ကုလစာရင်းမှာ ရခိုင်ပြည်အတွင်း နေရပ်စွန့်ခွာရသူ ၂၆၀၀၀ ရှိသည့်အနက် ၁၉၀၀၀ ခန့်မှာ ပေါက်တော မြို့နယ်ကဖြစ် ပြီး ကျန်နေရပ်စွန့်ခွာရသူများမှာ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ် တို့က ဖြစ်သည်ဟု သိရသည်။ ရခိုင်တွင် တိုက်ပွဲများ ယခုထက် ပြင်းထန်လာပါက နေရပ်စွန့်ခွာရသူ ပိုများပြားလာနိုင်ပြီး ပိတ်မိ နေသူများမှာလည်း အန္တရာယ်ရှိနေကြောင်း ကုလကပြောသည်။ လက်ရှိ ပေါက်တောမြို့တွင် ပိတ်မိနေသည့် အရပ်သား ရာ ဂဏန်းအထိရှိပြီး ယင်းအထဲက ၁၀၀ ကျော်မှာ စစ်ကောင်စီတပ်ထံ မတရားဖမ်းဆီးခံထား ရပြီး ၎င်းတို့အားလုံးသည် စစ်ကောင်စီ တပ်၏ အဘက်ဘက်မှ ပိတ်ဆို့မှုများနှင့် အတူ လျှပ်စစ်မီးအပါအဝင် အစာရေစာ ဖြတ်တောက်မှုများကို ခံနေရသည်ဟု သိရ သည်။  https://www.facebook.com/photo/?fbid=78493924 3645504&set=a.682731967199566

၂၄။ မိုးဗြဲနဲ့ လွိုင်ကော် ဒေသခံတွေ အမြန်ဆုံး တိမ်းရှောင်ဖို့ KHAI ကယ်ဆယ်ရေးအဖွဲ့ တိုက်တွန်း
     November 21, 2023

ကရင်နီပြည်၊ လွိုင်ကော်မြို့နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့က ဒေသခံတွေ အမြန်ဆုံး တိမ်းရှောင်ကြဖို့ ကရင်နီ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့-KHAI က ဒီကနေ့ နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းမှာ တိုက် တွန်းလိုက်ပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်တဲ့ ‘၁၁၁၁ စစ်ဆင်ရေး’ ကာလ ကရင်နီ တော်လှန်ရေး အင်အားစု တွေနဲ့ စစ်ကောင်စီတပ် ပြင်းထန် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အရပ်သားတွေ မကြာခဏ လက်နက်ကြီး ထိမှန် သေဆုံးတာ တွေကြောင့် အခုလို တိုက်တွန်းတာလို့ ဆိုပါတယ်။“အခုက မြို့သိမ်း တိုက်ပွဲ ဖြစ်တယ်။ စစ်တပ်ရှိတဲ့ နေရာတိုင်းကို သူတို့ က ဝင်ပြီးတိုက်ပွဲဖော်မယ်ဆိုတော့ အဲဒါ သူတို့အတွက် စိတ်ပူတော့ တွန်းအားပေးတာပေါ့။ တချို့ ပြည်သူတွေက နားလည် တယ်။ ကြောက်ကြ တယ်။ ထွက်ကြတယ်။ တချို့ ပြည်သူတွေကျလည်း အမြင်စောင်းတယ်ပေါ့။ ခြိမ်းခြောက်တာလား၊ ဘာလား ညာလားပေါ့။ အခု လက်တွေ့ ကြုံနေရတာပဲလေနော်။ ပြည်သူတွေ အများကြီး ကြောက်နေကြတယ်။ ကျနော်တို့ က ထွက်လို့ရတဲ့လူ မှန်သမျှ ထွက် စေချင်တယ်။ လုံးဝထွက်လို့ အဆင်မပြေဘူး ဆိုရင်လည်း တိုက်ပွဲ မဖြစ်နိုင်တဲ့ နေရာ တွေ၊ စစ်ကောင်စီနဲ့ ဝေးတဲ့နေရာတွေမှာ ရှောင်နေကြပါလို့ တိုက်တွန်းချင်တာပေါ့နော်” လို့ KHAI ပြန်ကြားရေး တာဝန်ရှိ သူ တစ်ဦးက ပြောပါတယ်။

လက်ရှိ KHAI အနေနဲ့ မြေပြင် ကယ်ဆယ်ရေးအဖွဲ့၊ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ-KSC၊ Free Burma Ranger စတဲ့ အဖွဲ့တွေနဲ့ အတူ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ပူးပေါင်း ဆောင်ရွက်နေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ အဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။“ကျနော်တို့က လူအင်အားပဲ များတယ်ပေါ့နော်။ ကျနော်တို့မှာ ရှိ သလောက်နဲ့ ဝိုင်းကူနေရတယ်။ အခုလည်း ဖိတ်ခေါ်ပါတယ်။ ကူနိုင်တဲ့ အဖွဲ့တွေ မြေပြင်မှာ စစ်ဘေး ရှောင်တွေကို ဝိုင်းပြီးတော့ ကူညီလုပ်ဆောင်ပေးမယ်။ သူတို့ လိုအပ်နေတဲ့ နေထိုင် စားသောက်ဖို့ စောင်၊ ခြင်ထောင်၊ အဝတ်အစားကအစပေါ့နော်။ ပြီးတော့ ဆန်၊ ဆီ၊ ဆား ကအစ နေ့တိုင်း ကူနေရတယ်ပေါ့နော်။ ငွေကြေးပေါ့နော်၊ တအား ကုန်တယ်။ သွားကယ်ရတဲ့ အခါမှာ တစ်ရက် တစ်ရက် ဆီဖိုး နည်းတာမဟုတ်ဘူးပေါ့။ ရှိတာနဲ့ မလုံလောက်ဘူးပေါ့” လို့ သူက ရှင်းပြပါတယ်။ နိုဝင်ဘာလ ၁၁ ရက်ကနေ ဒီနေ့ အထိ လွိုင်ကော်နဲ့ မိုးဗြဲမြို့ကနေ စစ်ဘေးရှောင်သူ ၅၀,၀၀၀ နီးပါး ရှိလာပြီး ညောင်ရွှေမြို့ တစ်မြို့တည်းမှာ လူဦးရေ ၄,၅၀၀ ကျော် ခိုလှုံနေကြတယ်လို့ စုံစမ်းသိရပါတယ်။ https://www facebook.com/photo/?fbid=372272078492576&set=pcb .372272121825905
၂၅။ စစ်ဘေးဒုက္ခသည်တွေကို ငွေကြေးအမြောက်အမြားသုံးပြီး ကူညီနေတယ်လို့ တရုတ်ပြော
     November 20, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီ ပေးဖို့ လူအင်အားရော၊ ငွေအင်အားပါ အများအပြားသုံးနေတယ်လို့ တရုတ်အစိုးရက ပြောပါတယ်။ အဲဒီမှာ ပိတ်မိနေတဲ့ နိုင်ငံ ခြားသားတွေကို တရုတ်နိုင်ငံကနေတစ်ဆင့် သူတို့ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့ဖို့၊ စစ်ဘေးဒုက္ခသည်တွေကိုလည်း တရုတ်ဘက်ခြမ်းမှာ ခိုလှုံခွင့်ပေးပြီး ထောက်ပံ့ထားဖို့၊ အရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်မသွားဖို့ လုပ်နေတယ် လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက နိုဝင်ဘာလ ၂ဝ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ရှမ်းပြည် နယ်မြောက်ပိုင်းက တိုက်ပွဲတွေကို အနီးကပ်စောင့်ကြည့်နေပြီး အမြန်ဆုံးရပ်တန့်သွားအောင် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တွေ နှစ်ဖက်စလုံး တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့၊ ပြည်သူ လူထု အကျိုးစီးပွားအတွက် စကားဝိုင်းမှာ ထိုင်ဆွေးနွေးပြီး အဖြေရှာကြဖို့ တရုတ်အစိုးရက လိုလားတယ်လို့လည်း တရုတ်နိုင်ငံ‌ ခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ မြန်မာပြည်ငြိမ်းချမ်းရေးရရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်း ခဲ့ပါ တယ်။ ရှမ်းပြည်မြောက်ပိုင်းမှာပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားအယောက် ၂ဝဝ ကျော်ကို တရုတ်နိုင်ငံကတစ်ဆင့် ပြန်ခေါ် ပေးဖို့ ထိုင်းနဲ့ တရုတ်အစိုးရတို့ကြား သဘောတူခဲ့ပြီး အဲဒီပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေကို နေရပ်ပြန်ပို့နိုင်ခဲ့ပါတယ်။ အောက်တို ဘာလ ၂၇ ရက်နေ့ကစလို့ ဒီနေ့ထိ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဆက်ပြင်းထန်နေပါတယ်။ တိုက်ပွဲကြား ထွက်ပြေးနေ ရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ နယ်စပ်တရုတ်ဘက်ခြမ်းက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတာ ဖြစ်ပါတယ်။ https://www. rfa.org/burmese/news/shan-refugees-china-11202023101731.html
၂၆။ စစ်ရေးတင်းမာနေသည့် ပေါက်တောမြို့တွင် စစ်ကောင်စီနှင့် AA တိုက်ပွဲဖြစ်
     November 21, 2023

ပေါက်တောမြို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ ယနေ့ (နိုဝင်ဘာ ၂၁ ရက်) မွန်းတည့် ၁၂ နာရီ ကျော် ကစပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပေါက်တောမြို့တွင် နိုဝင်ဘာလ ၁၆ ရက်က မြို့မရဲစခန်း ကို AA က သိမ်းပိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ ယင်းနောက် နှစ်ဖက်စစ်ရေးတင်းမာနေပြီး ၆ ရက် မြောက်နေ့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း မြို့ထဲတွင်ရှိနေသည့် သတင်းရင်းမြစ်က ပြောသည်။“အခု မြို့ထဲ မှာ တိုက်ပွဲဖြစ်နေ တယ်။ အပြန်အလှန်ပစ်ခတ်သံတွေ ကြားနေရတယ်။ နေဗီက လက်နက်ကြီး၊ လက်နက်ငယ်ပစ်သံတွေ ကြားရတယ်။ ကျနော်တို့ လည်း အပြင်မထွက်ရဲဘူး” ဟု ပေါက်တောမြို့ထဲတွင် ပိတ်မိနေသည့် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ တိုက်ပွဲဖြစ်ပွားသည့် နေမှစ၍ ယနေ့အထိ ပေါက်တောမြို့ပေါ်တွင် ပိတ်မိနေသည့် ဒေသခံ ၅၀၀ ခန့်ရှိနေပြီး လက်ရှိ တိုက်ပွဲများကြောင့် စိုးရိမ်စိတ်မြင့် တက်နေကြသည်။

မြို့တွင်းပိတ်မိနေသူ နောက်တစ်ဦးက “တိုက်ပွဲဖြစ်နေတဲ့အတွက် ပိတ်မိကျန်နေခဲ့တဲ့ ဒေသခံတွေအနေနဲ့ စိုးရိမ်မှုရှိပါ တယ်။ အခုက ဆန်လည်းကုန်သွားပြီ။ စားနပ်ရိက္ခာတွေလည်း အကုန်လုံးပြတ်လပ်နေပြီ။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ ကယ်ထုတ်ပေးစေချင်တယ်” ဟု ဆိုသည်။ စစ်ကောင်စီဝါဒဖြန့် Telegram Channel များတွင်လည်း လက်ရှိအချိန် ရခိုင်ပြည် နယ်၊ ပေါက်တောမြို၌ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ရေးသားထားသည်။ လက်ရှိတွင် ပေါက်တောမြို့ အတွင်း ပိတ်မိနေဆဲ အရပ်သား ၅၀၀ ခန့်နှင့် စစ်ကောင်စီက ဖမ်းဆီးထားသည့် လူဦးရေ ၁၀၀ ကျော်ခန့် ရှိကြောင်းသိရ သည်။ https://www.faceb ook.com/photo/?fbid=736463871860545&set=a.643209801185953

၂၇။ ရွှေကူမှာ ရွှေတူးဖော်တာတွေကြောင့် မြစ်ကမ်းနံဘေးမှာရှိတဲ့ ဒေသခံများရဲ့စိုက်ခင်းများပျက်စီးမှုပိုများလာ
     November 20, 2023

ကချင်ပြည်နယ် ရွှေကူမြို့အရှေ့ဘက် ဧရာဝတီမြစ်ကြောင်းပေါ်မှာ တရားမဝင်ရွှေတူးဖော်တာတွေ ပြန်ပြီးတူး‌ဖော် နေတာ ကြောင့် မြစ်ကမ်းနံဘေးကနေထိုင်တဲ့ ဒေသခံပြည်သူများရဲ့ စိုက်ခင်းပျက်စီးတာတွေပိုများလာနေတယ်လို့ ရွှေကူဒေသခံ တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလလောက်ကစပြီး ရွှေကူဒေသတွင်းက လုပ်ငန်းရှင်တစ်ချို့အပါအဝင် တစ်ခြား ဒေသ က လုပ်ငန်းရှင်‌တွေဟာ ရွှေကူမြို့အရှေ့ဘက် ရေလှဲ၊ မိုးစစ် စတဲ့ကျေးရွာတွေနဲ့အနီးဝန်းကျင် ဧရာဝတီမြစ် ကြောင်း ပေါ်မှာ ရွှေဖောင်အစီးရေ ၂၀ လောက်နဲ့ ပြန်ပြီး တူးဖော်လာတာဖြစ်တယ်လို့ မိုးစစ်ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။ ”ခုပြန်တူး နေကြတယ် ရေလှဲ၊ မိုးစစ်တကြောတောက်လျှောက်ပါ့တူးနေတာ ရွှေဖောင်တွေကအပေါ်ဘက်လည်းရှိတယ် အောက်ဘက် လည်းရှိတယ်။ သူတို့တူးတာအကြောင်းမဟုတ်ဘူးဒေသခံတွေရဲ့ လယ်တွေ၊စိုက်ခင်းတွေဟာသူတို့ရွှေတူးလို့ ပျက်စီးနေပြီလေ။ ရေကြောင်းလည်းအရင်လို လမ်းမရှင်းတော့ဘူး ကမ်းနဲ့နီးတဲ့နေရာတွေတချို့နေရာဆို နှုန်းတွေတင်ပြီး သဲတောင်တွေ ပေါ်နေ တာ” လို့ ရွှေကူမြို့အရှေ့ဘက် မှာနေထိုင်တဲ့အမျိုးသားတစ်ဦးကပြောပါတယ်။

အဲ့ဒီရွှေတူးဖော်မှုကြောင့် ရွှေကူတစ်ဖက်ကမ်းက ရေလှဲ၊မိုးစစ်၊ စစ်တပ်စတဲ့ကျေးရွာတွေနဲ့ ရွှေကူမြို့အောက်ဘက်က ကျေးရွာနေပြည်သူတွေရဲ့ လယ်ယာမြေနှင့်စိုက်ခင်းတွေ ထိခိုက်ပျက်စီးတာ၊ကမ်းပါးပြိုကျတာ၊ စိုက်ခင်းနဲ့လယ်ခင်းတွေထဲ ရေ သွယ်တဲ့ ရေနှုတ်မြောင်းပျက်စီးတာတွေဖြစ်ပေါ်နေပြီး စိုက်ခင်းတွေထဲ မသန့်ရှင်းတဲ့ရေဝင်ရောက်မှုနဲ့ ရွှေတူးဖော်ရာ ကနေထွက်လာတဲ့ အမှိုက်တွေစိုက်ခင်းထဲဝင်ရောက်နေတာတွေကြောင့် ပြည်သူတွေအခက်အခဲ ဖြစ်နေရတယ်လို့သိရပါ တယ်။ ”သူတို့က ဒီဘက်ကမ်းကိုတော့မတူးဘူး ဟိုဘက်ကမ်းကိုကပ်ပြီးတူးကြတာ ဟိုဘက်ကမ်းက တောင်သူတွေတွက် တော့ ခက်ခဲတာပေါ့။ တချို့ ရွှေဖောင်တွေဆို စိုက်ခင်းတွေနဲ့နီးနီးလေးတူးနေကြတာ သူတို့ရဲ့တစ်နပ်စားရွှေတူးတာ အကြောင်းမဟုတ်ဘူး။ တောင်သူတွေ တစ်သက်လုံးလုပ်ကိုင်စားသောက်လာတဲ့ စိုက်ခင်းတွေပျက်စီးနေတာ တချို့မြေပြို လို့အခင်းတွေ ကပ်ပါသွားတာတွေရှိ တယ်”လို့ မံဝင်းကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။  လက်ရှိရွှေတူးနေတဲ့ တရားမဝင်ရွှေဖောင် အစီး ၂၀ ထက်မနည်း ရှိနေပြီး အဲ့ဒီရွှေဖောင်တွေဟာ စစ်ကောင်စီတပ်ကို အခွန်ဆောင်ပြီး တူးဖော် နေတာလို့ ရွှေကူမြို့နေအမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။  ”ဟိုနေ့ကလည်းအဲ့ရွှေဖောင်တွေဘက်ကို လက်နက်ကြီး တွေပစ်တယ် သူတို့မပေးအယူ မတည့်တဲ့ခါမျိုးမှာ တော့ အဲ့လိုပစ်တာခတ်တာတွေရှိတယ် ရွှေဖောင်တွေကို မီးရှို့တာတွေ ထိရှိတယ်”လို့ ပြောပါတယ်။ ရွှေကူမြို့နယ်မှာ ငဘတ်ဝ ကျေးရွာ အနီးမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်နောင်းပိုင်းမှစပြီး ရွှေတူး ဖော်ခွင့်ကို ရပ်နားထား‌ခဲ့ပေမယ့် စစ်ကောင်စီက အာဏာသိမ်း ပြီးနောက် ၂၀၂၁ ဇွန်လကနေစပြီး ရွှေဖောင်စီးရေ ၁၅၀ လောက်နဲ့ ပြန်လည်တူးဖော်လာကြတာဖြစ်ပါတယ်။ https://www.facebook. com/photo/?fbid=737625 288398745&set=pcb.737625471732060

၂၈။ ကရင်နီမှာ ပစ်ချလိုက်တဲ့ တိုက်လေယာဉ်မှ လေထီးနဲ့လွတ်မြောက်သွားသူ လေယာဉ်မှူးတစ်ဦး ဖမ်းမိ
    November 20, 2023

ကရင်နီပြည်နယ်မှာ နိုဝင်ဘာ ၁၁ ရက်က ပစ်ချခံရတဲ့ စစ်ကောင်စီ တိုက်လေယာဉ်မှူး ၂ ဦးထဲက တစ်ဦးကို တော်လှန်ရေး အင်အားစုတွေ မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်နီမြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ နိုဝင်ဘာ ၁၁ ရက် “၁၁၁၁ စစ်ဆင်ရေး” ပထမရက်မှာ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတိုက်လေယာဉ်ကို ပွိုင့် ၅ (၂)လက်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ချိန်ကျည်ထိမှန်ပျက်ကျခဲ့ရာလေယာဉ်မှူး ၂ ဦးလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။“အခုမိတဲ့တစ်ယောက်က စကစခွင် နားကို ဆင်းသွားတဲ့တစ်ယောက်ပါ။ သူကအစာရေစာပြတ်လတ်ပြီး တောထဲလျှောက်သွားနေတာ။ ကရင်နီတပ် ပေါင်းစုနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ်ရင်း ဖမ်းဆီစစ်ဆေးမိတာကနေ ပျက်ကျတဲ့ လေယာဉ်မှူးဖြစ် ကြောင်းသိရတာပါ။ ကျွန်တော်တို့နယ်မြေထဲဆင်းသွားတဲ့ တစ်ယောက်ကိုတော့လိုက်လံရှာဖွေနေဆဲပါ” လို့ သူကရှင်း ပြတယ်။

ဖမ်းဆီးရမိတဲ့ လေယာဉ်မှူးဟာ အသက် ၄၃ နှစ်အရွယ် ဗိုလ်မှူးအဆင့်ရှိသူ ခိုင်သန့်မိုး စစ်တက္ကသိုလ် အပတ်စဉ် (၄၄) ဆင်း ဖြစ်ပြီး နောက်ခုံကနေ စက်လက်နဲ့ ဗုံးတွေကြဲချမှုကိုတာဝန်ယူရတဲ့ နောက်ခုံ ပိုင်းလော့ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ တော့ အဆိုပါ လေယာဉ်မှူးကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ထိန်းသိမ်း စစ်ဆေးထားပြီး လုံခြုံတဲ့နေရာကို ပြောင်း ရွှေ့ထားတယ်လို့ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက လေယာဉ်ပျက် ခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်မှာလွတ်မြောက်သွားတဲ့ လေယာဉ်မှူးတွေနဲ့ အဆက်အသွယ်ရရှိကြောင်းပြောဆိုခဲ့ပေမယ့် လက်ရှိ အခြေအနေ နဲ့ ပက်သက်ပြီး တစ်စုံတစ်ရာပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။ https://www.facebook.com/photo/?fbid=3718062052 05830&set=pcb.371806675205783
၂၉။ စစ်ရေးအရ တော်လှန်ရေးအဖွဲ့တွေ ဖျက်ထားတဲ့ နောင်ချို-ကျောက်မဲလမ်းကို စစ်တပ်ပြန်ပြင်ပြီး အင်အားဖြည့်နေ
     November 20, 2023

စစ်ကောင်စီရဲ့ ထောက်ပံ့ရေးလမ်းကြောင်း ပျက်သွားတဲ့ ရှမ်းပြည်မြောက်ပိုင်း နောင်ချို-ကျောက်မဲလမ်းမကြီးကို စစ်ကောင်စီတပ်က ဘတ်ဖိုးကားနဲ့ ပြန်လည်ပြုပြင်ပြီး ကျောက်မဲမြို့မှာ အင်အားအများအပြား ဖြည့်တင်းနေတယ်လို့ မြို့ခံတွေ က ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစပြီး ၃ ရက်မြောက်နေ့မှာ တအာင်းလွတ်မြောက်ရေး တပ်မ‌တော် (TNLA) နဲ့ မန္တလေး PDF ပူးပေါင်းတပ်တို့ နောင်ချိုမြို့ ဂုတ်တွင်းတံတားကို တိုက်ခိုက်သိမ်းပိုက်ကာ ထိန်းချုပ်နိုင်ခဲ့ပြီး ထောက်ပံ့ ရေးလမ်းကို ဖျက်ဆီးခဲ့ပါ တယ်။ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က နောင်ချိုမြို့ကနေ အိမ်စီးကား၊ ၁၂ဘီးကား၊ တင့်ကား ၁ စီးနဲ့ အင်အား ၁၅၀ခန့် ကျောက်မဲမြို့ အမြောက်တပ် (၅၀၂) တပ်ထဲကို သယ်ဆောင် လာတယ်လို့ ကျောက်မဲမြို့ခံ တွေကပြောပါတယ်။“စစ်တပ်က ၁၂ ဘီကားတွေ ကြားညှပ်ပြီး အိမ်စီးနဲ့ရောလာတာ။ တော် တော်များတယ်။ အစိမ်းရောင် ကား တွေမတွေ့ဘူး။ တင့်ကားပဲတွေ့တယ်။ မိုင်းငေါ့လမ်းဘက်က ၅၀၂ ထဲတန်းစီသွားတာ တွေ့တယ်”လို့ ကျောက်မဲမြို့ခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

ဒါအပြင် ဒီကနေ့မနက် ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ကုန်တင်ကားနဲ့ ခရီးသည်ယာဉ်‌တွေကို လမ်းဖြတ်သန်း သွား လာခွင့် ပြုလိုက်ပါတယ်။ နောင်ချိုမြို့ထဲနဲ့ ဂုတ်တွင်းတံတားဘက်မှာ စစ်ကောင်စီတပ်က တပ်ပြန်စွဲထားပြီး စစ်ဆေးမှုတွေ တင်းကြပ်နေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။“မြို့ထဲမှာ စစ်တပ်က ပြန်ရောက်နေတာ။ ဂုတ်တွင်းမှာလည်း သူတို့ နေတာ ၄ ရက်လောက်ရှိပြီ။ သူတို့ အင်အားတွေ အများဖြည့်လာလို့ PDFတွေက လူထိမှာစိုးလို့ ပြန်နောက်ဆုတ် သွားကြတယ်။ အခုလည်း ကားတွေ သွားသွားလာလာဘဲ” လို့ နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ နောင်ချိုမြို့အဝင် မူးယစ်ဂိတ်တွေနဲ့ မြို့အနီးရှိ တပ်စခန်းတွေကို TNLA နဲ့ မန္တလေး MDY-PDF ပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၆ ဦးသေဆုံးခဲ့ပါတယ်။ https://www.facebook.com/phot o/?fbid=371797685206682&set=a.285900490463069

၃၀။ လွိုင်ကော်မြို့သိမ်းတိုက်ပွဲအတွက် KNDF စစ်ဗျူဟာ အမှတ်(၂) က “မုဆိုး” ကမ်ပိန်း ပြုလုပ်
      November 21, 2023

ကရင်နီပြည်ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့ လူအင်အား၊လက်နက်အင်အားနဲ့ ရိက္ခာလမ်းကြောင်းတွေကို ဖြတ် တောက် ဖို့အပြင် လွိုင်ကော်မြို့က စစ်ကောင်စီရဲ့ ယန္တာယားတွေကို မလည်ပတ်နိုင်အောင် တိုက်ခိုက်ရေးတွေလုပ်ဆောင်သွားဖို့ အတွက် ရည်ရွယ်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ စစ်ဗျူဟာ အမှတ် ၂ ကနေ ရန်ပုံငွေရှာဖွေတဲ့ အနေနဲ့ “မုဆိုး” ကမ်ပိန်းကို ပြုလုပ်နေပါတယ်။ ကရင်နီပြည်မှည ၁၁.၁၁ စစ်ဆင်ရေးစပြီးတဲ့နောက် ကရင်နီတော်လှန်ရေး တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်သားတွေဟာ နေ့စဥ်နဲ့အမျှ တိုက်ပွဲဖြစ်ပွားနေပြီး လွိုင်ကော်မြို့ကို သိမ်းနိုင်ဖို့အတွက် လုပ်ဆောင် နေတယ်လို့ လိုအပ်တဲ့ “မုဆိုး “ကမ်ပိန်းရဲ့ တာဝန်ခံတစ်ဦးကပြောပါတယ်။“ကျနော်တို့ ဒီကမ်ပိန်းရဲ့ အဓိက ရည်ရွယ်ချက်က တော့ ကျနော် တို့ ဒီ KNDF စစ်ဗျူဟာ အမှတ်(၂) အောက်မှာ ရှိတဲ့ တပ်ရင်း ၄ ရင်းကို စုပေါင်းပြီးတော့ စနိုင်ဘာ တစ်ဖွဲ့ ဖွဲ့စည်းမယ်။ စနိုင်ဘာ တပ်ဖွဲ့ကို ဗျူဟာ တစ်ခုအနေနဲ့ ကျနော်တို့ ဖွဲ့စည်းမယ်ပေ့ါနော်။ ပြီးတော့ ကျနော်တို့ ဒီကရင်နီပြည် မှာ ဝင်ရောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ လူအင်အား လက်နက်အင်အားနဲ့ ရိက္ခာလမ်းကြောင်းတွေကို ပိုပြီးတော့ ဖြတ်တောက်ဖျက်ဆီးနိုင်ဖို့ ပဲဖြစ်တယ်။ နောက်တစ်ချက်က လွိုင်ကော်မြို့ထဲမှာ ရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့အုပ်ချုပ် ရေးယန္တရားများ လုံးဝ လည်ပတ်ခြင်းမရှိနိုင်အောင် ကျနော်တို့ဖိအားပေးတိုက်ခိုက်ဖို့ဖြစ်တယ်။ အကြမ်းဖက် စစ်‌ကောင်စီ ရဲ့အထိုင် တပ်စခန်းကိုလည်း တိုက်ခိုက် ဖျက်ဆီးဖို့ပဲ ဖြစ်တယ်” လို့ “ကမ်ပိန်း” တာဝန်ခံက ဆိုပါတယ်။

မုဆိုး ကမ်ပိန်းဟာ KNDF ဗျူဟာ (၂) ဖြစ်တဲ့ KNDF တပ်ရင်း ၂၊ ၁၂၊ ၁၄၊ ၁၇ တို့က ဦးဆောင်တာဖြစ်ပါတယ်။ ကမ်ပိန်း ကာလကို ၂၀.၁၁.၂၀၂၃ ကနေ ၁၁.၁၂.၂၀၂၃ အထိ ၃ ပတ်ကြာပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ကမ်ပိန်းက နေ ကျပ်သိန်း တစ်သောင်း ရရှိလာဖိုက မျှော်မှန်းထားပြီး ရရှိလာတဲ့ ငွေတွေကို လွိုင်ကော်မြို့သိမ်းတိုက်ပွဲအတွက် အဓိက ဖြစ်တဲ့ လက်နက်ခဲယမ်း အရေးပေါ်အတွက် ထိရောက်စွာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။ KNDF စစ်ဗျူဟာအမှတ်(၂) ဟာ လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အဓိက တာဝန်ယူထားတဲ့ ဗျူဟာတစ်ခုဖြစ်ပြီး လက်ရှိ လိုအပ်နေတဲ့ လက်နက် ခဲယမ်းတွေအတွက် ပြည်သူတွေပါဝင်ပေးကြဖို့ကိုလည်း ကမ်ပိန်းတာဝန်ခံက တောင်းဆိုထား ပါတယ်။ https://www.kantar awaddytimes.org/%e1%80%9c%e1%80%bd%e1%80%ad%e1%80%af%e1%80%84%e1%8

၃၁။ လက်နက်နှင့်အတူ အလင်းဝင်လာသော စစ်ကောင်စီတပ်သား ၄ ဦးကို ကျပ် ၁၅ သိန်းစီ ကေအဲန်ယူချီးမြှင့်
      November 20, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ(၅)တွင် လက်နက် အပြည့် အစုံနှင့်အတူ ဘက်ပြောင်းအလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်(၄)ဦးကို တစ်ဦး လျှင် ငွေကျပ် ၁၅ သိန်းစီချီးမြှင့် ပေးအပ်ခဲ့ကြောင်း ကေအဲန်ယူ မူတြော်ခရိုင်က နိုဝင်ဘာလ ၁၉ ရက်၊ ယမန်နေ့တွင် ထုတ်ပြန်ထားသည်။ အဆိုပါ လက်နက် ချ အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်(၄)ဦးသည် တပ်မဟာ (၅) နယ်မြေအတွင်း အခြချလှုပ်ရှားသည့် ခြေမြန် တပ်ရင်း (ခမရ- ၃၄၀)မှ ဆန်းအောင်နှင့် အောင်မျိုးဇော်၊ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင် စောကျော်လိုနှင့် ခြေမြန် တပ်ရင်း (ခမရ-၃၄၁) တပ်မှ အောင်မျိုးဇော်တို့ ဖြစ်ပြီး လက်နက်အပြည့်အစုံနှင့်အတူ အလင်းဝင်လာသည့်အတွက် ဆုငွေများချီးမြှင့် ပေးခြင်း ဖြစ်ကြောင်း ကေအဲန်ယူက ပြောဆိုထားသည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ပြောဆိုချက်အရ ၎င်းတို့၏ တပ်ရင်းထဲနေစဉ် အထက်အရာရှိ တပ်ရင်းမှူး များ၏ အနိုင်ကျင့်ခြင်းများကို ခံရခြင်း၊ ဒေသခံအခွင့်အရေးများကိုလည်း ချိုးဖောက်မှုပြုလုပ်ရခြင်းအပြင် အထက်အရာရှိ ၏ မကြာခဏအပြစ်ရှာ အရေးယူခံရသည့်အတွက် မခံနိုင်သောကြောင့် KNU ထဲကို အလင်းဝင်လာခြင်းဖြစ်သလို BGF တပ်ဖွဲ့ ဝင်တစ်ဦးကလည်း ရှေ့တန်း ပို့ခံရချိန်တွင် ယခုလို ထွက်ပြေးပြီး အလင်းဝင်လာခြင်းဖြစ်ကြောင်း ကေအဲန်ယူ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုအလင်းဝင်လာသူ(၄)ဦးထံမှ MA-2 တစ်လက်၊ MA-နှစ်လက်၊ M-16 တစ်လက်နှင့်အတူ ကျည်ကဒ် ၁၇ ခု၊ ကျည်ဆံ ၉၄၀ ထောင့်ပါရှိကြောင်းလည်း ကေအဲန်ယူ တပ်မဟာ(၅) ထုတ်ပြန်ထား ချက်ထဲတွင် ဖော်ပြပါရှိသည်။ ယခုလ နိုဝင်ဘာလ ၁ ရက်မှ စတင်၍ ၁၅ ရက်အတွင်း ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေ ထဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်-KNLA နှင့် စစ်ကောင်စီ၊ BGF တပ်တို့အကြား တိုက်ပွဲပေါင်း (၂၅)ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။ https://kicnews.org/2023/11/%e1%80%9c%e1%80%80%e1%80%ba%e1%80%94%e1%8%80%ba%e1

၃၂။ ရခိုင် မြို့နယ် သုံးခုတွင် အရပ်သား ၂၀၀ နီးပါးကို စစ်ကောင်စီက လူသားဒိုင်းကာ အဖြစ် အသုံးပြုနေ
     November 20, 2023

ရခိုင်တွင် စစ်ရေးတင်းမာမှုရှိနေသည့် မြို့နယ်များထဲမှ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်နှင့် မောင်တောမြို့နယ်တို့ တွင် အရပ်သား ပြည်သူ စုစုပေါင်း ၂၀၀ နီးပါးကို စစ်ကောင်စီက လူသားဒိုင်းကာအဖြစ် အသုံးပြုလျှက်ရှိနေကြောင်း ခိုင်လုံ သည့် သတင်းရင်းမြစ်က ပြောသည်။ ပေါက်တောမြို့အတွင်း နေရာသုံးခုတွင် အရပ်သား ၁၀၀ ကျော်၊ ပုဏ္ဏားကျွန်း စစ်ကောင်စီ ၅၅၀ တပ်ရင်းအတွင်း အရပ် ၇၀ကျော်နှင့် မောင်တောမြို့နယ်၊ ငါးခူရဖက်တွင် ဌာနဆိုင်ရာဝန်ထမ်း ၁၀ ဦး ကျော်တို့ကို လူသားဒိုင်းကာ အဖြစ် အသုံးပြုနေခြင်းဖြစ်သည်။ ရက္ခိုင့်တပ်တော် AA မှ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်က ပေါက်တောမြို့ က မြို့မရဲစခန်းနှင့် ဌာနဆိုင်ရာများကို ထိန်းချုပ်ခဲ့ပြီးနောက် နေ့လယ်တွင် စစ်ကောင်စီက ရေတပ်၊ လေတပ် အင်အားအလုံး အရင်းဖြင့် ဝင်ရောက်လာကာ ညနေပိုင်းတွင် စစ်တပ်၊ ရဲ အင်အား ၁၆၀ ကျော်ဖြင့် ပြန်လည်ထိန်းချုပ်တပ် စွဲခဲ့သည်။ ယင်းနောက် ပိုင်း မြို့ပေါ်ရှိ ဒေသခံအရပ်သားများမှာ နီးစပ်နေရာများကို အပြေးအလွှားထွက်ပြေးနေကြပြီး တစ်ချို့ မြို့အတွင်း လက်ရှိအချိန် အထိ ပိတ်မိနေကာ ပိတ်မိနေသည့် မြို့ခံများမှာ စစ်ကောင်စီက မြို့ပေါ်က ထွက်ခွင့်မပေး ဘဲ လူပေါင်း ၁၀၀ ကျော်လောက်ကို လူသားဒိုင်းကာအဖြစ် အသုံးပြုထားကြောင်း ထွက်ပြေးလွတ်မြောက်လာသူများက ပြောသည်။

လုံခြုံရေးအရ အမည်ဖော်လိုသည့် လူမှုကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက “စစ်ကောင်စီတပ်က ပေါက်တောမြို့ပေါ်က အရပ်သားတွေကို နေရာသုံးခုမှာ ခွဲပြီးတော့ထားပါတယ်။ လောကထိပ်ပန်ဘုရား၊ စိုက်ပျိုရေးရုံးရယ်၊ ပြီးတော့ မီးသတ်ရုံး တို့မှာ ထားတာပါ။ လျှပ်စစ်မီးတွေ ဖြတ်တောက်ထားတယ်။ ဖုန်းတွေကိုအကုန် သိမ်းဆည်ထားတယ်။ အပြင်ကိုလည်း ထွက်ခွင့်မပေး ဘူး”ဟုပြောသည်။ စစ်ကောင်စီက ရခိုင်ပြည် ပေါက်တောမြို့နယ်ကို နယ်မြေရှင်းလင်းရေး လုပ်မည်ဟုဆို၍ ကျေးလက်ဒေသက ပြည်သူများမှာ ထွက်ပြေးနေရပြီး တစ်ချို့ ပေါက်တောမြို့အတွင်း ပိတ်မိနေကြောင်း ၎င်းတို့ကို ပြန် လွှတ်ပေးရန် ANP နှင့် လူမှု အဖွဲ့အစည်းများက တောင်းဆိုထားသည်။  ထို့အပြင် ပုဏ္ဏားစစ်ကောင်စီတပ်ရင်း တစ်ခု ဖြစ်သည့် ၅၅၀ တပ်အတွင်းတွင် လည်း အရပ်သား ၇၀ ကျော်ကို အပြင်ထွက်ခွင့်မပေးတော့ဘဲ တပ်ရင်းအတွင်းနေထိုင် ခိုင်းစေထားကြောင်း  ၅၅၀ တပ်ရင်းရောက်ရှိနေ သည့် အမည်မဖော်လိုသူ ဆောက်လုပ်ရေး လုပ်သားတစ်ဦးက ပြောသည်။ “၅၅၀ တပ်ရင်းထဲမှာ လူပေါင်း ၇၀ ကျော်လောက် ရှိမယ်။ ဖြန့်ကျက်ပြီးတော့ ထားတာပါဗျ၊ ကျနော်တို့ ဆောက်လုပ်ရေး လုပ်သားက ၄၀ လောက်တော့ရှိတယ်။ နောက်ပြီး ထမင်း ချက်တဲ့အမျိုးသမီးတွေ၊ မြောင်းတူးတဲ့သူတွေ၊ စုစုပေါင်း ၇၀ ကျော်ရှိတယ်။ မနက်ကျရင် အလုပ်လုပ်တယ်။ ညကျရင် ပြကြ တာလေ။ အခု မပြန် ခိုင်းတာ ၂ ရက်လောက်ရှိပြီ။ ၁၃ ရက် နေ့ကတည်း မပြန်ခိုင်းတာပါ” AA က လာတိုက်ရင် ကျနော်တို့ လုပ်သားတွေအကုန်သေမှာ။ ကျနော်တို့ ထွက်ခွင့်ပေးဖို့ တောင်းဆိုပါတယ်”ဟုပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့ ရက္ခိုင့်တပ်တော် AAနှင့် စစ်ကောင်စီတို့ နှစ်ဖက် စစ်ရေးတင်းမာခဲ့ပြီးနောက် အာဏာသိမ်း စစ်ကောင်စီတပ်က အရပ်သားများ နေထိုင်သည့် မြို့ပေါ်ရပ်ကွက်များကို ရည်ရွယ် ချက်ရှိရှိ လက်နက်ကြီး လက်နက်ငယ်တို့ဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများဆက် တိုက်လုပ်နေပြီး အရပ်သားများလည်း သေဆုံးဒဏ်ရာရရှိမှုများရှိနေသည်။ https://www.facebook.com/photo?fbid=78498 9883640440&set =a.682731967199566

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button