သတင်း

လွိုင်ကော်တွင် (၄)ရက်ဆက် တိုက်ပွဲပြင်းထန် လျက်ရှိပြီး အရပ်သားသေဆုံးသူ(၂၀)ဦးအထိရှိလာ

လွိုင်ကော်တွင် (၄)ရက်ဆက် တိုက်ပွဲပြင်းထန်လျက်ရှိပြီး အရပ်သားသေဆုံးသူ(၂၀)ဦးအထိရှိလာ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ၊
နိုဝင်ဘာ ၁၄၊ ၂၀၂၃။
နိုဝင်ဘာလ (၁၁)ရက်နေ့မှစပြီး လွိုင်ကော်၊ ဒီးမောဆို၊ မိုးဗြဲ တို့တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိပါတယ်။
လွိုင်ကော်မြို့ထဲတွင် ယနေ့ (၁၄)ရက်နေ့အထိ ဆက်လက်တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီ ဖက်မှ လက်နက်ကြီးနှင့် လေယာဉ်များဖြင့် အဆမတန်အသုံးပြုပြီး လွိုင်ကော်မြို့ထဲကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲဖြစ်သည့် (၄)ရက်အတွင်း လွိုင်ကော်နှင့် မိုးဗြဲတို့တွင် အမျိုးသမီး ( ၂ )၊ အမျိုးသား( ၄ )၊ ကျန် ( ၁၄ )ဦးမှာ ကျား/မ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
သေဆုံးသည့် အရပ်သားတချို့များမှာလည်း အလောင်းပြန်ကောက်လို့ မရသေးဘူးလို့လည်း ကရင်နီလူ့အခွင့်ရေးအဖွဲ့ မှ ထုတ်ပြန်ထားပါတယ်။
ယနေ့မနက်တွင် လွိုင်ကော်တက္ကသိုလ်ကျောင်းနား၊ ဒေါဥခူနှင့် တခြားရပ်ကွက်တို့တွင် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့မှ ထိတွေ့တိုက်ပွဲ ပြင်းထန် နေတယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ – Karenni Human Rights Group

Related Articles

Back to top button