သတင်း

ရသေ့တောင်မြို့နယ်မှ နယ်ခြားစောင့်စခန်းနှစ်ခုကို AA သိမ်းပိုက်

ရသေ့တောင်မြို့နယ်မှ နယ်ခြားစောင့်စခန်းနှစ်ခုကို AA သိမ်းပိုက်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၁၃၊ ၂၀၂၃
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်မှ စစ်ကောင်စီရဲ့ နယ်ခြားစောင့်စခန်းနှစ်ခုကို ရက္ခိုင့်တပ်တော် (AA) မှ ဒီနေ့ နံနက် ၅ နာရီ အချိန်ခန့်က စတင်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
” နှစ်ခုစလုံးကို သိမ်းပိုက်လိုက်ပြီ။ ၅ နာရီလောက်ကနေ ပစ်ခတ်သံတွေကြားရတယ်။ ၇ နာရီ လောက်မှာ ပစ်တာတွေရပ်သွားတယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
နယ်ခြားစောင့်စခန်းနှစ်ခု သိမ်းပိုက်ခံရတဲ့အတွက် ရသေ့တောင်အခြေစိုက် စစ်ကောင်စီ တပ်စခန်းတွေက အဆိုပါ နေရာများသို့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေဟာ ဘေးလွှတ်ရာသို့ ထွက်ပြေး တိမ်ရှောင် နေရတယ်လို့ သိရှိရပါတယ်။
ကနေဦး သတင်းအချက်အလက်အရ စစ်ကောင်စီရဲ့ နယ်ခြားစောင့် တပ်စခန်းနှစ်ခုကို ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ခဲ့ကြောင်း သိရပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ ဆက်လက် စုံစမ်း နေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့ နံနက် ၇ နာရီအချိန်က မင်းပြားမြို့နယ် တိုင်းဗဟိုကိုး သင်တန်းကျောင်းမှ လက်နက်ကြီး တွေ ပစ်ခတ်ခဲ့တဲ့အပြင် ကျိန်းတောင်ရှိ စစ်ကောင်စီတပ်စခန်းမှလည်း လက်နက်ကြီးတစ်လုံး ပစ်ခတ် ခဲ့တယ်လို့ သိရှိရပါတယ်။

Related Articles

Back to top button