တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 87, October 31, 2023)

၁။ ကော့ကရိတ်တိုက်ပွဲအတွင်း လက်နက်ကြီးကျလို့ ဒေသခံ ၆ ဦးသေဆုံး
    October 30, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ အောက်တိုဘာလ ၂၇ ရက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျရောက် ပေါက်ကွဲတာကြောင့် ဒေသခံ ၆ ဦး သေဆုံးတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ကော့ကရိတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေး(PDF) ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာလ ၂၇ ရက် မှာ တိုက်ခိုက်ခဲ့ပါတယ်။ ကာကွယ်ရေးပူး‌ပေါင်းတပ်တွေဘက်က စစ်ကောင်စီရဲ့ အမှတ် ၉၇ ခြေလျင်တပ်ရင်း အနောက်ဘက်က ရဲသတင်းတပ်ဖွဲ့ရုံးနဲ့ စစ်ဖက်ဆိုင်ရာလုံခြုံရေးရုံး ၂ ခုမီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီတစ်နေ့တည်းမှာပဲ နှစ်ဖက် တိုက်ပွဲဖြစ်ပွားပြီး ကော့ကရိတ်မြို့ရဲ့ အမှတ် ၂ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်နဲ့ အမှတ် ၇ ရပ်ကွက်(တံတားဦး)ထဲကို စစ်တပ်ရဲ့ လက်နက်ကြီးကျခဲ့ပြီး ဒေသခံ ၆ ဦး သေဆုံးခဲ့တဲ့အကြောင်း မြေပြင်အခြေအနေ သိရှိသူတွေက ပြောပါတယ်။‘‘အမှတ် ၇ ရပ်ကွက်(တံတားဦး)က မိသားစု ၃ ယောက်၊ အမှတ် ၄ ရပ်ကွက်က အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်၊ နောက် အမှတ် ၂ ရပ်ကွက်က အမျိုးသားကတော့ ဒီက ဒေသခံ မဟုတ်ဘူး။ ရွှေ့ပြောင်းလုပ်သားလာလုပ်နေတာ။ အုတ်ဖုတ်တဲ့သူ ပေါ့။ စုစုပေါင်း ၆ ဦးသေဆုံးတယ်’’ လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးကပြောပါတယ်။ တစ်နေ့တည်းမှာပဲ လက်နက်ကြီး ပေါက်ကွဲ တဲ့အစ ထိမှန်တာကြောင့် ဒဏ်ရာရတဲ့သူ ၁၀ ယောက်ထက်မနည်း ရှိတယ်လို့ သိရပါတယ်။ သေဆုံးသူ ၆ ဦးရဲ့စျာပနကိုတော့ အောက်တိုဘာလ ၂၈ ရက်မှာပြုလုပ်လုပ်ခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

ကော့ကရိတ်မြို့မှာ အရပ်သားတွေ လက်နက်ကြီးထိမှန်သေဆုံး ဒဏ်ရာရတာနဲ့ စစ်ရေးအခြေအနေကို စစ်ကောင်စီတပ် ဘက်က တစ်စုံတစ်ရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။ ဒါပေမဲ့ ကော့ကရိတ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ရော ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပါသေဆုံးမှုအချို့ရှိတာကို နှစ်ဖက်လုံးနဲ့နီးစပ်သူတွေရဲ့ လူမှုကွန်ရက်မှာဖော်ပြမှုတွေအရတွေ့ ရပါတယ်။ ‌ကော့ကရိတ်မြို့က ၃ ရက်အတွင်းတိုက်ပွဲမှာ တပ်ဖွဲ့ဝင်တွေသေဆုံးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကရော (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေး(PDF) ပူးပေါင်းတပ်ဖွဲ့တွေဘက်ကပါ တရားဝင်ထုတ်ပြန်တာတော့မရှိသေးပါဘူး။ ကော့ကရိတ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ အခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် ကော့ကရိတ် မြို့ ဖြတ်သွားတဲ့ အာရှလမ်းမကြီးကို အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းကစလို့ ယာယီပိတ်လိုက်ပြီလို့ ထုတ်ပြန်ပြောဆိုထားကြ ပါတယ်။ တိုက်ပွဲနဲ့ လက်နက်ကြီးအန္တရာယ်ကြောင့် အာရှလမ်းမကြီးမှာလည်း ကုန်စည်စီးဆင်းမှုနဲ့ ကားအသွားအလာနည်း နေသလို သတိထားသွားလာနေရတယ်လို့ နယ်စပ် ကုန်သွယ်ရေး ပြုလုပ်နေကြသူတွေက ဆိုပါတယ်။ https://www.bbc.com/burmese/articles/czd08g301xvo

၂။ တစ်ရက်တည်း စစ်ကောင်စီလက်နက်ကြီး အချက်ရေ (၃၀) ထက်မနည်းပစ်ခတ်၊ အရပ်သား ထိခိုက်မှုရှိ
    October 30, 2023

ကရင်နီပြည် လွိုင်ကော်မြို့၊ လွိုင်လင်လေးအခြေစိုက် ခမရ (၅၃၀)တပ်ကနေ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းကို အောက်တိုဘာလ ၂၉ရက်နေ့ တစ်ရက်တည်း လက်နက်ကြီး အချက်ရေ (၃၀) ထက်မနည်း ပစ်ခတ်ခဲ့ပြီး ဒေသခံတွေ ထိခိုက်မှု ရှိခဲ့တယ်လို့ သိရှိရပါတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့ ည ၈ နာရီဝန်းကျင်မှာ ခမရ (၅၃၀)တပ်ကနေ ၁၂၀မမ၊ ၈၁ မမ နဲ့ ပစ်ခတ်ခဲ့ရာ လွိုင်လင်လေးမြို့နယ် ကုန်းမီကို ကျေးရွာထဲကို လက်နက်ကြီး ၁၀ လုံးထက်မနည်း ကျရောက်ခဲ့ပြီး ၄၂နှစ်အရွယ် အမျိုးသားတစ်ဦး နဲ့ ၁၆နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “လက်နက် ကြီး ကတော့ ၁၀ လုံးလောက် ကျတယ်။ နေအိမ်တချို့နဲ့ လူနှစ်ဦး ထိထားတယ်။ မျက်နှာတွေမှာ ထိတော့ နည်းနည်းတော့ စိုးရိမ်ရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အရပ်သားထိခိုက်မှုအပြင် တခြား ကျေးရွာ နှစ်ရွာမှာလည်း လက်နက်ကြီးကျ ရောက်ခဲ့ပြီး နေအိမ် ၄လုံးထက်မနည်း လက်နက်ကြီးထိမှန်ကာ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အလားတူ အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အချိန်မှာလည်း လက်နက်ကြီးထိမှန်မှုကြောင့် ၁၅ နှစ်အောက် ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ရှိပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၃၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခွဲအချိန်မှာလည်း လွိုင်လင်လေးအခြေစိုက် ခမရ(၅၃၀) တပ်ကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ထပ်မံပစ်ခတ်မှု ရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီကနေ လက်နက်ကြီးရမ်းသန်း ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေနဲ့ စစ်ရှောင်တွေဟာ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ဆိုပါတယ်။  https://www.kantarawaddytimes.org/qn 

၃။ စစ်ဆင်ရေး ၁၀၂၇ ကို ကြိုဆိုထောက်ခံတဲ့ ပြည်သူတွေကို ကျေးဇူးတင်တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဆို
    October 30, 2023

Operation 1027  (စစ်ဆင်ရေး ၁၀၂၇) ကို အောက်တိုဘာလ ၂၇ ရက်နေ့မှာ စတင်ခဲ့ရာ  စစ်ဆင်ရေးကို ကြိုဆို ထောက်ခံတဲ့ ပြည်သူလူထု တစ်ရပ်လုံး အပါအဝင် အဖွဲ့အစည်း အသီးသီးနဲ့ လူပုဂ္ဂိုလ် တစ်ယောက်ချင်းစီကို ကျေးဇူး တင်တယ် လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပါတယ်။ အခုလို ထောက်ခံလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ ရည်မှန်းထားတဲ့ စစ်ရေး၊ နိုင်ငံရေး၊ ရည်မှန်းချက်များနဲ့အတူ ပြည်သူလူထု တစ်ရပ်လုံး လိုလားတဲ့ဆန္ဒ၊ မျှော်မှန်းချက်များ အပြည့်အဝ ရရှိတဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။ ၁၀၂၇ စစ်ဆင်ရေး အောင်မြင်ဖို့အတွက် ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုနဲ့ ဝန်းရံပံ့ပိုးမှုတွေဟာ အလွန် အရေးကြီးပြီး အခု စစ်ဆင်ရေးကြီး မပြီးမခြင်း တစ်သွေးတည်း၊ တစ်သားတည်း အတူတူရှိဖို့ လိုအပ် တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောပါတယ်။

ဒါ့အပြင် အခု စစ်ဆင်ရေးကြီးကို အထောက်အပံ့၊ အကူအညီဖြစ်တဲ့ ဘယ်လို လုပ်ဆောင်ချက်မျိုးမဆို တိုက်ရိုက် ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ပုံစံတစ်မျိုးမျိုးနဲ့ ဆက်လက် ပူးပေါင်း ပါဝင်ကြဖို့လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က လေးလေးနက်နက် တိုက်တွန်းထားပါတယ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့ စစ်ကောင်စီကို စစ်ကြေညာ တိုက်ခိုက်ခဲ့ရာ ၃ ရက် အတွင်း စစ်ကောင်စီစခန်း ၅၇ ခုထက်မနည်း သိမ်းပိုက်နိုင်ခဲ့သလို လက်နက်ခဲယမ်းများနဲ့ သုံးပန်း အများအပြား ဖမ်းဆီး သိမ်းဆည်း နိုင်ခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=3610916929439 48&set=a.285900490463069

၄။ ညောင်ရွှေနဲ့ ပင်လောင်းမှာ PNO ပြည်သူ့စစ်ကအမျိုးသားရေးဆိုကာ သေနတ်ဖိုး တစ်အိမ် ကျပ် ၅၀,၀၀၀ ဆက်       ကြေးကောက်
   October 30, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ပိုင်းနဲ့ ညောင်ရွှေမြို့နယ်တောင်ပိုင်းရှိ ကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က တစ်ရွာကို သေနတ် ၂ လက်ဖိုးဆိုပြီး တစ်အိမ်ကို ငွေကျပ် ၅၀,၀၀၀ ဆက်ကြေး ကောက်နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ PNO ပြည်သူ့စစ်အဖွဲ့က ကျေးရွာသူကြီးကနေ တစ်ဆင့် အမျိုးသားရေးအတွက်ဆိုကာ တစ်အိမ် ၅၀,၀၀၀ ကျပ် လက်နက်ဖိုး ဆက်ကြေး သီတင်းကျွတ်လကုန်အပြီး ထည့်ရမယ်လို့ အမိန့်ပေးထားတာလို့ ဒေသခံ တွေက ဆိုပါတယ်။“အခုအချိန်က ပြောင်းတွေလည်း မရောင်းရသေးတော့ ဒေသခံတွေလက်ထဲမှာ ငွေမရှိဘူးလေ။ ဒါကြောင့် ပြောင်းတွေ ရောင်းလို့ပြီးတဲ့အချိန် သီတင်းကျွတ် လကုန်ပိုင်းမှာ အပြီးထည့်ရမယ်လို့ ပြောတယ်။ တစ်အိမ် ၅ သောင်းတဲ့။ သူတို့ ပြောတာတော့ အမျိုးသားရေးအတွက်မို့ ပျက်ကွက်လို့မရဘူးတဲ့။ လက်နက်ကတော့ အဖွဲ့အစည်းက ဝယ် မယ်၊ လက်နက်ဖိုးက ပြည်သူတွေက ထည့်ရမယ် အဲ့လိုပေါ့။ အရင်နှစ်လည်း တစ်အိမ် ၃ သောင်း ကောက်ပြီးပြီ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ အခု PNO ပြည်သူ့စစ်က ဆက်ကြေး ကောက်ခံတဲ့ ကျေးရွာအုပ်စုတွေဟာ ထီဖောင်း၊ လိန်းညာ၊  ဟဲဆတ်ကျေးစတဲ့ ကျေးရွာ အုပ်စုထဲက ရွာတွေဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။

အဲ့ဒီ ဆက်ကြေးးကို PNO ပြည်သူ့စစ်က ရွာသူကြီးတွေကနေ တဆင့် ကောက်ခိုင်းတာဖြစ်ပြီး ရငွေကို ရွာသူကြီးတွေ ကိုယ်တိုင် PNO ပြည်သူ့စစ်ရဲ့ ကျေးရွာအုပ်စု တာဝန်ခံတွေထံ ပေးသွင်းရမယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရင်နှစ် ကလည်း လက်နက်ဖိုး ဆိုပြီး PNO ပြည်သူ့စစ်က ဆက်ကြေးကောက်ပေမယ့် လက်နက် ဝယ်မဝယ် ကိုတော့ ဒေသခံ ပြည်သူ တွေကို ပြန်လည် အသိပေး ရှင်းလင်းတာ မရှိဘူးလို့ ပင်လောင်းမြို့နယ် တောင်ပိုင်းမှ ဒေသခံ လူငယ် တစ်ဦးက ပြောပါတယ်။ လက်ရှိ ကရင်နီပြည်ကို ထိုးစစ်ပြန်ဆင်ဖို့ ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံမြို့နယ် နယ်စပ်ကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ အင်အား ရာနဲ့ချီ ပို့ဆောင်ထားပါတယ်။  “အရင်နှစ်လည်း နယ်စပ်မှာ တိုက်ပွဲဖြစ်ပြီ အခြေအနေ ရှုပ်ပြီဆို သူတို့က  ငွေကောက်ပြီ။ တိုက်ပွဲဖြစ်ပြီ ဆိုတာနဲ့ PNO အုပ်ချုပ်ရေးအဖွဲ့တွေက စစ်သားတွေအတွက် ဘာကြေးညာကြေးဆိုပြီး ငွေကောက် ပြီ။ အခုလည်း အဲ့လိုပုံစံပဲ ရွာမှာ ပြန်ရောက်နေတဲ့ သူတို့တပ်ဖွဲ့ဝင်တွေကို အကုန်ပြန်ခေါ်သွားတာ တစ်ပတ်ရှိပြီ”လို့ ပင်လောင်း မြို့နယ် ဒေသခံ တစ်ဦးက ပြောပါတယ်။ ပင်လောင်းမြို့နယ် တစ်ခုလုံးမှာ ပြီးခဲ့တဲ့နှစ်က PNO ပြည်သူ့စစ်က လုံခြုံရေးကြေး တစ်အိမ် ၃၀,၀၀၀ ကျပ်၊ PNO အဖွဲ့အတွက် ကားဝယ်ဖို့ တစ်အိမ် ၂,၀၀၀ ကျပ်၊ သောက်ရေခ တစ်အိမ် ၅၀၀ ကျပ်နဲ့ လက်နက် ဝယ်ယူဖို့ တစ်အိမ် ၈၀,၀၀၀ ကျပ်မှ တစ်သိန်းကျပ်အထိ ဆက်ကြေးအကြိမ်ကြိမ် ကောက်ခံခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=36058947 2994170&set=a.285900490463069

၅။ နယ်မြေကျွံလာသည့် စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်      ၂ ဦးသေဆုံး
   October 30, 2023

ချင်းပြည်နယ်၊ မတူပီခရိုင်တွင် ရှေ့တန်းတပ်စခန်းချထားသော စစ်ကောင်စီတပ်ဖွဲ့များ နယ်မြေကျွံလာသည့်အတွက် အောက်တိုဘာ၂၈ရက်နေ့ ညနေ ၄ နာရီခန့်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦသေဆုံး၍ ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ အဆိုပါတိုက်ပွဲတွင် ချင်းကာကွယ်ရေး တပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ သည် အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်တင်းခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများဆက် လက်ပြုလုပ်နေကြောင်းသိရသည်။ “စစ်ကောင်စီတပ်ဘက်က ပွဲချင်းပြီး တစ်ယောက် သေတယ်။ နောက်တစ်ယောက်ကတော့ ညဘက်တပ်ဆေးရုံမှာဆေးကုသရင်းသေတယ်။ ကျွန်တော်တို့နေရာယူထားတဲ့ ခရိုင်ရုံး ရဲ့ အပေါ်ဘက်မှာ သူတို့တပ်စွဲချင်လို့ ထင်တယ်။ အရင်ကလည်း အဲ့နေရာမှာ တိုက်ပွဲဖြစ်ပွားသေးတယ်။ မီးသတ်ရုံးဘက်ကို တက်လာတဲ့အချိန်မှာ လက်ဦးမှုရယူပြီး ပစ်လိုက်တာ” ဟု တပ်ရင်း-၂ တာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

မတူပီခရိုင်ရုံးတွင် တပ်စွဲထားသည့်  စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှု များသည် ယခင်လှုပ်ရှားမှုထက် တမူ ထူးခြားလာသည့်အတွက် ဟားခါး-မတူပီလမ်းပိုင်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား လာနိုင်သည်ဟု တပ်ရင်း-၂ တာဝန်ခံက  ဆို သည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ သည် စစ်ရေးအရအလွန်အရေးပါသော ဟားခါး-မတူပီလမ်းတွင် တပ်စခန်း ချပြီး စစ်ကောင်စီတပ်နှင့် အနီးကပ်ဆုံး တပ်ရင်း ဖြစ်သည့်အတွက် မကြာခဏတိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။ ချင်းကာ ကွယ်ရေး တပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ တွင် အထူးလိုအပ်နေသော လက်နက် ပိုင်းဆိုင်ရာ ဖြည့်တင်း နိုင်ရေးအတွက် M-4 နှစ် လက်ဝယ်ယူနိုင်ရန် ရန်ပုံငွေရှာဖွေရေးကို Future Hope Foundation က  ဦးဆောင်၍ပြုလုပ်နေပြီး ဝယ်ယူပေးကြရန် မေတ္တာ ရပ်ခံထားသည်။  https://www.facebook.com/photo/?fbid=661052322830457&set=pcb.661052399497116

၆။ မော်လမြိုင်က အထက်တန်းကျောင်း မီးလောင်မှုအတွက် တက္ကသိုလ်ဝင်တန်းကျောင်းသူတဦးနဲ့မိသားစု ဖမ်းဆီး          ခံထားရ
    October 30, 2023

မွန်ပြည်နယ်၊မော်လမြိုင်မြို့က နှစ်ပေါင်း ၁၂၀ ကျော်သက်တမ်းရှိ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း မီးလောင်မှုနဲ့ပတ်သက်လို့ အဲ့ဒီကျောင်းက Grade-12(တက္ကသိုလ်ဝင်တန်း)ကျောင်း သူတဦးနဲ့မိသားစု ဝင်တွေ ဖမ်းဆီးခံထားရ တယ်လို့ ဒေသခံတွေကပြောပါတယ်။“သူတို့ကတော့ သံသယရှိလို့ ဖမ်းခေါ်သွားတာပဲ၊ သူလုပ်တာဆိုပြီး ပြောတာပေါ့” လို့ ဖမ်းဆီးခံရတဲ့ကျောင်းသူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက်မှာရှိတဲ့ အဲ့ဒီအထက်တန်း ကျောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက် မနက်သုံးနာရီလောက်ကမီးလောင်ခဲ့တာကြောင့် ကျောင်း ဆောင် တဆောင်နဲ့ ဓမ္မာရုံတလုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒီမီးလောင်မှုနဲ့ပတ်သက်လို့ အဲ့ဒီအထက်တန်းကျောင်းမှာပဲ တက်ရောက်သင်ကြား နေတဲ့ Grade-12(B)က ကျောင်းသူတဦးနဲ့ သူ့ရဲ့မိသားစုဝင်တွေကို မော်လမြိုင် မြို့မရဲစခန်းမှာ စစ်ဆေးခဲ့သလို လက်ရှိမှာတော့ စစ်တပ်က စစ်ကြောရေးတခုကိုခေါ်သွားတယ်လို့  မော်လမြိုင်ရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ လက်ရှိမှာ အဲ့ဒီ ကျောင်း သူ နဲ့မိသားစုဝင်တွေကို  အမှုဖွင့်ထားတာမရှိသေးဘူးလို့သိရပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်တွေမှာတော့ စာသင်ကျောင်းမီးလောင်မှုနဲ့ပတ်သက်ပြီး စစ်ဆေး တွေ့ရှိ ချက်တွေအရ ကျောင်းသူမိန်းကလေးကို  ဖမ်းဆီးထားတာလို့ ဖော်ပြထားပါတယ်။ CCTV မှတ်တမ်းတွေပြန်ကြည့် စစ်ဆေးချက် အရ စာသင်ကျောင်းမီးလောင်မှုမဖြစ်ခင် နှစ်နာရီလောက်အလိုမှာ စက်ဘီးစီးလာတဲ့ အမျိုးသမီးငယ်တဦး အဲ့ဒီကျောင်းဘက် ဝင်သွား တာတွေ့ရပြီး ဆက်လက်စုံစမ်းရာမှာ Grade – 12 (B) ကကျောင်းသူဖြစ်နေတာတွေ့ရလို့ဖမ်းဆီးတာလို့ စစ်ကောင်စီက ဆိုထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကလည်း ဒီမီးလောင်မှုဖြစ်စဉ်ဟာ အမျိုးသားညီညွတ် ရေးအစိုးရ NUG ၊ PDF တွေရဲ့ စေခိုင်းချက်ဖြစ်ခဲ့တာဆိုပြီး ဝါဒဖြန့်ဖော်ပြမှုတွေလုပ်နေကြပါတယ်။ ဖမ်းဆီးခံရတဲ့ ကျောင်းသူ မိန်းကလေးရဲ့ မိသားစုနဲ့ နီးစပ်တဲ့ မော်လမြိုင်မြို့ခံတဦးကတော့ အခုလိုစွပ်စွဲချက်တွေ အပေါ်လက်မခံနိုင်တဲ့အကြောင်း ပြောပါ တယ်။“ကလေးမလေးက ကျောင်းကဆရာ/ဆရာမတွေနဲ့ ကျောင်းသူငယ်ချင်းတွေကြားမှာလည်းအဆင်မပြေတာမျိုး မရှိခဲ့ဘူး၊ အခုလို ဖြစ်ရပ်မျိုးက ကလေးကို စွပ်စွဲပြီး ပြောဆိုနေတာက မဖြစ်သင့်ဘူး” လို့ သူကပြောပါတယ်။ လက်ရှိမော် လမြိုင်မြို့နယ်မှာ ည ၁၂ နာရီကနေ မနက်လေးနာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန် ထားဆဲဖြစ်တာကြောင့် အဲ့ဒီကာလ အပိုင်းအခြားအတွင်းမှာ ကျောင်းသူမိန်းကလေးငယ်တဦးတည်း စာသင်ကျောင်းမီးရှို့မှု ကျူးလွန်ခဲ့တယ်ဆိုတာဟာ မဖြစ်နိုင်ဘူးလို့ မြို့ခံတွေကြား သုံးသပ်ပြောဆိုကြတာတွေလည်းရှိနေပါတယ်။ https://www.facebook.com/photo/?fbid=731267389046341&set=a.60 5723148267433

၇။ NCA အရ ဖွဲ့စည်းထားတဲ့ JMC ကော်မတီကို အသိအမှတ်ပြုနေတဲ့ သံတမန်နဲ့ကုလအဖွဲ့တွေကို စိတ်ပျက်ကြောင်း     တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ ထုတ်ပြန်
   October 30, 2023

စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ NCA စာချုပ်ဟာ အကောင်အထည်ဖော်ရန် မဖြစ် နိုင်တော့သလို NCA အရ ဖွဲ့စည်း ထားတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC ကို တချို့သော သံတမန်အသိုင်း အဝိုင်းနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ကြားနေအဖွဲ့အစည်း အဆိုပြုထားတဲ့အပေါ် အလွန်စိတ်ပျက်မိကြောင်း တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တို့ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တို့က ဒီကနေ့မှာ အိတ်ဖွင့်စာအနေနဲ့ ပူးတွဲထုတ်ပြန်လိုက်တာပါ။ ထုတ်ပြန်ချက်ထဲမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အလိုအပ်ဆုံး ဖြစ်နေတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီပေးရမယ့်အစား လူသားဖြစ်တည်မှုအခြေခံမူကို လျစ်လျူရှုနေတဲ့ စာနာမှုအကူအညီတွေကို လက်နက်သဖွယ် အသုံးချ ချယ်လှယ်နေတဲ့ စစ်ကောင်စီကို အားပေးသလို ဖြစ်နေတယ်လိုထောက်ပြထားပါတယ်။ အိတ်ဖွင့်ပေးစာကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးအဖွဲ့ UNCT ၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် UNSE ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ JPF Joint Peace Fund တို့ဆီ ပေးပို့သွားမယ်လို့ သိရပါတယ်။

စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ NCA လုပ်ငန်းစဉ်ရဲ့ JMC ကော်မတီကို ကြားနေအဖွဲ့အစည်းအဖြစ် အဆိုပြု တဲ့ကိစ္စမှာ KNU ရဲ့ သဘောတူညီမှု ပါဝင်ကြောင်း ပြောဆိုနေတဲ့အပေါ် JPF အဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက နားလည်မှု မှားယွင်းနေတယ်လို့ အိတ်ဖွင့်ပေးစာမှာ ရေးသားထားပါတယ်။ စစ်ကောင်စီ ကျင်းပခဲ့တဲ့ NCA ၈ နှစ်ပြည့် အခမ်း အနားမှာ ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်ဟောင်း ပဒို စောမူတူးစေးဖိုး တက်ရောက်ခဲ့ပြီး ဒါဟာ တဦးချင်း ပုဂ္ဂိုလ်ရေးအရ တက်ရောက်တာ ဖြစ်ပြီး မတည်ရှိတော့တဲ့ NCA နဲ့ NCA အရ ဖွဲ့စည်းထားတဲ့ ကော်မတီတွေကို KNU အနေနဲ့ အသိအမှတ်ပြုထောက်ခံတယ်လို့ မမှတ်ယူသင့်ကြောင်း အခုအိတ်ဖွင့်ပေးစာမှာ ရှင်းလင်းထားပါတယ်။ ABSDF ၊ CNF ၊ KNU တို့အနေနဲ့ တွေ့ဆုံဆွေးနွေးရေးဟာ စစ်ရေး၊ နိုင်ငံရေး ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်းအဖြစ် ယုံကြည်ပေမယ့် ပြည်သူတွေကို တိုက်ခိုက်နေတဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေး မရှိနိုင်ဘူးလို့လည်း ပြောဆိုထားပါတယ်။ မြန်မာပြည် ကုလသမဂ္ဂအဖွဲ့အစည်းတွေဟာ လူသားချင်စာနာမှု အကူအညီပေးရေး လုပ်ဆောင်တဲ့ နေရာ မှာ စစ်ကောင်စီနဲ့ လက်တွဲနေတဲ့ အပေါ် ပြည်သူတွေ ဝေဖန်မှု ရှိနေပြီး တချို့သော အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းတွေက စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာကြတဲ့ နည်းလမ်းအတိုင်း သွားဖို့ တိုက်တွန်းမှုတွေ ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောထားပါတယ်။ ဒီပန်ကြားချက် ၁၀ ချက်ထဲမှာ မြည်မာပြည်သူတွေရဲ့ မိမိကိုယ်တိုင်နဲ့ မိမိတို့ရဲ့ လွတ်လပ်မှုကို ကာကွယ်စောင့်ရှောက်မယ့် ဆုံးဖြတ်ချက်ကို လေးစား ရန်နဲ့ မြန်မာစစ်တပ်ကို အကျိုးဖြစ်စေမယ့် ကိုယ့်သဘောနဲ့ကိုယ် ကြားဝင်စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေကို မပြုလုပ်ကြဖို့ ဆိုတဲ့ အချက်ကို ထည့်သွင်းတောင်းဆိုထားပါတယ်။ https://www.facebook.com/photo/?fbid=358245356 593220&set=a.196 212682796489

၈။ ရှမ်းမြောက်တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေပြီး ကယ်ဆယ်ရေးလုပ်ဖို့ ခက်ခဲနေ
   October 30, 2023

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲတွေအတွင်းအရပ်သားတွေနေထိုင်ရာဒေသတွေထဲလက်နက်ကြီးကျပေါက်ကွဲတာ၊နှစ်ဖက်တိုက်ပွဲဖြစ်ချိန်ပစ်ခတ်မှုတွေကြောင့် အရပ်သားတွေထိခိုက်သေဆုံးတာတွေရှိနေပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဖို့ ခက်ခဲနေတယ်လို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်၊နမ့်ခမ်း၊ ကွတ်ခိုင်နဲ့ လားရှိုးမြို့နယ်တို့အတွင်း လက်နက် ကြီးကျည်ထိမှန်လို့ သေဆုံး၊ဒဏ်ရာ ရသူတွေ ရှိနေပြီး အရေအတွက်ကိုတော့ မသိနိုင်သေးပါဘူး။ “မနေ့က လူနာသွားကောက် တာတောင် ကောက်လို့မရဘူး၊လူနာဆီရောက်ခါနီးမှ တိုက်ပွဲဖြစ်လို့ ပြန်လှည့်ပြေး လာရတယ်”လို့ လောက်ကိုင်ဒေသခံ လူမှု ကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။ လောက်ကိုင်နဲ့ချင်းရွှေဟော်ကြား မာလီချူးဝါးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ MNDAA တို့တိုက်ပွဲအတွင်း လမ်းခင်းလုပ်သားလေးဦးဒဏ်ရာရထားတာကြောင့် သွားကယ်ခဲ့ပေမယ့် ထိခိုက်ထားသူလေးဦးထဲက တဦးကို ပဲ ခေါ်နိုင်ခဲ့တယ်လို့ သူကရှင်းပြပါတယ်။“ဟိုသုံးယောက်က ဒဏ်ရာရတာလား၊သေတာလား မသိရဘူး။ပိတ်မိနေသူတွေကို သွားခေါ်ဖို့ ချင်းရွှေဟော် ဘက် ကို ဖုန်းဆက်တာလည်း မရဘူး”လို့ လောက်ကိုင်ဒေသခံ လူမှုကူညီရေးလုပ်ကိုင်သူက ပြောပါတယ်။

ဒါ့အပြင် လားရှိုးမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးကျည်တွေ၊ လက်နက်ကြီးတွေ ဆက်တိုက် ပစ်ခတ်နေတာကြောင့် အရပ်သားတချို့ ထိခိုက်၊ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပေမယ့် အရေအတွက်ကိုတော့ အတည်ပြုလို့ မရသေးပါဘူး။ “မနေ့ညက တော်တော်ပစ်တယ်၊အိပ်လို့တောင် မရဘူး။ သေတာတွေလည်း ရှိတယ်ကြား တယ်” လို့ လားရှိုးဒေသ ခံတဦးက ပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာတဲ့ လူဦးရေ တထောင်ကျော်လောက် လည်း လက်ရှိလားရှိုး မြို့ ပေါ်မှာ ခိုလှုံနေထိုင်နေကြတယ်လို့ လားရှိုးမြို့အခြေစိုက် လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတဦးကပြော ပါတယ်။“အဓိကတော့ တိုက်ပွဲတွေဖြစ်နေတဲ့နေရာတွေက လူတွေကိုသွားခေါ်ထားတာပါ”လို့ သူကပြောပါတယ်။ အဲ့ဒီစစ်ဘေး ရှောင် တွေကိုလားရှိုးမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ကားတွေနဲ့ သွားရောက် ခေါ် ဆောင်ပြီး လားရှိုးမြို့ပေါ်က မန်ဆူ ရှမ်းဘုန်းကြီးကျောင်းမှာ လက်တလောနေထိုင်နိုင်ဖို့ စီစဉ်ပေးထားတယ်လို့ သူကပြောပါတယ်။ လားရှိုး – မိုင်းယော် သွားကားလမ်းဘက်ရှိ  မန်မွမ်း၊ ကုန်ဆာ၊ မက်ချီနု ၊ တာပုံ စတဲ့ ကျေးရွာတွေက ဒေသခံတွေ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။ https://www.facebook.com/photo?fbid=731234779049602&set=pcb.731235475716199

၉။ တနင်္သာရီမှာ ဆန်သယ်ခွင့် အပိတ်ခံထားရတာကြောင့် အကန့်အသတ်နဲ့သာ ဝယ်နေရ
    October 30, 2023

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ဆန်သယ်ယူခွင့် ပိတ်ဆို့ထားတာကြောင့် ဒေသတွင်းမှာ ဆန်ကို အကန့်အသတ်နဲ့သာ ဝယ်ယူလို့ရတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆန်ဆိုင်တွေမှာ တစ်ခါဝယ်ရင် အိမ်ထောင်စုတစ်စုကို အများဆုံးဆန်ခြောက်ပြည်သာ ရောင်းပေးတော့တယ်လို့ ဆိုပါတယ်။ ဆန်သယ်ဖို့ ခက်ခဲနေတာကြောင့် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းအုပ်စု၊ သာရဘွင်အုပ်စုနဲ့ တကူးအုပ်စုထဲက ရွာပေါင်းနှစ်ဆယ်ကျော်က ဆန်ဆိုင်လည်း အကန့် အသတ်နဲ့သာ ရောင်းပေးနေရတယ်လို့ လုံခြုံရေးအရ အမည်အဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “အခုက ခိုးပြီးသယ် နေရတာ။ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရတဲ့ အနေအထားဖြစ်နေတယ်။ ဆိုင်မှာက ကိုယ်လိုသလောက်မရဘူး။ လူတစ်ယောက် ကို အကန့်အသတ်နဲ့ကို ဝယ်နေရတာ” မြို့နယ်ထဲကိုဆန်သယ်ဖို့ စစ်ကောင်စီတပ်သားတွေ မမိနိုင်မယ့်လမ်း ကြောင်းကိုသာ အားပြုနေရပြီး ဆန်စျေးလည်း ကြီးနေတယ်လို့ ဆိုပါတယ်။ ဒေသခံတွေ အများဆုံးဝယ်စားကြတဲ့ အိုကေနီတံဆိပ် ဆန်ကြမ်း ၂၄ ပြည်ပါ တစ်အိတ်ကို မြိတ်မြို့ပေါ်မှာ ခုနစ်သောင်းကျော် ပေးရပြီး သယ်ရခက်ခဲတဲ့ ရွာတွေဆီအရောက် ဆိုရင် ကိုးသောင်းကျော်အထိ စျေးရှိနေပါတယ်။

တနင်္သာရီမြို့နယ်ထဲက ဇဝဲရွာမှာအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ- ၅၅၆ တပ်သားတွေထိုင်တဲ့ ဂိတ်ကနေ ဩဂုတ်လယ်ပိုင်းကစပြီး ရိက္ခာသယ်ယူခွင့် ကန့်သတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဇဝဲဂိတ်ကနေ လမ်းခွဲပြီး တကူရွာအုပ်စုဘက်ကိုသွားရတဲ့ လမ်းပိုင်းတစ်လျှောက်မှာလည်း ပစ္စည်း သယ်ယူခွင့်အပြင် ပြည်သူတွေ ဖြတ်သန်းသွားလာခွင့် ကိုပါ စက်တင်ဘာ ၇ ရက်ကတည်းက ပိတ်ပင်ထားတာလို့ ဆိုပါတယ်။ အဲဒီလမ်းပိုင်းက ရွာတွေအနီးမှာ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို ရိက္ခာဖြတ်တောက်ထားတာလို့ မြိတ်ခရိုင် တပ်ရင်း (၂) တာဝန်ခံက ပြောပါတယ်။“ဒီကျေးရွာတွေဘက်မှာ တော်လှန်ရေးအင်အားစုတွေ များလို့ဆိုပြီး ပိတ်တာ။ ဖုန်းလိုင်းတွေကတော့ ရတဲ့အခါ ရနေတယ်။ တစ်ခါတလေကျတော့လည်း ဖြတ်တယ်။ တနင်္သာမြို့နယ်ထဲမှာတော့ မကြာခဏ တိုက်ပွဲတွေလည်း ဖြစ် နေတာ။ ပြောက်ကျားပုံစံ ဖြစ်တာပေါ့။ ချောင်းပစ်တာတို့ပေါ့” တနင်္သာရီမြို့နယ်အပြင် ပုလောမြို့နယ် အရှေ့ဘက်ခြမ်းက ရွာတွေနဲ့ ထားဝယ်မြို့နယ် (ဒေသခံတွေအခေါ် အရှေ့တောဒေသ) ဖြစ်တဲ့ ထားဝယ်-မေတ္တာ-ထီးခီး (ထိုင်းနယ်စပ်) လမ်းကြောင်း တစ်လျှောက်က ရွာတွေကိုလည်း ဆန်အပါအဝင် စက်သုံးဆီနဲ့ ဆေးဝါးသယ်ဆောင်ခွင့်ကို စစ်ကောင်စီက ဖြတ်တောက်ထား တာပါ။ https://www.facebook.com/photo/?fbid=734398995388172&set=a.583637430464330

၁၀။ တိုက်ပွဲမရှိသော်လည်း စားဝတ်နေရေးကြောင့် ပလက်ဝစစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်သေး
     October 30, 2023

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိပေမယ့် စားဝတ်နေရေးကြောင့် စစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်သေးဘူးလို့ သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့တွင် မြို့ပေါ်နေ စစ်ဘေးရှောင်တွေကို စစ်ကောင်စီက နေရပ်ပြန်ခွင့်ပြုသော်လည်း စားဝတ်နေရေးကြောင့် နေရပ် မပြန်နိုင်ဘဲ ပလက်ဝမြို့ပေါ်မှာ ဆက်ရှိနေသေးတယ် လို့ စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။“စစ်တပ်က ရွာပြန်ခွင့်ရပြီးလို့ ပြောတယ်။ ကျွန်တော်တို့က စားဝတ်နေရေးကြောင့် ရွာမပြန်ဖြစ်သေးဘူး။ ရွာပြန်ရင် အိမ်ပြန်ဆောက်ရမယ်။ စားစရာတွေ မြို့ပေါ်တက်ပြီး စျေးဝယ်ရအုံးမယ်။ ပြီးတော့ ရွာမှာ အလုပ်အကိုင်မရှိတော့ ဘယ်က ပိုက်ဆံနဲ့ စားစရာ စျေးဝယ်လို့ရမလဲ”လို့ စစ်ဘေးရှောင်တစ်ဦးက ဆိုပါတယ်။ စစ်ဘေးရှောင် တွေကို နေရပ်ပြန်ခွင့်ပြုတဲ့ ယခုနှစ်တွင် တောင်ယာ၊ လယ်ယာ လုပ်ငန်းရာသီ မဟုတ်တဲ့အတွက် စစ်ဘေးရှောင်တွေ စားဝတ် နေရေးအတွက် အလုပ်လုပ်ရန် အလုပ်ခွင်မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေကို စစ်ကောင်စီက တစ်လလျှင် လူတစ်ဦး ဆန် ၆၀ ဗူး၊ စားသုံးဆီ၊ ပဲတွေသာ ထောက်ပံ့ပြီး ၎င်းတို့ ထောက်ပံ့မှုနဲ့ စစ်ဘေးရှောင်မိသားစုတွေ စားဝတ်နေရေးလုံလောက်မှုမရှိတဲ့အတွက် စစ်ဘေးရှောင်တွေဟာ မြို့ပေါ် ကုန်တင်၊ ကုန်ထမ်း၊ ပန်းရံလုပ်ကိုင်ပြီး တစ်ဖက်တွေလည်း ဝါးခုတ်ပြီး ရောင်းချနေတယ်လို့ နောက်ထပ် စစ်ဘေးရှောင်တစ်ဦးက ဆိုပါတယ်။“စစ်တပ်က ပေးတဲ့ ဆန်နဲ့ ဆီက စားဝတ်နေရေးအတွက် မလုံလောက်ဘူး။ အခြား ဆား၊ ငါးပိ၊ ဟင်းချိုမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေ ဝယ်ဖို့ကလည်း လိုသေးတယ်။ ဒါကြောင့် ကုန်ထမ်းတယ်၊ တစ်ချို့က ဝါးခုတ် ရောင်းကြတယ်” လို့ ဆိုပါတယ်။ ယခုနှစ်တွင် ပလက်ဝမြို့နယ်တွင် တိုက်ပွဲမရှိသော်လည်း စစ်ကောင်စီနဲ့ ရခိုင့်တပ်တော်(AA)တို့ကြား စစ်ကျန် လက်နက်တွေဖြစ်တဲ့ မြေမြှုပ်မိုင်း အန္တရာယ်ကို ကြောက်နေရတယ်လို့ ဆိုပါတယ်။ ချင်းလူ့အခွင့်ရေးအဖွဲ့ချုပ်(CHRO)အဖွဲ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သား ပြည်သူ ၂၀ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ၃၇ ဦး ရရှိပြီး ပလက်ဝမြို့နယ်မှာ မြေမြှုပ်မိုင်းကြောင်း ထိခိုက်ဒဏ်ရာရရှိသူ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ https://zalen.info/ %e1%80%90%e1%80%ad%e1%80%af %e1%80%80%e1%80%ba%e1%80%95%e1%80%bd%e

၁၁။ ကန်တော်ယန်တပ်စခန်းကို သိမ်းပိုက်လိုက်ပြီလို့ KIO ပြန်ကြားရေး ဗိုလ်မှူးကြီးနော်ဘူပြော
     October 31,2023

မြစ်ကြီးနား- ဗန်းမော်လမ်းမပေါ် ရှိ ဆယ်စုနှစ်တစ်စုကြာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ရဲ့ ကန်တော်ယန် (Gangdau Yang) ဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ် KIA က ဒီကနေ့ မနက်ပိုင်းက သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူ ကပြောပါတယ်။“ကန်တော်ယန်ကို သိမ်းလိုက်ပြီဆိုတာ မှန်တယ်။ ခုဂျာထရွာမှာ စစ်တပ်က လေကြောင်းနဲ့ပစ်လို့ ပြည်သူတွေနေအိမ် ၆ အိမ်မီးလောင်သွားပြီ” လို့ ပြောပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်း ၅ နာရီလောက်ကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်က ကန်တော်ယန် တပ်စခန်းအပြင်၊ မလိယန်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ၃ နာရီလောက်အကြာမှာတော့ ကန်တော်ယန်ဗျူဟာကုန်း တပ်စခန်းသိမ်းပိုက်လိုက်နိုင်တာဖြစ်ပါတယ်။ လက်ရှိ စစ်တပ်ဘက်က စခန်းလက်လွတ်လိုက်ရတဲ့အတွက် ကန်တော်ယန် အပါ အဝင် ဂျာထရွာဘက်ကို လေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် ဂျာထရွာက ပြည်သူတွေရဲ့နေအိမ် ၆ လုံးထိခိုက်ပျက် စီးပြီး ဦးမရန်နော်ခွမ်၊ ဦးမဂျီလောန်၊ ဦးဒမန်ရီစီ၊ မရန်လှနူး၊ ဦးဒရွယ်အောင်လောန် အပြင် တရုတ်လူမျိုးတစ်ဦးထိခိုက် ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။“စစ်တပ်က လေယာဉ်နဲ့ပစ်လို့ နေအိမ် ၆ အိမ်မီးလောင်ပျက်စီး ထိခိုက်သွားတယ်လို့သိ ရတယ်။ ခုလိုင်လွမ့် အောင်ဂျာဘက်ကိုလည်း လေယာဉ်နဲ့ပစ်နေတယ်။ စစ်ရေးကတော့ စစ်တပ်က စခန်းတွေလက်လွတ်လိုက် ရတော့ ပိုပြင်းထန်လာနိုင်တယ်” လို့ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးဗိုလ်မှူးကြီး အင်ဖန်နော်ဘူ က ပြောပါတယ်။

နှစ်ဖက် စစ်ရေးတင်းမာနေချိန် စစ်တပ်က KIO ဗဟိုဌာနချုပ်ရှိတဲ့လိုင်ဇာဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေသလို ကချင်လွတ်လပ်ရေးတပ် KIA ဘက်ကလည်း စစ်ကောင်စီတပ်ရဲ့ အထိုင်ချစခန်းတွေကို သွား ရောက် တိုက်ခိုက်တာတွေအပြင် မြစ်ကြီးနား၊ ဗန်းမော်ဘက်က နမ်ဆန်ယန်ဘက် အင်အားဖြည့်ဝင်လာတဲ့ စစ်ကြောင်းတွေကို ပိတ်ဆို့ တိုက်ခိုက်တာ၊ ခြုံခိုက်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ အောက်တို ဘာ ၃၁ ရက်နေ့ ဒီမနက် မှာတော့ မြစ်ကြီးနား- ဗန်းမော်လမ်းမပေါ်က အခိုင်မာတပ်စွဲထားတဲ့ ကန်တော်ယန်ဗျူဟာကုန်းကို သိမ်းပိုက်ရရှိထားပြီး ၂ လ အတွင်း စခန်းပေါင်း ၃ ကိုသိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ ကန်တော်ယန်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က တပ်ရင်း မှူးအဆင့်ရှိတဲ့အရာရှိတစ်ဦးကိုလည်း KIA ဘက်အရှင်ဖမ်းဆီးရမိထားတယ်လို့လည်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ လက်ရှိ နမ်ဆန်ယန်၊လိုင်လင့်အောင်ဂျာအပြင် KIO ဗဟိုဌာနချုပ်လိုင်ဇာမြို့အနီး တစ်ဝိုက်မှာလည်း လက်နက် ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတဲ့အပြင် လေကြောင်းပါအသုံးပြုတိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။ https://www.f acebook.com/photo/?fbid=72563786 6264154&set=a.601270192034256

၁၂။ ထန်တလန်ကို ပြန်ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီ ပြောဆိုမှု ဝါဒဖြန့်လိမ်လည်မှုဟု CNF တုံ့ပြန်
     October 31, 2023

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီ၏ ထုတ်ပြန်လာမှုသည် ဝါဒဖြန့်သတင်း လိမ် လည်မှုသာဖြစ်ပြီး ထန်တလန်တွင် တိုက်ပွဲ ကြီးကြီးမားမား မဖြစ်သည်မှာ နှစ်ပတ်ကျော် ရှိနေပြီဖြစ်သည်ဟု ချင်းအမျိုး သားတပ်ဦး CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။“စခ (စစ်ကောင်စီ) ရဲ့ ဝါဒဖြန့် သတင်းလိမ်တွေပါ။ ထန်တလန်မှာ လောလောဆယ် ဘာတိုက်ပွဲမှ မရှိသလို ယခုထိ စခ ရော ကျနော်တို့ရော တပ်စွဲထားပါတယ်။ ထန်တလန်မှာ တိုက်ပွဲ မရှိတာ ၂ပတ်၊ ၃ ပတ်လောက်တော့ ရှိပြီ။ (သူတို့) နေရာက ၃/၄ နေရာမှာ ယူထားသလို၊ ကျနော်တို့ကလည်း ၃/၄ နေရာ မှာ ယူထားပါတယ်။ နဂိုအတိုင်းပါပဲ” ဟု ဆလိုင်းထက်နီက ပြောသည်။ အာဏာသိမ်းစစ်ကောင်စီသည် ထန်တလန်မြို့တွင် အကြမ်းဖက်ချေမှုန်းရေး စစ်ဆေးရေး (Counter-Terrorism Operation) ကို ရက်ပေါင်း ၉၀ ကြာ ဆောင်ရွက်ခဲ့ရာတွင် အောက်တိုဘာ ၂၉ ရက် သတင်းကျွတ်လပြည့်နေ့တွင် အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ လော်ဘီ ချန်နယ်များမှ တစ်ဆင့် အောက်တိုဘာ ၃၀ ရက်က ထုတ်ပြန်လာခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဩဂုတ်လမှ စ၍ ပထမအဆင့် ဟားခါးမြို့မှ ၄ မိုင်ကွာဝေးသော သီမြစ်ချောင်းကူး တံတားထိ ကနဦး ခြေကုတ်ယူခြင်း၊ ဒုတိယအဆင့် သီမြစ်ချောင်းကူးတံတားမှ ထန်တလန်မြို့အဝင်ထိ ခြေကုတ်ယူခြင်း၊ တတိယမှာ ထန်တလန်မြို့ ပြည်သူ့ဆောက်လုပ်ရေးရုံးနှင့် CB ဘဏ် နေရာများနှင့် နောက်ဆုံးအဖြစ် ဆေးရုံးကုန်းနှင့် အခြေခံ ပညာ အထက်တန်းကျောင်းတို့ကို စသဖြင့်သိမ်းပိုက်၍ တမြို့လုံးကို ပြန်လည်ထိန်းချုပ်နိုင်ခြင်းဖြစ်သည်ဟု ဓါတ်ပုံများဖြင့် တကွ ထုတ်ပြန်လာ ခြင်းဖြစ်သည်။“စစ်ကောင်စီရဲ့ လုပ်ရပ်တွေက ဘာမျှ ယုံကြည်နိုင်စရာ မရှိတဲ့ လုပ်ရပ်ဆိုတာပြည်သူတွေက သိပြီးသာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီလို ယောရောင်ပြီး လုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေ ဆက်ပြီး အားတင်း သွားကြပါ။ တော်လှန်ရေးက အောင်မြင်သည်အထိ ဆက်လုပ်သွားဖို့ပဲရှိပါတယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြော ရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ စစ်ကောင်စီတပ်၏ အကြိမ်ကြိမ်မီးရှို့မှုကြောင့် ထန်တလန်မြို့တွင် ဘုရားကျောင်း များနှင့် ဘာသာရေးအဆောက်အဦးအပါအဝင် နေအိမ်ပေါင်း နှစ်ထောင်နီးပါး ပြာကျပျက်စီးခဲ့ရပြီး အရပ်သားပြည်သူ ခြောက် သောင်းကျော်မှာ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရ သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်ထားသည်။ ထန်တလန် မြို့နယ်သည် ချင်းအမျိုးသားတပ်ဦး CNF/CNA ဗဟိုဌာနချုပ် ဝိတိုရိယစခန်းအခြေစိုက်ရာ နေရာဖြစ်သည်။ https://www.fa cebook.com/photo?fbid=820663120062743&set=pcb.820663253396063

၁၃။ ဒီးမော့ဆို စစ်ရှောင်စခန်းအနီး KTV နှင့် လောင်းကစားဝိုင်းများရှိနေသဖြင့် စစ်ရှောင်ပြည်သူများ စိုးရိမ်နေ
     October 31, 2023

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ရှောင် စခန်းများအနီးတွင် KTV နှင့် လောင်း ကစားဝိုင်းများ ဖွင့်လှစ်ထားမှု ပိုမိုများပြားလာသဖြင့် အလှူရှင်ထောက်ပံ့မှုမရှိတော့မည့်အရေး စစ်ရှောင်ပြည်သူများ စိုးရိမ်မှုရှိ နေကြောင်း ဒေသခံများထံမှ သိရသည်။ ကရင်နီပြည်နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်ဖက်တိုက် ပွဲများဖြစ်ပွား လျက်ရှိရာ မြို့နေလူထုအများစုမှာ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိ တော၊ တောင်များထဲသို့ ရွှေ့ပြောင်းစစ်ရှောင်နေကြရ သလို အဆိုပါနယ်မြေသည် စစ်ကောင်စီက မကြာခဏ ပစ်ခတ်လာသော လက်နက်ကြီးများကြောင့် လူထုအ သက်အိုးအိမ် ထိခိုက်နစ်နာမှု ရှိနေသော နေရာလည်းဖြစ်သည်။ လောင်းကစားဝိုင်းနှင့် KTV ဆိုင်များက အာဏာသိမ်းပြီးတစ်နှစ်အတွင်း အနည်း ငယ်ရှိခဲ့သော်လည်း ပြီးခဲ့သည့်လပိုင်းအတွင်း ပိုမိုများပြားလာရာ စစ်ရှောင်စခန်း အနီးတွင်ရှိနေခြင်းကြောင့် လည်း ကောင်း၊ ဒီးမော့ဆိုအနောက်ခြမ်းသို့ ယခင်က အလှူရှင်ရောက်ရှိမှု ခက်ခဲသည့်အခြေ အနေမှ ပိုမိုဆိုးဝါးလာမည်ကို စိုးရိမ်နေ ရကြောင်း ဒေသခံစစ်ဘေးရှောင်သူများက ပြောသည်။

စစ်ရှောင်အမျိုးသားတစ်ဦးက “ဘိလိယက်ခုံ၊ ဖဲဝိုင်း အလောင်းအစားဝိုင်းတွေ များလာတယ်။ စစ်ဘေးရှောင်စခန်းအနီး အနားမှာ KTV တွေ ဖွင့်လာတာကို တွေ့ရတော့ အလှူရှင်တွေက လာမလှူကြတော့မှာစိုးတယ်။ အဲဒီမှာ သွားအား ပေးတဲ့သူ တွေက စစ်ရှောင်တွေမဟုတ်ဘူး။ စစ်ရှောင်က ထမင်းစားဖို့ တောင်အနိုင် နိုင်ရယ်လေ။ အာဏာသိမ်းပြီး တစ်နှစ်လောက်အထဲ ကရှိနေတာ အခု ၂ လ ၃ လအတွင်းမှာ ပိုဆိုးလာတယ်” ဟု ပြောသည်။ အဆိုပါလောင်းကစားဝိုင်းနှင့် KTV များအား မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက တာဝန်ခံ၍ဖွင့်လှစ်ထားသည်ကို မသိရှိရသော်လည်း တောတောင်များအကြား လက်နက်ကြီးကျ ရောက်မှု မရှိနိုင်သော နေရာများတွင် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ဒေသခံတစ်ဦးက “လောင်ကစားဝိုင်းကတော့ ပေါ်တင်မဟုတ်ဘဲ သိုသိုသိပ်သိပ် လုပ်နေကြတာတော့ရှိတယ်။ KTV ကတော့ စစ်ရှောင်စခန်းတွေ နားမှာတင် ၂ ခုရှိတယ်။ အသံဆူညံတာမျိုးတွေရှိသလို တခါတလေဆိုရင် KTV လာတဲ့ကားတွေက လမ်းဘေးနားသေချာကပ် မရပ်တော့ လမ်းသွားလမ်းလာ အဆင်မပြေတာ တွေလည်းရှိတယ်။ စစ်ရှောင်စခန်းကော်မတီကတော့ ညဘယ်အချိန်၊ ဘယ် အချိန် တွေဆိုရင် KTV ဆိုင်ပိတ်ရမယ်၊ ဘာညာစာကပ်တာတွေ စာပို့တာတွေတော့ရှိတယ်။” ဟု ပြောသည်။ https://kicnews .org/2023/10/%e1%80%92% e1%80%ae%e1%80%b8%e1%80%99%e1%80%b1%e1%80%ac%e1

၁၄။ နွေဦးတော်လှန်ရေး ရက်တစ်ထောင်အတွင်း စစ်ကောင်စီလက်ချက်နဲ့ တနင်္သာရီကပြည်သူ ၁၇၀ ကျော်သေဆုံး
     October 30, 2023

စစ်အာဏာရှင်ကို ဆန့်ကျင့်ခဲ့တဲ့ နွေဦးတော်လှန်ရေးကာလ ရက်ပေါင်းတစ်ထောင် အတွင်း စစ်ကောင်စီရဲ့လက်ချက်နဲ့ တနင်္သာရီတိုင်းမှာ သေဆုံးခဲ့တဲ့အရပ်သားပြည်သူ ၁၇၀ ကျော်ရှိခဲ့ပါတယ်။ အဲဒီကိန်းဂဏန်းအချက်အလက်ဟာ စစ်အာဏာသိမ်း ခဲ့တဲ့ ၂၀၂၁ ဖော်ဝါရီလ ၁ ရက်နေ့ကစလို့ ရက်ပေါင်း ၁၀၀၀ ပြည့်ခဲ့တဲ့ မနေ့ကအထိ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရသူတွေ ကို မှတ်တမ်းတင်ထားတဲ့ နိင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်စာရင်းတွေက ရယူထား တာ ဖြစ်ပါတယ်။ ဒီစာရင်းအရ တနင်္သာရီတိုင်းထဲမှာ အမျိုးသား ၁၄၇ ဦးနဲ့ အမျိုးသမီး ၂၄ ဦး စုစုပေါင်း ၁၇၁ ဦးဟာ စစ်ကောင်စီ တပ်ရဲ့ ပုံစံအမျိုးမျိုးနဲ့ သတ်ဖြတ်တာကို ခံခဲ့ရတာပါ။ အသတ်ခံရသူတွေကတော့ တနင်္သာရီတိုင်းအတွင်း ကျွန်းစုမြို့နယ်ကလွဲလို့ ကျန်မြို့နယ် ၉ ခုဖြစ်တဲ့ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်း၊ ပုလော၊ တနင်္သာရီ၊ ဘုတ်ပြင်း မြို့နယ်တွေကဖြစ်​ပါတယ်။ ဒါ့အပြင် တနင်္သာရီတိုင်းထဲက မြို့နယ်မသိရတဲ့ အသတ်ခံရသူ အမျိုးသား နှစ်ဦးလည်းပါဝင်ပါတယ်။ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးသူစာရင်းမတွေ့ရတဲ့ ကျွန်းစုမြို့နယ်ကတော့ တနင်္သာရီရေတပ်စခန်းဌာနချုပ်အ​ခြေစိုက်တဲ့ မြို့နယ်ဖြစ်ပါတယ်။ သပိတ်ကာလတွေမှာပြည်သူအများအပြားပါဝင်ခဲ့ပေမဲ့ တိုက်ပွဲဖြစ်ပွားတာနဲ့ အရပ်သားတွေကို စစ်ကောင်စီ တပ် ကဖမ်းဆီး တာတွေလည်း ရှိပေမဲ့ ကျွန်းစုဟာ တခြားမြို့နယ်တွေထက် ဖြစ်စဉ်နည်းပါးတဲ့​ဒေသ ဖြစ်ပါတယ်။

ရက်တစ်ထောင်အတွင်း အသက်ပေးခဲ့ရသူတွေဟာ ဆန္ဒပြပွဲအတွင်းပစ်သတ်တာ၊ ဖမ်းဆီးပြီးသတ်ဖြတ်တာ၊ စစ်ကြော ရေးမှာသတ်ဖြတ်တာ၊ ကားနဲ့တိုက်သတ်တာ၊ မီးရှို့သတ်ဖြတ်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ စတဲ့အကြောင်းအရာအမျိုးမျိုးနဲ့ သတ်ဖြတ်ခံရသူတွေဖြစ်ပါတယ်။ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးသူတွေထဲမှာ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကျောင်းသားတွေ၊ စစ်ဘေးရှောင်တွေ နိုင်​ငံရေးပါတီဝင်တွေ အသက်အရွယ်အမျိုးမျိုး၊ နယ်ပယ်အမျိုးမျိုးက ပါဝင်ပါတယ်။ အဲဒီ စာရင်းတွေထဲမှာ တိုက်ပွဲအတွင်းကျဆုံးတဲ့ပြည်သူ့ကာကွယ်ရေးရဲဘော် အရေအတွက်တွေ ဒီစာရင်းထဲမှာ မပါဝင်ပါဘူး။ အလား တူ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီသတင်းပေး၊ ပျူစောထီးတွေရဲ့ အရေအတွက်လည်း ထည့်သွင်း ထားတာမရှိပါဘူး။ အာဏာရှင်ဆန့်ကျင့်ရေး လူထုတော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေသူ တနင်္သာရီတိုင်းက လူငယ်​တစ်ဦးဖြစ် တဲ့ ကိုပိုင်ဦးချို ကတော့ လက်နက်ကိုင်အဖွဲ့တွေ အဖြေးဖြေးများလာပြီးနောက်မှာ ပြည်သူကိုဦးတည်ပြီးသတ်ဖြတ်တာတွေ စစ်ကောင်စီဘက် က ပိုမို လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။ “တော်လှန်ရေးအဖွဲ့တွေကိုမနိုင်ရင် စစ်တပ်က အပြစ်မဲ့ပြည်သူ ကိုဦးတည်တယ်။ ပြည်သူတွေအခုလိုဖြစ်တာ တော်လှန် ရေးကြောင့်ဆိုတာမျိုးသူတို့ကပြချင်တာ။ တော်လှန်ရေးကရပ်နေရင် တော့ ဒီထက်ပိုခံရနိုင်ခြေရှိတယ်။ တော်လှန်ရေးကိုအမြန်ဆုံး အောင်အောင်မြင်မြင်နဲ့အဆုံးသတ်ဖို့လိုတယ်။” လို့ ကိုပိုင်ဦးချိုက ဆက်ပြောပါတယ်။  https://www.fac ebook.com/photo/?fbid=358686976549058&set=a.196212682796489

၁၅။ သထုံမြို့နယ်က နေအိမ် ၂ လုံးကို စစ်ကောင်စီ ချိပ်ပိတ်
     October 31, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာက ဒေသခံနေအိမ် ၂ လုံးကို  အောက်တိုဘာ ၂၉ ရက် မနက်မှာ စစ်ကောင်စီက ချိပ်ပိတ်လိုက်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့သူတွေဆီကနေ သိရပါတယ်။ “စစ်ကောင်စီဘက်က လူကို ဖမ်းမရတာနဲ့ လူက ရှောင်တိမ်းနေတာကြာပါပြီ။ အခုမှအိမ်ကို စကစဘက်က လာချိပ်ပိတ်သွားတာ။” ၅၀၅ ဃ နဲ့ အမှုဖွင့်ခံ ထားရသူတွေဖြစ်တဲ့ ဒူးရင်းဆိပ်ကျေးရွာ အမှတ် ၂ ရပ်ကွက်က အေးလှိုင် (ခ) ပြောင်ကြီးနေအိမ်နဲ့ အမှတ် ၃ ရပ်ကွက်က မမေသင်္ကြန် နေအိမ်တို့ကို ချိပ်ပိတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်မှာ အကြမ်းဖက်မှုဥပဒေနဲ့ အမှုဖွင့်ခံထားရတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေ၊ PDF တွေရဲ့ နေအိမ်တွေ ၁၀၀ ထက်မနည်း စစ်ကောင်စီက ချိတ်ပိတ်ခဲ့တယ်လို့ ဆိုပါတယ်။ https://burmese.dvb .no/post/622655

၁၆။ တစ်ရက်တည်း စစ်ကောင်စီလက်နက်ကြီး အချက်ရေ (၃၀) ထက်မနည်းပစ်ခတ်၊ အရပ်သား ထိခိုက်မှုရှိ
     October 30, 2023

ကရင်နီပြည် လွိုင်ကော်မြို့၊ လွိုင်လင်လေးအခြေစိုက် ခမရ (၅၃၀) တပ်ကနေ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းကို အောက်တို ဘာလ ၂၉ရက်နေ့ တစ်ရက်တည်း လက်နက်ကြီး အချက်ရေ (၃၀) ထက်မနည်း ပစ်ခတ်ခဲ့ပြီး ဒေသခံတွေ ထိခိုက်မှု ရှိခဲ့တယ်လို့ သိရှိရပါတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့ ည ၈ နာရီဝန်းကျင်မှာ ခမရ (၅၃၀)တပ်ကနေ ၁၂၀မမ၊ ၈၁ မမ နဲ့ ပစ်ခတ်ခဲ့ရာ လွိုင်လင်လေးမြို့နယ် ကုန်းမီကို ကျေးရွာထဲကို လက်နက်ကြီး ၁၀ လုံးထက်မနည်း ကျရောက်ခဲ့ပြီး ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။“လက်နက် ကြီး ကတော့ ၁၀ လုံးလောက် ကျတယ်။ နေအိမ်တချို့နဲ့ လူနှစ်ဦး ထိထားတယ်။ မျက်နှာတွေမှာထိတော့ နည်းနည်းတော့ စိုးရိမ် ရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အရပ်သားထိခိုက်မှုအပြင်တခြားကျေးရွာ နှစ်ရွာမှာလည်း လက်နက်ကြီး ကျရောက် ခဲ့ပြီး နေအိမ် ၄ လုံးထက်မနည်း လက်နက်ကြီးထိမှန်ကာ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အလားတူ အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အချိန်မှာလည်း လက်နက်ကြီးထိမှန်မှုကြောင့် ၁၅ နှစ်အောက် ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ရှိပါတယ်။ ဒါ့အပြင် ဒီကနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခွဲအချိန်မှာလည်း လွိုင်လင်လေးအခြေစိုက် ခမရ(၅၃၀) တပ်ကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ထပ်မံပစ်ခတ်မှု ရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီကနေ လက်နက်ကြီးရမ်းသန်း ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေနဲ့ စစ်ရှောင်တွေဟာ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ဆိုပါတယ်။ https://www.kantara waddytimes.org/%e1%80%90%e1%80%85%e1%8 0%ba%e1%80%9b%e1%80%8 

၁၇။ ချင်းလဲန်းဖွဲ့စည်းပုံအခြေခံပဒေမူကြမ်း WCCCC ဒုတိယအကြိမ်အစည်းအဝေးတွင် ၆၀ ရာခိုင်နှုန်းသဘာတူညီ          ချက်ရရှိ
     October 30, 2023

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲနိုင်ရေးအတွက် ယခုလအတွင်း ကျင်းပသည့် ဒုတိယအကြိမ် အလုပ်အဖွဲ့ အစည်းအဝေး (WCCCC) တွင် ဥပဒေမူကြမ်း၏ ၆၀ ရာခိုင်နှုန်းခန့်ကို ဆွေးနွေးသဘာတူညီချက်ရခဲ့ပြီး လာမည့် နိုဝင်ဘာလမှာ ထပ်မံ ဆွေးနွေးမည်ဟု ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး အလုပ်အဖွဲ့  (WCCCC) မှ ခေါင်းဆောင် Dr. Ngai Tam Mawng က ပြောသည်။ ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး အလုပ်အဖွဲ့ (WCCCC) ၏ ဒုတိယအကြိမ် အစည်းအဝေးကို အောက်တိုဘာလ ၂၄ ရက်မှ ၂၈ ရက်အထိ လွတ်မြောက်နယ်မြေတစ်နေရာတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု WCCCC မှ ခေါင်းဆောင် Dr. Ngai Tam Mawng က ပြောသည်။“အရေးကြီးတာက အကုန်လုံးတော့ အရေးကြီးတယ်။ ဒါပေမယ့် အရေးကြီးတာတွေကို ကျနော် တို့ စတင်ဆွေးနွေး ကြတာပေါ့ နော်။ အဲဒီဆွေးနွေးတဲ့အထဲမှာ တချို့က ဆွေးနွေးတာ မပြီးသတ်သေးတာ ရှိတယ်။ တချို့က အားလုံးသဘောတူညီချက် ရသွားတာရှိတယ်။ ခြုံပြီးတော့ ပြောရမယ်ဆိုရင်တော့ ခုကျန်ခဲ့တဲ့ ဟာတွေလည်း အရေးကြီးပါ တယ်။ ကျနော်တို့မှာက မြို့နယ်နဲ့ ဒေသဆိုပြီး မြေပြင်မှာလည်း နှစ်မျိုးရှိတာကို ။ မြို့နယ်နဲ့ ဒေသတွေ ဒီညီလာခံ အစည်းအဝေး မှာရော၊ ချင်းပြည်ကောင်စီမှာ ပါဝင်နိုင်တဲ့ အချိုးအစားနဲ့ ပတ်သက်ပြီး မြေပြင်မှာ ရှိတဲ့ မိခင်အဖွဲ့အစည်းကို ပြန်ယူဆောင် ပြီးတော့ မိခင်ဖွဲ့စည်းရဲ့ သဘောတူညီချက် ရယူဖို့ ရှိပါမယ်” ဟု သူက ပြောသည်။

တော်လှန်ရေးကာလ ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေး၊ ချင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ရေးနှင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည့် မဏ္ဍိုင် ၃ ရပ် ဖွဲ့စည်းထူထောင်နိုင်ရေးအတွက် မကြာမီပြုလုပ်မည့် ချင်းပြည် ကောင်စီ ညီလာခံ ဖြစ်မြောက်ရေးဆိုင်ရာ အစီအမံများနှင့် ပြင်ဆင်မှုများကို ဆောင်ရွက်နေသည်ဟု WCCCC အလုပ်အဖွဲ့က အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း ထုတ်ပြန်ထားသည်။ စက်တင်ဘာလက ကျင်းပသည့် Pre-Plenary Meeting တွင် မတက်ရောက်ခဲ့သည့် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) နှင့် တီးတိန်းမြို့နယ်ထဲက ဇိုမီးဖက်ဒရယ်ယူနီယံ (ZFU) အဖွဲ့တို့ က ယခု ဒုတိယအကြိမ် ပြင်ဆင်ရေးဆွဲခြင်း အစည်းအဝေးတွင်လည်း မတက်‌ရောက်နိုင်သေးဘဲ ရှိနေသည်ဟု သိရသည်။ လာမည့်အစည်းအဝေးများတွင် ယင်းနှစ်ဖွဲ့ပါ တက်ရောက်နိုင်ရေးအတွက် လာမည့်နိုဝင်ဘာလအတွင်း နှစ်ဖက် ညှိနှိုင်းဆွေးနွေး မှုများ ပြုလုပ်ရန်ရှိသည်ဟု သိရသည်။ ချင်းလဲန်းကောင်စီဖွဲ့စည်းရာတွင် ချင်းအင်အားစုများ အားလုံးပါဝင်ရေးအတွက် မပါဝင် လာသေးသည့် အဖွဲ့များအပြင် ချင်းအင်အားစုများ တွေ့ဆုံညှိနှိုင်းရန် “ညှိနှိုင်းရေးအဖွဲ့” တစ်ခုကိုလည်း ဖွဲ့စည်းထားသည်ဟု သိရသည်။ WCCCC အဖွဲ့တွင် လွှတ်တော်ကိုယ်စားလှယ်များဘက်မှ တစ်မြို့နယ်ကို တစ်ဦး၊ CNF/ CN A ဘက်မှ ငါးဦး၊ မြို့နယ် နှင့် ဒေသအခြေပြုဖွဲ့စည်းထားသည့် အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးဘက်မှ ကိုယ်စားလှယ်တစ်ဦးစီဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။ https://www.facebook .com/photo?fbid=820581393404249&set=a.723151876480535

၁၈။ စစ်တပ် လက်နက်ကြီး ပစ်ခတ်ကြောင့် မူးမြို့နယ်ဒေသခံ ၂၅၀၀ ခန့် ထွက်ပြေးနေရ
     October 30, 2023

ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင် တပ်မ ဟာ(၃)၊ မူးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ တိုက်ပွဲတွေကြောင့် မူးမြို့နယ် ဒေသခံ ၂၅၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူဗဟိုက ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂၈ ရက် နေ့လည် ၁၂ နာရီခွဲလောက်က စစ်ကောင်စီတပ်ရဲ့ ဒုံစရစ်တပ် ခမရ-၅၈၉၊ စကခ-၂၁ ဗန်းမော် လက် အောက်ခံ ရွှေက္ကူတပ် ခမရ−၆၀၂ တို့ ဟာ မူးမြို့နယ်ထဲက သပြေညွှန့်စခန်း၊ မိုးပျံစ ခန်းတိုကို လာရောက်ပူးပေါင်းခဲ့ကြပါတယ်။ ည ၈ နာရီကျော် လောက်မှာ သပြေ ညွှန့်စခန်းနဲ့ ရဲစခန်းက လက်နက်ကြီး ၂ လုံးကို ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေထဲကို ပစ်ခတ်ခဲ့ ရာ ကျောက်ကြီး ပေါက် ကျေးရွာဘေးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၃) လက် အောက် တပ်ရင်း တပ်ဖွဲ့တွေ၊ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ တယ်လို့ ဆိုပါတယ်။ အဲဒီလို လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ကျောက်ကြီးပေါက်၊ ဆမ်မန်း ပေါက်၊ သပြေညွန့်၊ ရွှေပြည်သာ၊ လေလံကုန်းစတဲ့ ကျေးရွာ ၅ ရွာက လူဦးရေ ၂,၀၅၂ ယောက် အသက်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရ ပြီး အစားအစာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၀ ရက်ကလည်း စစ်ကောင်စီ ခမရ-၃၅၁ ကနေ နိုတောတာ (မရမ်းစိန်လေး) ကျေးရွာဆီ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့တဲ့အချိန်ကစတင်ပြီးတော့ ကျေးရွာလူဦးရေ ၄၀၄ ယောက် စတင်စစ်ဘေးရှောင်ခဲ့ရပြီး ဒီကနေ့ အထိ နေရပ်မပြန်နိုင်သေးတာကြောင့် နေရာထိုင်ခင်း၊ အစားအစာနဲ့ ဆေးဝါးတွေစတဲ့ အရေးပေါ်အကူအညီတွေလိုအပ်နေတယ် လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေရဲ့ ရွာမီးရှို့၊ လက်နက်ကြီးနဲ့ ပစ်ခတ်၊ လေယာဉ်နဲ့ ဗုံးကြဲမှုတွေကြောင့် အရပ်သား ပြည်သူတွေရဲ့ နေအိမ်တွေ ၇၅၀၀၀  လောက် ဖျက်ဆီးခံခဲ့ ရပြီး စစ်ဘေးရှောင် ပြည်သူ ၂ သန်းကျော်ထိ ရှိလာတဲ့အပြင် လူဦးရေ ၁၅ သန်းလောက် စားနပ်ရိက္ခာအကူအညီလိုအပ်နေ တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။​ နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှအပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ် တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ https://burmese.dvb.no/post/622642

၁၉။ “ဝ”နဲ့မိုင်းလားကို ထိန်းချုပ်ဖို့ တရုတ်နဲ့ပေါင်းပြီး ဖိအားပေးရမယ်လို့ စစ်ကောင်စီပြော
     October 31, 2023

ကျားဖျန့်လိုခေါ်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရေး “ဝ”နဲ့ မိုင်းလားဒေသကို စစ်ကောင်စီရဲ့ ရဲ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်အခွန်အဖွဲ့တွေ ဝင်နိုင်ဖို့ တရုတ်နဲ့မြန်မာ နှစ်နိုင်ငံပေါင်းပြီး ဖိအားပေးရမယ် လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ တရုတ်နိုင်ငံ အခြေစိုက် Phoenix Media နဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ အောက်တိုဘာလ ၂၃ ရက်က ဖြေကြားပြောဆိုမှုတွေကို စစ်ကောင်စီရဲ့ သတင်းစာတွေကနေ အောက်တိုဘာ ၃၀ ရက်နေ့မှာ ဖော်ပြခဲ့တာပါ။ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ဖို့ဆိုရင် “ဝ”နဲ့မိုင်းလား ဒေသဟာ တရားဥပဒေနဲ့အညီ နေထိုင်ဖို့နဲ့ တရားဝင် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့လိုတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါ တယ်။“ဝ” နဲ့မိုင်းလား နယ်မြေထဲကို တရားဥပဒေ စိုးမိုးရေးအဖွဲ့တွေ ဝင်ရောက်ဖို့ပဲဖြစ်ပါတယ်။ သူတို့နေရာမှာ ရဲ၊ လဝက စတဲ့အဖွဲ့တွေ အဝင်မခံပါဘူး။ ကျွန်တော်တို့ နှစ်နိုင်ငံအနေနဲ့ ဒီအတိုင်း လွှတ်ပေးထားရင် လာမယ့်နှစ်တွေမှာ အခြားပြဿနာ တွေ ဆက်ရှိနေမှာဖြစ်ပါတယ်” အဖွဲ့အစည်းအမည်ကို အတိအကျ ထုတ်မပြောပေမယ့် ဒီလို ငွေလိမ်ဂိုဏ်းတွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကာကွယ်ပေးနေတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက စွပ်စွဲထားပါတယ်။

ဒါကြောင့် အဲဒီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ငွေလိမ်ဂိုဏ်းတွေကို ကာကွယ်ပေးတဲ့နေရာမှာ မပါဝင်ဖို့ သတိ ပေးထားတယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။“ဝ”နဲ့ မိုင်းလားဒေသမှာ ၁၉၉၀ ပြည့်နှစ်က ဘိန်းဖြူပြဿနာ၊ ၂၀၀၀ ပြည့်နှစ်မှာ WY စိတ်ကြွဆေးပြဿနာနဲ့ အခု အွန်လိုင်းငွေလိမ်ဂိုဏ်း ပြဿနာတွေဖြစ်နေပြီး တရားဥပဒေစိုးမိုးရေး မလုပ်နိုင်ဘူးဆိုရင် ဒီလိုပြဿနာတွေ ဆက်ဖြစ်လာမှာပဲလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။ ဒါကြောင့် အဲဒီ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ၂၀၂၃ နှစ်ကုန်မှာ အမြစ်ပြတ် ချေမှုန်းဖို့ စီစဉ်ထားကြောင်းလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ အဲဒီဒေသတွေဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတာကြောင့် အွန်လိုင်း ငွေလိမ်ဂိုဏ်း ပြဿနာကို စစ်ကောင်စီဘက် က မကိုင်တွယ်နိုင်ဖြစ်နေပြီး တရုတ်အစိုးရက ဝင်ရောက်ဆောင်ရွက်နေတာလို့ ဆိုပါတယ်။ ဒီပြောဆိုမှုတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ပြောခွင့်ရသူ ဦးညီရမ်းကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ် လို့မရခဲ့ပါဘူး။ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ပြောစရာမရှိတဲ့အကြောင်းသာပြန်လည် ဖြေဆိုပါတယ်။ https://www.rfa.org/burmese/news/zaw-min-tun-press-103020 23052045.html

၂၀။ ဖောင်းဆိုင်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံပြည်သူ ၂၀၀ ကျော်ပိတ်မိနေ
     October 30, 2023

ရှမ်းမြောက် မုံးကိုးမြို့နယ်  ဖောင်းဆိုင်ဒေသတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA ပြင်းထန်နေဆဲဖြစ်တာ ကြောင့် ဖောင်ဆိုင်ကျေးရွာအုပ်စုက ဒေသခံပြည်သူ ၂၀၀ ကျော် စစ်မြေပြင်မှာ ပိတ်မိနေတယ်လို့ ဖောင်းဆိုင်ဒေသခံတွေကနေ သိရပါတယ်။ ရှမ်းမြောက်မှာ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ကနေ ၁၀၂၇ စစ်ဆင်ရေး အမည်နဲ့ စစ်တပ်ရဲ့တပ်စခန်းတွေကို တိုက်ခိုက်သိမ်းယူနေရာကနေ စစ်ဆင်ရေး တတိယနေ့ အောက်တိုဘာ လ ၂၉ ရက်နေ့မှာ တော့ မုံးကိုး ၊ ဖောင်ဆိုင်း (Munggu, Hpawng Seng  ) ရွာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းတပ်စခန်းနဲ့ ဖောင်းဆိုင်နဲ့ ၃ မိုင်လောက်ဝေးတဲ့ မန်းယန်တပ်စခန်းတွေကို MNDAA ဘက်က သွားရောက်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်လာတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်လို့မရဘဲ ပိတ်မိနေတာဖြစ်တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ “အခု ပြည်သူတွေက ဖောင်းဆိုင်ကျေးရွာမှာ တအောင်း၊ တရုတ်၊ ကချင် တွေနဲ့ဆိုရင် ၂၀၀ လောက် ပိတ်မိနေတာ၊ ဒီမှာလည်း တိုက်ပွဲ တွေ ဖြစ်နေတော့ ထွက်ပြေးလို့ မရဘူး ဖြစ်နေတယ်။ ကျွန်တော်တို့လည်း ဆုတောင်းနေကြတာပေါ့ အမြန်ဆုံး ပြန်နိုင်အောင် ဗုံးတွေလည်းချ ဒရုန်းတွေနဲ့လည်းချတော့ ကျွန်တော်တို့တွေ အရမ်းစိတ်ပူနေရတယ်”လို့ပြောပါတယ်။

လက်ရှိ ပိတ်မိနေတဲ့ကျေးရွာတွေဟာ ဖောင်းဆိုင်ရွာအပါအဝင် ဖောင်းဆိုင်ကျေးရွာအုပ်စုဝင်ရွာတွေဖြစ်ကြတဲ့ နောင် ကျန်၊ နောင်ဖိုင်၊ မန်ပိန်း စတဲ့ ကျေးရွာ ၃ ရွာက ပြည်သူတွေဖြစ်ပြီး တရုတ်–မြန်မာ နယ်စပ်နား တိမ်းရှောင်နေကြရတဲ့အပြင် နောက်ထပ် လရှပ်(Lashap mare) ကျေးရွာ ပြည်သူတွေကလည်း ခကျန်ခရော့(hka chyang hkaraw) ဆိုတဲ့တော တစ်နေရာ ထဲ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖောင်းဆိုင်နဲ့ ၃ မိုင်လောက်ဝေးတဲ့ မန်းယန် စစ်ကောင်စီတပ် စခန်းကို ကိုးကန့်တပ်က အောက်တိုဘာ ၂၉ ရက်နေ့ သိမ်းလိုက်ပြီးနောက် အောက်တိုဘာ ၃၀ ရက်နေ့မှာတော့ ဖောင်ဆိုင်း စစ်တပ်ဗျူဟာတပ်စခန်းကို သွားရောက် တိုက်ခိုက်သိမ်းပိုက်နေတယ်လို့သိရပါတယ်။ “မနေ့ကတော့မန်းယန်ကိုတော့ ကိုးကန့် တွေသိမ်းလိုက်ပြီ။ အခုကတော့ နောင်ဖိုင်ရွာထိပ် နောင်ကျိုင့်တွေမှာလည်း ကိုးကန့်တွေရှိတယ်။ ဒီနေ့ကျတော့လည်း ဖောင်းဆိုင် ကျေးရွာတပ်စခန်းမှာတိုက်နေကြတယ်။ ကိုးကန့်တွေက ဒရုန်းတွေ ၇ ခုလောက်နဲ့ ဗုံးတွေပစ်ချပေးတယ်။ မန်းယန် မှာ လက်နက်တွေ အများကြီးရှိနေရင်လည်း ဒရုန်းနဲ့ တိုက်ပြီးသိမ်းနိုင်အောင် လုပ်တာ ဖောင်းဆိုင်သိမ်းပြီးရင်တော့ မုံးကိုးကို လည်း သူတို့ သိမ်းမယ်ထင်တယ်”လို့ ပြောပါတယ်။ https://burmes e.kachinnews.com/2023/10/30/ld1-77/

၂၁။ ၁၀၂၇ စစ်ဆင်​ရေး စစ်ကိုင်းတိုင်း ထီးချိုင်တွင်ပါ ​ဖော်​ဆောင်​နေပြီးတိုက်ပွဲများပြင်းထန်​နေဟု​ကြေညာ
    October 30, 2023

၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင်သာမက စစ်ကိုင်းတိုင်းထီးချိုင့်မြို့နယ်တွင်လည်း စစ်ဆင်ရေးဖော် ဆောင်နေပြီး တိုက်ပွဲများပြင်းထန်နေသည်ဟု  မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က သတင်းထုတ်ပြန်လာသည်။ စစ်ဆင်ရေး ပထမနေ့ဖြစ်သောအောက်တိုဘာလ (၂၇) ရက်နေ့၊ နံနက် (၈) နာရီ (၂၂) မိနစ်တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြိုနယ်၊ မော်ကွန်း တောင် အနောက်ဖက်တောင်ရိုးတလျှောက်၌ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့အချိန် အထိလည်း ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ၁၀၂၇ စစ်ဆင်ရေးနှင့် ပတ်သက်၍ သတင်းများထုတ်ပြန်ပေးနေသည့် 1027  Operation – 3BHA က ယနေ့ နေ့လယ်တွင် အသိပေးထားသည်။ “ထီးချိုင့်မှာ AA တပ်ဖွဲ့ဝင်တွေ ရောက်နေတာ။ လက်နက်တွေ က ရှယ်ပဲ။ ကျမတို့နားမှာ ဖြစ်တဲ့ တိုက်ပွဲဆိုမင်းတို့ သေနတ်အစုတ်အပဲ့တွေနဲ့ လာမတိုက်နဲ့ဆိုပြီးပြောပြီး တိုက်တာ။ အဲ့ဒီအသံ တွေကြားရတယ်” ဟုထီးချိုင့် မြို့ခံတစ်ဦးကပြော သည်။ ထီးချိုင့်မြို့နှင့် နှစ်မိုင်ခန့်အကွာမှ ကုက္ကိုယ်ကုန်းနှင့် သခွပ်ချောင်ရွာတွင် ယမန်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး AA သည် KIA၊PDF ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ပါဝင်တိုက်ခိုက်နေသည်ကို တွေ့ရ သည်ဟု ဒေသခံများကပြော သည်။

ထို့အပြင် ထီးချိုင့်မြို့နယ်အတွင်းရှိ မင်းဝံတောင်ရိုးတဝိုက်၌ ယခုရက်ပိုင်းတိုက်ပွဲများဖြင့်ထန်နေပြီး စစ်ကောင်စီတပ် အထိနာ၍နေ့စဉ် လေကြောင်းအသုံးပြုတိုက်ခိုက်နေသည်။ ၁၀၂၇ စစ်ဆင်ရေး စတင်သည့်အချိန်တွင် ရက္ခိုင့်တပ်တော် -AA အနေဖြင့် ကိုးကန့်၊ တအာင်း ညီနောင်မဟာမိတ်များနှင့် အတူသာမက ကချင်အပါအဝင် အခြားသောမဟာမိတ်များရှိရာ နေရာ ဒေသများ၊ စစ်ဆင်ရေး၏ အရေးကြီးသောနေရာများနှင့် စစ်ဆင်ရေးကို အထောက်အပံ့ဖြစ်စေသောနေရာများတွင် စစ်ကောင်စီ ၏ တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု စစ်ဆင်​ရေး ၁၀၂၇ ကထုတ်ပြန်ထားသည်။ ထိုအပြင် ရက္ခိုင့်တပ်တော်အခြေစိုက် လှုပ်ရှားသောနေရာများထဲမှတစ်ခုဖြစ်သော ကချင်ပြည်၊ လိုင်ဇာဌာနချုပ် ပတ်ဝန်းကျင်အနီး တိုက်ပွဲများ၌လည်း ရက္ခိုင့်တပ် တော်မှ အာရက္ခစစ်သည်တော်များသည် မဟာမိတ်များနှင့်အတူ ဟန်ချက်ညီပူးပေါင်းစစ်ဆင်ရေးများကို ဆက်တိုက်ဆင်နွှဲ လျက်ရှိသည်ဟု အသိပေးထားသည်။ စစ်​ကောင်စီတပ်၏ ​အောင်ဂျာစခန်းကုန်းကို KIA ဦး​ဆောင်၍ AA အပါအဝင်​တော်လှန်​ရေးအဖွဲ့ ၅ ဖွဲ့ပူး​ပေါင်တိုက်ခိုက်ပြီးစခန်းသိမ်းခဲ့​သောတိုက်ပွဲမှာ ထင်ရှား​သောတိုက်ပွဲတစ်ခုဖြစ်သည်။ စခန်းသိမ်း တိုက်ပွဲအပြီး KIA စစ်ဦးစီချုပ်က ပူး​ပေါင်းတိုက်ခိုက်​ပေး​သော မဟာမိတ်တပ်ဖွဲ့များကို​ကျေးဇူးတင်​ရှိကြောင်း စာလွှာများ​ပေးပို့ခဲ့သည်။ https:/ /www.facebook.com/photo/?fbid=67100804 5097991&set=pcb.671008135097982

၂၂။ ရှမ်းမြောက် နန့်ဟိုင်းကျေးရွာက တိုက်ပွဲများကြောင့် တောတောင်ထဲ ထွက်ပြေးနေရသည့် ဒေသခံများ နှင့် ကလေး      ငယ်များ အခက်အခဲအမျိုးမျိုးကြုံနေရ
    October 30, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ နမ့်ဟိုင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားပြီး လက်နက် ကြီးပစ်ခတ်မှုတွေကြောင့် အလောတကြီး ထွက်ပြေးခဲ့ကြရတဲ့ ဒေသခံတွေဟာ တောတောင်တွေမှာ စားဝတ်နေရေး ခက်ခဲမှုတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ နမ့်ဟိုင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ် ခမရ ၃၂၄ နဲ့ KIA တပ်ရင်း ၈ တပ်ဖွဲ့ တွေဟာ မနေ့က အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းကတည်းကနေ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ ဘက်က လက်နက်ကြီးပစ်ခတ်တာအပြင် လေယာဉ်နဲ့ ဗုံးကြဲနေတာကြောင့် နမ့်ဟိုင်းတစ်ရွာလုံးနီးပါး ထွက်ပြေးနေကြရတာလို့ သိရပါတယ်။ လက်နက်ကြီးကျည်နဲ့ လေယာဉ်ဗုံး လွတ်မယ့်နေရာတွေဘက် ထွက်ပြေးနေရတဲ့ နမ့်ဟိုင်းဒေသခံတွေဟာ ပစ်ခတ်မှုတွေကြောင့် အလန့်တကြား ထွက်ပြေးလာရပြီး ဘာပစ္စည်းမှ ယူဆောင်သွားနိုင်တာ မရှိတဲ့အတွက် တောတောင်ထဲမှာ စားရေးသောက်ရေး ခက်ခဲမှုတွေကြုံတွေ့နေရတာလို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ “တချို့က မျက်နှာတောင် မသစ်ရသေး ဘူး။ လက်နက်ကြီးသံတွေမြည်လာတော့ စားစရာသောက်စရာဆို ဘာမှမယူမိဘဲထွက်ပြေးသွားတာ။ အခုတောထဲမှာ ကလေး တွေလည်း ဌက်ဖျားဖြစ်တဲ့သူတွေကဖြစ်နဲ့ ဆေးဝါးလည်းမရတော့ တော်တော်လေးကိုခက်ခဲနေတာ။” လို့ဆိုပါတယ်။

“အဘွားတွေ အဘိုးတွေ လမ်းမလျှောက်နိုင်တဲ့သူတွေကို ပိုးတဲ့သူကပိုး ကလေးငယ်တွေကို ဆွဲတဲ့သူကဆွဲနဲ့ ထွက်ပြေး နေကြတာ။ အခုလည်း အထက်ဘက်က လေယာဉ်ဗုံးနဲ့ လက်နက်ကြီးကျည်တွေကြောက်တော့ တချို့ဆို ရွှေ့ပြီးပြေးနေကြတာ။ “လို့ ဒေသခံက ဆက်လက်ပြောပါတယ်။ ထွက်ပြေးနေရတဲ့အထဲ သက်ကြီးဘိုးဘွား ၁၀ ယောက်ကျော်နဲ့ ကလေးငယ် မိခင်နို့စို့ တဲ့ အရွယ်ကနေ အသက် ၁၂ နှစ် ၁၃ နှစ်အောက် ကလေးငယ် အယောက် ၄၀ ကျော်ပါပြီးတော့ ကလေးငယ်တွေမှာ ဌက်ဖျား ဖြစ်ပွားတာတွေလည်း များနေတာကြောင့် ဆေးဝါးတွေလည်း အရေးတကြီးလိုအပ်နေတာလို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နမ့်ဟိုင်းကျေးရွာထဲက  ဘုရားကျောင်း၊ အထိမ်း အမှတ်နေရာတွေနဲ့ နေအိမ်ထိခိုက်ပျက်စီး တာတွေရှိပြီး လေယာဉ်ဗုံး ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်တစ်အိမ် မီးလောင်ပျက်စီးသွားတာလည်း ရှိတယ်လို့သိရပါ တယ်။ တရုတ်၊ ပလောင်၊ ရှမ်း၊ ကချင်လူမျိုးတွေနေထိုင်ကြတဲ့ နမ့်ဟိုင်းကျေးရွာမှာ အရင်က တိုက်ပွဲဖြစ်ပွားမှုတွေရှိပေမဲ့ အခုလို လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲတာတွေ မရှိတဲ့အတွက် ထွက်ပြေးရတဲ့အထိ အခြေအနေမရှိခဲ့ဖူးဘူးလို့လည်း ဆိုပါတယ်။ https://www.facebook.com/photo/?fbid=348683684505298&set=pcb.348685001171833

၂၃။ မိုးဗြဲနဲ့ လွိုင်ကော်မှာ ရေပြန်ကျပေမယ့် စပါးခင်းဧကထောင်ချီ ပျက်စီးဆုံးရှုံး
    October 30, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲဒေသနဲ့ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ အနီးတစ်ဝိုက်မှာ အောက်တိုဘာ လ ၂၅ ရက်နေ့ကစပြီး တဖြည်းဖြည်း ရေပြန်ကျနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ ရေလျှံနေတဲ့ ဘီလူးချောင်းရေ ရေပြန်ကျ နေပေမယ့် စပါးခင်း ဧကထောင်ချီ ရေမြုပ် ပျက်စီး သွားတာကြောင့် စစ်ဘေးရှောင် တောင်သူတွေ စားဝတ်နေရေး ပိုခက်ခဲလာ နိုင်တယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင် တောင်သူ တစ်ဦးက “တော်တော်များများက စိုက်ခင်းထက် ရေကျော်သွားတော့ ပျက်စီး ကုန်တာပေါ့။ တချို့ အပင်တွေကလည်း ရေထဲ မျှောပါကုန်တာ။ စစ်ရှောင်တွေ အတွက်က ပိုင်ဆိုင်တာဆိုလို့ ဒါပဲ ရှိပါတယ်ဆိုမှ ဒါကပါ ရေလွှမ်းခံရတယ် ဆိုတော့ ဒုက္ခရောက်တာပေါ့။ ဒီနှစ် လယ်ရိတ်ပြီးရင် ဆန်အတွက်တော့ ဖူလုံပြီလို့ အားခဲထားတာ အခုတော့ စိတ်ဓါတ်တွေ လုံးလုံးကျကျ” လို့ ပြောပါတယ်။

ရေမြုပ် လယ်ဧက တစ်ထောင်ကျော်ထဲက ဧက ၃၀၀ ခန့်သာ ရိတ်သိမ်းနိုင်တာကြောင့် သုံးပုံတစ်ပုံခန့်သာ စပါး ရရှိ တယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင် တောင်သူတွေ အနေနဲ့ လယ်တစ်ဧကကို မြေဩဇာနဲ့ တခြား ကုန်ကျစရိတ်တွေ အပါအဝင် ကျပ် ၉ သိန်းနီးပါး ရင်းနှီးထားရတာကြောင့် ပျှမ်းမျှ လူတစ်ဦးကို ကျပ်ငွေ သိန်း ၄၀ နီးပါး အရှုံးပေါ်တယ်လို့ သိရပါတယ်။“ဆန်နဲ့ ဆီလေးရှိရင်တော့ တခြား ဟင်းမျိုးဟင်းလျာ မရှိလည်း ကြံဖန်စားလို့ ရတယ်။ အခုက ဆန်ကပါ မရနိုင်တော့ဘူး ဆိုတော့ ကျနော်တို့အတွက် ပိုခက်ခဲလာနိုင်တာပေါ့နော်။ ဒီနောက်ပိုင်း အလှူရှင်ကလည်း မရှိတော့ဘူးလေ” လို့ စစ်ဘေးရှောင် တောင် သူ တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလလယ်ပိုင်းက စပြီး မိုးနေ့စဉ် ရွာသွန်းမှုနဲ့အတူ စစ်ကောင်စီက မိုးဗြဲ ရေကာ တာ ရေဖောက်ချလိုက်တာကြောင့် မိုးဗြဲနဲ့ လွိုင်ကော်မြို့နယ်ထဲက လယ်ဧက ထောင်ချီ ရေမြုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ရေကြီးလာတာကြောင့် မိုးဗြဲဒေသ ဘီလူးချောင်း အနောက်ဘက်မှာ လယ်ယာလုပ်ကိုင် နေထိုင်ကြတဲ့ စစ်ဘေးရှောင် ၁,၀၀၀ ကျော်ဟာ ဖယ်ခုံနဲ့ လွိုင်ကော်မြို့ပေါ်ကို ပြောင်းရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။ https://www.facebook.com/photo/?fbid= 360083413044776&set=a.285 900490463069

၂၄။ စစ်ကောင်စီ စစ်ကြောင်းထိုးနေလို့ ထီးပေါ်ဆို-ဒေါညေးခူ လမ်းပိုင်း အသုံးမပြုဖို့ KNDF အသိပေး
    October 31, 2023

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ထီးပေါ်ဆို-ဒေါညေးခူလမ်းပိုင်းမှာ ဒီကနေ့မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်စစ်ကြောင်း ထိုးလာတာကြောင့် အဆိုပါ လမ်းပိုင်း အသုံးမပြုဖို့ KNDF က ထုတ်ပြန် အသိပေးပါတယ်။ ဒီကနေ့ မနက်ပိုင်းကစပြီး အင်အား ၁၅၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းငယ်တွေခွဲကာ ထီးပေါ်ဆို-ဒေါညေးခူ လမ်းပိုင်းကို အသုံးပြုပြီး ဖရူဆိုမြို့ နယ်ထဲ စစ်ကြောင်းထိုးလာတာလို့ ဖရူဆို PDF နဲ့ နီးစပ်သူ တစ်ဦးက ဆိုပါတယ်။ လက်ရှိ စစ်ကောင်စီ စစ်ကြောင်းထိုး လို့ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တာကြောင့် အဆိုပါ လမ်းပိုင်းကို ရက်အကန့်အသတ်မရှိ ပိတ်ပင်တယ်လို့ KNDF က အရေးပေါ် အသိပေးထားပါတယ်။ https://www.facebook.com/photo/?fbid=36165459 9554324&set=a.285900490463069

၂၅။ ပေါင်မြို့မှာ ပစ္စတိုသေနတ်ခါးကြားထိုးလာတဲ့ အမျိုးသားတဦးဖမ်းဆီးခံရ
    October 30, 2023

မွန်ပြည်နယ်၊ ပေါင်မြို့ ရန်ကုန်-မော်လမြိင်ကားလမ်းမပေါ် မြို့အဝင် စည်ပင်တိုးဂိတ်မှာ အောက်တိုဘာ ၂၈ ရက် မနက် ပိုင်းက အမျိုးသားတဦးဆီက ပစ္စတိုသေနတ်တွေ့တာကြောင့်စစ်ကောင်စီတပ်က ဖမ်းသွားတယ်လို့ မြို့ခံတွေကပြော ပပါတယ်။“ပစ္စတိုသေနတ်ကို ခါးကြားထိုးပြီး ဆိုင်ကယ်မောင်းလာတာ၊ ရဲတို့ စစ်သားတို့ စစ်ဆေးနေတာ တွေ့သွားတာ” လို့ မြို့ခံတဦးက ပြောပါတယ်။ သေနတ်နဲ့အတူ ဖမ်းဆီးခံရတဲ့သူဟာ အသက် ၂၁ နှစ်အရွယ် မော်လမြိုင်မြို့နေ ကိုထွန်းနိုင်ဆိုသူဖြစ်ပြီး သူဟာ မော်လမြိုင်ကနေ ပေါင်မြို့ဘက်ကို တဦးတည်းဆိုင်ကယ်မောင်းနှင်လာချိန် ပေါင်မြို့ ကဒုံးစီရပ်ကွက် ကစည်ပင် တိုးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ ကိုထွန်းနိုင်ကို စစ်ဆေးရာမှာ ခါးကြားထိုးလာတဲ့USA နိုင်ငံလုပ် (9 MM) ပစ္စတို တလက်၊ ကျည်အိမ် နှစ်ခု၊ ကျည် ၂၉ တောင့်နဲ့ ဆက်ပစ္စည်းတွေကို ရှာဖွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ ကိုထွန်းနိုင်ကို တရားမဝင်လက်နက်ခဲယမ်း ကိုင်ဆောင်မှုနဲ့ ပေါင်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပြီး စစ်ဆေး မှုတွေ လုပ်နေတယ်လို့ ပေါင်မြို့မရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ “သူက ဒီအတိုင်းဝယ်ကိုင်ထားတာလို့ ထွက်ဆိုထား တယ်ပေါ့၊စစ်ဆေးမှုတွေကတော့ လုပ်နေတုန်းပဲ၊ မပြီးသေး ဘူး” လို့ ပြောပါတယ်။ စစ်တပ်ထောက်ခံတဲ့ လူမှုကွန်ယက် စာမျက် နှာတွေမှာတော့ ကိုထွန်းနိုင်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ဖြစ်တယ်လို့ဝါဒဖြန့်ဖော်ပြတာတွေရှိနေပါတယ်။ ပေါင်မြို့ နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ အခုစစ်ကောင်စီက ဖမ်းဆီးထား တဲ့ကိုထွန်းနိုင်ဆိုသူကို မသိသလိုပတ်သက်ဆက်နွယ်မှုမရှိဘူးလို့ ငြင်းဆိုကြပါတယ်။ ပေါင်မြို့နယ်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် တွေ ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်တွေ မကြာ မကြာဖြစ် ခဲ့တဲ့နောက် စစ်ကောင်စီတပ်တွေကမြို့အဝင်အထွက် နေရာအနှံ့မှာ လုံခြုံရေး တင်းကျပ်ထားပြီး စစ်ဆေးမှုတွေ ပိုလုပ်နေတယ်လို့ဒေသခံတွေကပြောကြပါတယ်။ https://www.facebook.com/photo/?fbi d=731335752372838&set=a.605723 148267433

၂၆။ လဲချားမြို့နယ် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ
    October 31, 2023

သျှမ်းပြည် လဲချားမြို့နယ် ဟိုဖိုင်ကျေးရွာအတွင်း နေထိုင်သည့် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ၎င်းနေအိမ်အနီးသို့ လာရောက်ပစ်ခတ်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် (အောက်တိုဘာလ ၂၈ ရက်) ညပိုင်း ၇ နာရီဝန်းကျင်တွင် လဲချားမြို့နယ် ဟိုဖိုင်ကျေးရွာနေ အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးအား ဆိုင်ကယ်တစ်စီး နှင့် လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသား ၂ ဦးက ၎င်းနေအိမ်အနီးသို့ လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ “ ညပိုင်း ၇ နာရီလောက်က ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသား ၂ ယောက်က သူ့ကိုလာခေါ်တာ။ သူ တံခါးကို ဖွင့်လိုက်တဲ့အချိန်မှာ ပစ်လိုက်တာ။ ၃ ချက်လောက် ပစ်သွားတယ်။ လာပစ်တဲ့သူကတော့ ဘယ်သူတွေ ဖြစ်မှန်းမသိရဘူး “ ဟု ၎င်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် အမျိုးသားတစ်ဦးသည် မည်သည့် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်မှုမရှိ သည့်အပြင် ၎င်းမှာ အမျိုးသမီးနှင့် ကလေးငယ်တစ်ဦး ရှိကြောင်း ဒေသခံများ၏ ပြောချက်အရ သိရသည်။ လက်ရှိမှာ ပစ်ခတ် သွားသည့် အမျိုးသား ၂ ဦးအား ဖမ်းဆီးနိုင်ခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက် နေဆဲဖြစ်ကြောင်း သိရသည်။ https://burmese. shannews.org/archives/37598

၂၇။ မြဝတီ နှင့် ဖားအံတွင် လက်နက်ကိုင်အဖွဲ့အစည်းအမည်ခံ၍ စီးပွားရေးလုပ်သူများလာ
    October 30, 2023

စစ်ကောင်စီ၏ စစ်ဆေးရေးတင်းကြပ်မှုများမှ ကင်းလွတ်ရန် အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့အစည်းအတွင်း ဝင်ရောက်အမည်ခံ၍ စီးပွားရေးလုပ်ကိုင်ကြသူ များပြားလာကြောင်း မြဝတီနှင့် ဖားအံမြို့များရှိ စီးပွားရေးလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။ ကရင်ပြည်နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် KNU-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသလို မြို့ပေါ် ဌာနဆိုင်ရာရုံး များအထိ ဖောက်ခွဲတိုက်ခိုက်ခံရမှုများကြောင့် ဒေသခံများအနေဖြင့် စစ်တပ်၏ စစ်ဆေးရေး တင်းကြပ်မှုများနှင့် ဖမ်းဆီးငွေညှစ် မှုများကို တွေ့ကြုံနေရခြင်းဖြစ်သည်ဟု လုပ်ငန်းရှင် များက ပြောသည်။ ၎င်းအခြေအနေများကို ရှောင်လွဲ၍ အလုပ်အကိုင်အခွင့် အလမ်းရှာဖွေခြင်းနှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နိုင်ခြင်းမရှိသောကြောင့် ဒေသတွင်းအပစ်ရပ်လက်နက်ကိုင်အဖွဲ့သို့ ဝင်ရောက် အမည်ခံကာ ရန်ပုံငွေထည့်ဝင်ပြီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်ကြသူ ပိုမိုများပြားလာသည်ဟု ဖားအံမြို့ဒေသခံ လုပ်ငန်းရှင် တစ်ဦးက ယခုလိုပြောသည်။“အခုက အဖွဲ့အစည်းဝင်ပြီး လုပ်စား ကိုင်စားကြတာ အဆင်ပြေတယ်။ ဒီအတိုင်းဆို လုပ်စားရတာ အဆင်မပြေဘူး၊ ကားဆင်းတယ်(လိုင်စင်မဲ့ကားမောင်းခြင်း)၊ ထိုင်းပစ္စည်း ပို့တယ်၊ စားသောက်ဆိုင်၊ အရက်ဆိုင်ဖွင့်တယ်၊ အကောက်အခွန်မဲ့ ပစ္စည်းတွေ ဝယ်ရောင်းလုပ်တယ်။ ကလေးတွေ အဖွဲ့အစည်း ထဲဝင်ပြီး သွားလာတော့ စစ်တပ်နဲ့ ရဲ၊ သတင်း ပေးတွေက ရန်ရှာ တာ မခံရတော့ဘူးလေ” ဟု ပြောသည်။

ထိုမြို့များရှိ ဒေသခံအများအပြားမှာ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) အပါအဝင်နယ်ခြားစောင့်တပ် (BGF) နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) များသို့ ဝင်ရောက်အမည်ခံကြပြီး မိမိလုပ်ကိုင်သည့် စီးပွားရေး လုပ် ငန်းအမျိုးအစား အပေါ်မူတည်၍ အဖွဲ့အစည်းရန်ပုံငွေ အဖြစ် လစဥ် ငွေကြေးထည့်ဝင်ရသည်ဟုလည်း အဆိုပါ လုပ်ငန်းရှင်က ဆက်ပြောသည်။ စစ်ကောင်စီ၏ အာဏာသိမ်းသက်တမ်း ၃ နှစ် နီးပါးရှိလာသည့် အချိန်တွင် မြို့အတွင်း အဖွဲ့အစည်း အမည် ခံထားသော လုပ်ငန်းရှင်များ၏ လိုင်စင်မဲ့၊ အကောက်အခွန်မဲ့စားသောက်ဆိုင်များ၊ ကာရာအိုကေ Ktv ဆိုင်များပေါများလာ သော် လည်း နာမည်ရအဆိုတော်များ၊ ပြည်တွင်းခရီးသွားလည်ပတ်သူများ လာရောက်လည်ပတ်သည့် ရက်များမှအပ စားသောက် အပန်း‌ဖြေသူ မရှိသလောက် နည်းပါးနေကြောင်း ဖားအံမြို့ဒေသခံများက ဆိုသည်။ လက်ရှိ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၅ ခုတွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဒေသခံပြည်သူများ စားဝတ်နေရေး ခက်ခဲကြပ်တည်းရသလို ဖားအံနှင့် လှိုင်းဘွဲ့မြို့ဘက်တွင်လည်း BGF တပ် အပါအဝင် စစ်တပ်နှင့် အပစ်ရပ်လက်နက်ကိုင် အဖွဲ့များ၏ မိသားစုများအကြား တရား မဝင် လောင်းကစားနှင့် မူးယစ်ဆေးဝါးလုပ်ငန်း လုပ်ကိုင်မှုများ မြင့်တက်လာကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။ https:/ /kicnews.org/2023/10/%e1%80%99%e1%80%bc%e1%80%9d%e1%80%90%e1%

၂၈။ စစ်တွေ အခြေစိုက် DMG သတင်းဌာနအား စစ်ကောင်စီက ဝင်ရောက်စီးနင်း၊ သတင်းထောက်တစ်ဦးနှင့် ညစောင့်      တစ်ဦးအား ဖမ်းဆီးသွား
    October 30, 2023

ရခိုင်ပြည်၊ စစ်တွေမြို့ အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည် Development Media Group (DMG) သတင်းဌာနကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ပြီး သတင်းထောက်တစ်ဦးနှင့် ညစောင့်တစ်ဦးတို့ကို ဖမ်းဆီးသွားသည်။  အောက်တို ဘာ ၂၉ ရက်နေ့ ၁၂နာရီကျော်က စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ကြသည့် စသုံးလုံး အပါအဝင် SB, ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သား ၂၀ ဝန်းကျင်လောက်က ကားသုံးစီးဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း DMG သတင်းတာဝန်ခံ ကိုဇော်ဇော်က ပြောသည်။ “ဒီကနေ့ နေ့လယ် ၁၂ နာရီကျော်က ဖြစ်မယ်။ SB၊ တွေ စသုံးလုံးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေပါတယ်။ ကားသုံးစီးနဲ့ ရုံးကို လာရောက်ပြီး စီးနင်းတာပါ။ ရုံးမှာ သတင်းထောက်တစ်ဦးနဲ့ ညစောင့်တစ်ဦးကို ဖမ်းဆီးသွားတယ်။ ပြီးတော့ ရုံးက ပစ္စည်းတွေ တစ်ခုမကျန် ယူသွားတယ်။ ပြီးတော့ ရုံးကို ချိပ်ပိတ်သွားတယ်”ဟုပြောသည်။ လက်ရှိအချိန်တွင် ဖမ်းဆီးခံရသည့် သတင်းထောက်တစ်ဦးနှင့် ညစောင့်တစ်ဦးကို စစ်တွေမြို့ အမှတ် (၁)ရဲစခန်းတွင် ဖမ်းဆီးထိန်း သိမ်းထားပြီး အဆိုပါနေရာသို့ သွားရောက်တွေ့ဆုံမည်ကို အယ်ဒီတာအဖွဲ့ဝင်များနှင့် ညှိနှိုင်းသွားရမည်ဖြစ်ကြောင်း ကိုဇော်ဇော်ဆိုသည်။  လက်ရှိအခြေအနေတွင် စစ်ကောင်စီက Development Media Group (DMG) သတင်းဌာနကို မည်သည့်အတွက်ကြောင့် ဝင်ရောက်စီးနင်းပြီး သတင်းထောက်များကို ဖမ်းဆီးသွားသည်ကိုမှု မသိရသေးကြောင်း ကိုဇော်ဇော်က ဆက်လက် ပြောသည်။

“ကျနော်ခန့်မှန်းတာကတော့ ၂၀၁၉ ခုနှစ် အယ်ဒီတာချုပ်က တရားခံ ပြေးမှုနဲ့ အမှု တစ်မှုရှိနေတယ်။ ပြီးတော့ သတင်း ဌာနမှတ်ပုံတင် မရှိတာတစ်ခုရှိတယ်။ အဲ့ဒါကြောင့်များ လာရောက်ပြီး ရုံးကိုစီးနင်းတာလားဆိုတာ ဖြစ်ကောင်းဖြစ်နိုင်တယ်” ဟုပြောသည်။ ကိုဇော်ဇော်က ဆက်လက်ပြောပြရာတွင် ယနေ့ မနက်ပိုင်းတွင် စစ်တွေမြို့ဝင်္ကဘာကွင်းတွင် ပြုလုပ်သည့် ဆွမ်းဆန်စိမ်း လောင်လှူပွဲသို့ DMG က သတင်းထောက်တစ်ဦး သတင်းသွားယူရာတွင် ရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်ပြီးနောက် သတင်း ထောက်အား ရဲတပ်ဖွဲ့များက DMG ရုံးကို လိုက်လံ ပို့ဆောင်ရန် ပြောဆိုခဲ့သည်ဟု ဆိုသည်။ ယင်းနောက်တွင် DMG ရုံးအတွင်းက ရုံးနှင့် ဆက်စပ်သည့် ပစ္စည်းများဖြစ်သည့် ကွန်ပျူတာများ၊ လက်တော့ပ်များနှင့် ကင်မရာများအားလုံးကို စစ်ကောင်စီတပ်ဖွဲ့ ဝင်များက ယူဆောင်သွားပြီး ရုံးအား ချိပ်ပိတ်လိုက်ကြောင်း သိရသည်။ https://www.facebook.com/photo?fbid=77222 7384916690&set=a.682731967199566

၂၉။ မင်းပြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး လက်နက်များဖြင့်ထွက်ပြေး၊ အင်အားအများပြားဖြင့် လိုက်လံရှာဖွေ       နေကြ
   October 30, 2023

ရခိုင်ပြည် မင်းပြားမြို့နယ်ဖက်တွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ရင်းတစ်ခုမှ တပ်ဖွဲ့ဝင်တစ်ဦးမှာ အောက်တို ဘာ ၂၁ ရက်နေ့က ထွက်ပြေးလွတ်သွားသည့်အတွက် အင်အားအများအပြားဖြင့် လိုက်လံရှာဖွေမှုတို့ ရှိနေကြောင်း အနီးနားရှိ ဒေသခံများက ပြောသည်။ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်မှာ မင်းပြားမြို့နယ် ဖားပြိုရွာအနီးတပ်စွဲနေထိုင်သည့် တပ်ရင်းတစ်ခုမှဖြစ်ပြီး ကင်းစောင့်ကျသည့် ညပိုင်းအချိန်တွင် ထွက်ပြေးသွားခြင်းဖြစ်သည်ဟု သိရကြောင်း ဖားပြိုကျေးရွာသား တစ်ဦးက ပြောသည်။ “ရွာကိုဆင်းပြီးလာရှာကြလို့ သိရတာပါ။ ကင်းစောင့်နေချိန် ည ၇ နာရီလောက်မှာ တပ်ဖွဲ့ဝင်တစ်ယောက် ထွက်ပြေးသွားတယ်လို့ ဆိုတယ်။ လာရှာတဲ့အထဲ တပ်ရင်းမှူးတွေရောပါတယ်။ ရွာသားတွေကို ခြိမ်းခြောက်ပြီး ပြောဆိုတာ မျိုးတွေတော့ မရှိပါဘူး။ ဒီအတိုင်းပဲဝင်ရှာကြတာ” ဟုပြောသည်။ မင်းပြားမြို့နယ် ဖားပြိုကျေးရွာအနီးရှိ သင်္ချိုင်းတောင်ကုန်း နှင့် ဆနွင်းတောင်ကုန်းတို့တွင် စစ်ကောင်စီတပ် သားများ တပ်စွဲနေထိုင်မှုရှိပြီး ထိုသို့တပ်စွဲနေထိုင်မှုမှာ ပြီးခဲ့သည့် ၂၀၁၉ တိုက်ပွဲ ကာလအတွင်းကစတင်၍ ဖြစ်သည်။

အဆိုပါတပ်ရင်းများထဲမှ လက်ရှိထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ထံတွင် လက်နက်ခဲယမ်းများ ပါရှိသွားသည့် အတွက် အင်အားသုံး လိုက်လံရှာဖွေနေကြခြင်းဖြစ်သည်ဟု ဖားပြိုကျေးရွာသားများက ဆိုသည်။ “ထွက်ပြေးသွားတဲ့ တစ်ယောက်မှာ လက်နက်တွေပါသွားတယ်လို့သိရတယ်။ ဒါကြောင့် လူအင်အားသုံးပြီး တော့လိုက်ရှာနေကြတာ။ ခုထိတော့ မတွေ့ကြသေးဘူး”ဟုပြောသည်။ ရခိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်မှ ထွက်ပြေးမှုမှာ ရံဖန်ရံခါရှိတတ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ကျောက်တော်မဟာမုနိမှ စစ်ကောင်စီတပ်သား ၁ ဦး၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အတွင်းကလည်း မြောက်ဦး ခမရ ၅၄၀ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၃ ဦး အသီးသီးထွက် ပြေးမှုရှိခဲ့သည်။ မင်းပြားမြို့ တပ် တွင်း သတင်းရင်းမြစ်တစ်ဦးက “တပ်ထဲမှာ ခွဲခြားဆက်ဆံတာတွေ၊ မတရားအလုပ်ခိုင်းတာတွေ တစ်လျှောက်များလာတယ်။ ပြီးတော့ လစာတွေကိုလည်း လတိုင်းဖြတ်ယူတာတွေ ရှိတယ်။ ပိုက်ဆံမပေးနိုင်တဲ့ စစ်သားတွေဆိုရင် အန္တရာယ်များတဲ့ နေရာ တွေကို အတင်းအကျပ် ပြောင်းခိုင်းတာတွေလုပ်တယ်။ ပြီးခဲ့တဲ့လ ကဆိုရင် မင်းပြားတပ်ရင်းထဲက ထွက်ပြေးတဲ့ စစ်သားတစ်ချို့ ရှိတယ်”ဟုပြောသည်။ မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား တပ်မှ ထွက်ပြေးပြီး တိုင်းရင်းသားလက်နက်ကိုင်များထံခိုလှုံ့ခြင်း၊ CDM လုပ်ခြင်းတို့ရှိကြပြီး ရခိုင်ဖက်တွင်လည်း ထိုသို့ထွက်ပြေးကာ ရက္ခိုင့်တပ် တော်ထံ ခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက် ၁၀၀ ကျော်ခန့်ရှိနေပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်ဖက်မှ ပြောဆိုထားသည်။ https://www.facebook.com/ photo/?fbid=771027915036637&set=a.682731967199566

၃၀။ စစ်ရေးအထိနာခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” ကို အဖွဲ့အစည်းအချို့ကန့်ကွက်သည်ဟု စစ်ကောင်စီဝါဒဖြန့်
    October 30, 2023

ဘာသာရေးအဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်းအချို့က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း စစ်ကောင်စီ၏ မြန်မာ့အလင်း သတင်းစာ တွင် သုံးရက်ဆက်တိုက်ဝါဒဖြန့်ဖော်ပြခဲ့သည်။“လက်နက်ကိုင်သောင်းကျန်းသူအချို့က (၂၇-၁၀-၂၀၂၃) ရက်နေ့တွင် ရှမ်းပြည် နယ်အတွင်းရှိ နေရာအချို့ကို့ တိုက်ခိုက်ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူအချို့အား အဓမ္မဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သိရသည်” ဟုရေးသားပြီး “တိုင်းပြည်အထိနာစေရန် ဆောင်ရွက် နေသောအကြမ်းဖက် လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်အပ်ပါသည်” ဟုရေးသားထားခြင်းဖြစ်သည်။ မြန်မာ့အလင်းသတင်းစာအပြင် စစ်ကောင်စီ ဝါဒဖြန့် လူမှုကွန်ယက်ချန်နယ်များတွင် ဖော်ပြခဲ့သည့် ကန့်ကွက်ရှုတ်ချကြောင်းထုတ်ပြန်ခဲ့သည့် အဖွဲ့အစည်း ၁၄ ခုထက် မနည်းရှိပြီး ဘာသာပေါင်းစုံအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ ရုပ်ရှင်နှင့် ဂီတအစည်းအရုံးနှင့် စစ်တပ်အာဏာ သိမ်းပြီးနောက် အဖွဲ့ဝင်သစ်များဖြင့် စစ်ကောင်စီတပ်က စိတ်ကြိုက်ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီလည်း ပါဝင်သည်။

ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့(ဗဟို) က ကန့်ကွက်ရှုတ်ကြောင်း ထုတ်ပြန်နေချိန်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မံတုန်မြို့နယ်၊ မုံးမော်အုပ်စုရှိ ခရစ်ယာန်ဘုရားကျောင်း ထိခိုက်ပျ က်စီးမှုရှိခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” ကို ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းတပ်များက အောက်တိုဘာလ ၂၇ ရက်နေ့တွင်စတင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချို၊ လားရှိုး၊ နမ့်ခမ်း၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်နှင့် လောက်ကိုင်စသည့် မြို့နယ်များရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ “၁၀၂၇”စတင်ခဲ့သည့်အချိန်မှ လေး ရက်မြောက်အထိ ညီနောင်မဟာမိတ်တပ်များဖြစ်သည့် ကိုးကန့် MNDAA၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA၊ ရက္ခိုင့်တပ်တော် AA နှင့်ပူးပေါင်းတပ်များက စခန်းပေါင်း ၇၀ ခန့်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ https://www.facebook.com/photo?fbid=6513618438581 54&set=a.535867405407599

၃၁။ ရှမ်းမြောက် တိုက်ပွဲတွေမှာ ဆက်တိုက်အရေးနိမ့်နေတဲ့ စစ်ကောင်စီက ရှမ်းတောင်မှာ ဟန်မပျက် သီတင်းကျွတ်         ပွဲတော်ကျင်းပနေ
    October 30, 2023

ရှမ်းပြည် မြောက်ပိုင်းမှာ မဟာမိတ် ၃ ဖွဲ့ ပူးပေါင်း တိုက်ခိုက်မှုကြောင့် အထိနာပြီး စခန်းအများ အပြား လက်လွှတ်ခဲ့ရ ပေမယ့် ရှမ်းပြည်နယ် စစ်ကောင်စီကတော့ ရှမ်းတောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဟန်မပျက် သီတင်းကျွတ်ပွဲတွေ ကျင်းပနေတယ် လို့ မြို့ခံတွေက ပြောပါတယ်။ အောက်တိုဘာ ၂၉ ရက်၊ သီတင်းကျွတ် လပြည့်နေ့ ညနေပိုင်းက တောင်ကြီးမြို့ ရွှေဘုန်းပွင့် စေတီ၊ စူဠာမုဏိ စေတီ တို့မှာ ဆီမီး တစ်ထောင်ပွဲ ကျင်းပခဲ့ပြီး ညပိုင်းမှာတော့ ရွှေဘုန်းပွင့် ဘုရား ရင်ပြင်နဲ့ (၂၁၂) ဆက်သွယ် ရေးတပ်ထဲက မီးရှူးမီးပန်းနဲ့ ဗျောက်အိုးတွေ ဖောက်ကာ တပ်တွင်း အခမ်းအနားကို  ရှမ်းပြည်နယ် စစ်ကောင်စီက ဦးဆောင် ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။“တပ်ထဲမှာ ပျော်ပွဲရွှင်ပွဲ လုပ်ပေးနေတယ်လို့ ပြောတယ်။ ရွှေဘုန်းပွင့်ပေါ်ကနေ မီးပုံးပျံ အသေး တွေလည်း လွှတ်တယ်။ သူတို့(စစ်ကောင်စီ) အာဏာသိမ်းပြီး ကတည်းက ဘယ်သူမှ ဗျောက်အိုးတောင် ဖောက်ရဲတာ မဟုတ် ဘူး။ ခါတိုင်း ရှမ်းပြည်နယ်နေ့တို့ ဆိုရင်လည်း ရှမ်းဝန်ကြီး အိမ်ထဲကနေ မီးရှူးမီးပန်းတွေ လွှတ်တာပဲ” လို့ တောင်ကြီးမြို့ခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။ ရှမ်းပြည်နယ် စစ်ကောင်စီဟာ အင်းလေး ဖော်တော်ဦး ဘုရားပွဲ ဦးဆောင် ကျင်းပတာ အပြင် လာမယ့်လမှာ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲ မဖြစ်မနေ ကျင်းပဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကျပ်သိန်း ၁၀,၀၀၀ မတည်ပြီး ပွဲဖြစ်မြောက်ရေး ဗေဒင်ယတြာ အစီအရင်တွေနဲ့ ကြိုးစားနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ အခုလို ပွဲတော်တွေ ဖိအားပေး ကျင်းပနေတာဟာ နိုင်ငံရေး မတည်ငြိမ်မှုကို ဖုံးကွယ်ပြီး ငြိမ်းချမ်းသာယာကြောင်း ပြသလိုတဲ့ ရည်ရွယ် ချက်နဲ့ ပြုလုပ်နေတာလို့ ဒေသခံတွေက သုံးသပ်ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၉ ရက်နေ့ဟာ ဖောင်တော်ဦး ဘုရားပွဲ ၁၅ ရက်မြောက်ဖြစ်ပြီး သီတင်းကျွတ် လပြည့်နေ ဖြစ်တာကြောင့် ကျိုင်းခမ်းကျောင်းမှာ သီတင်းသုံးတဲ့ ဖောင်တော်ဦးဘုရားကို လာဖူးသူ များပြားလွန်းတဲ့အတွက် အငှားလှေတွေ တစ်စင်းမှ မကျန်တော့တဲ့ အထိ ငှမ်းရမ်းနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။“နဂိုကမှ ကိုယ့်မထိသ၍ နေနိုင်လွန်းတဲ့ သူတွေ ရှိနေတော့လည်း အချိန်ကိုက်တွေ ဖြစ်ကုန်တာပဲ။ နေသာသလို နေနေကြရင်းနဲ့  အနေကြာလာတော့ စစ်ဖိနပ်အောက်မှာ နေသားကျလာတဲ့ သူတွေကြောင့် စိတ်ပျက်မိတယ်” လို့ ပြောပါတယ်။ ရှမ်းပြည်နယ် တစ်ခုလုံးကို ထိန်းချုပ်နိုင်ခြင်း မရှိတော့တဲ့ ရှမ်းပြည်နယ် စစ်ကောင်စီဟာ နယ်မြေအေးချမ်း နေသယောင်၊ မြေပြင်တိုက်ပွဲတွေမှာ စစ်တပ်က အသာစီးရနေသယောင် ဝါဒဖြန့်ဖို့ ရှမ်းတောင်ပိုင်းမှာ ခရီးသွားတွေ များပြားဖို့ ပွဲတော်တွေ အဆက်မပြတ် ကျင်းပနေတာလို့ တော်လှန်ရေးတပ်ဖွဲ့၀င်တွေ က သုံးသပ်ပါတယ်။  https://www.facebook.com/photo/?fbid=361206732932444&set=pcb.361212006265250

၃၂။ မြစ်ကြီးနား- မိုးကောင်း ရထားခရီးစဥ် နိုဝင်ဘာ ၁ ရက် ပြန်လည်ပြေးဆွဲမည်
    October 30, 2023

ကချင်ပြည်နယ် မြစ်ကြီးနားကနေ မိုးကောင်းထိ ရထားခရီးစဥ်ကို နိုဝင်ဘာ ၁ ရက်ကနေ စတင်ပြေးဆွဲဖို့ မြန်မာ့မီရထား က စီစဥ်နေတယ်လို့ သိရပါတယ်။ မီးရထားဌာနနဲ့ နီးစပ်သူတဦးက “နိုဝင်ဘာ ၁ ရက်နေ့ စပြေးဆွဲမယ်။ နိုဝင်ဘာ ၇ ရက်နေ့ထိ အခမဲ့စီးခွင့်ပြုမယ်လို့ ပြောတယ်။ ဘူတာကို ဆေးသုတ် ပြင်ဆင်နေကြတာကြာပြီ” လို့ ပြောပါတယ်။ မိုးကောင်း – မြစ်ကြီးနား – မိုးကောင်း မီးရထားခရီးစဥ် ပြန်လည်ပြေးဆွဲနိုင်ရေး အောက်တိုဘာ ၂ ရက်က လုပ်ငန်းညှိနှိုင်းအစည်း အဝေးမှာ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က စတင်ပြေးဆွဲတဲ့ ပထမ ၇ ရက်မှာ ခရီးသွားပြည်သူတွေကို အခမဲ့လိုက်ပါ စီးနင်းခွင့် ပြုမယ်ဆိုပြီး ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ ရထားသံလမ်းအနီးနေထိုင်သူတဦးက “ညဘက် လူခြေတိတ်ရင် ရထား သံ ကြားလိုက်သလားလို့ ထင်မိတဲ့အကြိမ်တွေ ရှိတယ်။ စိတ်ထင်တာ နေမှာပါလေပေါ့။ ရထားလမ်းရှင်းနေ၊ စစ်ဆေးနေတာတွေ မြင်တော့ စိုးရိမ်တယ်” လို့ ပြောပါတယ်။

စတင်ပြေးဆွဲမယ့်ရက်မှာ ဖွင့်ပွဲအခမ်းအနားတွေ ပြုလုပ်မှာဖြစ်သလို နေ့ရက်အလိုက် ပြေးဆွဲနိုင်ဖို့ ရေရှည်အစီအစဥ် တွေကို ရေးဆွဲအကောင်အထည်ဖော်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ စည်းဝေးပြီးတဲ့အချိန်မှာ ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့က မြစ်ကြီးနားဘူဝာာရုံ နံရံတွေ ဆေးသုတ်နေတဲ့ အခြေအနေတွေကို ကြည့်ရှုစစ်ဆေးပြီး ရထားပြန်လည်ပြေးဆွဲတဲ့ ဖွင့်ပွဲအခမ်း အနားကျင်းပဖို့  ဘူတာပတ်ဝန်းကျင် သန့်ရှင်းရေးအပြင်  RBE စက်ခေါင်းတွဲ လူစီးတွဲ ပြင်ဆင်တဲ့ အခြေ အနေတွေအားလုံး အတွက် လာရောက်ကြည့်ရှုသွားတယ်လို့ ဆိုပါတယ်။ https://burmese.dvb.no/post/6226 01

၃၃။ ကိုးကန့်ဒေသတွင်း စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေ လက်နက်ချအလင်းဝင်ဖို့ ကိုးကန့်သတိပေး
     October 30, 2023

ရှမ်းပြည်နယ်အရှေ့ပိုင်း ကိုးကန့်ဒေသအတွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကိုးကန့် ရုပ်သေးအဖွဲ့ဝင်တွေရဲ့ စစ်သား၊ ရဲနဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေကို MNDAA ကိုးကန့်တပ်ဖွဲ့ဆီမှာ လက်နက်ချ အလင်းဝင်ဖို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ဝင် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA) က အောက်တိုဘာလ ၂၈ ရက်နေ့က သတိပေး လိုက်ပါတယ်။ ရှမ်းပြည်နယ် အထူးဒေသ (၁) စစ်ရေးအုပ်ချုပ်မှုကော်မတီက ထုတ်တဲ့ အဲဒီသတိပေးစာထဲမှာ လက်နက်ချ အလင်းဝင်လာသူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပြီး ခေါင်းမာဆန့်ကျင်နေရင် ပြင်း ထန်စွာအရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။ လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်း မူဝါဒ အပြည့်အဝခံစားခွင့်ပေးပြီး ဒဏ်ရာရသူတွေကိုကောင်းမွန်စွာ ကုသပေးမယ်လို့လည်းဆိုပါတယ်။ အလားတူပဲ ကိုးကန့် ရုပ်သေး အဖွဲ့ရဲ့ အုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့လည်း လုပ်ငန်းတာဝန်နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်း၊ ဓာတ်ပုံ၊ စာရင်း ဇယား၊ ဘောက်ချာနဲ့ ငွေကြေးတွေကို မဖျက်ဆီးဘဲ ထိန်းသိမ်းထားရမယ်လို့ သတိပေးထားပါတယ်။ အဲဒီအသိပေးစာကို စတင် ထုတ်ပြန်တဲ့နေ့ကနေ စစ်အုပ်ချုပ်ရေးကာလ ပြီးဆုံးတဲ့အချိန်အထိ အကျုံးဝင်တယ်လို့လည်း ဖော်ပြထားပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကိုးကန့်တပ်ဖွဲ့(MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ဟာ စစ်ဆင်ရေးအမှတ် (၁၀၂၇) ကိုကြေညာပြီး ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက စစ်ကောင်စီတပ် စခန်းတွေကို အောက်တိုဘာ ၂၇ ရက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းတွေ နဲ့ ကိုးကန့်ရုပ်သေးအဖွဲ့တပ်စခန်း စုစုပေါင်း ၃ဝ ကျော်၊ သံချပ်ကာတင့်ကား နှစ်စီးကို MNDAA က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ချင်းရွှေဟော်မြို့ကိုလည်း ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကိုးကန့်သတင်းမီဒီယာတွေကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီအခြေအနေ တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ https://www.facebook.com/photo/?fbid=7 33420765485995&set=a.583637430464330

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button