သုံးသပ်ချက်

နွေဦးတော်လှန်ရေးထဲက ပြည်သူ့အုပ်ချုပ်ရေးယန္တရားများနှင့် ကာကွယ်ရေးကဏ္ဍ(စကားဝိုင်းအနှစ်ချုပ်)

နွေဦးတော်လှန်ရေးထဲက ပြည်သူ့အုပ်ချုပ်ရေးယန္တရားများနှင့် ကာကွယ်ရေးကဏ္ဍ
(စကားဝိုင်းအနှစ်ချုပ်)

ပြည့်သူ့အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးကဏ္ဍ၏ သဘောသဘာ၀၊ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ အား ဆွေးနွေးခြင်း

၁။ ပြည်သူ့အုပ်ချုပ်ရေးဆိုတာ ဘာလဲ။ မြန်မာပြည်မှာ ပြည်သူ့အုပ်ချုပ်ရေးက ဘာကြောင့် ပေါ်ပေါက်လာရတာလဲ။ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန ရဲ့ အချက်အလက်အရ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဘယ်လောက် ရှိနေပြီလဲ။

ဦးဝေယံထွန်း (ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ)

ပြည်သူ့အုပ်ချုပ်ရေးဆိုတာ အရင်ကတည်းက ရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိနွေဦးတော်လှန်ရေးနဲ့အတူ ကျွဲကူးရေပါ အနေနဲ့ ပြည်သူ့အုပ်ချုပ်ရေးက ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ပြည်သူတွေကို ဝန်ဆောင်မှုပေးနိုင်မဲ့ အဖွဲ့ဖြစ်ပါ တယ်။ လက်ရှိမှာ ပ.အ.ဖကို ၁၇၃ မြို့နယ်မှာ အကောင်အထည် ဖော်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးဆိုတာ ဘာလဲ။ မြန်မာပြည်မှာ ပြည်သူ့အုပ်ချုပ်ရေးက ဘာကြောင့် ပေါ်ပေါက်လာရတာလဲ။ လက်ရှိ ပြည်သူ့အုပ်ချုပ်ရေးကို ဖော်ဆောင် နေတဲ့သူ၊ ပူးတွဲပါဝင်နေသူတွေဘက်က ပြည်သူ့အုပ်ချုပ်ရေး ပေါ်ပေါက် လာနိုင်မှုအပေါ် ကျေနပ်မှုရှိလား။

ဆလိုင်းဒန်နီ (သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ – CDF ZoTung)

အာဏာသိမ်းတဲ့အချိန်မှာ အုပ်ချုပ်ရေးမှူးတွေက CDM ဝင်ကြတဲ့အချိန်မှာ လူငယ်တွေ ရပ်မိရပ်ဖတွေ စုပြီးတော့ ပြည်သူ့အုပ်ချုပ်ရေးကို စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့အုပ်ချုပ်ရေးကို ပြည်သူမှ ရပ်ရွာ ပြည်သူ့ အုပ်ချုပ်ရေးကို ရွေးချယ်ပြီးတော့ မြို့နယ်အဆင့်ကို စုပေါင်း ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ပြည်သူ့အုပ်ချုပ်ရေး ဖွဲ့စည်း နိုင်မှုကို အင်မတန်မှ ကျေနပ်ပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးဆိုတာ ဘာလဲ။ မြန်မာပြည်မှာ ပြည်သူ့အုပ်ချုပ်ရေးက ဖွဲ့စည်းထားတဲ့အပေါ် ဘယ်လို မြင်သလဲ။

အယ်လီနာ (ဥက္ကဌ၊ အလုပ်အမှုဆောင်ကော်မတီ၊ လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ)

ပြည်သူ့အုပ်ချုပ်ရေးကို ဒေသန္တရအဆင့် အစိုးရအဖွဲ့ဖြစ်ပါတယ်။ အခြားသောဒေသတွေမှာတော့ ပြည်သူ့ အုပ်ချုပ် ရေးက အရင်ကတည်းက ရှိပါတယ်။ တော်လှန်ရေးကာလမှာလည်း စစ်တိုက်နေရုံနဲ့ မပြီးဘဲ အုပ်ချုပ်ရေး ယန္တရား လည်း လိုအပ်ပါတယ်။ ဒါမှသာ ပြည်သူ့လိုအပ်ချက်နဲ့ လုံခြုံရေးကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။

၂။ ပြည်သူ့အုပ်ချုပ်ရေးကို အခြေခံအားဖြင့် ဘယ်လိုဖွဲ့စည်းသင့်တယ်လို့ ယူဆပါသလဲ။ ဒီလိုဆို ပြည်သူ့ အုပ်ချုပ် ရေးရဲ့ အဓိက အခြေခံကျတဲ့ တာဝန်တွေက ဘာတွေလို့ပြောလို့ရနိုင်မလဲ။ ဘယ်လိုဖွဲ့စည်းထားကြသလဲ။

ဆလိုင်းမနားကီး (စီမံကိန်း တာဝန်ခံ၊ ချင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအသင်း)

ပြည်သူ့အုပ်ချုပ်ရေးဟာ ခိုင်မာတဲ့မူဝါဒနဲ့ ရေရှည်ကျတဲ့ အုပ်ချုပ်ရေးစနစ်ကို အခြေခံဖို့လိုပါတယ်။ အာဏာသိမ်းပြီး နောက်မှာ မြို့ နယ်ဒေသတွေကို အခြေခံပြီးတည်ဆောက်ထားကြပါတယ်။

ဦးဝေယံထွန်း (ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ)

ပြည်သူ့အုပ်ချုပ်ရေးကို အောက်ခြေကနေ အပေါ်ကို တက်တဲ့ ပုံစံနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အစိုးရအနေနဲ့ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးဗဟိုကော်မတီကို ဝန်ကြီးချုပ်ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ပါတယ်။ ဒေသ အသီးသီး မှာရှိတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များကို ရွေးချယ်တာဝန်ပေးပါတယ်။ ပြည်သူ့အုပ်ချုပ်ရေးကထဲမှာ ပြည်သူ့ကာကွယ်ရေးကို ဒုဥက္ကဌအနေနဲ့ တင်မြောက်ပါတယ်။ အခြားပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေးနှင့် တရားရေးတွေ စတဲ့ ပြည်သူ့ဝန်ဆောင်မှုကို ပေးနိုင်ဖို့ ဖွဲ့စည်းထားပါတယ်။

၃။ တော်လှန်ရေးကာလမှာ အုပ်ချုပ်မှု ယန္တရားဖြစ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်နေမှုက ဘယ် လောက် အရေးကြီးပါသလဲ။ ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်နေစဉ်မှာပဲ ပြည်သူ့ ကာကွယ်ရေးကဏ္ဍကို အကောင်အထည်ဖော်နေတာ ဘယ်လိုအခရာကျနိုင်လဲ။

အယ်လီနာ (ဥက္ကဌ၊ အလုပ်အမှုဆောင်ကော်မတီ၊ လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ)
ပြည်သူ့အုပ်ချုပ်ရေးကို မူဝါဒတွေအပေါ်မှာ အခြေခံပြီး ဖွဲ့စည်းသင့်ပါတယ်။ အချင်းချင်းပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးနဲ့ ပြည်သူ့အုပ်ချုပ်ရေးကြားမှာ ဖွဲ့စည်းဖို့ လိုပါတယ်။ NUG အောက်ရှိတဲ့ ပြည်သူ့ကာကွယ်ရေးနဲ့ အခြား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားတော်လှန်ရေး တပ်တွေ အကြား ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။

၄။ အခုမေးခွန်းကတော့ အများပြည်သူ နားလည်နိုင်အောင် သိနိုင်အောင် ဆွေးနွေးစေချင်ပါတယ်။ နွေဦးတော်လှန် ရေးဟာ ဘယ်လို တော်လှန်ရေးအမျိုးအစားလဲ။ နွေဦးတော်လှန်ရေးနှင့် ပြည်သူ့အုပ်ချုပ်ရေး ယန္တရားများ၊ ကာကွယ်ရေးကဏ္ဍတို့က ဘယ်လို ဆက်စပ်မှု ရှိနေသလဲ။

ဦးဝေယံထွန်း (ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ)

နွေဦးတော်လှန်ရေးဟာ ၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ အာဏာသိမ်းလိုက်တဲ့ စစ်အာဏာ သိမ်း လိုက်တာကြောင့် ဖြစ်ပေါ်လာကြတာဖြစ်ပါတယ်။ မိမိရဲ့အသက်ကိုကာကွယ်ဖို့အတွက် တော်လှန်ရတဲ့ အမျိုးအစား ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လူပေါင်းစုံပါဝင်တဲ့အတွက် မူဝါဒကိုတွေ ဘယ်လိုဘဲ ချမှတ်ထားပေမဲ့ ပွတ်တိုက်မှု တွေ ရှိနေပါတယ်။ ပြည်သူ့ကာကွယ်ရေးနဲ့ ပြည်သူ့အုပ်ချုပ်ရေးဟာ ရေနဲ့ငါးလို့ ခွဲခြားလို့ မရနိုင်ပါဘူး။

ဆလိုင်းဒန်နီ (သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ – CDF ZoTung)

နွေဦးတော်လှန်ရေးက ပြည်သူ့အာဏာကို စစ်အာဏာရှင်အုပ်စုက မတရားသိမ်းထားလို့ ပြန်တော်လှန် နေတာ ဖြစ်ပါတယ်။ အားလုံးက လက်နက်ကိုင်တော်လှန်မှ ရမယ်ဆိုတာကို သဘောတူညီချက် ကျတဲ့တော်လှန်ရေးတစ်ခု ဖြစ်ပါတယ်။ လိုအပ်ချက်အရ ကာကွယ်ရေးတပ်တွေက အရင်ပေါ် ပေါက် လာပြီးတော့ ပြည်သူ့အုပ်ချုပ်ရေးကို နောက်မှ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးကြားမှာ အပြန်အလှန်ထိန်းချုပ်မှုစနစ် ကောင်း ကောင်းရှိဖို့ လိုပါတယ်။ အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးက တော်လှန်ရေးမှာ ခွဲလို့မရတဲ့အဖွဲ့တွေဖြစ်ပါတယ်။

၅။ ဒါဆို နောက်တဆင့်တိုးပြီး စဉ်းစားကြည့်ချင်ပါတယ်။ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားနဲ့ ပြည်သူ့ကာကွယ်ရေး ယန္တရားက ဘယ်လို ဆက်နွှယ်မှု ရှိပါသလဲ။ ဘယ်လို ကွဲပြားမှုရှိပါသလဲ။ ဒီနှစ်ခုကို ဘယ်လို ဆက်စပ်သင့်သလဲ။

ဆလိုင်းမနားကီး (စီမံကိန်း တာဝန်ခံ၊ ချင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအသင်း)
ပြည်သူ့ရဲ့ လိုအပ်ချက်ကို ဖြည့်စည်းပေးမဲ့ အဖွဲ့ဖြစ်ပါတယ်။ သို့ပေမဲ့ လက်ရှိအချိန်မှာ အခက်အခဲအမျိုးမျိုးကြောင့် အပြည့်အဝ စိမ့်ဝင်နိုင်မှု မရှိတာကြောင့် ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့ကာကွယ်ရေးက မကွဲပြားနေဘူးလို့ မြင်ပါတယ်။ ရေရှည်အတွက် ပြည်သူ့အုပ်ချုပ်ရေးကို ကာကွယ်ရေးက မစိုးမိုးနေအောင် ကွဲပြားနေအောင် လုပ်ဆောင်ဖို့လိုပါတယ်။

နွေဦးတော်လှန်ရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးယန္တရားများ အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ ဆွေးနွေးခြင်း

၁။ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး လက်ရှိ ကာလမှာ လည်ပတ်နိုင်ဖို့က အကန့်အသတ်ရှိနေနိုင်မယ်လို့ ထင်ပါတယ်။ နယ်မြေစိုးမိုးနိုင်မှုအပေါ် မူတည်မယ်လို့ ထင်ပါတယ်။ ဆိုတော့ ဒေသ အခြေအနေအရ လက်ရှိ အကောင်အထည် ဖော်နေတဲ့ထဲမှာ အကန့်အသတ် ဘယ်လောက်ထိ ကြီးနေလဲ။ ဘယ်အပိုင်းကို အဓိက ဖော်ဆောင်လို့ ရနေလဲ။ အကန့်အသတ်ရှိနေတဲ့ကြားထဲက ထိရောက်မှုရှိအောင် ဘယ်လို ဖော်ဆောင်သင့်ပါသလဲ။

ဆလိုင်းမနားကီး (စီမံကိန်း တာဝန်ခံ၊ ချင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအသင်း)
ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်ဖို့အတွက် အကန့်အသတ်အများကြီးရှိပါတယ်။ ချင်းပြည်နယ်မှာ နယ်မြေစိုးမိုး နိုင်မှုဟာ ၇၀% အထိ စိုးမိုးနိုင်နေပြီလို့ ပြောလို့ရပါတယ်။ ပြည်သူ့အုပ်ချုပ်ရေးလည်ပတ်နိုင်ဖို့အတွက် တက်သိ ပညာရှင်နဲ့ နည်းပညာရှင်တွေအများကြီးလိုအပ်ပါတယ်။ လက်ရှိချင်းပြည်နယ်မှာ ဒေသအလိုက်၊ တောင်ကြော အလိုက် အုပ်ချုပ်မှုတည်ဆောက်ထားပါတယ်။

ဦးဝေယံထွန်း (ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ)

ပြည်သူ့အုပ်ချုပ်ရေးကို လက်ရှိအချိန်မှာ အပြည့်အဝအကောင်အထည်ဖော်ဖို့ ခက်ပါတယ်။ သို့ပေမဲ့ ဒေသ အခြေအနေ အရ ပြည်သူ့လိုအပ်ချက်တွေကို အစွမ်းကုန်ဖြည့်တင်းပေးနိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။

၂။ လက်ရှိ ဖက်ဒရယ်စနစ်ကို တည်ဆောက်ဖို့ လမ်းကြောင်းပေါ် ရှိနေကြတာဆိုတော့ လက်ရှိပြည်သူ့ အုပ်ချုပ်ရေးကလည်း ဖက်ဒရယ်လစ်ဇင် အုပ်ချုပ်မှုဆိုင်ရာစနစ်နဲ့ ပြောရရင် အစိုးရအဆင့်ဆင့် တွေထဲက လူထုတွေနဲ့ အနီးစပ်ရှိတဲ့ ဒေသန္တရအုပ်ချုပ်ရေးလို့ ပြောလို့ရမယ် ထင်ပါတယ်။ လူထုတွေနဲ့ နီးစပ်မှုရှိတဲ့ ပြည်သူ့ အုပ်ချုပ်ရေးကို အကောင်အထည်ဖော်စီမံခန့်ခွဲမှုတွေကို ဘယ်လိုပုံစံဖော်ဆောင်ဖို့ လိုအပ်မယ်လို့ ယူဆပါသလဲ။

အယ်လီနာ (ဥက္ကဌ၊ အလုပ်အမှုဆောင်ကော်မတီ၊ လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ)
ဖက်ဒရယ်စနစ်ကို သွားကြမဲ့ နိုင်ငံအနေနဲ့ ပြည်သူ့အုပ်ချုပ်ရေးကိုအကောင်အထည်ဖော်တဲ့အချိန်မှာ မတူညီမှု တွေကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ Bottom – Up ပုံစံနဲ့ ပြည်သူ့အုပ်ချုပ်ရေးကို အကောင်အထည် ဖော်ဖို့လိုပါတယ်။ ဒေသအတွင်းမှာရှိနေတဲ့ မတူညီတဲ့ ပြည်သူ့အုပ်ချုပ်ရေးကို အသိအမှတ်ပြုလက်ခံဖို့လိုပါတယ်။ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ တာဝန်ခံမှုရှိရှိ နဲ့ အကောင်အထည်ဖော်ဖို့လိုပါတယ်။ အားလုံးပါဝင်နိုင်ရေးကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါတယ်။

ဆလိုင်းဒန်နီ (သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ – CDF ZoTung)

လက်ရှိအချိန်မှာ ပြည်သူတွေရဲ့ ရွေးချယ်မှုနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ၂၀ ကျော်ရှိပါတယ်။ အားလုံံးကို ပြန်စုပြီး Chin Land Council ကို ပြန်လည်ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ အများဆန္ဒကို အခြေခံ ထားတဲ့ ဥပဒေမူဝါဒကို တာဝန်ခံပြီးအကောင်အထည်ဖော်ဖို့ လိုပါတယ်။

၃။ အပေါ်က မေးခွန်းနဲ့ ဆက်စပ်ပြီး မေးချင်ပါတယ်။ ဒီပြည်သူ့အုပ်ချုပ်ရေးဖွဲ့စည်းမှု စီမံခန့်ခွဲမှုတွေကို တော် လှန်ရေး ကာလဖြစ်တဲ့အတွက် လက်တွေ့အကောင်အထည် ဖော်ဆောင်တဲ့အခါ အကန့် အသတ်တွေ ရှိနေတာ ကြောင့် ပြည်ထောင်စုအဆင့်ကနေ အဓိကထားပြီး ဖွဲ့စည်းဖို့ လိုတယ်လို့လည်း ပြောကြပါတယ်။ အချို့ကတော့ အောက်ခြေကနေ အပေါ်ကို သွားတဲ့ ပုံစံ (Bottom Up) နဲ့ ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ သုံးသပ်ကြပါတယ်။ ဒီအမြင် စဉ်းစားချက်အပေါ် လက်တွေ့ တာဝန်ယူနေတဲ့ ခေါင်းဆောင်တို့ရဲ့ အတွေ့အကြုံကို ဘယ်လို ဆွေးနွေးချင်ပါသလဲ။

ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာနကအနေနဲ့ဘယ်လို အကောင်အထည်ဖော်နေပါသလဲ။ ဘယ်လိုပြောချင်လဲ။ ပြည်သူ့ အုပ်ချုပ်ရေးဆိုင်ရာ ကူညီပေးနေသူ၊ လေ့လာနေတဲ့ အဖွဲ့ဘက်ကရော ဘယ်လို အကြံပြုချင်လဲ။

ဆလိုင်းမနားကီး (စီမံကိန်း တာဝန်ခံ၊ ချင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအသင်း)

Bottom Up ပုံစံနဲ့အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့ နည်းပညာများကို သင်ကြားပေးဖို့လိုပါတယ်။ ရေရှည်မှာ အစိုးရအဖွဲ့တည်ဆောက်နိုင်ဖို့အတွက် ဝန်ထမ်းတွေကို အရည်အချင်းတွေရှိအောင် မြှင့်တင်ပေးဖို့လိုပါတယ်။ လက်ရှိအချိန်မှာတော့ ရှိတဲ့ အရင်းအမြစ်နဲ့ အဆင်ပြေသလို လည်ပတ်နေရပါတယ်။

၄။ လက်ရှိ နွေဦးတော်လှန်ရေးမှာ ပြည်သူ့အုပ်ချုပ်ရေး ယန္တရား ဦးဆောင် ဖော်ဆောင်မှု အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က အဓိက အခရာကျမယ်လို့ ထင်ပါတယ်။ တဘက်မှာလည်း အုပ်ချုပ်ရေး ယန္တရားကို နွေဦးတော် လှန်ရေး မတိုင်မှီကတည်းက ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဒေသတွေမှာလည်း Defacto အခြေခံ ကနေ EROs တွေ တည်ဆောက်ထားပြီးတာတွေလည်း အများကြီးရှိပါတယ်။ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု အတွက် အုပ်ချုပ်နဲ့ ပတ်သက်ပြီး ဒီနှစ်ခုကို ပေါင်းစပ်သင့်သလား။ သီးခြား သီးသန့်စီပဲ သွားသင့်သလား။ ဘယ်လို ယူဆပါသလဲ။

အယ်လီနာ (ဥက္ကဌ၊ အလုပ်အမှုဆောင်ကော်မတီ၊ လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ)

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ ဘယ်လိုပုံစံနဲ့ပေါင်းသင့်လဲဆိုတာနဲ့ပတ်သက်ပြီး ပြည်နယ်ဖွဲ့စည်းပုံ တွေအပေါ်မှာ မူတည်ပါတယ်။ တနိုင်ငံလည်းနဲ့ အသင့်တော်ဆုံးအုပ်ချုပ်ရေးစနစ်ကို ပြန်လည်ဆွေးနွေးဖို့ လိုပါ တယ်။

ဆလိုင်းမနားကီး (စီမံကိန်း တာဝန်ခံ၊ ချင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအသင်း)

NUG ဟာ ဗဟိုအစိုးရအနေနဲ့ အများကြီးအရေးပါပါတယ်။ အုပ်ချုပ်ရေးယန္တရားနဲ့ပတ်သက်ပြီး ဒေသအသီးသီးနဲ့ ပတ်သက်ပြီး ပြဌာန်းထားတာ ရှိပါတယ်။ EAO တွေမှာ Defacto ပါဝါနဲ့ အုပ်ချုပ်ရေးကို တည်ဆောက် ထားပြီးဖြစ်ပါတယ်။ အရင်က ရှိခဲ့တဲ့ အုပ်ချုပ်ရေးဟာ အလုပ်မဖြစ်တော့တဲ့အတွက် အားလုံးနဲ့ ကိုက်ညီတဲ့ အုပ်ချုပ် ရေးအသစ်တရပ်ကို တည်ဆောက်ဖို့ လိုပါတယ်။

၅။ နောက်ဆုံးတခုအနေနဲ့ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားက လက်ရှိကာလမှာ မြန်မာတပြည်လုံး တပြေးညီနဲ့ အကောင်အထည် ဖော်ဆောင်နေနိုင်တာမျိုးတော့ မရှိသေးပါဘူး။ ဒေသအခြေအနေ နယ်မြေစိုးမိုးမှုအခြေအနေပေါ် မူတည်ပြီး ဖော်ဆောင်နေကြတာဖြစ်ပါတယ်လို့ ထင်ပါတယ်။

လက်ရှိ နွေဦးတော်လှန်ရေးက ၃ နှစ်ထဲ ရှိလာပြီ ဆိုတော့ ဒေသအခြေအနေအပေါ် မူတည်ပြီး ပြည်သူ့အုပ်ချုပ်ရေး ယန္တရားကို ထိထိရောက်ရောက်နဲ့ အကောင်အထည် ဖော်ဆောင်နိုင်ဖို့ဆိုရင် အခုကာလမှ ဘယ်လိုပုံစံနဲ့ တည်ဆောက်ဖို့ လိုပါသလဲ။ ဘယ်လိုပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါသလဲ။

ဆလိုင်းဒန်နီ (သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ – CDF ZoTung)

လက်ရှိမှာ ပြည်ထောင်စုကို မသွားနိုင်သေးခင်မှာ ချင်းအနေနဲ့ ပြည်နယ်အဆင့်အစိုးရ တည်ဆောက်နိုင်ဖို့ လိုပါတယ်။ ကျယ်ပြန့်တဲ့ အုပ်ချုပ်ရေးတစ်ခု ဖွဲ့စည်းမယ်ဆိုရင် နိုင်ငံတကာဆက်ဆံရေးမှာ အများကြီး အခရာကျလာမယ်လို့ မြင်ပါတယ်။ ကာကွယ်ရေးကို ပိုအားကောင်းလုပ်ဆောင်ဖို့ လိုသလို၊ အုပ်ချုပ်ရေးကို တပြေးညီတည်း အားကောင်းအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ အချင်းအချင်းကြားမှာ အများကြီးဆွေးနွေးရမယ်၊ ပူးပေါင်းဆောင်ရွက်ရမယ်လို့ မြင်ပါတယ်။

အယ်လီနာ (ဥက္ကဌ၊ အလုပ်အမှုဆောင်ကော်မတီ၊ လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ)

နယ်မြေစိုးမိုးနိုင်မှုအပေါ်မှာ နိုင်ငံရေးတရားဝင်မှုက အများကြီးမူတည်ပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပိုမိုဆွေးနွေးနိုင်မယ်ဆိုရင် စစ်ရေးနိုင်ငံရေးအားကောင်းတဲ့ တော်လှန်ရေးတရပ်ဖြစ်လာမှာ ဖြစ်ပါတယ်။

ဦးဝေယံထွန်း (ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ)

ပိုမိုအားကောင်းအောင် စုစည်းနိုင်မယ်ဆိုရင် ပြည်သူ့အုပ်ချုပ်ရေးကို ပိုမိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ အချင်းချင်းကြားထဲမှာ သဘောထားကွဲပြားမှုအပေါ်မှာ စည်းလုံးမှု မပျက်ပြားဖို့ လိုပါတယ်။

ဆလိုင်းမနားကီး (စီမံကိန်း တာဝန်ခံ၊ ချင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအသင်း)

လက်ရှိအချိန်ကာလအခက်အခဲကြောင့်တနိုင်ငံလုံးမှာ ပြည်သူ့အုပ်ချုပ်ရေးကို မဖော်ဆောင်နိုင်သေးပါဘူး။ EAO ဒေသတွေမှာ ပြည်သူ့အုပ်ချုပ်ရေးကို တည်ဆောက်ထားပြီးဖြစ်ပါတယ်။ လက်ရှိစိုးမိုးနယ်မြေအသစ်တွေအနေနဲ့ ပြည်သူ့အုပ်ချုပ်ရေးကို တည်ဆောက်နိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ စိုးမိုးနယ်မြေတွေ ကျယ်ပြန့်လာမှသာ နိုင်ငံတကာက ပိုမိုထောက်ခံလာနိုင်မှာ ဖြစ်ပါတယ်။

Related Articles

Back to top button