တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 79, October 3, 2023)

၁။ မင်းတပ်တွင် စက်တင်ဘာလအတွင်း ထိတွေ့ပစ်ခတ်မှု ၅ ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ပြီး      ကာကွယ်ရေးတပ်ဖွဲ့ တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး
    October 2, 2023

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှု ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၏ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး၍ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း အောက်တိုဘာ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။ အဆိုပါနှစ်ဖက်ထိတွေ့ပစ်ခတ်မှု ၅ ကြိမ် တွင် စစ်ကောင်စီတပ်ဘက်က ၄ ဦးသေဆုံး၍ အများအပြားဒဏ်ရာရရှိနိုင်ပြီး မင်းတပ်မြို့ပေါ်တွင် ၄ ကြိမ်နှင့် မကွေးတိုင်း၊ ယော ဒေသတွင်တစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့အနေနဲ့ မကွေးတိုင်းက တော်လှန်ရေးညီနောင် အဖွဲ့တွေ၊ MOD က PDF တွေနဲ့ စစ်ရေးအရ ပူးပေါင်းတိုက်ပွဲဖော်‌ဆောင်ရာမှာ တက်ကြွစွာ ပါဝင်တိုက်ပွဲ ဝင်နေပါတယ်။ အထူး သဖြင့် ဂန့်ဂေါခရိုင်၊ ပခုက္ကူခရိုင်က မိတ်ဖက်အဖွဲ့တွေနဲ့ ဖြစ်ပါတယ်”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ သတင်း၊ ပြန်ကြား ရေးနှင့် မှတ်တမ်းဌာန၊ အဖွဲ့ဝင်ဆလိုင်းမင်းတပ်က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က စက်တင်ဘာလအတွင်းတွင် ဒေသခံပြည်သူ ၆၀ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံ ၆၀ ဦးအနက်မှ ၅၀ ဦးပြန်လည်လွတ်မြောက်ကာ ၁၀ ဦးမှာ လွတ်မြောက်လာခြင်းမရှိသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ လက်ရှိတွင် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ လောင်းရှည်၊ ဆောမြို့နယ်တချို့တွင်သာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနိုင်ခဲ့ပြီး မင်းတပ်မြို့ နယ်အတွင်သို့ စစ်ကြောင်းထိုးခြင်း မပြုသည်မှာ  ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။“ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)ရဲ့ လိုအပ်တဲ့ လက်နက်၊ ခဲယမ်းတွေကို ပြည်သူ တွေအနေနဲ့ ဖြည့်ဆည်းပေး ကြဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်။ ချင်းကာကွယ်ရေး တပ်ဖွဲ့(မင်းတပ်)ကတော့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့အတူ တော်လှန်‌ရေး၊ စစ်‌ရေးပိုင်းတွင် တာဝန်ကျေနေပါတယ်။ ဆက်ပြီးလည်း တာဝန်ကျေနေစေရမယ်လို့ ကတိပေးပြောကြား လိုပါတယ်ခင်ဗျ”ဟု ဆလိုင်းမင်းတပ်က ဆိုသည်။ မင်းတပ်မြို့၊ အခြေစိုက်-၂၇၄ စစ်ကောင်စီတပ်ရင်းသည် ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်နေ့က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ပြီး အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်မပြည့်သေးသည့် ကလေးငယ် နှစ် ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ https://www.face book.com/photo?fbid=646314544304235&set=a.583120797290277

၂။ ရွာငံမှာ စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးလို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး ကိုယ်ဝန်ပျက်ကျ
   October 2, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပဲရင်းတောင်ကျေးရွာနေ အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး စစ်ဆေးရာ ကိုယ်ဝန် ပျက်ကျသွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီလကတည်းက ပင်းတယမြို့၊ ဆင်ခေါင်းရပ်ကွက်ရှိ ဆွေမျိုးတွေရဲ့ နေအိမ်မှာ စစ်ဘေးရှောင်နေတဲ့ အမျိုသမီးကို စက်တင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ နီးစပ်သူ အမျိုးသား တစ်ဦးက “ရွာငံ ရဲစခန်းမှာ ဖမ်းထားတာ။ ဖမ်းပြီးတော့ စစ်တယ်။ ဘယ်လို စစ်လဲတော့ မသိဘူး။ သွေးတွေ ဆင်းပြီးတော့မှ ကိုယ်ဝန်ပျက်ကျတယ်။ ကိုယ်ဝန်က ၃ လ။ ရိုက်နှက်တာလည်း ပါရင် ပါမှာပေါ့။ ငွေညှစ်တာတော့ မရှိဘူး” လို့ ပြောပါတယ်။ အဲဒီ အမျိုးသမီးဟာ အသက် ၃၀ အရွယ် ဖြစ်ပြီး ခင်ပွန်းဖြစ်သူကို လာရောက် ဖမ်းဆီးရာမှာ မတွေ့တာကြောင့် ဇနီးဖြစ်သူကို ဖမ်းဆီးသွားတာလို့ သူက ဆက် ပြောပါတယ်။ အဲဒီနောက် စက်တင်ဘာ ၃၀ ရက်၊ ညပိုင်းမှာ ပြန်လွတ်လာပြီး လတ်တလော ပဲရင်းတောင်ကျေးရွာ နေအိမ် မှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

“သူတို့ လင်မယားက နိုင်ငံရေး မလုပ်ပါဘူး။ အတူနေတာ ကြာပြီဆိုတော့ ကိုယ်ဝန်တောင် ရတယ်။ သူတို့ရွာက တစ်ရွာလုံး အသတ်ခံရကတည်းက ရှောင်နေရတယ်လေ။ အခုမှ သတင်းရပြီး လာဖမ်းတာ။ မနှစ်တုန်းက သူတို့ရွာက ယောကျ်ားလေးတွေကို ဖမ်းတယ်။ အပြစ်မရှိတာလည်း သိတယ်။ ပြီးရင် ငွေညှစ်တယ်။ ၁၀ သိန်းရရင် ဆယ်သိန်း၊ ၅၀ ရရင် ၅၀၊ ၁၀၀ ရရင် ၁၀၀ အများကြီး ညှစ်ခဲ့တယ်။ အဲဒီ ၉ ယောက် သတ်ခံရတုန်းက” လို့ ဒေသခံ အမျိုးသား တစ်ဦးက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့က ရွာငံမြို့နယ်၊ ပဲယင်းတောင်ကျေးရွာနေ အမျိုးသား ၉ ဦးကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဖမ်း ဆီး သတ်ဖြတ်ခဲ့ပြီးနောက် ရွာလုံးကျွတ် နီးပါး လူဦးရေ ၄၀၀ ကျော်ဟာ လက်ရှိအချိန်အထိ ထွက်ပြေး တိမ်းရှောင်နေရဆဲ ဖြစ်ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဒေသတွင်း ဇူလိုင်လ ၂၉ ရက်နေ့မှာ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး-DPLF ဖွဲ့စည်းကြောင်းကြေညာပြီးနောက် ဓနုဒေသတွေဖြစ်တဲ့ ပင်းတယ၊ ရွာငံမြို့နယ်အပါအဝင် သာစည်၊ ရပ်စောက် စတဲ့မြို့နယ် တွေမှာ ဖမ်းဆီးခံရတဲ့ ပြည်သူ ၅၀ ကျော် ရှိပြီလို့ စုံစမ်း သိရှိရပါတယ်။ https://www.facebook.com/photo/?fbid=3457 62557810195&set=a.28590 0490463069

၃။ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြောင့် ဖားကန့်မှ မိသားစုဝင် ၃ ဦး ထိမှန်ဒဏ်ရာရ
   October 2, 2023

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် မိသားစု ဝင် ၃ ဦး ထိမှန်ဒဏ်ရာရပြီး ဖခင်ဖြစ်သူဟာ ဒဏ်ရာ ပြင်းထန်တယ်လို့ ဆိုင်းတောင်ဒေသခံတစ်ဦးက ပြောပါတယ်။ ဖြစ်စဉ်ဟာ အောက်တိုဘာ ၁ ရက် မနက်အစောပိုင်း ၁၂ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘုရားကျောင်းဘေးက နေအိမ်မှာ လက်နက် ကြီးတစ်လုံးကျရောက်ပြီးတော့ ၎င်းတို့ မိသားစုဝင် ၃ ဦးကို ထိမှန်ခဲ့တာလို့ ဆိုပါတယ်။ ဆိုင်းတောင်ဒေသခံတစ်ဦးက “လက်နက် ကြီးရော လက်နက်သေးသံတွေ ကြားနေရတယ်။ ကျနော်တို့လည်း ထွက်မကြည့်ရဲဘူး။ ည ၁၂ ခွဲလောက်ဖြစ်မယ်။ သူတို့အိမ်ထဲ မှာ လက်နက်ကြီး ကျတယ်။ မိသားစုသုံးယောက်ထိတယ်။ သူ့ယောက်ျားက ဒဏ်ရာပြင်းထန်တယ်” လို့ ပြောပါတယ်။

ဒဏ်ရာရတဲ့ မိသားစုဝင် ၃ ဦးကတော့ ဖားကန့် ပြည်သူ့ဆေးရုံကြီးမှာ ကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။ “ဖြစ်တဲ့ညက နီးစပ်ရာ ဆေးခန်းမှာဘဲ ပို့ထားတယ်။ ဆေးရုံ သွားဖို့လည်း အဲအချိန်က ဂိတ်တွေ အကုန်ပိတ်ထားတယ်။ အခုကျတော့ ဆေးရုံ ကြီးမှာ ကုသတယ်” ဆိုပြီး သူကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်ကလည်း ဆိုင်းတောင်မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးနဲ့ ရဲစခန်းကို ကချင်တပ်မတော် (KIA) နဲ့ကချင်ဒေသ PDF (KPDF)တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=64295 6998011568&set=a.404503215190282

၄။ စစ်ကောင်စီရဲ့ နေရပ်ပြန်ပို့မယ့် အစီအစဥ် ပလက်ဝစစ်ဘေးရှောင်တွေ ငြင်းဆို
   October 2, 2023

ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်အား စစ်ကောင်စီက နယ်မြေအေးချမ်းပြီဟုဆိုကာ အောက်တိုဘာလ တွင် နေရပ်ပြန်ပို့မယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမအပတ်မှာ စစ်ဘေးရှောင်တွေကို အသိပေးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ နေရပ်ပြန်ပို့မယ့် အစီအစဥ်ကို စစ်ဘေးရှောင်တွေက လက်မခံဘဲ ငြင်းဆိုခဲ့ပြီး မြို့ပေါ်တွင် ဆက် လက်ရှိနေသေး တယ်လို့ ပလက်ဝစစ်ဘေးရှောင် တစ်ဦးကပြောပါတယ်။ “စစ်တပ်က ရွာပြန်ခိုင်းတာတော့ဟုတ်ပါပြီ၊ ကျွန်တော်တို့မှာ အိမ် လည်းမရှိတော့ဘူးဗျာ၊ ပြီးတော့ စားသောက်ရေးအတွက်ရော့၊ ကျန်းမာရေးအတွက်ရော့ ဘယ်လို ကူညီဆောင်ရွက်ပေးကြလဲ ပေါ့နော်၊ ကျွန်တော်တို့ဘက် လူတွေက လယ်ယာနဲ့တောင်ယာကို အဓိကထားပြီး အသက် မွေးဝမ်းကျောင်း ပြုရတာပေါ့၊ အခုချိန် ပြန်ခိုင်းတယ် ဆိုတော့ တောင်ယာ ခုတ်လို့လဲမရ၊ လယ်လုပ်လဲ မရဘူး၊ ပြန်ရင်လည်း ဘာထူးလဲ ပေါ့နော်”ဟု ဆိုပါတယ်။

၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း စစ်ကောင်စီနဲ့ ရခိုင့်တပ်တော်(AA)တို့ စစ်ပွဲကြောင့် မြို့ပေါ် စစ်ဘေးရှောင်တဲ့လယ်လှ၊ နန်းချောင်းဝ၊ သူဌေးကုန်း၊ သရက်တောင်၊ စိမ်းညှင်းဝ၊သကာချောင်းနဲ့ တီကင်းဝကျေးရွာတို့ရှိ စစ်ဘေးရှောင်တွေကို ပြန်ပို့မယ် လို့ နောက်ထပ် စစ်ဘေးရှောင်တစ်ဦးက ဆိုပါတယ်။ “မြို့ပေါ်မှာကွယ် အဆင်ပြေလှတယ်လို့တော့ ဘယ်ဟုတ်မလဲ၊ ဒီမှာက ကုန်တင် ကုန်ချ လုပ်လို့ရသေးတယ်၊ တခါတလေ ပန်ရံလိုက်လို့လည်း ရတာပေါ့၊ ရွာပြန်ရင်တော့ အစကနဲ့ ပြန်စရမှာ ပေါ့၊ မထူးတော့ဘူးဆိုပြီး ဒီမှာ ဆက်နေသွားမယ်လို့ ဆုံးဖြတ်ကြတာပါ” ဟု ဆိုသည်။ စစ်ကောင်စီက နယ်မြေအေးချမ်းပြီဟု ဆိုသော် လည်း နေရပ်ပြန်ပို့မယ် လယ်လှကျေးရွာတွင် စစ်ကောင်စီ တပ်စခန်း ၃ ခုနဲ့ အင်အား ၁၀၀ နီးပါး အခြေချနေထိုင်သေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် ၎င်းကျေးရွာနဲ့ ဆက်စပ်လျက်ရှိတဲ့ နှမဒါကျေးရွာ၊ အောက်သဲမဝကျေးရွာတို့မှာလည်း တပ်အင်အားအများ ပြားဖြင့် စခန်းချနေထိုင်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်တွင် ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်းများ ၁၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ https://www.facebook.com/photo?fbid=662270066004163&set=a.603254748572362

၅။ KNU ဥက္ကဋ္ဌဟောင်းနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေ့ဆုံမှု လုံးဝပတ်သက်ခြင်းမရှိဟု KNU တရားဝင်ကြေညာ
   October 3, 2023

KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးတို့အဖွဲ့နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ မှုဟာ KNUနဲ့ ပတ်သက်ခြင်းလုံးဝ(လုံးဝ)မရှိဘူးလို့ KNUဗဟိုဌာနချုပ်က မနေ့က အောက်တိုဘာ ၂ ရက် ညပိုင်းမှာ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး၊ KNU CEC ဟောင်း ပဒိုစောရောဂျာခင်၊ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ တာဝန်ကအနားယူထားတဲ့ ပဒိုစောရွှေမောင်းတို့ဟာ စက်တင်ဘာ ၃၀ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။“ယခုတွေ့ဆုံမှုသည် အာဏာသိမ်းစစ်ကောင်စီမှ KNU အတွင်း ရှုပ်ထွေးမှုဖြစ် အောင်ပြုလုပ်သည့် လုပ်ရပ်ဖြစ်သကဲ့သို့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုထူထောင်ရေး အတွက် တိုက်ပွဲဝင်နေသည့် မဟာမိတ်အင်အားစုများအကြား နားလည်မှုလွဲမှားစေရေးအတွက် လုပ်ဆောင်သော စစ်တပ်ရဲ့ အစီအစဉ်သာဖြစ်ပါသည်”လို့ KNU က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

၁၇ ကြိမ်မြောက် KNU ကွန်ကရက်အပြီး သြဂုတ်လ ၁၀ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ First 100 Days : KNU in NEW ERA သတင်းစာရှင်းလင်းပွဲမှာလည်း အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးအရ တရားဝင်တဲ့ စစ်တပ်မဟုတ်တဲ့အတွက် နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးရန် လုံး၀မရှိကြောင်း အတိအလင်း ထုတ်ပြန်အသိပေးခဲ့ပြီးဖြစ်သလို KNU ဟာ မိမိနိုင်ငံရေး ရည်မှန်းချက် အောင်မြင်ရေးအတွက် ဘ၀တူ တော်လှန်ရေးအင်အားစုတွေနဲ့အတူ မားမားမတ်မတ်ရပ်တည်လျက် တစိုက်မတ်မတ် တိုက်ပွဲဝင် သွားမယ်လို့ KNU က ကြေညာပါတယ်။ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးဟာ အာဏာ သိမ်းစစ်တပ်နဲ့ စေ့စပ်ဆွေးနွေးမှုတွေလုပ်ဖို့ တောက်လျောက်တိုက်တွန်းခဲ့သူတစ်ဦးဖြစ်ပြီး အခုနှစ်မှာ ပြုလုပ်တဲ့ KNU ၁၇ ကြိမ်မြောက် ကွန်ကရက်မှာတော့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးဟာ KNU ဥက္ကဋ္ဌအဖြစ်ကနေ ဖယ်ရှားခံခဲ့ရတာဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=7077 41871394505&set=pcb.707743363

၆။စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က လွိုင်လင်မြို့နယ်မှာ စစ်ဖိနပ်ဖိုး ဆက်ကြေးကောက်
   October 3, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်ရှိ ပအိုဝ်းကျေးတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ရုံးစရိတ်နဲ့စစ်ဖိနပ်ဖိုးဆိုပြီး ဆက်ကြေးမကြာခဏ ကောက်ခံနေတယ်လို့ လွိုင်လင်ဒေသခံတွေကပြောပါတယ်။ အဲ့ဒီလို ကောက် ခံရာမှာ တစ်ရွာနဲ့တစ်ရွာ ကောက်ခံတဲ့ ပမာဏမတူသလို လစဉ်ကောက်ခံတာ မဟုတ်ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။“ဒီတစ်ခေါက် ငွေတောင်းတာ သူတို့ပြောတာတော့ ရုံးအသုံးစရိတ်၊ စစ်ဖိနပ်ဖိုးနဲ့ လုံခြုံရေး ခရီးစဉ်တွေရဲ့ စရိတ်လို့ ပြောတာ ပေါ့။ တစ်အိမ် ၄,၀၀၀ တဲ့။ ပအိုဝ်းတွေ အများစုဖြစ်တဲ့ ကျေးရွာအုပ်စုတွေကို ကောက်တာ။ PNO ရဲ့ တိုက်နယ် အုပ်ချုပ်ရေးမှူးတွေ ကနေ တစ်ဆင့် ကောက်တာ” လို့ လွိုင်လင် ဒေသခံ တစ်ဦးက ပြောပါတယ်။ လွိုင်လင်မြို့နယ်မှာ မီဒီယာနဲ့ တက်ကြွလှုပ်ရှားသူ တွေ မရှိတာကြောင့် PNO ပြည်သူ့စစ်က အခုလို ဖိနှိပ်မှုတွေက ပြောင်ပြောင် တင်းတင်း လုပ်နေတာလို့ သူက ပြောပါတယ်။ ဆက်ကြေးကောက်တဲ့ ရွာတွေဟာ လွိုင်လင်မြို့နယ် အင်ချစ်၊ နောင်နိမ်း၊ လွယ်ခွင်၊ ပန်းတိုင် စတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

“လတိုင်းလိုလိုတော့ ကောက်တာပဲ။ တစ်ခါတစ်လေ တစ်ချို့လတွေကျတော့ မကောက်ဘူးပေါ့။ သူတို့ ကောက်ချင်တဲ့ အချိန် ကောက်တာပဲ။ အခုဆို သူတို့က စစ်ကောင်စီခေါ်လို့ လဲချားမြို့နယ်ထဲက နမ့်တိန်ချောင်း ဘက်မှာ လုံခြုံရေး သွားယူရ တာလေ။ အဲ့ဒါတွေကြောင့်လည်း အခုလိုမျိုး ငွေကောက်တာ နေမှာပေါ့။ အရင် နှစ်လလောက်ကမှ ရုံးစရိတ်နဲ့ လုံခြုံရေးကြေးက ၄,၀၀၀ နဲ့ စစ်ဖိနပ်ဖိုး ၂,၀၀၀ ဆိုပြီး တစ်ခါကောက်ပြီးပြီ။ အခုက ထပ်ကောက်တာ” လို့ နောက်ထပ် လွိုင်လင် ဒေသခံ တစ်ဦးက ပြောပါတယ်။ လွိုင်လင်မြို့နယ်က ကျေးရွာတွေတစ်ရွာကို တပ်သားသစ် ၁၀ ဦး ပေးရမယ်လို့ ပြီးခဲ့တဲ့ ဧပြီလမှာ PNO ပြည်သူ့စစ် က စစ်ကောင်စီအတွက် တပ်သားသစ် စုဆောင်းလို့ ကျေးရွာနေ လူငယ် အများစု ထိုင်းဘက် ထွက်ခွါသွားတယ်လို့ ဒေသခံတွေ က မဲခေါင်သတင်းဌာနကို ပြောပါတယ်။ နွေဦးတော်လှန်ရေးမှာ PNO ပြည်သူ့စစ်ဟာ အာဏာသိမ်း စစ်တပ်ရဲ့ လက်ကိုင်တုတ် ဖြစ်လာပြီး စစ်ရေး အကြောင်းပြကာ ဒေသခံ ပြည်သူတွေကို စစ်သား စုဆောင်းတာ၊ ဆက်ကြေး ကောက်ခံတာတွေ ပြုလုပ်နေ တာ ဖြစ်ပါတယ်။ https://www.facebook. com/photo/?fbid=346302317756219&set=a.285900490463069

၇။ မောင်တောတွင် မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အာဆာသံသယဖြင့် စစ်ကောင်စီဖမ်းဆီး
    October 3, 2023

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အာဆာ (ARSA) သံသယဖြင့် စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။ ဖမ်းဆီးခံလိုက်ရသူမှာ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင် ကျေးရွာမှ အသက် ၄ဝ အရွယ် အုပ်ချုပ်ရေးမှူး ဦးအာရ်နုဝါဖြစ်သည်။ သူ့ကို အောက်တိုဘာလ ၁ ရက်နေ့တွင် စစ်ကောင်စီ လက်အောက်ခံ ငန်းချောင်းနယ်ခြားစောင့်ရဲက စခန်းထဲသို့ ဖုန်းဆက်ခေါ်ယူကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သူနှင့်ရင်းနှီးသူ တစ်ဦးက အတည်ပြုပြောသည်။ “အဲဒီအုပ်ချုပ်ရေးမှူးက အာဆာအဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်။ သူတို့ကို ထမင်းဘာညာ ကျွေးတယ်။ သူတို့ကို ထောက်ပံ့တာရှိမယ်။ အဲလိုမျိုးပေါ့။ အဲဒီကိစ္စနဲ့ စွပ်စွဲပြီးတော့ ဖမ်းတာပါ”ဟု ပြောသည်။ သူ့ကို လက်ရှိတွင် မောင်တောမြို့ရှိ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးတွင် ခေါ်ယူ စစ်ဆေးနေကြောင်း သိရသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ယခုနောက်ပိုင်းက အာဆာအဖွဲ့များ ခြေရှုပ်လာနေပြီး ဒေသခံများကို ပြန်ပေးဆွဲ၊ ငွေညှစ်၊ လူသတ်မှုများ ကျူးလွန်နေ၍ ရက္ခိုင့်တပ်တော်(AA)ကလည်း စက်တင်ဘာလ ၁၉ ရက်မှစတင်ကာ နယ်မြေ ရှင်းလင်းမှုများလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။ AA က နယ်မြေရှင်းလင်းမှုများကို အထူးသဖြင့် ဘူးသီးတောင်မြို့နယ်တွင် အဓိကထား လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု သိရသည်။ https://burmese.narinjara.co m/news/detail/651aa0c55d9b15 c419715290?fbclid=IwAR0jSHEHWH-ZwScj8rmdXD1KL 

၈။ တနင်္သာရီတိုင်းမှာ စက်တင်ဘာအတွင်း အရပ်သား ၂၀ ကျော် အသတ်ခံရ
   October 2, 2023

တိုက်ပွဲအတွင်းမဟုတ်ဘဲ ပစ်ခတ်ခံရမှုတွေ၊ သတ်ဖြတ်ခံရမှုတွေကြောင့် တနင်္သာရီတိုင်းမှာပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်း သေဆုံးခဲ့တဲ့ အရပ်သားအရေအတွက်ဟာ စုစုပေါင်း ၂၁ ဦးရှိခဲ့ပါတယ်။ သေဆုံးခဲ့သူတွေက စစ်ကောင်စီတပ်က ပစ်သတ် ခဲ့တဲ့ အရပ်သားတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်က ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ပျူစောထီး/ စစ်ကောင်စီသတင်းပေးလို့စွပ်စွဲခံရသူတွေနဲ့ လက်သည်မပေါ်ဘဲ ပစ်သတ်ခံရသူတွေဖြစ်ပါတယ်။ အဲဒီဖြစ်စဥ်တွေဟာ တနင်္သာရီ တိုင်းထဲက မြို့နယ် ၁၀ ခုထဲက ၇ ခုမှာဖြစ်ပွားခဲ့တာပါ။ အဲဒီမြို့နယ်တွေကတော့ သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူ၊ ပုလော၊ တနင်္သာရီ၊ မြိတ်နဲ့ ကော့သောင်းမြို့နယ်တွေ ဖြစ်ပါတယ်။ အသတ်ခံရသူတွေထဲမှာ ပျူစောထီး၊ စစ်ကောင်စီသတင်းပေးခံရတဲ့ သူလို့ စွပ်စွဲခံရသူတွေ၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ၊ သာမန်အရပ်သားတွေ ပါဝင်ပါတယ်။

မြေပြင်မှာတခြားဖြစ်စဉ်တွေ ရှိနေနိုင်တဲ့အတွက် အရပ်သားအသတ်ခံရမှုဟာ ဒီအချက်အလက်ထက် ပိုများနိုင်ပါတယ်။ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာနဲ့ စခန်းတွေ ဝင်ရောက်ပစ်ခတ်မှုကြောင့်သေဆုံးခဲ့တဲ့ လက်နက်ကိုင် ပျူစောထီးအရေအတွက်ကို တော့ ထည့်သွင်းမထားပါဘူး။ ပြီးခဲ့တဲ့ သြဂုတ်အတွင်းမှာလည်း စစ်ကောင်စီတပ်ကအကြောင်းမဲ့ ပစ်သတ်ခဲ့တဲ့ အရပ်သားတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်က ပစ်သတ်ခဲ့တဲ့ ပျူစောထီး၊ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူတွေနဲ့ လက်သည်မပေါ်ဘဲ ပစ်သတ်ခံရသူ စုစုပေါင်း ၁၇ ဦးအထိရှိခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=343612654723157&set=a.19 6212679463156

၉။ တော်လှန်ရေး တာဝန်ထမ်းဆောင်ရင်း KNDF တပ်ရင်း (၁၅) ရဲဘော်တစ်ဦး ကျဆုံး
   October 2, 2023

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF၊ တပ်ရင်း (၁၅) မှ ရဲဘော်တစ်ဦး တော်လှန်ရေး တာဝန်တွေထမ်း ဆောင်ရင်း ကျဆုံးသွားတယ်လို့ ထုတ်ပြန်ပါတယ်။ KNDF တပ်ရင်း (၁၅) မှ ရဲဘော်စိုင်းဝင်းသိန်း (ခ) ကိုလူချောဟာ  တော်လှန် ရေးတာဝန်တွေ ထမ်းဆောင်ရင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်က ကရင်နီပြည် တစ်နေရာမှာ ကျဆုံးသွားတယ်လို့ တပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော် စိုင်းဝင်းသိန်း ရဲ့ မိသားစုတွေနဲ့အတူ ထပ်တူဝမ်းနည်းပြီး ကျဆုံး ရဲဘော် ကို အာဇာနည် သူရဲကောင်းအဖြစ် အသိအမှတ်ပြု မှတ်တမ်းတင်ထားတယ်လို့ KNDF တပ်ရင်း (၁၅) က ဆိုပါတယ်။

ရဲဘော် စိုင်းဝင်းသိန်း ရဲ့ ဈာပန အခမ်းအနားကို တပ်ရင်း တာဝန်ရှိသူများ၊ ရဲဘော်ရဲဘက်များက ကရင်နီပြည်နယ် တစ်နေရာမှာ ကောင်းမွန်စွာ ပြုလုပ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်နိုင်ရေး အတွက် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ် (၁၅) အနေနဲ့ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ https://www.facebook.com/photo/?fbid=345795637806887 &set=pcb.345795797806871

၁၀။ မူဆယ်မှာ စစ်တပ်က အင်အားအများအပြား ဖြည့်တင်းနေ၊ စစ်ရှောင် တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး
     October 2, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA တို့ အကြား စစ်ရေးတင်းမာနေတဲ့ နမ့်ကတ်ကျေးရွာအုပ်စု ဂေါင်ရာကျေးရွာမှာ စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် အင်အား အများအပြား ဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကောင်စီတပ်က မုံးကိုးမြို့ကနေ စစ်ကား ၈ စီးနဲ့ စစ်ကြောင်းထိုးလာပြီး ၂၉ ရက်နေ့မှာလည်း မူဆယ်မြို့ကနေ ခြေလျင်နဲ့ ဂေါင်ရာရွာအနီးမှာ လူအင်အင်း ၃၀၀ ဝန်းကျင် ဖြည့်နေတင်းနေပါတယ်။ မန်ကန်ရွာခံ အမျိုးသားတစ်ဦးက ” ကျနော် မူဆယ်ကနေ ရွာကိုပြန်လာတဲ့ ချိန် စစ်တပ်က ရွာလမ်းမှာ အပြည့်ဘဲ စစ်ကြောင်းထိုးဖို့ သွားနေတယ်။ ဒီရက်ထဲ စစ်ရေးက တင်းမာနေသေးတယ်”လို့ ဆိုပါ တယ်။ စက်တင်ဘာလ ၁၈ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် နမ့်ကတ်၊ မန်ကန်၊ မိုင်းဆတ်ကျေးရွာတို့က ဒေသခံတွေ ဟာ မူဆယ်-နမ့်ခမ်းလမ်း တုန်ခွမ်ကျေးရွာမှာ စစ်ရှောင် ၃၀၆ ဦး၊ နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်မှာ ၁၁၆ဦးနဲ့ ကောင်းတပ် ကျေးရွာမှာ ၁၀၀ ဦး တိမ်းရှောင်နေကြရသလို စယ်လန့်ကျေးရွာအုပ်စုက ဒေသခံ ၅၀၀ ဦးကျော်ဟာ နီးစပ်ရာ မူဆယ်မြို့ပေါ်နဲ့ တရုတ်ပြည်ထဲက ဆွေမျိုးတွေထံ တိမ်းရှောင်နေရသူတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီတပ်က အင်အားဆက်တိုက် ဖြည့်တင်းနေတာကြောင့် စစ်ရှောင် စခန်းတွေနဲ့ နီးစပ်ရာ ဆွေမျိုးတွေထံ တိမ်းရှောင်နေကြရတဲ့ စစ်ရှောင်တွေဟာ ၁၀ ရက်ကျော်ကြာအထိ နေရပ် ရွာတွေကို မပြန်နိုင်ကြသေးဘူးလို့ စစ်ရှောင်တွေက ဆိုပါတယ်။ ” အခုအခြေနေက ကြာလာရင် စစ်ရှောင်တွေ စားစရာ ရှိမှာ မဟုတ်တော့ဘူး။ ပြင်ပ အလှူရှင်အဖွဲ့တွေ မရောက် လာဘူး အနီးအနားက ရွာတွေကဘဲ လာကူညီကြသေးတာ။ ရက်ကြာလာရင် ဆန်က မလုံလောက်တော့ဘူး” လို့ နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက် စစ်ရှောင်စခန်းက တာဝန်ခံ တစ်ဦးက ပြောပါတယ်။ လက်ရှိ စစ်ရှောင်စခန်း ၃ ခုမှာ ကိုယ်ဝန်သည်နဲ့ မွေးကင်းစ မိခင် ၁၀ ဦးခန့် ရှိနေပေမယ့် အထောက်ကူပြုအဟာရမှုန့်တွေ လာရောက်ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းမရှိသေး သလို ဖျားနာမှုတွေရှိလာရင်လည်း ဆေးပေးခန်းတွေ မရှိသေးတာကြောင့် ဆေးဝါးတွေ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင် စခန်းတာဝန်ခံတွေက ပြောပါတယ်။ ဒီစစ်ရှောင်တွေဟာ စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် ဩဂုတ်လဆန်းပိုင်းကနေစပြီး ၃ ကြိမ် မြောက် တိမ်းရှောင်ရတာ ဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် စစ်ရှောင်တစ်ဦး သေနတ်ထိမှန် ဒဏ်ရာ ရရှိခဲ့ ပါတယ်။ https://www.facebook.com/photo/?fbid=345413801178404&set=pcb.345413887845062

၁၁။ KIA တပ်စခန်းငယ် ၁ ခုကို ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့ သိမ်းပိုက်ဖျက်ဆီး
    October 2, 2023

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် တနိုင်း၊ ဂျထူးဇွပ်၊ ဝါရာဇွပ်ဘက်နား ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ရင်း ၁၄ ရဲ့ ကနွယ်တူပို့စ် စခန်းငယ်တခုကို ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့က သိမ်းလိုက်ကြောင်း သိရပါတယ်။ KIA နဲ့ နီးစပ်သူ တဦးက “ဒီမနက် ဝါရာဇွပ် ပြည်သူ့စစ် မင်းဇေသန့်အဖွဲ့က တပ်ရင်း ၁၄ ရဲ့ ကနွယ်တူပို့စ်ကို သိမ်းသွားတယ်။ လက်နက်အနည်း ငယ် ပါသွားတယ်” လို့ ပြောပါတယ်။ ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့က KIA တပ်မဟာ ၂၊ တပ်ရင်း ၁၄၊ ကနွယ်တူပို့စ်ကို အောက်တို ဘာ ၂ ရက် မနက်ပိုင်းက သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးကာ လက်နက်တချို့ သိမ်းဆည်းရမိကြောင်း ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ တယ်လီဂရမ် ချန်နယ်မှာ ဒီမနက်က သတင်းထုတ်ထားပါတယ်။

KIA ရှေ့တန်းသတင်းရင်းမြစ်တဦးက “ကျနော်တို့ ပို့စ် ၁ ခုမှာ လူ လေးငါးယောက်ပဲ ရှိတယ်လေ” လို့ ပြောပါတယ်။ သတင်း မှန်မမှန်နဲ့ အသေးစိတ် အခြေအနေကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက် မနက်ပိုင်းမှာ KIA ဘက်က ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးမင်းဇေသန့်ရဲ့ နေအိမ်နဲ့ တပ်စခန်း ၃ ခုကို သွားရောက်ပစ်ခတ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် ဖားကန့် ဟောင်းပါးက KIA တပ်စခန်း ၁ ခု အလစ်ဝင်တိုက်ခံခဲ့ရတာကြောင့် KIA နဲ့ PDF ဘက်က ၅ ဦးကျဆုံးပြီး လက်နက် ၅ လက် ဆုံးရှုံးခဲ့ဖူးပါတယ်။ https://burmese.dvb. no/post/617831

၁၂။ ကျိုက်ထိုတွင် ဖမ်းဆီးခံထားရသည့် ဈေးသည် ၅ ဦးကို ၁ လကြာအထိ အဆက်အသွယ် မ‌ရသေး
    October 2, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ အငြိမ်းစားဒုဗိုလ်မှူးကြီး မိသားစု ပစ်ခတ်ခံခဲ့ရပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ ဈေးသည် ၅ ဦး ဟာ တလနီးပါးကြာတဲ့အထိ အဆက်အသွယ်မရသေးသလို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးဘူးလို့ မိသားစု ဝင်တွေက ပြောပါတယ်။ အငြိမ်းစားဒုဗိုလ်မှူးကြီး ဦး‌အောင်လွင်၊ သူ့ဇနီးနဲ့ သားတို့ကို စက်တင်ဘာ ၈ ရက် ညနေ ၅ နာရီက ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်က သူ့နေအိမ်အရှေ့နားမှာ အမည်မသိလက်နက်ကိုင်နှစ်ဦးက လာရောက်ပစ်ခတ်ခဲ့ပြီး အငြိမ်း စားဒုဗိုလ်မှူးကြီး လွတ်မြောက်ခဲ့ပေမဲ့ ဇနီးဖြစ်သူ သေဆုံးခဲ့သလို သားဖြစ်သူမှာလည်း မျက် လုံးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အငြိမ်းစားဒုဗိုလ်မှူးကြီးနဲ့ စစ်ကောင်စီတပ်သားတွေဟာပစ်ခတ်မှုအနီးနားက CCTV တွေကိုကြည့်ပြီး ရှမ်းဈေးရှေ့မှာ ဈေးရောင်း နေကြတဲ့ ပလာတာသည် လင်မယားနှစ်ဦး၊ ကွမ်းယာသည်နှစ်ဦးနဲ့ ဖုန်းဆိုင်ဝန်ထမ်းတဦးတို့ကို ဖမ်းဆီးခဲ့ပြီးနောက် အခု တလနီး ပါး ကြာတဲ့အထိ အဆက်အသွယ်မရသေးသလို ပလာတာသည် လင်မယားနှစ်ဦးရဲ့အိမ်လည်း ချိပ်ပိတ်ခံခဲ့ရပါတယ်။

မိသားစုဝင်တဦးက “သူတို့လင်မယားက ဈေးရောင်းနေတာ၊ ဘယ်အဖွဲ့အစည်းနဲ့မှ မသက်‌ဆိုင်ပါဘူး။ ပစ်ခတ်မှုဖြစ်တဲ့ နေ့က ယောက်ျားဖြစ်တဲ့သူက ဆိုင်ရှေ့မှာ ကျည်ဆန်ခွံလေးတွေ့လို့ ကောက်ကိုင်လိုက်တာ။ အဲဒါ စီစီတီဗီမှာ ပေါ်နေလို့ ဖမ်းသွား တယ်။ သူ့မိန်းမကော ဘေးနားက ကွမ်းယာသည်နှစ်ဦးကော ပစ်ခတ်မှုဖြစ်တဲ့အချိန်မှာ ဖြတ်သွားတဲ့ ဖုန်းဆိုင်ဝန်ထမ်းတဦးပါ ဖမ်းဆီးလိုက်တယ်။ ခုထိ ရဲစခန်းတွေ ၉၆ တပ်တွေကော လိုက်စုံစမ်းနေတာပဲ၊ အဆက်အသွယ်တော့ မရသေးပါဘူး။ လွန်ခဲ့တဲ့ ၃ ရက်လောက်က သူတို့နေတဲ့အိမ်ကို ချိပ်လာပိတ်သွားတယ်။ မြို့ထဲမှာလည်း သူတို့ထဲက တချို့က စစ်‌ကြောရေးမှာ သေသွားပြီး ကျန်တဲ့သူကို သေဒဏ်ပေးမယ်လို့ကြား‌တော့ ပိုပြီး စိတ်ပူနေရပါတယ်” လို့ ပြောပါတယ်။ ဒုဗိုလ်မှူးကြီးငြိမ်း မိသားစု ပစ်ခတ်ခံ ရပြီး နောက်နေ့ စက်တင်ဘာ ၉ ရက်က ကျိုက်ထိုမြို့အတွင်း ဆိုင်ကယ်နှစ်ယောက်စီးတာကို ကန့်သတ်ခဲ့ပြီး ဒီနေ့အချိန်ထိ ဆိုင်ကယ်နှစ်ယောက်စီးမှုနဲ့ ၁၄ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ကျိုက်ထိုဒေသခံ‌တဦးက ပြောပါတယ်။ အငြိမ်းစား ဒုဗိုလ်မှူးကြီး ဦးအောင်လွင်ဟာ ကျိုက်ထိုမြို့နယ် ဝိုင်အမ်ဘီအေအဖွဲ့ အမှုဆောင်တဦးဖြစ်သလို စစ်ကောင်စီဝါဒဖြန့် အမဲလိုက် မုဆိုး တယ်လီဂရမ်ချန်နယ် တည်ထောင်သူလည်း ဖြစ်ပါတယ်။ https://burmese.dvb.no/post/617781

၁၃။ ရန်သူကို တွန်းလှန်နိုင်ရန် အဖွဲ့အစည်းတွင်း စည်းလုံးညီညွတ်မှုနှင့် လူထုထောက်ခံမှုအရေးကြီးဟု KNU ဥက္ကဋ္ဌ        ပြော
    October 2, 2023

ကရင်တမျိုးသားလုံး၏ အကြီးမားဆုံးရန်သူဖြစ်သည့် စစ်အာဏာရှင်ကို တွန်းလှန်နိုင်ရန် အဖွဲ့အစည်းအတွင်း စည်းလုံး ညီညွတ်မှုနှင့် ပြည်သူလူထု၏ ထောက်ခံအားပေးမှုသည် အရေးကြီးကြောင်း ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်သည့် ကေအဲန်ယူ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ၏ ၁၇ ကြိမ်မြောက် ကွန်ဂရက်အပြီး ပထမဆုံးအကြိမ်ပြောကြားသော ကရင်ပြည်သူလူထုများအတွက် အွန်းလိုင်းမိန့်ခွန်းတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ကေအဲန်ယူ ဥက္ကဋ္ဌက “ယခုကာလမှာ ကျနော်တို့ အနှောင့်အယှက်ပေးမယ့်အရာ၊ ကျနော်တို့ကို ဖျက်ဆီးမယ့်အရာ၊ ကျနော်တို့ ကြုံတွေ့နေရတဲ့ အကြီးမားဆုံးရန်သူက အထူးသ ဖြင့် စစ်အာဏာ ရှင်အုပ်စု ပဲဖြစ်ပါတယ်။ အဲဒါကြောင့် အခုကျနော်တို့ ရင်ဆိုင်နေရတဲ့ ခွန်အားနဲ့ လက်နက်ခဲယမ်း အဖက်ဖက် ပြည့်စုံတဲ့ ရန်သူကိုတွန်းလှန်နိုင်ဖို့က ကျနော်တို့ အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုနဲ့ နိုင်ငံရေးအရ ပူးပေါင်းလုပ်ဆောင်မှု အပိုင်းမှာ ပြည်သူတွေ ထောက်ခံအားပေးမှုရှိဖို့က အင်မတန်မှ အရေးပါတယ်။”ဟု ပြောကြားခဲ့သည်။

လက်ရှိ ကရင်လူမျိုးများ ရင်ဆိုင်ကြုံတွေ့နေရသည့် အရာများသည် ယခုပင်မဟုတ်ဘဲ သမိုင်းအစဉ် ဆက်ကတည်းက ကြုံတွေ့နေခဲ့ရကာ ရန်သူစစ်တပ်၏ ညှဉ်းပမ်းနှိပ်စက်မှုများကြောင့်ကရင်လူမျိုး များသည် နေရပ်အိုးအိမ်စွန့်ခွာ၍ တစ်ဖက်နိုင်ငံ သို့ စစ်ဘေးဒုက္ခသည်အဖြစ် ခိုလှုံခဲ့ရသည်ဟုလည်း ကေအဲန်ယူ ဥက္ကဋ္ဌက ပြောဆိုထားသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် တိုင်းပြည်အတွင်းရှိ ပြည်သူလူထုများသည် အာဏာရှင်ကို ပြန်လည်ဆန့်ကျင်ရာမှ စစ်ကောင်စီဘက်က အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်သည့်အတွက် ၎င်းတို့နယ်မြေထဲသို့ လာရောက်တိမ်းရှောင်လာသော ပြည်သူ များကို ကာကွယ်ပေးနေရကြောင်း၊ ထိုသို့ကာကွယ်ပေးသည့်တစ်ချိန်ထဲတွင် စစ်တပ်၏ အကြမ်းဖက် သတ်ဖြတ်မှုများကို အစည်းအရုံးနှင့်တပ်ဖွဲ့ဝင်များက လက်မခံနိုင်သည့်အတွက် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ကာ တိုက်ပွဲများတကျော့ပြန် ဖြစ်ပွားလာခြင်းဖြစ်သည်ဟုလည်း ကေအဲန်ယူ ဥက္ကဋ္ဌ မိန့်ခွန်းတွင် ပြောဆိုထားသည်။ ဆက်လက်၍ ကေအဲန်ယူ ဥက္ကဋ္ဌက ကရင် အမျိုးသားတော်လှန်ရေးသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တစ်စုတစ်ဖွဲ့တည်း လုပ်ဆောင်၍မရသလို ကရင်တစ် မျိုးလုံးပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်ပြီး ဝေဖန်ပြောဆိုမှုမျိုး တစ်ခုတည်းပင်မဟုတ်ဘဲ ကျရာအခန်းကဏ္ဍတွင် ကိုယ်တိုင်ကိုယ် ကျထဲထဲဝင်ဝင် ပါဝင်လုပ် ဆောင်ကြရန်ကိုလည်း တိုက်တွန်းပြောဆိုထားသည်။ https://kicnews.org/2023/10/%e1%80% 9b%e1%80%94%e1%80%ba%e1%80%9e%e1%80%b0%e1%80%80%e1

၁၄။ ကယားနဲ့ ရှမ်းတောင်မှာ အာဏာသိမ်းပြီးနောက် ကလေးနဲ့အမျိုးသမီး ၁၅၅ ဦး သေဆုံး
     October 3, 2023

ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းမြို့နယ်တွေမှာ အာဏာသိမ်းပြီးနောက် ၂၀၂၃ စက်တင်ဘာ ၃၀ ရက်အထိ ကလေးငယ်နဲ့ အမျိုးသမီး စုစုပေါင်း ၁၅၅ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) တာဝန်ရှိသူ အိုက်ကဖြူးက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှု၊ လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်တာအပြင် စစ်ဘေးရှောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် အရပ်သားတွေ သေဆုံးခဲ့တာပါ။ ဒီအခြေ အနေတွေကြောင့် ကလေးငယ် ၅၇ ဦးနဲ့ အမျိုးသမီး ၉၈ ဦး သေဆုံးခဲ့တာလို့ PKPF တာဝန်ရှိသူ အိုက်ကဖြူးက ပြောပါတယ်။ “သေဆုံးသူအများစုက စစ်ကောင်စီကအကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတာက အများဆုံး။ ပြီးတော့ အခုနောက်ပိုင်း လက်နက် ကြီးကြောင့် သေဆုံးရတာတွေလည်း များတယ်” ဒီစာရင်းကို ဒေသခံတွေ၊ ဒုက္ခသည်အရေးကူညီနေသူတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီက ရရှိတဲ့ အချက်အလက်တွေအပေါ်အခြေခံပြီး ကောက်ယူထားတာလို့ သူကပြောပါတယ်။

ကရင်နီအမျိုးသမီးအစည်အရုံးအတွင်းရေးမှူး (၂) မော်ဖရေးမြာကတော့ စစ်ကောင်စီတပ်ကြောင့် အရပ်သားသေဆုံးမှု တွေဟာ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ပြောပါတယ်။ “စစ်ကောင်စီတပ်က ပြည်သူတွေကို လူသားဒိုင်းလုပ်တယ်။ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး၊ လေကြောင်းနဲ့ပစ်တာတွေကြောင့် ပြည်သူတွေ လုံခြုံမှုမရှိဘဲ သေဆုံးရတာဖြစ်ပါတယ်။ ဒါတွေက စစ်ရာဇဝတ်မှု ကိုကျူးလွန်တာလည်းဖြစ်သလို လူသားတစ်ယောက်ရဲ့ လွတ်လပ်စွာနေထိုင်အသက်ရှင်သန်ခွင့်ကိုပါ ချိုးဖောက်နေတာဖြစ် တယ်” PKPF ရဲ့စာရင်းအရ စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်တာ၊ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသူ ၃၈၂ ဦးရှိပြီး စစ်ဘေးရှောင်ရင်း သေဆုံးရသူ ၁၄၂ ဦး၊ စုစုပေါင်း အရပ်သား ၅၂၄ ဦး သေဆုံးခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် ကယား ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲ ၈၂၂ ကြိမ်ဖြစ် ပွားခဲ့တယ်လို့ PKPF က ထုတ်ပြန်ထားပါတယ်။ https://www.rfa.org/burmese/news/death-kayah-and-shan-10022023 071050.html

၁၅။ထားဝယ် အရှေ့တောဘက်သို့ ဆေးဝါးသယ်ယူခွင့် ပိတ်ထားသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲ ဖြစ်နေ
    October 2, 2023

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အရှေ့တောဘက်သို့ စစ်ကောင်စီတပ်က ဆေးဝါးသယ်ယူခွင့်ပိတ်ပင်ထားသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲဖြစ်နေကြောင်း Oak Awe Medical Team ထားဝယ် – ပကဖ ထံကသိရသည်။ ထားဝယ် မြို့နယ်အတွင်း အခြားဒေသများသို့ ဆေးဝါးများသယ်ယူလျှင် ထောက်ခံချက်ဖြင့်  ခွင့်ပြုပေးသော် လည်း အရှေ့တောဘက်သို့ လုံးဝသယ်ခွင့်မပေးကြောင်းသိရသည်။ “ပေါ်တင်သယ်လို့မရဘူး။ ပေါ်တင်သယ်တာနဲ့ဖမ်းတာပဲ။ ဆေးကိုလုံးဝသယ်ခွင့်‌မပေး ဘူး။ သယ်ရင်တောင် ထောက်ခံချက်တောင်းတယ်။ ကျနော်တို့ အရှေ့တော့ဘက်ကျ ထောက်ခံချက်ပါလည်းခွင့်ပြုမပေးဘူး။ မရရတဲ့နည်းနဲ့ပဲ ကြံဖန်သယ်ရတာ။ တော်တော်လေး‌တော့ အခက်အခဲဖြစ်တယ်။ ဘာလို့ဆို PDF ရွာတွေဆိုပြီး ပြောကြတော့ စစ်တပ်ဘက်ကနေ ပိတ်ဆို့မှုတွေ တအားများတယ်။ လမ်းကြောင်းတွေကို စစ်တပ်က ချုပ်ကိုင်ထားတယ်။” ဟု Oak Awe Medical Team ထားဝယ်-ပကဖအဖွဲ့တာဝန်ခံ ရဲဘော်အစော က ပြောသည်။ ယင်းသို့ ခက်ခက်ခဲခဲသယ်ဆောင်နေရသည့် အတွက် ကုန်ကျစရိတ်ပိုမိုများပြားကာ ဆေးဝါးများကို လည်း ဈေးကြီးပေးဝယ်နေကြောင်း ၎င်းကပြောသည်။

လိုအပ်သည့်ဆေးဝါးများဝယ်ယူရန်နှင့် အဖွဲ့ဝင်များ၏ စားနပ်ရိက္ခာအတွက် ၁လလျှင် ကျပ်သိန်း ၆၀ နီးပါးအသုံးပြုနေ ရပြီး အထောက်အပံ့ရရှိမှု နည်းပါးသဖြင့် ရပ်တည်ရန်ခက်ခဲနေကြောင်းလည်း ၎င်းကပြောသည်။ “ကျနော်တို့ကို ထောက်ပံ့မှု အပိုင်း တအားအားနည်းတယ်။ တစ်ဦးတစ် ယောက်ချင်းအလှူရှင် ဝိုင်းရှာပြီး ရပ်တည်နေရတယ်။ အမြဲထောက်ပို့တွေလည်း မရှိ ဘူးဗျ။ MOH ဘက်ကလည်း ၁ လကို သိန်း ၃၀ ပဲထောက်ပံ့တယ်။ ဆေးဖိုးတင်ကို သိန်း ၃၀ နဲ့တင် မလောက်ဘူးဗျ။ ဒီဘက်မှာ ကုသပေးရတဲ့ လူနာတွေအရမ်းများတယ်”ဟု ၎င်းကပြောသည်။ Oak Awe Medical Team ထားဝယ်-ပကဖ အဖွဲ့ကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလအတွင်း စတင်ဖွဲ့စည်းခဲ့ပြီး ပြည်သူများနှင့် PDF ရဲဘော်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေကာ တိုက်ပွဲများ တွင်ပါ လိုက်လံကုသမှုပေးနေကြောင်း သိရသည်။ ” လိုက်ကုပေးနေတဲ့ရွာ ၆ရွာရှိတယ်။ စလုပ်လာတာ ၁နှစ် ပြည့်တော့မယ်။ ကျနော်တို့က ပြည်သူကိုလည်း ကုတယ်။ ရဲဘော်တွေလည်းကုတယ်။ ဘယ်အဖွဲ့ကရဲဘော်နေနေ ကုပေးတယ်။ ရှေ့တန်း ဆေးမှူး တွေလည်း မွေးထုတ်ပေးတယ်။ ပို့ပေးတယ်။ ရွာအသီးသီးကိုလည်း ဆေးမှူးတွေချပေးထားတယ်”ဟု ရဲဘော်အစော ကပြောသည်။ https://www.facebook.c om/photo/?fbid=875543627268360&set=pcb.875543673935022

၁၆။ KIO ဌာနချုပ်အနီး စစ်ကောင်စီတပ် တစ်ရက်ထဲ ၃ ကျော့ ဗုံးကျဲတိုက်ခိုက်
     October 2, 2023

တိုက်ပွဲဒေသဖြစ်နေတဲ့ နမ်ဆန်ယန်ကျေးရွာအနီး လိုင်လွမ့် အောင်ဂျာကျေးရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့က ဒီကနေ့ တစ်ရက်ထဲ ဂျက်ဖိုက်တာ ၃ စီးနဲ့ ၃ ကြိမ်အထက် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ အောက်တိုဘာလ ၂ ရက် ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်မှာတစ်ကြိမ်၊ ၉ နာရီမှာတစ်ကြိမ်၊ ၉ နာရီခွဲလောက်မှာ တစ်ကြိမ် ၃ ကြိမ်တိတိ လာရောက်ဗုံးကျဲတိုက်ခိုက်သွားတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ယောက်ပြောပါတယ်။“ဒီကနေ့ မနက်ပိုင်းလောက်မှာ ကျနော်တို့ဘက်နေ အရင်သွားတိုက်ခိုက်ခဲ့တာ။ ပြီးရင် ဒရုန်းနဲ့လည်း ဗုံးသွားချပေးတယ်။ အဲဒီ အောင်ဂျာနဲ့ မဒီးယန်မှာ ပိတ်ဆို့နေတဲ့ စစ်ကောင်စီအဖွဲ့တွေ တော်တော် ထိပုံရတယ်။ အဲဒါကြောင့် KIA တွေရှိတဲ့ဘက်ကို လေကြောင်းနဲ့လာတိုက်နေတာ”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ လိုင်လွမ့်အောင်ဂျာမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA က သွားရောက်သိမ်းပိုက်နိုင်ခဲ့တဲ့နောက် အထက်မှာရှိတဲ့ တပ်စခန်းတစ်နေရာမှာ ထပ်မံပုန်းခိုနေတာ ကြောင့် အဲဒီနေရာကို KIA က ပိတ်ဆို့ပြီး နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကနေ လာရောက်ဗုံးကျဲတိုက်ခိုက်တဲ့အပြင် ခရာဘွမ့်၊ ဘွမ့်ရေဘွမ့်၊ ဟန်းဂိုင်ဘွမ် စတဲ့ စစ်တပ်နေရာ တွေက လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၃၀ ရက် နေ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မိုးမောက်မြို့နယ် နွမ်လန့်ရွာအထက် ပန်ဆပ်ရွာဟောင်း အနီးမှာလည်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ် လပ်ရေးတပ်မတော် KIA တို့ကြား ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ယနေ့ တစ်ရက်ထဲမှာပဲ ၂ နေရာတိုက်ပွဲပြင်းထန်နေ တာဖြစ်ပါတယ်။ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်တစ်လျှောက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကနေ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားနေတာ ၄ လောက်ကြာမြင့်လာပြီ ဖြစ်ပါတယ်။ https://burmese.kachinnews.com/2023/10/02/yl3-5/

၁၇။ အရပ်ဖက်အဖွဲ့ (၃)ဖွဲ့က CDF မင်းတပ်ကို AK-47 သေနတ် ၄၀ အပါအဝင် ကျည်ဆံနှင့် ကျည်အိမ်များ တပ်         ဆင်ပေး
    October 3, 2023

အရပ်ဖက်အဖွဲ့အစည်း (၃)ခုက ပူးပေါင်း၍ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်ကို AK- 47 သေနတ် ၄၀ လက်နှင့် ဆက်စပ်ခဲယမ်း ပစ္စည်းများ ပေးအပ်ခဲ့ပြီး ချေမှုန်းရေးရိုင်ဖယ်များ ထပ်မံပေးအပ်ရန် ရှိသည်ဟု International Mindat K’Cho Organization (IMCO) က ယမန်နေ့က ထုတ်ပြန်သည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်ကို AK – 47 သေနတ် ၄၀ လက်၊ ကျည် ၁၂၀၀၀ ၊ ကျည်အိမ် ၁၂၀ ခုတို့ကို စက်တင်ဘာလ ၂၈ ရက်က ယင်းတပ်ဖွဲ့ စစ်ဦးစီးချုပ်ရုံးမှာ International Mindat K’Cho Organization (IMCO)၊ Heal the world နှင့် CEA (Norway) တို့ ပူးပေါင်း၍ လက်နက်ခဲယမ်းများကို ပေးအပ်ခဲ့ခြင်းဖြစ် သည်။ IMCO အရပ်ဖက်အဖွဲ့အစည်းက CDF မင်းတပ်ကို AK – 47 သေနတ် ၅၀ လက် ဝယ်ယူတပ်ဆင်ပေးမည့် ပရောဂျက်ကို ၂၀၂၂ ဇွန်လက စတင်ခဲ့ပြီး သေနတ် ၅၀ လက်၊ ကျည် ၁၅၀၀၀ တောင့်၊ ကျည်အိမ် ၁၅၀ ခုကို ပေးအပ်နိုင်ရန် အမေရိကန်ဒေါ်လာ တစ်သိန်းရှစ်သောင်းငါးထောင်ကုန်ကျမည်ဖြစ်သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်သည်။

ပရောဂျက်လက်ကျန် AK – 47 သေနတ် ၁၀ လက်၊ ကျည် ၃၀၀၀ တောင့်၊ ကျည်အိမ် ၃၀ ခုတို့ကိုလည်း CDF – မင်းတပ် အဖွဲထံ မကြာမီ ပေးအပ်ရန် စီစဉ်နေသည်ဟု သိရသည်။ ယင်းပရောဂျက်အတွက် ကံစမ်းမဲ ထီလက်မှတ်များ ရောင်းချ၍ ရန်ပုံငွေ ရှာဖွေခဲ့ရာ အမေရိကန်ဒေါ်လာ ခုနှစ်သောင်းကျော် ရရှိခဲ့ပြီး ဒေါက်တာအငြိမ်း ဦးဆောင်သည့် Heal the World အဖွဲ့ နှင့် CEA (Norway) တို့မှ  ဒေါ်လာ သုံးသောင်းခွဲကို အားဖြည့်ကူညီခဲ့ကြသည်ဟု သိရသည်။ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ကို CDF မင်းတပ်က ပြောက်ကျားတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာပြီးနောက် စစ်ကောင်စီက မြို့ပေါ်တွင် ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုပြု လုပ်နေသည်ဟု သိရသည်။ https://www.facebook.com /photo?fbid=801617555300633&set=pcb.801618035300585

၁၈။ တီးတိန်မြို့မှာ စစ်ကောင်စီ ရဲတပ်သားလေးဦးကို PDF Zoland ဖမ်းဆီး
      October 3, 2023

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ စစ်ကောင်စီ ရဲတပ်သားလေးဦးကို PDF Zoland အဖွဲ့က အောက်တိုဘာ ၂ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့  သိရပါတယ်။ အဲဒီရဲတပ်သားတွေဟာ အိန္ဒိယ-မြန်မာနယ်စပ် တီးတိန်-ရိဒ် ကားလမ်းကို ဖြတ်သန်းသွားလာတဲ့ ကုန်ကားတွေကို ငွေကြေး တောင်းခံတာကြောင့် ဖမ်းဆီးခဲ့တယ်လို့ PDF Zoland က ပြောပါတယ်။ ကားမောင်းသူတွေကို ငွေကြေး အဆမတန် တောင်းခံတာကို ရပ်တန့်ဖို့ PDFZoland က နှစ်ပတ်ကြိုတင်သတိပေးခဲ့ပေမယ့် လိုက်နာခြင်းမရှိတာ ကြောင့် အခုလို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ဒုတပ်ကြပ် ကျော်သူရစိုး၊ ခုပ်ခန်တုန်း ၊ စည်သူမိုး၊ ချမ်းငြိမ်ကျော် တို့ဖြစ်ပါတယ်။ သူတို့ကို တီးတိန်မြို့တွင်းမှာ အရပ်ဝတ်နဲ့ သွားလာနေချိန်မှာ PDF Zoland ကဖမ်းဆီးထားခဲ့ တာဖြစ်ပြီး အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။ https://zalen .info/%e1%80%90%e1%80%ae%e1%80 %b8%e1%80%90%e1%80%ad%e1%80 

၁၉။ ရသေ့တောင်မှ ဆရာမအသတ်ခံရမှုတွင် အဓိကသံသယရှိသူ ဦးမောင်မောင်အေး၏အစ်ကိုနှင့်အစ်မတို့အပါအဝင်         နောက်ထပ် ၅ ဦးကို ULA/AA က စစ်ဆေးရန် ခေါ်ဆောင်သွား
    October 3, 2023

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် စာပြသွားစဥ် အသတ်ခံလိုက်ရသည့် အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်အမှုတွင် အဓိကသံသယရှိသူ ဦးမောင်မောင်အေး၏အစ်ကိုနှင့်အစ်မဖြစ်သူတို့အပါအဝင် နောက်ထပ်ရွာသား ၅ ဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)က စစ်ဆေးရန် ယမန်နေ့က ခေါ်ဆောင်သွားသည်ဟု သတင်းရရှိ သည်။ အဓိကသံယရှိသည့် ဦးမောင်မောင်အေး၏ အစ်ကိုဖြစ်သူ မူလတန်းပြ ကျောင်းအုပ်ဆရာကြီး ဦးသန်းရွှေမောင်နှင့် အစ်မ ဖြစ်သူ ဒေါ်နုနုအေးအပါအဝင် ကျေးရွာသား ၅ ဦးကို ULA/AA က အောက်တိုဘာ ၂ ရက်၊ ညနေက ခေါ်ယူ စစ်ဆေးနေခြင်းဖြစ် သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “သူ့အစ်ကို ကျောင်းအုပ်ဆရာကြီးနဲ့ သူ့အစ်မကိုခေါ်သွားတယ်။ နောက်ထပ် နှစ်ယောက် လည်း ပါတယ်။ နောက်တစ်ယောက်ကိုလည်း ထပ်ဖမ်းသွားတယ်။ စုစုပေါင်း ၅ ယောက်” ဟုပြောသည်။

ဆရာမအသတ်ခံရမှုတွင် အဓိကသံသယရှိသူ အသက် ၄၀ ကျော်အရွယ် ဦးမောင်မောင်အေးဆိုသူအပါအဝင် အဓိက သံသယရှိသူ ၂ ဦး၊ ဆက်စပ် သံသယရှိသူ ၁ ဦးနှင့် ဆရာမ အလောင်းအား မျက်မြင်တွေ့ရှိသူ ၆ ဦးတို့ကို ULA/AA က စက်တင်ဘာ ၁၇ ရက်မှစတင်စစ်ဆေးနေခဲ့သည်။ ယခု ၅ ဦးနှင့်ဆိုလျှင် စုစုပေါင်း စစ်ဆေးခံနေရသူ ၁၄ ဦးအထိရှိလာပြီဖြစ်သည်။ ယင်းအနက် အဓိကသံသယရှိသူ ဦးမောင်မောင်အေးသည် စက်တင်ဘာ ၁၉ ရက်ညတွင် ထွက်ပြေးသွားခဲ့သော်လည်း စက်တင်ဘာ ၂၆ ရက် တွင် ကျွန်းပေါ်ပေါက်တောရွာရှိ သူ၏ အစ်မ နေအိမ်အတွင်း ULA/AA က ဖမ်းမိခဲ့သည်။ အသက် ၃၇ နှစ်အရွယ် အလယ်တန်း ပြကျောင်းဆရာမ ဒေါ်နှင်းယုနွယ်သည် သူနေထိုင်ရာ ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာမှ ပန်းဖော်ပြင် အလယ်တန်းကျောင်းသို့ စက်တင်ဘာလ ၁၆ ရက်၊ နံနက်က စာပြရန်သွားစဉ် လမ်းတွင် အသတ်ခံလိုက်ရသည်။  https://bu rmese.narinjara.com/…/651b79f53e8079d4 d7b4328f

၂၀။ ထားဝယ်ထောင်တွင် အကျဥ်းထောင် ဝန်ထမ်း ၂ ဦး အသတ်ခံရပြီး အကျဥ်းသား ၅ ဦးထွက်ပြေးလွတ်မြောက်
    October 2, 2023

တနင်္သာရီတိုင်း၊ထားဝယ်အကျဥ်းထောင်တွင် အကျဥ်းထောင်ဝန်ထမ်း နှစ် ဦး အသတ်ခံရပြီး အကျဥ်းသား ငါး ဦးထွက် ပြေး လွတ်မြောက်သွားကြောင်း ထောင်နှင့်နီးစပ်သူများထံမှသိရသည်။ စက်တင်ဘာလ ၃၀ ရက်နေ့က ထားဝယ်အကျဥ်းထောင် မှ ထောင်ဝန်ထမ်း နှစ်ဦး နှင့် အကျဥ်းသား ငါး ဦးတို့သည် ထားဝယ်ကနေ ရှစ် မိုင်ခန့်ဝေးသည့်  ရေဖြူမြို့၊ ဇီးကျကျေးရွာအနီးရှိ အကျဥ်းထောင်အသစ် ဆောက်သည့် နေရာသို့ ရာဘာထင်းများကိုသယ်ယူရန် ခေါ်ဆောင်လာချိန်တွင်  ထောင်ဝန်ထမ်းနှစ်ဦး အသတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ထောင်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ “ထောင် ကို ညအိပ်တန်း ပိတ်ချိန်အထိ ထောင်ဝန်ထမ်းနှစ်ဦးနဲ့ အကျဥ်းသားတွေမရောက်လာကြဘူး။ ဖုန်းနဲ့ဆက်သွယ်လုပ်လို့လည်း မရဘူး။ အဲဒါကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လိုက်ရှာကြတယ်။ မနေ့က မှ မောင်မယ်ရှောင်ရွာ ရေဝိုင်းလမ်းဆုံရဲ့အနားမှာ ထောင်ဝန်ထမ်းနှစ်ဦးရဲ့ အလောင်း ကိုပြန်တွေ့ရတယ်။ အကျဥ်းသားတွေကတော့ အခုအချိန်အထိ လွတ်မြောက်နေပါတယ်”ဟုအကျဥ်းထောင်နှင့်  နီးစပ်သူတစ်ဦး က ပြောသည်။

အသတ်ခံရသည့် အကျဥ်းထောင်ဝန်ထမ်းနှစ်ဦးမှာထားဝယ်အကျဥ်းဦးစီးဌာနမှ တပ်သား လွင်ငြိမ်းနှင့်  အောင်ဘိုဘိုထွဋ် တို့ဖြစ်ကြောင်း သိရသည်။“ သေဆုံးသွားတဲ့  အကျဥ်းထောင်ဝန်ထမ်း နှစ်ဦးရဲ့ အသုဘကို အောက်တိုဘာလ ၂ ရက်နေ့ မှာ  ထားဝယ်အကျဥ်းထောင်မှာ လုပ်တယ်။ ထောင်ဘူးဝမှာလည်း ပဌာန်းတရားတော်တွေကို စပီကာနဲ့ အသံအကျယ်ကြီးဖွင့်ထား ကြတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသည့်  အကျဥ်းသား ငါး ဦးကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တစ်ခုက ခေါ်ယူပြီးစောင့်ရှောက်ပေးထားသည်ဟု သတင်းများကြားရသော်လည်း မည်သည့်အဖွဲ့က ခေါ်ယူစောင့် ရှောက်ပေးထားသည်ကို  ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။ အဆိုပါ အကျဥ်းသား ငါး ဦးထွက်ပြေးလွတ်မြောက် သွားသူများကို ပြန်လည်ဖမ်းဆီးရမိရေးအတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နီးစပ်ရာကားဂိတ်များကို ပိတ်ဆို့ပြီး အပူတ ပြင်း ရှာဖွေနေကြောင်း သိရသည်။ https://www.facebook.com/photo?fbid=646356504300039&set=a.583120797290 277

၂၁။ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက လူဦးရေ ၃ထောင် ကျော် ရာသီတုပ်ကွေးဖြစ်ပွားနေ
    October 2, 2023

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ရာသီကူးပြောင်းမှုကြောင့်ဖြစ်တဲ့ တုပ်ကွေးရောဂါ အဖြစ်များနေ ကြပြီး လူဦးရေ ၅ ထောင်ကျော် ရှိနေတဲ့ ဒေါရောက်ခူကျေးရွာနဲ့ အနီးတဝိုက်က စစ်ရှောင်စခန်းတွေမှာ ဖျားနာသူ ၃ ထောင်ဝန်း ကျင်ရှိတယ်လို့ စစ်ရှောင်စခန်း ကော်မတီဝင် အမျိုးသမီးတစ်ဦးကပြောပါတယ်။ အဆိုပါနေရာတွေမှာ လူဦးရေ ၅ထောင်အတွက် ဆေးပေးခန်းတစ်ခုသာရှိနေပြီး ဆေးဝါးပြတ်လပ်မှုလည်းရှိနေတယ်လို့ ဆိုပါတယ်။“ အခုလောလောဆယ်တော့ အားကိုးမှီခိုနေ ရတဲ့ ဆေးခန်းက အဲ့ဒီ ကရင်နီ ဆေးခန်းပေါ့နော်။ ဒါပေမဲ့ အဲ့ဒီကရင်နီဆေးခန်းကလည်း ဆေးပြတ်နေတယ် အခုဆို ။ တစ်ရွာလုံး ဖျားနေတယ်။ ကျမတို့ လူဦးရေက ရွာခံ ပါပါ ပြောမယ်ဆိုရင် လူဦးရေက ၅ထောင်ကျော်လောက်ရှိတယ်။ ဒါပေမဲ့ ဖျားတာက ၃ထောင်ကျော်လောက်ရှိတော့ ဆေးကမနိုင်ဘူးပေါ့နော်” လို့ စစ်ရှောင်စခန်း ကော်မတီဝင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

လက်ရှိမိုးရာသီကာလမှာ အအေးမိတာတွေကြောင့် ချောင်းဆိုး၊ နှာစေးတွေလည်း ဖြစ်နေကြတာရှိသလို စစ်ရှောင်စခန်း က လူဦးရေ ရဲ့ ထက်ဝက်ကျော်ဟာလည်း ရာသီတုပ်ကွေးဖြစ်နေကြတယ်လို့ “ကရင်နီဧည့်သည်” ဆေးခန်းအဖွဲ့က တာဝန်ရှိသူ တစ်ဦးက အခုလိုပြောပါတယ်။“အခုလက်ရှိက မိုးရာသီကာလလည်းဖြစ်တာဆိုတော့ ရာသီတုပ်ကွေးကတော့ အများကြီးတွေ့ ရတာပေါ့လေ။ သွေးလွန်တုပ်ကွေးတို့ ဌက်ဖျားကော ဒီလို ဖြစ်နေတာတွေက တော်တော်များတယ်။ ကျနော်အနီးစပ်ဆုံး ဟို တစ်ညက သွားခဲ့တဲ့ လူအယောက် ၁၀၀မှာဆို ၆၀လောက်ကို ဖြစ်နေတာကိုတွေ့ရတယ်ပေ့ါနော်”လို့ သူက ဆိုပါတယ်။ ရာသီ တုပ်ကွေးဟာ ပထမဆုံးအဆင့် နှာစေး၊ ချောင်းဆိုး လောက်သာဖြစ်ပေမဲ့ ကုသမှုမရှိရင်တော့ နောက်ဆက်တွဲ သွေးအန်ပြီး အသက်အန္တရာယ်ထိပါ စိုးရိမ်ရနိုင်တယ်လို့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ အဖွဲတွေဆီကနေ သိရပါတယ်။ “ဆေးတွေက အခုလက်ရှိမှာက စစ်ကောင်စီထောက်ပို့လမ်းကြောင်းတွေဖြတ်ထားတာရှိတာပေါ့နော်။ ဆေးတွေဆို လုံးဝကို ဒီကရင်နီကို လုံးဝ အဝင်မခံတဲ့ အခြေအ‌နေတွေ ဖြစ်ခါကြ‌‌တော့ ဆေးသယ်ဖို့ လမ်းကြောင်းအရမ်းခက်တာမျိုးတွေရှိတယ်။ တချို့က ဆေးအချိန်မှီ ရောက်မလာနိုင်တာမျိုးတွေရှိတာပေါ့နော်”လို့ဆိုပါတယ်။ https://www.kantarawaddytimes.org/%e1%80%92%e1%80 %ae%e1%80%b8 %e1%80%99%e1%80%b1%e1%80

၂၂။ မော်ချီးဒေသမှာ စားအုံးဆီ တစ်ပိဿာ ကျပ်တစ်သိန်းအထိ ကုန်ဈေးနှုန်း စံချိန်တင် မြင့်တက်
    October 3, 2023

ကရင်နီပြည်နယ်၊ မော်ချီးမြို့ကို အဓိက ကုန်စည်ပို့ဆောင်ရာ လမ်းဖြစ်တဲ့ လွိုင်ကော်-ဒေါတမကြီး-ဘော်လခဲ လမ်းပိုင်း အသုံးပြုလို့ မရတော့တဲ့ နောက်ပိုင်းကစပြီး ကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေရာ လက်ရှိစားအုံးဆီတစ်ပိဿာ ကျပ်တစ်သိန်း အထိဖြစ်နေလို့ အငတ်ဘေး ဆိုက်မယ့် အန္တရာယ် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလမ်းဟာ ဖေဖော်ဝါရီလ အစပိုင်းကတည်းက တိုက်ပွဲတွေကြောင့်အသုံးပြုလို့မရတော့ဘဲ ကုန်ဈေးနှုန်း တဖြည်းဖြည်းတက်လာခဲ့ရာ ပြီးခဲ့တဲ့ စက်တင်ဘာ လလယ်ပိုင်းမှာတော့ ကုန်ဈေးနှုန်း အမြင့်ဆုံး စံချိန်တင် တက်သွားတယ်လို့ ဆိုပါတယ်။ “အခုက ပိုက်ဆံရှိရင်တောင်မှ ဝယ်ချင် သလို သွားဝယ်လို့ မရဘူး။ ရောင်းတဲ့လူက မရှိဘူးလေ။ လွိုင်ကော်- ဒေါတမကြီး-ဘော်လခဲလမ်း ကတော့ သွားလို့ မရတာမ ဟုတ်ဘူး။ မသွားနဲ့လို့လည်းမတားဘူး။ တစ်လမ်းလုံး တိုက်ပွဲဖြစ်နေလို့ မသွားကြတာ။ မိုင်းတွေလည်း ရှိတယ်။ သွားရင် သေမှာ။ လမ်းသွားမရတော့ စားသောက်ကုန် တွေက ဘာမှ မရောက်ဘူးပေါ့။ ၆ လပိုင်းကတောင် နည်းနည်းတော်သေးတယ်။ ဆန်တစ် အိတ် ၂ သိန်းပဲ။ အခုက ၄ သိန်း ဆိုတော့ ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ ဘာဆက်လုပ်ရမလဲ မသိဘူး” လို့ မော်ချီးဒေသခံ တစ်ဦးက ပြောပါတယ်။

လက်ရှိ မော်ချီးမြို့မှာ အခြေခံ စားသောက်ကုန်တွေ ဖြစ်တဲ့ ဆန်ကြမ်း ၂၄ ပြည် တစ်အိတ် ၄၀၀,၀၀၀ ကျပ်၊ ပေါ်ဆန်း မွှေး တစ်အိတ် ၆၀၀,၀၀၀ ကျပ် ဝန်းကျင်၊ စားအုံးဆီ တစ်ပိဿာ တစ်သိန်းကျပ်၊ ကြက်ဥတစ်လုံး ၁,၅၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၂ သောင်းကျပ် စတဲ့ ဈေးနှုန်းတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကော်ဖီမစ် အထုပ်သေး တစ်ထုပ် ၁,၅၀၀ ကျပ်၊ ကွမ်းတစ်ပိဿာ တစ်သိန်းခွဲကျပ်၊ ဘီယာ သံဘူး တစ်ဘူး  ၂၀,၀၀၀ ကျပ်၊ ဆန်အရက်ကြမ်း တစ်လီတာ ၁၈,၀၀၀ ကျပ် စတဲ့ဈေးတွေအထိ မြင့်တက်နေတယ်လို့ ဆိုပါတယ်။ “အခုက ထိုင်းနယ်စပ်လည်း တိုက်ပွဲတွေနဲ့ ဆိုတော့ ဘာမှ ဝင်လို့ မရတော့ဘူးလေ။ အလှူရှင်တွေ လာချင်တယ် ဆိုရင်တောင် လာလို့မရတဲ့ အနေ အထား။ ပိုက်ဆံရှိတဲ့လူက ဈေးတင်ရောင်း တော့ ပိုချမ်းသာတာပေါ့။ ခေတ်ပျက် သူဌေးတွေပေါ့။ အသားငါး စားဖို့မပြောနဲ့ အသီးအရွက်တောင် မစားနိုင်ဘူး။ မသေရုံ တမယ်ပဲ” လို့ မော်ချီးဒေသခံ တစ်ဦးက ဆက်ပြောပါတယ်။ မော်ချီး ‌ဒေသမှာ အရင်ကတည်း ကုန်စျေးနှုန်း ကြီးမြင့်ပြီး လွိုင်ကော် မြို့က စျေးနှုန်းရဲ့ ၂ ၀န်းကျင် ဖြစ်ပေမယ့် လက်ရှိကုန်စျေးနှုန်းကတော့ စံချိန်တင် မြင့်တက်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။ https://www.facebook.com/photo/?fbid=346300927756358&set=a.285900487129736

၂၃။ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ထံ တစ်လအတွင်း လက်နက်ချဝင်ရောက်တဲ့ စစ်ကောင်စီတပ်သား ခြောက်ဦးအထိရှိ
    October 2, 2023

ချင်းပြည်နယ်မှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ထံ စက်တင်ဘာလ တစ်လအတွင်း လက်နက်ချပြီး အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား စုစုပေါင်း ခြောက်ဦးအထိရှိလာတယ်လို့ ချင်းဒေသကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါ တယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ဖလမ်း-ကလေးလမ်းမပေါ် စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ ထင်းရူးစခန်း မှာ တာဝန်ကျနေတဲ့ အသက် ၁၇ နှစ်အရွယ်  မောင်ပြည့်ဖြိုးအောင်ဟာ MI ကျည်ဆံ ၃၄၅ ထောင့် ၊ လက်ပစ်ဗုံး တစ်လုံး၊ ၄၀ မမ ဗုံး နှစ်လုံးနဲ့ အတူ CNDF ထံပူးပေါင်းခဲ့တာဖြစ်ပါတယ်။ CNDF ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ထံ တစ်ဦး၊ မတူပီဒေသ ကာကွယ် ရေးတပ်ဖွဲ့ထံ လေးဦးနဲ့ CDF CDM Siyin တို့ထံ တစ်ဦး လာရောက်ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

လာရောက်ပူးပေါင်းသူတွေဟာ  ပြည့်ဖြိုးအောင်၊ မိုးအောင်၊ တိုးနိုင်ဝေ၊ ဒုတပ်ကြပ်ငိုလျန်ကျင်၊ တပ်ကြပ်ကြီး ထွန်းဇော် နဲ့ ဒုတပ်ကြပ်ဦးဝေလွင် စတဲ့ စစ်ကောင်စီတပ်သားတွေဟာ လက်နက်နဲ့အတူပူးပေါင်းဝင်ရောက်တာဖြစ်တယ်လို့ဆိုပါတယ်။ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဆီ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို သိန်း ၆၀ စီပေးနေပြီး လွတ် မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သားနဲ့ ရဲ့တွေ လက်နက်ချပူးပေါင်းသူ ၁၃၇၇၁ ဦး ထိရှိနေပြီး ၄၀၀၀ ကျော် ဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီမှာ တာဝန်ထံဆောင်နေတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ https://www.facebook.com/photo?fbid=6621 40389350464&set=a.603254748572362

၂၄။ ကျောက်ကြီးရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ
     October 2, 2023

ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့စခန်းကို မြို့လှ PDF တပ်ဖွဲ့က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ ရွှေကူမြို့အောက်ဘက် ဧရာဝတီမြစ်တစ်ဖက် ကမ်းမှာရှိတဲ့ စစ်ကောင်စီစစ်သားနဲ့ ရဲတွေပူးပေါင်းတပ်ထိုင်နေတဲ့ ကျောက်ကြီးရဲ စခန်းကို အောက်တိုဘာ ၁ ရက်နေ့ ည ၈ နာရီ အချိန်က မြို့လှ PDF တပ်က ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်မှုတွေရှိခဲ့တယ်လို့ ရွှေကူ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။“ဗုံးသီးက ၆ လုံးချတာအားလုံးကွဲတယ်ဗျ အထိအခိုက်ကတော့သေချာပေါက်ရှိတယ် သူတို့အထဲမှာဆိုတော့ အတိအကျတော့ ပြောလို့မရဘူး”လို့ သူကပြောပါတယ်။ ဒေသခံတွေဆီကနေ စုံစမ်းသိရချက်အရ တိုက်ခိုက်ခံရမှုကြောင့် ကျောက်ကြီးရဲစခန်းပင်မ အမိုးတွေပျက်စီးပြီး နံရံတွေလည်း မိုင်းစထိမှန်လို့ပျက်ဆီးတာတွေများခဲ့တယ်လို့ သိရပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းထဲကနေ လက်နက်ငယ်တွေ အချက်ပေါင်း ၂၀ ထက်မနည်း ရမ်းသမ်းပစ်ခတ် တာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။“အဲ့ထဲမှာအနည်းဆုံးစစ်သားကော၊ ရဲကော သုံးဆယ်လေးဆယ်လောက်ရှိမယ် မနေ့က စင်းခန်းကနေလည်းထပ်ရောက်လာတာရှိတယ် အဲ့ရဲစခန်းက PDF တွေမီးရှို့တာလည်းခနခနပါ့ သိမ်းလိုက်ရင်လည်းခနပဲပြီးရင် ပြန်လာထိုင်ကြတာ”လို့ တော်လှန်ရေးမှာပါဝင်နေတဲ့ရွှေကူခြေသခံ အခြားအမျိုးသားတစ်ဦးကပြောပါတယ်။ စစ်ကိုင်း– ကချင် အစပ် ကသာအထက်ပိုင်း မြို့လှနဲ့ ရွှေကူမြို့နယ်တွင်းမှာ ကျောက်ကြီးရဲကင်းအပါအဝင် စစ်တပ်ရဲ့အထိုင်ချစခန်း ၄ နေရာသာ ရှိပြီးလှုပ်ရှားတပ်ရင်းမရှိသလောက်နည်းသွားပြီလို့လည်း မြို့လှ K-PDF အဖွဲ့က ပြောဆိုပါတယ်။ ဒ့ါအပြင် အဲ့ဒီရဲစခန်းကို KIA၊PDF တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ စက်တင်ဘာ လ ၁ ရက်နေ့တစ်ကြိမ်ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ ရဲတစ်ဦးအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအချို့ရရှိခဲ့ပါတယ်။ https://burmese.kachinnews.c om/2023/10/02/wl3-5/

၂၅။ အာဆီယံ- အီးယူ အရပ်ဘက်ဖိုရမ်တွင်   စစ်ကောင်စီကို တက်ခွင့်ပြုသည့်အပေါ်  NUG ကန့်ကွက်
     October 3, 2023

အောက်တိုဘာ ၃ ရက်မှာ စတင်ကျင်းပမယ့် ဥရောပသမဂ္ဂ- အာဆီယံ အရပ်ဘက် လူမှုအဖွဲ့အစည်းများဖိုရမ်ဆွေးနွေး ပွဲမှာ အကြမ်းဖက်စစ်အုပ်စုကို ပါဝင်တက်ရောက်ခွင့်ပေးတဲ့ အပေါ်  ကန့်ကွက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဌာနက သဘောထားထုတ်ပြန်ပါတယ်။ ဒီဖိုရမ်ဆွေးနွေးကိုတော့ ဥရောပသမဂ္ဂ(အီးယူ)နဲ့ အာဆီယံအစိုးရ ချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်တို့ရဲ့ ပူးပေါင်းစီစဉ်မှုနဲ့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ “Advancing Human Rights: Creating an Enabling Environment for CSOs at the Regional Level” ခေါင်းစဉ်နဲ့ ကျင်းပတာဖြစ်ပါတယ်။ ဒီဖိုရမ် ကို တရားမဝင် အကြမ်းဖက်စစ်အုပ်စုကိုယ်စားလှယ်တွေကို ဖိတ်ကြားထားကြောင်း ကြားသိရတဲ့အတွက် အလွန်ပင်စိုးရိမ်ပူပန်မိ ကြောင်းလည်း NUG ရဲ့ အောက်တိုဘာ ၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  အဆိုပါဖိုရမ်ဟာ NUG အစိုးရ၊ လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ဥရောပသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ အထူးကိုယ်စားလှယ်အပါအဝင် ဥရောပသမဂ္ဂက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ်အပြီး ရက်ပိုင်းအတွင်း ကျင်းပတဲ့ ဖိုရမ်ဖြစ်ပါတယ်။

အဆိုပါ ခရီးစဉ်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာ့ဒီမိုကရက်တစ်အ ဖွဲ့အစည်းတွေ၊ NUG အစိုးရ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အမျိုး သားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်း တွေက ကိုယ်စားလှယ်တွေ၊ လူမှုအသိုင်းအဝိုင်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေပါဝင်တဲ့ လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲ တရပ်ကို စတင်ကျင်းပဖို့ အဆိုပြုခဲ့တာလို့ ဆိုပါတယ်။ ဒါကြောင့်မို့ ဥရောပသမဂ္ဂ (အီးယူ)နဲ့ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်တို့အနေနဲ့ စစ်မှန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို ပြုလုပ် ရာမှာ မြန်မာပြည်သူလူထုရဲ့ တရားဝင် ကိုယ်စားလှယ်တွေနဲ့သာ ကျင်းပဖို့  NUG အစိုးရအနေနဲ့ တိုက်တွန်းထားပါတယ်။ https://burmese.dvb.no/post/617930

၂၆။ မူဆယ်မှာ  ရေခဲချောင်း လိုက်လံရောင်းချနေသူ သေနတ်နဲ့ ပစ်သတ်ခံရ
     October 2, 2023

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်မှာ စက်တင်ဘာလ ၃၀ ရက်က ရေခဲချောင်း လိုက်လံရောင်းချနေသူ တစ်ဦး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ စက်တင်ဘာလ ၃၀ ရက်၊ ညနေ ၃ နာရီခန့်က မူဆယ်မြို့၊ ကောင်းဝိန်းကျေးရွာ အဝင်လမ်းဘေးမှာ ညာဝမ်းဗိုက်နဲ့ ဘယ်နောက်ကျော ကျည်ဆံပေါက်ထွက် ဒဏ်ရာတွေနဲ့ သေဆုံး နေတာကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။“လမ်းဘေးမှာ တွေ့တာ၊ ပတ်ဝန်းကျင်က တွေ့လို့သိတာ။ နို့မို့ဆို သိမှာ မဟုတ် ဘူး။ လူလည်းနည်းနည်း ပြတ်တယ်” လို့ သူကရှင်းပြပါတယ်။

သေဆုံးသူ အမျိုးသားဟာ မိုင်းယုကျေးရွာမှာ နေထိုင်သူဖြစ်ပြီး ရေခဲချောင်း လိုက်လံ ရောင်းချသူဖြစ်ကာ ဘာကြောင့် ပစ်သတ်ခံရတယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ ရုပ်အလောင်းကိုတော့ လူမှုကူညီရေးအသင်း တစ်ခုက မူဆယ် ဆေးရုံ၊ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး လက်ရှိအချိန်ထိ ဘယ်အဖွဲ့က ပစ်သတ်သွားလဲဆိုတာ လက်သည်မပေါ်ဘူးလို့ သွားရောက် ကူညီသူတွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။ မူဆယ်မြို့နယ်မှာ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တွေနဲ့ တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့တွေ လှုပ်ရှားနေပါတယ်။ https://www.facebook.com/photo/?fbid=345847897801661&set=pcb. 345847652

၂၇။ မြန်မာနိုင်ငံတွင် စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူဦးရေ ၁၄၄၃ ဦးရှိလာ
     October 2, 2023

စစ်တပ် အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ စက်တင်ဘာ ၃၀ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ် လက်အောက်ခံအဖွဲ့အစည်းတွေက ဖမ်းဆီးသတ်ဖြတ်ခဲ့သူ ၁၄၄၃ ဦးအထိ ရှိလာတယ်လို့ နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာလ ၁ ရက်နေ့ သတင်းထုတ်ပြန်ထားပါတယ်။ အများဆုံးက စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၀၀ ကျော်ရှိခဲ့တယ်လို့ AAPP ရဲ့ စာရင်းမှာ ဖော်ပြပါတယ်။ ဖမ်းဆီးသတ်ဖြတ်မှု တွေကို အကျဉ်းထောင်၊ စစ်ကြောရေး၊ စစ်တန်းလျား၊ ဒါမှမဟုတ် ပြင်ပထိန်းသိမ်းထားတဲ့ နေရာတွေမှာ ကျူးလွန်ခဲ့တာဖြစ်ပြီး အဲဒီလိုကျူးလွန်ချိန်မှာ သတ်ဖြတ်ခံရသူတွေဟာ လက်ကို လက်ထိပ်ခတ်ခံထားရ ဒါမှမဟုတ် ကြိုးနဲ့ ချုပ်နှောင်ခံထား ရတယ်လို့ AAPPက ထုတ်ပြန်ထားပါတယ်။

အခုလို ဖမ်းဆီး သတ်ဖြတ်ခံရသူတွေ အပါအဝင် စုစုပေါင်း သေဆုံးသူ ဦး ရေ ၄၁၃၁ ဦးရှိပြီး အဲဒီထဲမှာ  ကလေးငယ် ၄၆၆ ဦးနဲ့ အမျိုးသမီး ၆၁၃ ဦး သေဆုံးခဲ့ရတယ်လို့  AAPP ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ အရပ်သားသေဆုံးမှုတွေ ဟာ နယ်ပြည်တော်အပါအ၀င် တိုင်းနဲ့ ပြည်နယ် ၁၄ ခုလုံးမှာ ဖြစ်ပွားခဲ့လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် တဲ့အတွက် နိုင်ငံတစ်ဝန်းမှာ ဖမ်းဆီးခံထားရသူ ၁၉၂၈၆ ဦးရှိတယ်လို့ AAPP ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။ https://www.f acebook.com/photo/?fbid=662096176021552&set= a.603254748572362

၂၈။ ထားဝယ်ထောင်မှ နိုင်ငံရေးအကျဥ်းသား ၁၄ ဦး လွတ်ရက်စေ့ပြီး ပြန်လွတ်
    October 2, 2023

တနင်္သာရီတိုင်း၊ ထားဝယ်အကျဥ်းထောင်ကနေ နိုင်ငံရေးအကျဥ်သား ၁၄ ဦး အပါအဝင် အယောက် ၂၀ နီးပါး အောက်တို ဘာ ၂ ရက် မနက်က ပြန်လွတ်လာတယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) နဲ့ နိုင်ငံရေးအကျဥ်သား မိသားစုဝင်တွေဆီက သိရပါတယ်။ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဥ်သားတွေကတော့ ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂရဲ့ ဥက္ကဋ္ဌဟောင်း ကိုအောင်ဝေယံကျော်၊ ကိုမောင်တူး၊ ကိုအောင်သူရဇော်၊ ကိုဝေယံဌေး၊ ကိုကျော်မင်းဦး၊ ကိုဇေမြတ်ဦး၊ ကိုကိုလင်းနိုင်၊ ကိုဝင်းလတ်ထွေး၊ ကိုဥက္ကာရှိုင်းအောင်၊ ကိုဝေယံထက်နဲ့ ကိုရဲထွန်း တို့ကိုသာ အမည်အတည်ပြုနိုင်ပြီး ကျန် ၃ ဦးကို အတည်ပြုနေဆဲပဲလို့ DPPN က ထုတ်ပြန်ထားပါတယ်။ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်သားတဦးရဲ့ မိတ်ဆွေတဦး က “၂၀၂၁ မေလ ၁၈ ရက်က အဖမ်းခံရတဲ့ အမှုတွဲတခုလုံးက ၉ ယောက်နဲ့ တခြားလူတွေ လွတ်ရက်စေ့ပြီး လွတ်လာတာပါ။ အဲဒီအမှုတွဲက စုစုပေါင်းက ၄ နှစ်စီကျတယ်။ လျှော့ရက်၊ ချုပ်ရက်တွေ နုတ်လိုက်ရင်တော့ ရက်စေ့သွားတဲ့ သဘောပေါ့” လို့ ပြောပါတယ်။

အခြားလွတ်မြောက်လာသူ ၅ ဦးကတော့ မူးယစ်ဆေးဝါးအမှုတွေ ဖြစ်တယ်လို့ သိရပါတယ်။ ကိုအောင်ဝေယံကျော် အပါအဝင် အမျိုးသား ၁၀ ဦးကို ၂၀၂၁ ခု မေ ၁၈ ရက်က ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်ရှိ နေအိမ်တလုံးမှာ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။  အဲဒီထဲက ၁ ဦးကို အသက်မပြည့်သေးတဲ့အတွက် ပြန်လွှတ်ပြီး ကျန် ၉ ဦးကို ပုဒ်မ၅၀၅ (က) နဲ့ ၁၉ (စ) တွေနဲ့အမှုဖွင့်ပြီး ဇွန်လ ၂၁ ရက်က ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခဲ့ပါတယ်။ ထားဝယ်အကျဥ်းထောင်မှာ အကျဥ်းသားအားလုံး ရဲ့ ထက်ဝက်နီးပါးဟာ နိုင်ငံရေးအကျဥ်းသားတွေဖြစ်ပြီး ဩဂုတ်လက အကျဥ်းထောင်အရာရှိတွေ အရေးယူခံရမှုနဲ့ အရာရှိ အပြောင်းအလဲတွေကြောင့် ထောင်ဝင်စာတွေ့ရာမှာ ကန့်သတ်ချက်တွေ များလာနေတယ်လို့ နိုင်ငံရေးအကျဥ်းသား မိသားစုဝင် တွေက ပြောပါတယ်။ https://burmese.dvb.no/post/617769

၂၉။ စစ်ရှောင်တွေအတွက် စိတ်ဓာတ်မြင့်တင်ရေးသင်တန်းကို ပြုလုပ်ပေးခဲ့
    October 3, 2023

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ ရှိတဲ့ စစ်ရှောင်အမျိုးသမီးတွေအတွက်  စိတ်ဓာတ်မြင့်တင်ရေးသင်တန်းကို ငြိမ်းချမ်းမေတ္တာအဖွဲ့က အောက်တိုဘာလ ၂ ရက်နေ့မှာ ပြုလုပ်ပေးခဲ့ပါတယ်။  အာဏာသိမ်း ပြီးနောက် ဒေသတွင်း ထိတွေ့တိုက်ပွဲတွေအပြင် စစ်ရှောင်ကာလကြာမြှင့်လာတာကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ ထိခိုက်ခံစားနေရတဲ့ စစ်ရှောင်အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။ ” ဒီခေတ် ဒီအခါမှာ လူတွေက စိတ်ဒဏ်ရာအများကြီးရကြတယ်။ ဘာဖြစ်လို့လဲဆို စစ်ဘေးစစ်ဒဏ်သော်လည်း ကောင်း၊ တခြားအခက်အခဲတွေ ပေါ့နော်။ ဘေးအမျိုးမျိုးကြုံတဲ့အခါမှာ ဒီ စိတ်နာကျင်မှုကနေ စိတ်ဒဏ်ရာဖြစ်တယ်။ အဲ့ဒီတော့ ဒီစိတ်ဒဏ်ရာကို ဘယ်လို ကျန်းမာအောင်လုပ်မလဲ။ လုံးဝမကျန်းမာရင်တောင်မှ ဘယ်လို သက်သာအောင်လုပ်မလဲဆိုတဲ့နည်းလမ်းကို ကျမတို့ပေးတယ်။ ကိုယ်ကိုယ်တိုင်ခံစား၊ စိတ်ဒဏ်ရာနာကျင်မှုကိုလဲ ကိုယ်ကိုယ်တိုင် သက်သာအောင်ဘယ်လိုလုပ်ရမလဲ။ အဲ့ဒီနည်းကို သိရုံမက ဘူး ပတ်ဝန်းကျင်မှာ ဒီလို ခံစားရတဲ့လူကိုလည်းပဲ ဘယ်လိုကျန်းမာ သက်သာအောင် လုပ်မလဲဆိုတဲ့ နည်းလေးကိုရရှိဖို့အတွက် ကျမတို့ပေးခြင်းဖြစ်ပါတယ်” လို့ သင်တန်းပို့ချသူ ဆရာမတစ်ဦးက ဆိုပါတယ်။

စစ်ဘေးဒဏ်ကြောင့် ထိခိုက်ခံစားရတာ၊ မိသားစုဝင် ဆုံးရှုံးခဲ့တာ၊ နေအိမ်ဆုံးရှုံးတာ၊ အထွေထွေ အသုံးစရိတ်၊  စားဝတ် နေရေးအခက်အခဲတွေကြောင့် စိတ်ဖိစီးမှုဒဏ်ကို အမျိုးသမီးတွေက ပိုမိုခံစားနေရတာကြောင့် အခုလို သင်တန်းတွေ ပြုလုပ်ပေး တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ” ကျမတို့ဒီသင်တန်းတက်လာတဲ့အခါ စိတ်ပျော်လာတယ်။ သင်တန်းထဲမှာ သီချင်းတွေဆိုရတယ်။ ပြီးရင် စိတ်ဖိစီးတဲ့အခါမှာ ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတာ သိလာတယ်ပေါ့နော်။ ကလေးတွေ စိတ်ဓာတ် ကျတဲ့အခါ သူတို့ပြောလာတဲ့အရာ သူတို့စိတ်ဖိစီးလာတဲ့အရာတွေကို ကျမတို့က သေချာနားထောင်းပြီးပြန်လည်ဖြေရှင်းပေးဖို့ လိုအပ်ကြောင်းကျမသိလာတယ်” လို့ သင်တန်းတက်ရောက်တဲ့ စစ်ရှောင်အမျိုးသမီး တစ်ဦးကဆိုပါတယ်။ အဆိုပါ စိတ်ဓတ်မြင့် တင်ရေး သင်တန်းကို စစ်ရှောင်အမျိုးသမီးတွေသာမက၊ စစ်ရှောင်အမျိုးသား စုစုပေါင်း ၁၀ ဦးကျော် တက်ရောက်ခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=716817037151538&set=pcb.716817180484857

၃၀။ အကျဉ်းထောင်တွင်း ကျန်းမာရေးဆိုရွားနေသည့် ဒေါ်ညိုအေး ဆေးကုသခွင့် မရသေး
    October 3, 2023

စစ်တွေအကျဉ်းထောင်အတွင်းတွင်မှနေပြီး အမှုရင်ဆိုင်နေရသည့် ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးမှာ ကျန်းမာရေးဆိုးရွာနေကာ ပြင်ပတွင်ဆေးကုသခွင့်မရရှိသေးကြောင်း မိသားစုဝင်များက ပြောသည်။ ဒေါ်ညိုအေးမှာ ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်က ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဦးဆောင်ပြုလုပ်သည့် ဆန်ပြဿနာနေ့အခမ်းနားအား တက်ရောက်ပြီး နောက် သြဂုတ်လ ၁၅ ရက်နေ့တွင်စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ဖမ်းဆီးပြီး ရက်တွင်းချင်းပင် ၅၀၅(က) ဖြင့်အမှုဖွင့်ခံရပြီး စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရကာ လက်ရှိတွင် ကျန်မာရေးဆိုးရွာမှုရှိနေရာ ဆေးကုသခွင့်လည်း မရရှိဟု ဒေါ်ညိုအေး ၏သမီးဖြစ်သူက ပြောသည်။ “သွေးတိုး၊ ဆီးချိုဖြစ်နေတယ်။ ဆီးချိုက ၃၀၀၊ သွေးတိုး က ၁၆၀ ရှိနေတယ် လို့ ဒီကနေ့ရုံးချိန်းမှာတွေ့တော့ သိခဲ့ရတာ။ အရင်က သွေးတိုး၊ နှလုံးရှိပေမယ့် ဆီးချိုတော့မရှိဘူး။ အခုဖြစ်နေတဲ့အခြေအနေ ကလည်း စိုးရိမ်ရတဲ့အေခြေနေမှာရှိနေတယ်။ ဆေးကုသခွင့်ကလည်း မရဘူး” ဟုပြောသည်။

ဒေါ်ညိုအေးအမှုကို အောက်တိုဘာ ၂ ရက်၌ စတင်စစ်ဆေးမှုရှိပြီး အမှုတွင် တရားလို ၂ ဦးကိုစတင်စစ်ဆေးခဲ့ကာ နောက်ထပ် အောက်တိုဘာ ၉ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်သည်ဟု သိရသည်။ လက်ရှိအနေအထားတွင် ဒေါ်ညိုအေးကို မိသားစုဝင်များမှ ထောင်ဝင်စာတွေ့ခွင့်မရခြင်း၊ ဆေးဝါးများပို့ဆောင်ခွင့်မရခြင်းတို့ ရှိနေခြင်းကြောင်း ပို၍ စိုးရိမ်မိကြောင်း မိသားစုဝင်များက ဆိုသည်။ ထောင်တွင်းအကျဉ်းကျခံနေရသူများနှင့် တရားရင်ဆိုင်နေရသူတို့အတွက် အကျဉ်းဦးစီးဌာနတွင် ဆေးပေးခန်းနှင့် ဆရာဝန်များ ထားရှိသော်လည်း ပြင်းထန်သည့်ရောဂါများအတွက် အဆင်မပြေသည့်အနေအထားတွင်ရှိရာ ထောင်တွင်းဆေးကုသမှုကို ပိုကောင်းမွန်လာစေရန် အလေးထားသင့်သည်ဟာ ရခိုင့်လူ့အခွင့်ရေးကာကွယ်မြှင့် တင်သူများအဖွဲ့ မှ ဒါရိုက်တာ ဦးမြတ်ထွန်းကပြောသည်။ “သူတို့မှာက အထဲမှာ ဆရာဝန်ရောဆေးခန်းရောရှိတယ်။ ရိုးရိုးဖျားတာနာတာလောက် ဆို အဆင်ပြတယ်။ ဒီထက်ပိုရင်တော့ အဆင်မပြေတော့ဘူး။ အကျဉ်းသားတွေအပြင်မှာ ဆေးကုသခွင့်ရဖို့ဆိုတာကမလွယ်ဘူး။ အနည်းအကျဉ်း လောက်ပဲတွေ့ရတယ်။ ဒေါ်ညိုအေးကကျတော့ တရားရင်ဆိုင်နေရဆဲအနေအထားဖြစ်တော့ အပြင်မှ ဆေးကုသခွင့် ကမရှိဘူး။ ဒီတော့ ဖြစ်နိုင်တာက ထောင်တွင်းဆေးကုသရေးကို ပိုပြီးကောင်းလာအောင်လုပ်ပေးဖို့တော့လိုတယ်” ဟုပြောသည်။ https://www.facebook.com/photo/?fbid=756159166523512&set=a.682731967199566

၃၁။ တပ်ဖွဲ့ဝင် ၂၈ ဦး လက်နက်ချတယ်ဆိုပြီး စစ်ကောင်စီက သတင်းမှားဖြန့်နေတယ်လို့ MNDAA တုံ့ပြန်
    October 2, 2023

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ကိုးကန့်(MNDAA) တပ်ဖွဲ့ဝင် ၂၈ ဦး လက်နက်ချတယ် ဆိုတဲ့ သတင်းဟာ စစ်ကောင်စီက လုပ်ကြံ ဖန်တီးထားတဲ့ သတင်းတု သတင်းမှားသာ ဖြစ်တယ်လို့ MNDAA က တုံ့ပြန် လိုက်ပါတယ်။ အဲ့ဒီ လုပ်ကြံသတင်းကို စစ်ကောင်စီနဲ့ ကိုးကန့်ပြည်သူ့စစ်အဖွဲ့က MNDAA တပ်တွင်း တည်ငြိမ်မှုမရှိစေဖို့ ရည်ရွယ် တိုက်ခိုက်တဲ့ သတင်းတုသာ ဖြစ်တယ်လို့ MNDAA ကပြောပါတယ်။“ဒါဟာ အာဏာသိမ်းအဖွဲ့နဲ့ ကိုးကန့်အစိုးရ အတုအယောင်အဖွဲ့ရဲ့ ပူးပေါင်းပါဝင်မှုရှိတဲ့ နိုင်ငံရေး ပြသမှု တစ်ခုပါပဲ။ ဒီလို လွဲမှားတဲ့ ရည်ရွယ်ချက်တွေဟာ အဓိက ကျွန်‌တော်တို့ တပ်ဖွဲ့ဝင်တွေရဲ့ တည်ငြိမ်မှုကို တုန်လှုပ်စေရန် ဖြစ်တယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်တာ ကာလတွင် ဆွေမျိုးများထံ သွားရောက် လည်ပတ်ပြီးနောက် တပ်မတော်မှ ထွက်ခွာသွားသည်မှာ ကျွန်ုပ်တို့ တပ်မတော်ထဲတွင် ရှိခဲ့သည်မှာ ငြင်းမရနိုင်ပါ။ သို့သော် အဖွဲ့လိုက် လက်နက်ချ အလင်းဝင်မှု မရှိခဲ့ပါ” လို့ MNDAA ပြောရေးဆိုခွင့်ရှိသူ Li Tianfu က ပြောပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းတွေမှာ ပြီးခဲ့ တဲ့ စက်တင်ဘာ ၂၉ ရက်မှာ MNDAA တပ်ဖွဲ့ဝင် ၂၈ ဦး လက်နက် ခဲယမ်းတွေနဲ့တကွ လက်နက်ချလာလို့ လောက်ကိုင်မြို့ရှိ နယ်မြေ ခံတပ်နယ် ခန်းမမှာ ကြိုဆိုပွဲ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ပြီးတဲ့နောက် MNDAA ဘက်က အခုလို ပြန်လည် တုံ့ပြန်လိုက် တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လုပ်ကြံသတင်းမှာ ပြသထားတဲ့ လက်နက်တွေဟာ MNDAA တပ်ဖွဲ့၀င်တွေ ကိုင်ဆောင်တဲ့ လက်နက်တွေ မဟုတ်ဘူးလို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။“MNDA တပ်ဖွဲ့ဝင်မှ လက်နက်ချခြင်း သို့မဟုတ် သစ္စာဖောက်ခြင်း မဟုတ်ပါ။ ဆင်းရဲဒုက္ခကို ကြောက်ရွံ့ပြီး စစ်ပြေးသူ အနည်းစုရှိသော်လည်း လက်နက်ကိုင်ဆောင် ပြီး မပြေးကြပေ” လို့ MDAA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒါပေမယ့် တပ်ဖွဲ့ဝင် တချို့ ခွင့်နဲ့ အိမ်ပြန်တဲ့ အချိန်တွေမှာ စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်ပြည်သူ့စစ်က အနိုင်ကျင့် နှိပ်စက်မှာ ကြောက်လို့ မိသားစုဝင်တွေက သူတို့ရဲ့ သားသမီး တွေကို ကိုးကန့်ပြည်သူ့စစ် တပ်ဖွဲ့ထဲ ဝင်ရောက်ဖို့ လွှဲပေးတာတော့ ရှိတယ်လို့ သူကပြောပါတယ်။ လက်ရှိ စစ်ကောင်စီဟာ တနိုင်ငံလုံးရဲ့ တော်လှန်မှုကို ရင်ဆိုင်နေရသလို စစ်ကောင်စီ လက်အောက်ခံ ကိုးကန့် အစိုးရ အတုအယောင် ကလည်း ကျားဖြန့် လိမ်လည်မှု ရာဇဝတ်မှုများနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် နှိမ်နှင်းဖို့ တရုတ်နိုင်ငံရဲ့ ဖိအားကို ရင်ဆိုင်နေရလို့ အဲ့ဒီ ကျားဖြန့် လိမ်လည်တဲ့ လုပ်ငန်းက လူတွေကို အတင်းအဓမ္မခေါ်ပြီး MNDAA က လက်နက်ချသယောင် အတုအယောင်ပွဲ ပြုလုပ်ခဲ့တာလို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ https://www.facebook.com/photo?fbid=345898801129904&set=pcb .345899074463210

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button