သတင်း

ရခိုင်တွင် ကုန်ပစ္စည်းတွေရှားပါးတဲ့အတွက် စစ်တပ်ထုတ်ကုန်ကို သုံးစွဲနေရ

ရခိုင်တွင် ကုန်ပစ္စည်းတွေရှားပါးတဲ့အတွက် စစ်တပ်ထုတ်ကုန်ကို သုံးစွဲနေရ

 
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၂၂ ၊ ၂၀၂၃။
 
တစ်နိုင်ငံလုံးက အာဏာသိမ်းစစ်‌တပ်ထုတ်ကုန်တွေအား မသုံးမပြုဖို့ ဆော်ဩနေကြပေမယ့် ရခိုင်ပြည် တွင် စစ်တပ်ထုတ်ကုန်တွေဟာ လည်ပတ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
 
ရခိုင်ပြည်တွင် သယံဇာတတွေပေါကြွယ်ပေမယ့် အာဏာရှင်တွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုတွေကြောင့် ရခိုင်ပြည်ဟာ မြန်မာနိုင်ငံတွင် ဒုတိယ အဆင်းရဲဆုံး ပြည်နယ် တစ်ခုအဖြစ်သို့ ရောက်ရှိနေရပါတယ်။
 
ဒီလိုမျိုးဆင်းရဲမွဲတေမှုတွေကြောင့် လူတွေဟာ ကုန်ပစ္စည်းတွေကို ဝယ်ယူသုံးစွဲရတဲ့ နေရာတွေမှာ ကုန်ပစ္စည်းရှားပါးမှု၊ ဈေးနှုန်းမြင့်မားမှုတွေကြောင့် မိမိဝင်ငွေနဲ့ သင့်တော်တဲ့ ပစ္စည်းမျိုးကိုသာ သုံးစွဲ နေကြရတယ်လို့ ရခိုင်လူငယ်တစ်ဦးက ပြောပါတယ်။
 
” တစ်ချက်က ရွေးချေစရာမရှိဘူး။ အခု အသုံးပြုနေတဲ့ ပစ္စည်းတွေကို မသုံးဘဲ တခြားဟာကို သုံးမယ် ဆိုရင်လည်း ဈေးကွက်သဘောအရ အဆင်မပြေဘူး။ အမျိုးသားရေး ရေချိန်အရ စစ်တပ်ထုပ်ကုန် တွေကို လုံးဝမသုံးသင့်ပေမယ့် ကိုယ့်ဝင်ငွေနဲ့ ကိုက်ပြီးတော့ သုံးနေရတဲ့ ပြည်သူတွေရှိတယ်” လို့ ဆိုပါတယ်။
 
နောက်ထပ်လူငယ်နိုင်ငံရေးသမားတစ်ယောက်ကလည်း အခြေခံလူတန်းစားတွေအနေနဲ့ ရွေးချယ်ခွင့် မရှိဘူးလို့ ပြောပါတယ်။
 
” တကယ်တမ်းမှာ.. ကုန်ပစ္စည်းနဲ့ပတ်သပ်ရင် ပြည်သူတွေကရွေးချယ်ခွင့်သိပ်မရကြပါဘူး၊ အခြေခံ လူတန်းစားတွေအနေနဲ့ပိုဆိုးတာပေါ့ ။ စစ်တပ်ထုတ်ကုန်ကို သုံးစွဲ တဲ့ပြည်သူတွေကို ရှုတ်ချကြ ကြေး ဆိုရင် ဟိုးတုန်းကသမဝါယမတို့၊ပပကတိို့က ဈေးဝယ်ခဲ့ကြတဲ့ ပြည်သူတွေကို ဘာလို့အပြစ် မတင်ခဲ့ ကြတာလဲ.. အဓိကက ပြသနာကပြည်သူမှာရွေးချယ်ခွင့်မရှိတာ ” လို့ ဆိုပါတယ်။
 
ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားချိန်ကတည်းကနေ စစ်ကောင်စီ တပ်က လမ်းပန်းဆက်သွယ်ရေးတွေကို ကန့်သတ်တာတွေ၊ လမ်းခရီးအတွင်း စစ်ဆေးမှုတွေများ တာ ကြောင့် ရခိုင်ပြည်အတွင်း ကုန်စည်စီးဆင်းမှုဟာ အခုချိန်ထိ နှောင့်နှေးကြန့်ကြာနေဆဲဖြစ်တယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။
 
ဓါတ်ပုံ – Getty Images(ပုံဟောင်း)

Related Articles

Back to top button