တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 76, September 22, 2023)

၁။ ဘုရားသုံးဆူမြို့ကို အုပ်ချုပ်နေပြီလို့ KNU ဆို
    September 21, 2023

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မှာတည်ရှိတဲ့ ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးပျက်သုန်းသွားခဲ့လို့ ကရင်အမျိုးသား အစည်းအရုံး-KNU က စက်တင်ဘာ ၁၉ ရက်နေ့က အစားထိုး ဝင်ရောက် အုပ်ချုပ် နေပြီလို့ KNU တာ၀န်ရှိသူက ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ် အချက်အချာကျတဲ့ ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီတပ် အပြင် မွန်ပြည်သစ်ပါတီ-NMSP၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ-KNU/KNLA-PC နဲ့ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့တွေ အခြေစိုက်တည်ရှိနေတာ ဖြစ်ပါတယ်။“ဘုရားသုံးဆူမြို့ထဲမှာ စကစ တပ်တွေလည်း ရှိပါတယ်။ တခြား လက်နက်ကိုင်အဖွဲ့တွေကလည်းအများကြီး ရှိနေပါတယ်။ PC တို့ DKBA တို့ နောက်ပြီးတော့ မွန်ပြည်သစ်ပါတီတို့ လည်း ရှိပါတယ်။ အဲဒီလို အမျိုးမျိုးရှိနေတဲ့အထဲမှာ စကစ ရဲ့ အုပ်ချုပ်ရေးဟာ လုံးဝ ပျက်စီးသွားပြီ”လို့ KNU ဗဟိုအလုပ်အမှု ဆောင် ပဒိုစောတောနီး က ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ဌာနတွေဖြစ်တဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေး၊ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စစ်ဖက်ဆိုင်ရာ စုံစမ်းရေးရုံး (စရဖ) နဲ့ အခြား ဌာနဆိုင်ရာရုံးတွေ ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်လ ကတည်းက KNU တပ်မဟာ (၆) ရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိသွားခဲ့တယ်လို့ သူကဆိုပါတယ်။ ဘုရားသုံးဆူ မြို့အတွင်း စစ်ကောင်စီတပ်တွေ ရှိနေဆဲဖြစ်ပေမယ့် ပြည်သူတွေရဲ့ ထောက်ခံ အားကိုးမှုရထားတဲ့ KNU ရဲ့ အုပ်ချုပ်ရေးစနစ် ကြောင့် စစ်ကောင်စီတပ်အနေနဲ့ စခန်း အပြင်ကို ထွက်မလာရဲတော့ဘူးလို့ သူက ပြောပါတယ်။“ တစ်ဖက်ကနေ ပြန်ကြည့်မယ် ဆိုရင်လည်း စကစတပ်တွေကလည်း မရုတ်သေးပါဘူး။ မြို့ထဲ သပ်သပ်တော့ မရှိဘူးဆိုပေမယ့်လည်း ရပ်ကွက် တစ်ခုတည်း ကပ်ရပ် ရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် စကစတပ်တွေက ပြောရမယ် ဆိုရင်တော့ အပြင်လည်း မထွက်ရဲတော့ဘူး။ မြို့ ထဲမှာလည်း လုံးဝ မရှိတော့ဘူးဆိုတဲ့ အခါကျတော့ အုပ်ချုပ်ရေးက KNU ရဲ့ အုပ်ချုပ်ရေးလို့ လုံးလုံးပြောလို့ရသွားပြီ” လို့ ပဒိုစောတောနီး က ပြောပါတယ်။ အခြား လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့လည်း အုပ်ချုပ်ရေး ယန္တရား မပြည့်စုံတဲ့ အတွက် KNU နဲ့အတူ ပူးပေါင်း လက်တွဲကြတယ်လို့ သိရပါတယ်။ ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံး ၄ ရုံးကို ပြီးခဲ့ တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့က တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက် ရှင်းလင်းခဲ့ပြီးနောက် မြဝတီမြို့ အနီးက လက်ခတ် တောင်စခန်းကို ဩဂုတ်လအတွင်းက သိမ်းယူနိုင်ခဲ့ပါတယ်။ https://www.facebook.com/photo?fbid=340199465033171&set=a.28590 0490463069

၂။ ဒရူယန် စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ခံရ၊ အရာခံဗိုလ်အပါ ၂ ဦး ဖမ်းမိပြီး၊ လက်နက် ကား ၃ စီးစာရ  
   September 22, 2023

ကချင်ပြည်နယ်၊ မြစ်ကြီးနားကားလမ်းမပေါ်ရှိ စစ်ကောင်စီ တပ်စခန်း ၁ ခုကို စက်တင်ဘာ ၂၀ ရက် မနက်က KIA၊ KPF ပူးပေါင်း အဖွဲ့တို့ သွားတိုက်ခဲ့ပြီး နေ့လယ် ၁၂ နာရီ ကျော်မှာ သိမ်းနိုင်ခဲ့ကာ အရာခံဗိုလ်အပါ အရှင် ၂ ဦး ဖမ်းမိပြီး လက်နက် ပစ္စည်းကား ၃ စီးစာ သိမ်းဆည်းရရှိတယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ မနေ့ မနက် ၇ နာရီကစ မြစ်ကြီးနား –  ဆွမ်ပရာဘွမ် -ပူတာအို လမ်းမပေါ် ဒရူချောင်း တံတားနား စခန်းချ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းတခုကို KIA တပ်မဟာ ၁၊ တပ်ရင်း ၁၀၊ ၂၂ နဲ့ KPF ပူးပေါင်း အဖွဲ့  KIA တပ်မဟာ ၁ နဲ့ ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါ တယ်။ KIA တပ်ဖွဲ့ဝင်တဦးက “ဒီနေ့တော့ ကျနော်တို့ဘက်က အသင့် စောင့်နေပါတယ်။ ဒရုန်းနဲ့ လေကြောင်း တော်တော် လှုပ်ရှားလာနေတယ်။ မနေ့က မြစ်ဆုံအထက်၊ တယန် အပေါ်ဘက်က ဒရူ စစ်ကောင်စီစခန်းကို သိမ်းလိုက်ပြီ။ မနေ့က မနက် ၇ နာရီတည်းက တိုက်တာ နေ့လယ် ၁၂ နာရီခန့်မှာ သိမ်းနိုင်ခဲ့တာ” လို့ ပြောပါတယ်။

“စစ်ကောင်စီဘက်က သေဆုံးတာများတယ်။ ထွက်ပြေးသွားတဲ့ သူတွေလည်း ရှိတယ်။ အရာခံဗိုလ် ၁ ဦး အရှင် ဖမ်းမိတယ်။  ကျနော်တို့ရဲ့ အပေါ်နားမှာပဲ။ ကား ၂ စီးနဲ့တောင် သယ်လို့ မကုန်ဘူး။ ပစ္စည်းတွေ သိမ်းရတယ်။” သိမ်းဆည်း ရမိတဲ့ လက်နက်ခဲယမ်းတွေထဲမှာ  60 mm ပြောင်းရှည် ၂ လက်၊ 60mm ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ ငါးကြင်းမှီး စက် သေနတ် ၁ လက်၊ လက်နက်ငယ် MA Series မျိုးစုံ ၈ လက်၊ 60 mm ဗုံးသီး၊ RPG၊ မိုင်း၊ လက်နက်ငယ်ကျည်နဲ့ အခြား ခဲယမ်းပစ္စည်းများစွာပါပြီး ကား ၃ စီးဖြင့် သယ်ယူခဲ့ရတယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း  KIA နဲ့ ပူးပေါင်းအဖွဲ့က ၁ ဦး အသက်ပေးခဲ့ရပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ  စစ်ကောင်စီဘက်က အရာခံဗိုလ် အပါအဝင် အရှင် သုံ့ပန်း ၂ ဦး ဖမ်းမိပြီး အလောင်း ၁၁ လောင်း ရခဲ့ပါ တယ်။ စခန်းသိမ်းပြီးနောက် KIA နဲ့ ပူးပေါင်း အဖွဲ့တို့က အဲဒီ ဒရူယန် စစ်ကောင်စီတပ်စခန်းကို အကုန်အစင် မီးရှို့ ရှင်းလင်းခဲ့ကာ  တပ်ပြန်ခေါက်လာခဲ့တယ်လို့ သိရပါတယ်။ https://burm ese.dvb.no/post/616131

၃။ တိုက်ပွဲမရှိတဲ့ ဖယ်ခုံနဲ့ လွိုင်ကော်မြို့နယ် အတွင်းက နေရာ နှစ်ခုကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲ
    September 21, 2023

ကရင်နီပြည် လွိုင်ကော်မြို့နယ်နဲ့ ရှမ်းပြည် ဖယ်ခုံမြို့နယ်အတွင်းက နေရာ ၂ ခုကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းအနီး တစ်နေရာ ကို စက်တင်ဘာလ ၁၉ ရက်နေ့ ညပိုင်း ၁၁နာရီအချိန်နဲ့ လွိုင်ကော်မြို့နယ်အတွင်းက ကြတ်ဂူအနီးတစ်ဝိုက်ကိုလည်း ၁၉ ရက်နေ့ မနက်ပိုင်း ၇နာရီကျော်အချိန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ “လေယာဉ်လာကျဲတာတော့ဟုတ်တယ် စစ်ကောင်စီက ည ၁၁ နာရီ ကျော်မှာလာကြဲသွားတယ်။ ဘယ်နှစ်ခေါက်ကြဲသွားလဲတော့ သေချာမသိရဘူးပေါ့နော။ အဲ့ဒီမှာ စစ်ရှောင်စခန်းတွေ ရှိတယ်ပေါ့ နော။ အဲ့အနီးနားမှာလာကြဲသွားတာပေါ့။ အဆောက်အဦး တဲတချို့ပျက်စီးသွားတာရှိတယ်။ ဒဏ်ရာရတာ တချို့လည်းရှိ တယ်။”လို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းကို ဗုံးကြဲတိုက်ခိုက်မှုအခြေ အနေနဲ့ပတ်သက်ပြီး ပြောပါတယ်။

လတ်တလော အဆိုပါနေရာတွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိသလို စစ်ရှောင်စခန်းအနီးကို မကြာခဏ လာရောက်ဗုံးကြဲ တိုက်ခိုက်နေတာဟာ စစ်ကောင်စီက ပြည်သူလူထုကို ရန်သူသဖွယ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဖြစ်တယ်လို့ KNDF က ဆိုပါ တယ်။“ဒီအချိန်မှာ လူထုတွေက ခက်ခဲတဲ့ကာလတွေကို ကျော်ဖြတ်နေရတယ်။ ဒီလိုအခက်အခဲတွေကြားမှာ စစ်ကောင်စီရဲ့ ရန်သူသဖွယ် ပစ်မှတ်ထား တိုက်ခိုက်တဲ့ ခုလို လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း လူထုတွေက ထပ်ပြီးခံရတဲ့ ပုံစံမျိုးဖြစ်တာ ပေါ့။”လို့ အဆိုပါ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။ အာဏာသိမ်းပြီးနောက် ကရင်နီပြည်အတွင်း ကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှု (၆၁၉) ကြိမ် ပြုလုပ်ခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့ အင်အားစု (PKPF) က စက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့အချက်အလက်အရ သိရပါတယ်။ https://www.kantarawaddytimes.org/%e1%80%90%e1%80%ad%e1%8 0%af%e1%80%80%e1%80%ba%e1%80

၄။ ရခိုင်ဒေသခံ ၇ ဦးကို အေအေနှင့် ဆက်နွှယ်မှုဖြင့်စွပ်စွဲပြီး စစ်ကောင်စီက ထောင်ဒဏ်ချ
    September 22, 2023

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ ဆက်စပ်တယ်ဆိုပြီး တရားရင်ဆိုင်နေရသူ ၇ ဦးကို စစ်ကောင်စီတရားရုံး က နှစ်ရှည်ထောင်ဒဏ်အပါဝင် ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ စက်တင် ဘာလ ၁၁ ရက်မှ  ၁၉ ရက် အတွင်းမှာ အရပ်သား ၇ ဦးအထိ စစ်ကောင်စီက တရားရုံးက ပုဒ်မအသီးသီးနဲ့ ထောင်ဒဏ် ချမှတ် လိုက်တာဖြစ်ပါတယ်။ မရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မနဲ့ ထောင်ဒဏ်ချမှတ်ခံရသူ ၂ ဦး၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ကနဲ့ ထောင်ဒဏ်ချမှတ်ခံရသူ ၄ ဦး၊ လက်နက်ကိုင်ဆောင်မှု အက်ဥပဒေပုဒ်မ ၂၁(က)နဲ့ တစ်ဦးတို့ကို စစ်တွေခရိုင်တရားရုံး၊ စစ်တွေမြို့နယ် တရားရုံး၊ ကျောက်တော်မြို့နယ် တရားရုံးနဲ့ အမ်းမြို့နယ်တရားရုံးတို့က ထောင်ဒဏ် အသီးသီးချမှတ်ခဲ့တာဖြစ် ပါတယ်။ ဒေသတွင်း လူ့အခွင့်ရေးလေ့လာသူတစ်ဦးက “ စစ်ကောင်စီက တကျော့ပြန် စစ်ပွဲအတွင်း ဖမ်းဆီးခံရသူတွေကို ဆက် တိုက်ဆိုသလို ထောင်ဒဏ်ချမှတ်တာတွေ့လာရတယ်။ ဒါကကောင်း မွန်တဲ့ ဆုံးဖြတ်ချက်တွေမဟုတ်ဘူး။ စစ်ကောင်စီကနှစ် ဖက်အပစ်ရပ်စဲကတည်းက အရပ်သားတွေကိုလွှတ်ပေးရမယ်ဆိုတဲ့ကတိတွေကို ချိုးဖောက်နေတာဖြစ်တယ်” လို့ပြောပါတယ်။

မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မနဲ့ ထောင်ဒဏ်ချမှတ်ခံရသူ ၂ ဦးမှာ အမ်းမြို့နယ် သမဝါယမ ဥက္ကဋ္ဌ ဦးတင်အောင်မြင့် နဲ့ မင်းပြားမြို့နယ် ငှက်ရဲကောက်ကျေးရွာက ကိုသိန်းဇော်တို့ဖြစ်ပါတယ်။ ဦးအောင်တင်မြင့် ကိုအမ်းမြို့နယ် တရားရုံးက စက်တင်ဘာ ၁၃ ရက်က ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပြီး ကိုသိန်းဇော်ကိုတော့ စစ်တွေမြို့နယ်တရားရုံးက စက်တင် ဘာ ၁၉ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ကနဲ့ ထောင်ဒဏ် ချမှတ်ခံရသူ ၄ ဦးမှာ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက ဦးဘသိန်းနဲ့ သက္ကယ်ပြင်ကျေးရွာက ဦးဆော်လိမ်တို့ဖြစ်ကြပြီး စက်တင်ဘာ ၁၁ ရက်နေ့မှာ စစ်တွေ့မြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ်စီချမှတ်လိုက်ပါတယ်။ နောက်ထပ် ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ချမှတ်ခံရသူ ၂ ဦးကတော့ ကျောက်တော်မြို့နယ် ပန်းဖဲကျောင်းကျေးရွာက ကိုဇော်မိုးထက်နဲ့ ခေါင်းတုတ်ကျေးရွာက ဦးကျော်သန်းမောင် တို့ဖြစ်ကြပြီး စက်တင်ဘာ ၁၅ ရက်က ကျောက်တော်မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ လက်နက်ကိုက်ဆောင်မှုအက်ဥပဒေပုဒ်မ ၂၁(က)နဲ့ ထောင်ဒဏ်ချမှတ်ခံရသူမှာ ပုဏ္ဏားကျွန်မြို့နယ် မင်းကန် ကျေးရွက ကိုမြတ်သူရထွန်းဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်မှာ စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပါတယ်။ ကိုမြတ်သူရထွန်းဟာ လက်နက်ကိုင်နဲ့ ဆက်သွယ်ခြင်းမရှိဘဲ အခုလိုနှစ်ရှည်ထောင် ဒဏ်ချမှတ်ခံရတာဟာ  တရားမျှတမှု မရှိဘူး လို့ ဇနီးဖြစ်သူ မဦးမညွန့်က ​ပြောပါတယ်။ တရားရင်ဆိုင်နေရတဲ့ ၂၀၃ ဦးအထဲက မတရားအသင်း ၁၇(၁)(၂)နဲ့ ရင်ဆိုင်နေရသူ ၆၁ ဦးကို သြဂုတ် ၂ ရက်က လွှတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပြီး ၁၄၂ ဦးမှာ ဖမ်းဆီးတရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ https://bu rmese.dvb.no/post/616177

၅။ ကွတ်ခိုင် ခိုမုန်းရွာအနီး စစ်တပ်နဲ့ TNLA တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်ဘက်က ၆ ဦး သေဆုံး
    September 21, 2023

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် (TNLA)တို့ တိုက်ပွဲ ဖြစ် ပွားခဲ့ပြီး စစ်တပ်ဘက်က ၆ ဦး သေဆုံးခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ စက်တင်ဘာ ၂၁ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ TNLA တပ်ဖွဲ့ရှိတဲ့ ခိုမုန်းရွာအနီး ကုန်းဆာနဲ့ လွယ်ကောင်မူးဘက်ကို စစ်တပ်နဲ့ အမျိုးသားတစ်ဦးက “TNLA ရှိတဲ့ဘက်ကို ထိုးစစ် ဆင် လာလို့ တိုက်ပွဲဖြစ်တာ။ ပြည်သူ့စစ်တွေလည်းပါတယ်။ ဒီနေ့တိုက်ပွဲမှာပဲ စစ်ကောင်စီက ၆ ယောက်သေတယ်” လို့ ပြောပါ တယ်။ တိုက်ပွဲအတွင်း စစ်တပ်က ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့လို့ TNLA ဘက်က ထိခိုက်ဒဏ်ရာရသူတချို့ ရှိတယ်လို့ သူကဆက် ပြောပါတယ်။

မူဆယ်မြို့နယ် ကောင်ရာရွာကနေ ထိုးစစ်ဆင်လာတဲ့ စစ်တပ် ၎င်းရဲ့လက်အောက်ခံပြည်သူ့စစ်နဲ့ TNLA တို့ လွယ်ကျယ် လော့အနီးမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာနက ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်လာပါ တယ်။ ဒီနေ့တစ်ရက်တည်းမှာတင် တိုက်ပွဲဖြစ်ပွားရာ လွယ်ကျယ်လော့အနီးမှာ စစ်ကောင်စီဘက်က နမ့်ဖတ် ကာ ရွာကနေ လက်နက်ကြီးနဲ့ ၇၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခဲ့တယ်လို့ TNLA ရဲ့ ပြန်ချက်ထဲ ဖော်ပြထားပါတယ်။ ဇူလိုင် နောက်ဆုံး အပတ်ကနေ စက်တင်ဘာ ၂၁ ရက်အထိ စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲ ၅၆ ကြိမ်အထိ ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီ ဘက်ကတော့ TNLA နဲ့ စစ်ကောင်စီအကြား တိုက်ပွဲ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိ သေးပါဘူး။ https://www.facebook.com/photo/?fbid=63706676860 0591&set=a.404503215190282

၆။ တန်ဖရဲဂိတ်တွင် လူငယ် ၁၀ ဦး ဖမ်းဆီးခံရ၊ ကင်းလှည့် ဖားကန့်ရဲတပ်ဖွဲ့ဝင်အချို့ တိုက်ခိုက်ခံရ
    September 22, 2023

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ စက်တင်ဘာ ၂၁ ရက် နေ့လယ် က လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက သိရပါတယ်။ ဆွမ်ပရာဘွမ်မြို့နယ် ဒရူခကျေးရွာက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ပူတာအိုကို သွားမယ့် မော်တော်ယာဉ်တွေပေါ်က လူငယ်တွေကို တန်ဖရဲကျေးရွာ စစ်ကောင်စီတပ်စခန်းမှာ ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။ “ဆွမ်ပရာဘွမ်မြို့နယ် ဒရူခကျေးရွာမှာ စစ်တပ် နဲ့ KIA တိုက်ပွဲဖြစ် တယ်။ ၂၀ ရက်နေ့က စပြီး လမ်းပိတ်လိုက်တယ်။ ပူတာအိုက ဆင်းတဲ့ကားတွေက ဆွမ်ပရာဘွမ်မှာ နားရတယ်။ မြစ်ကြီးနားက တက်လာတဲ့ ကားတွေကို စစ်တပ်က ပြန်လှည့်ခိုင်းတယ်။ အဲ့လို ပြန်လှည့်တဲ့ကားတွေ တန်ဖရဲ ကျေးရွာအရောက် စစ်တပ်ဂိတ် မှာ လူငယ်အမျိုးသား ၁၀ ဦးထက်မနည်းကို စစ်တပ်က ဖမ်းထားတယ်။ ဘာကြောင့် ဖမ်းလဲတော့ မသိဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနားမြို့နယ် ဆွမ်ပရာဘွမ်မြို့နယ်၊ ဖားကန့်၊ ဗန်းမော်၊ လိုင်ဇာနဲ့ ရွှေကူမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ KIAတို့ ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ရေး တင်းမာ နေပါတယ်။

စက်တင်ဘာ ၂၁ ရက် ညနေက ကချင်ပြည်နယ်  ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ မော်တော်ယာဉ်တစီးနဲ့ ကင်းလှည့်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦး အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အဲ့ဒီလူတွေက  မူးယစ်ဆေးရောင်းဝယ်တဲ့သူတွေဆီက လိုင်းကြေးလိုက်ကောက်နေတဲ့ ဆိုင်းတောင်ရဲစခန်းက ရဲတွေ။ ညနေ ၆ နာရီလောက်က  လှည့်ကင်းလှည့်ပုံရတယ် ကားနဲ့၊ အဲ့ဒီမှာ   သေနတ်နဲ့ အပစ်ခံရတာ။ ကားထဲမှာ ရဲ ၅ ဦးပါတယ်၊ ၁ ဦးသေပြီး ၂ ဦးထိခိုက်တယ်လို့ သိရတယ်။  ဘယ်အဖွဲ့က ပစ်ခတ်တိုက်ခိုက်လဲတော့ မသိဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။ စက်တင်ဘာ ၂၀ ရက်ကလည်း ဖားကန့်မြို့အဝင် ပန်းတင် စစ်ဆေးရေးဂိတ် ရဲကင်းစခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သြဂုတ် ၁၉ ရက်ကလည်း ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာမှာ  ရဲကား ၂ စီး ကင်းလှည့်နေချိန် အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့တဲ့အတွက် ဒုတပ်ကြပ်နယ်ထိန်းတဦး သေဆုံးခဲ့ပါသေးတယ်။ https://burmese.dvb.no/post/6 16198

၇။ ကေအန်ယူက တော်လှန်ရေးအတွက် အထူးအလေးထားရမည့်အဖွဲ့ကြီးဖြစ်ဟု NUG ယာယီ သမ္မတပြော
    September 21, 2023

ကရင်အမျိုးသားအစည်းအရုံး-ကေအန်ယူဟာ နိုင်ငံရဲ့ တောင်ပိုင်းဒေသကြီးကို ခြေကုတ်မြဲမြဲယူထားနိုင်တဲ့ လူမျိုးစု တော်လှန်ရေးအဖွဲ့အစည်းကြီး တခုဖြစ်သလို နွေဦးတော်လှန် ရေးအတွက် အထူးအလေးထားရမယ့် အဖွဲ့အစည်းကြီးတခုဖြစ် တယ်လို့ အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။ စက်တင်ဘာ ၂၀ ရက်နေ့ ပြုလုပ် တဲ့ NUG အစိုးရနဲ့ ပြည်နယ်/ ဖက်ဒရယ်ယူနစ်တွေ ကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်း အဝေးမှာ ခုလိုပြော လိုက်တာပါ။“ကျနော်တို့ နိုင်ငံရဲ့ ပထဝီမြေပုံကို ပုံကြမ်းချ လေ့လာကြည့်ရင် နိုင်ငံ့ရဲ့ အရှေ့ဘက်၊ အ နောက်ဘက်နဲ့ တောင် ဘက်၊ မြောက်ဘက်တို့မှာ အဓိက လက်နက်ကိုင်အင်အားစု ကြီး တွေရဲ့ အခန်းကဏ္ဍကို ထင်ထင်ရှားရှားတွေ့ရပါတယ်။ KNU ဟာ ကျနော်တို့ နိုင်ငံရဲ့ တောင်ပိုင်းဒေသကြီးကို ခြေကုတ်မြဲမြဲ ယူထားနိုင်တဲ့ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်း ကြီးတခု ဖြစ်ပါ တယ်။ နွေဦးတော်လှန်ရေးအတွက် အထူးအလေးထားရမယ့် အဖွဲ့အ စည်းကြီးတခု ဖြစ်သလို၊ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်ရေး အတွက်လည်း အရေးပါတဲ့ အဖွဲ့အစည်းကြီးတခုဖြစ်ပါတယ်။ ဒီလို နားလည်သဘော ပေါက်ပြီး ကျနော်တို့ဟာ ပိုမိုကျစ်လစ်တဲ့ လူမျိုးပေါင်းစုံအုံကြွမှုကြီးကို ဝိုင်းဝန်းတည့် မတ်ကြဖို့ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး အတွင်း မှာ မဟာမိတ်ဆက်ဆံရေး ခိုင်မာ ကျစ်လစ်ရေးဟာ အထူးအရေးကြီးတဲ့ ကိစ္စအဖြစ် ပါဝင်နေပါတယ်။” ဒါ့အပြင် ကေအန်ယူက တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံတဲ့အခါတိုင်း အမြော် အမြင် ကြီးတဲ့ နိုင်ငံတည်ဆောက်ရေးသဘောထားတွေကို အတူတကွ ဆွေးနွေးဖလှယ်ကြဖို့ လိုအပ်တယ်လို့လည်း NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

“ကျနော်တို့တတွေဟာ အသေးအဖွဲသော ပုဂ္ဂိုလ်နိုင်ငံရေးတွေကို ကျော်ကြည့်ပြီး ကြီးမြတ်တဲ့ တိုင်းပြည်တည်ဆောက် ရေးသဘောတရားတွေကို အပြန်အလှန် ဆွေးနွေးဖလှယ်ကြဖို့ လိုပါတယ်။ ဒီသဘောထားနဲ့ ရှေ့ဆက်တက်လှမ်းကြရင် ကျနော်တို့ဟာ အသေးအဖွဲသော နိုင်ငံရေးပြဿနာတွေကို ကျော်လွှားနိုင်စွမ်း ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဒါ့အပြင် NUG အစိုးရအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ အင်အားစုတွေနဲ့ တွေ့ဆုံ ညှိနှိုင်းရေးကိစ္စမှာလည်း “မိတ်ဆွေများကို ရန်သူ မလုပ် ရေးမူ”အပေါ်မှာ အခြေခံသင့်တယ်လို့ ယူဆကြောင်း ထည့်သွင်းပြောကြားခဲ့တာပါ။ NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကတော့ အခု ၂၀၂၃ ခုနှစ်ထဲမှာ စစ်ရေးရလဒ်နဲ့ နိုင်ငံရေးရလဒ်တွေ သိသိသာသာထွက်ပေါ်ဖို့ အထူးမျှော်လင့်ထားပြီး “NUG အစိုးရဟာ လေလှိုင်းထဲကအစိုးရ မဖြစ်စေရဘူး” လို့လည်း ပြောထားပါတယ်။ https://burmese.dvb.no/post/615977

၈။ ကော့သောင်းတိုက်ပွဲကြောင့် ဒေသခံ ၃ဝဝ ထိုင်းဘက်ထွက်ပြေး
    September 22, 2023

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့ မလိဝမ်းကျေးရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲတွေကြောင့် ဒေသခံ ၃၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့အပြင် စစ်ကောင်စီတပ်တွေ ရွာထဲ ဝင်နေတာကြောင့် ထိုင်းဘက်ကို ဒေသခံတွေ စက်တင်ဘာ ၂၀ ရက်နေ့ က တည်းက စပြီးထွက်ပြေးနေကြတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “စက်တင်ဘာ ၂၀ ရက်နေ့က ဒေသခံကာကွယ်ရေးတပ် တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်တာ၊ စက်တင်ဘာ ၂၁ ရက်နေ့မှာ စစ်ကောင်စီ စစ်ကြောင်းတွေ ကျေးရွာထဲ ဝင်လာ တယ်၊ နောက်ပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တယ်၊ ချောင်းဝရွာနားကဥယျာဉ်ထဲ လက်နက်ကြီးကျတာကြောင့် တစ် ယောက် သေတယ်လို့ ကြားရတယ်၊ အခု မလိဝမ်း၊ ချောင်းဝနဲ့ အနီးအနားက ဥယျာဉ်ခြံတွေထဲ နေထိုင်တဲ့သူတွေ ထိုင်းဘက် ကို ထွက်ပြေးနေရတယ်” စက်တင်ဘာ ၂၁ ရက်နေ့က စစ်ကောင်စီတပ်သားတွေဟာ ပါချန်မြစ်ထဲကနေ စစ်ရေယာဉ်တွေနဲ့ လည်ပတ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်တာကြောင့် ဥယျာဉ်ထဲမှာလုပ်ကိုင်နေတဲ့ အသက် ၆၀ ကျော် ဦးခင်မြင့် လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ထိုင်း-မြန်မာနယ်စပ် မလိဝမ်းကျေးရွာတစ်ဝိုက်မှာ ကုန်းလမ်း၊ ရေလမ်းနဲ့ပါ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေဟာ နေရပ်မပြန်နိုင်သေးဘဲ သူတို့ကို ထိုင်းအစိုးရနဲ့ မြန်မာရွှေ့ပြောင်းလုပ် သားတွေက စားသောက်ဖို့ ကူညီပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကလည်း မလိဝမ်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်တာကြောင့် ဒေသခံတွေ ထိုင်းဘက် ယာယီတိမ်းရှောင်ခဲ့ရ ပါတယ်။ https://www.rfa.org/burmese/news/kawthaung-thailand-boder-09212023121225.html

၉။ စစ်ကောင်စီက ပစ်မှတ်တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်တွင် ဘာသာရေး အဆောက်အအုံ စုစု‌ပေါင်း ၉၅ လုံး            ပျက်စီး
    September 21, 2023

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်ရှိ ဘာသာရေးအဆောက်အုံများကို စစ်ကောင်စီတပ် က လေကြောင်းတိုက်ခိုက်မှုအပါအဝင် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ဒုတိယ အပတ်အထိ ဘာသာရေးအဆောက်အအုံစုစုပေါင်း ၉၅ လုံးပျက်စီးပြီဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ထံမှ သိရသည်။ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများနှင့် ကျောင်းများကို တိုက်ပွဲကြားတွင် မထိခိုက်ရန် နိုင်ငံတကာ ဥပဒေတွင် တားမြစ် ထားပြီး ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားပါက ဘာသာရေးအဆောက် အအုံများ၊ ဆေးရုံနှင့် ကျောင်းများတွင် ဒေသခံပြည်သူများက အဓိကခိုလှုံကြသည်။ “ချင်းလူမျိုးတွေက ခရစ်ယာန်တွေ ဖြစ်တဲ့ အခါမှာ ဘာသာရေးကို အဓိကအားကိုးရတာပေါ့လေ။ ဘာသာ‌ရေးအဆောက်အအုံတွေကို လေကြောင်းအပါအဝင် နည်းလမ်း မျိုးစုံနဲ့ တိုက်ခိုက်လာတာဟာ အရပ်သားတွေကို တိုက်ရိုက်တိုက်ခိုက်တာနဲ့ အတူတူပဲဖြစ်တယ်။ အဲ့ဒီတိုက်ခိုက်မှုတွေက လုံးဝ လက်ခံလို့ မရဘူး။ ဒီလိုတိုက်ခိုက်လာတဲ့အတွက် ဘုရား‌ကျောင်းမတက်ရဲတာမျိုး၊ ဘာသာရေးအဆောက်အအုံမှာ မခိုလှုံရဲတာ မျိုးအထိ ဖြစ်သွားပါတယ်”လို့ ချင်းလူ့အခွင့်အရေးအဖွဲ့၏ စီမံအရာရှိ ဆလိုင်းမန်ဟရဲလျန်က ပြောကြားသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာသည့်အခါ ဘာသာရေးအဆောက်အအုံများတွင် အဓိကတပ်စွဲ၍ အကာအကွယ်ယူကြပြီး တပ်စွဲပြီးအပြန်တွင် ဘာသာရေးအဆောက်အအုံများကို ဖျက်ဆီးခြင်းနှင့် မီးရှို့ခြင်းများပြုလုပ်ခဲ့သည်။  “ချင်းလူမျိုးတွေက ဘာသာရေးကို အထွတ်အမြတ်ထားတဲ့အခါမှာ ဘာသာရေးအဆောက်အုံမှာ နေရာယူတပ်စွဲမယ်ဆိုရင် ဒေသကာကွယ်ရေးတပ်တွေက လာရောက်တိုက်ခိုက်မှာမဟုတ်ဘူးဆိုတာ သိတယ်။ ပြီးရင်တော့ တပ်စွဲပြီးနောက်ပိုင်း ပြန်သွား ရင် ဘာသာရေးအဆောက်အအုံတွေကို ဖျက်ဆီးပြီး မီးရှို့ထားခဲ့တာတွေ လုပ်တာပေါ့။ ဒါက တဖက်တလမ်းနဲ့ ဘာသာရေးကို မလေးစားတာ၊ စော်ကားရာရောက်တာပေါ့နော်”လို့ ဆလိုင်းမန်ဟရဲလျန်က ဆက်လက်ပြောဆိုသည်။ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ဘာသာရေးအဆောက်အအုံစုစုပေါင်း ၃၅ လုံး၊ ဟားခါးမြို့နယ်တွင် ၁၆ လုံး၊ ဖလမ်းမြို့နယ်တွင် ၁၃ လုံး၊ ကန်ပက်လက်မြို့နယ်တွင် ၉ လုံး၊ မင်းတပ်မြို့နယ်တွင် ၇ လုံး၊ မတူပီမြို့နယ်တွင် ၇ လုံး၊ တီးတိန်မြို့နယ်တွင် ၆ လုံးနှင့် တွန်းဇံ မြို့နယ်တွင် ၂ လုံးဖျက်ဆီးခံထားရကြောင်း သိရသည်။ https://www. facebook.com/photo/?fbid=640597094875980&s et=pcb.640597421542614

၁၀။ မာန်အောင်က စီးပွားရေးလုပ်ငန်းရှင် ၁ ဦး ပုဒ် ၅၀၅(က)ဖြင့် ဖမ်းဆီး အမှုဖွင့်ခံရ
     September 21, 2023

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့က စီးပွားရေးလုပ်ငန်းရှင် တယောက်ကို စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်လိုက်​တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဖုန်းအရောင်းဆိုင်နဲ့ ငွေလွှဲဝန်ဆောင်မှု စီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့ မြို့ခံ စီးပွားရေးလုပ်ငန်းရှင် ဦးစည်သူအောင်ကို စက်တင်ဘာ ၁၉ ရက် မနက် ပိုင်းမှာ သတင်းရဲတပ်ဖွဲ့ (SB) က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့  မြို့ခံတွေက ပြောပါတယ်။ မြို့ခံတဦးက “၁၉ ရက်နေ့ မနက်ပိုင်း မှာ ရဲတပ်ဖွဲ့ဝင် ၆ ဦးလောက်က သူ့ဆိုင်လာပြီး ဖမ်းသွားတာဖြစ်တယ်။ အခုတော့ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်။ ဘာကြောင့် ဖမ်းလဲ ဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

ဦးစည်သူအောင်ဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လှုံ့ဆော်၊ ဝါဒဖြန့် ရေးတာကြောင့် ဖမ်းဆီးထားတာလို့ စစ်ကောင်စီဘက်က စွပ်စွဲ ထုတ်ပြန်ထားပါတယ်။ ဦးစည်သူအောင်ဟာ နိုင်ငံရေးနဲ့လည်း ဆက်နွှယ်ပတ်သက်မှု မရှိဘူးလို့ သူနဲ့နီးစပ်တဲ့ ​မြို့ခံတွေက ပြောကြပါတယ်။ လက်ရှိမှာ ဦးစည်သူအောင်ရဲ့ အမှု အခြေအနေကို အတိအကျသိရဖို့ မိသားစုဝင်တွေကို ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။ ဦးစည်သူအောင်ဟာ ရန်ကုန်ဇာတိဖြစ်ပြီး မာန်အောင်မြို့မှာ အိမ်ထောင်ကျနေတာ နှစ်ပေါင်း ၃၀ နီးပါးခန့် ရှိပြီလို့ သိရပါတယ်။ https://burmese.dvb.no/post/616021

၁၁။ ရွာငံမြို့နယ်တွင်း PDF လှုပ်ရှားမှုကို စုံစမ်းပေးရန် စစ်ကောင်စီ ဖိအားပေး ခြိမ်းခြောက်
     September 20, 2023

သျှမ်းပြည် ရွာငံမြို့နယ် အတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ (PDF) များ၏ လှုပ်ရှားမှု အခြေအနေများကို စုံစမ်းသတင်းပေးရန် စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့က ဒေသခံများကို ဖိအားပေးခြိမ်းခြောက်ထားကြောင်း သိရသည်။ ရွာငံ မြို့နယ်အတွင်း နွားဘန်းကြီးကျေးရွာအနီးလှုပ်ရှားသည့် PDF တပ်ဖွဲ့များ၏အခြေအနေများကို စုံစမ်းသတင်းပေးပို့ရန်နှင့် သတင်းမရပါက ကျေးရွာကို မီးရှို့ဖျက်ဆီးမည်ဟု စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က ဒေသခံများကို ခြိမ်း ခြောက်ပြောဆိုထား ကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။“နွားဘန်းကြီးကျေးရွာက ပျူစောထီးခေါင်းဆောင်ဟာ စစ်ကောင်စီကို ရွာထဲ ခေါ်လာတာ။ PDF တွေ ရှိနေတာ သူတို့ သိတယ်တဲ့၊ ရွာသားတွေရဲ့ လုံခြုံရေးအတွက် PDF သတင်းတွေကို စုံစမ်းပေးဖို့ပြော တယ်။ မပေးရင်တော့ အိမ်တွေကို မီးရှို့ခံရမှာဆိုပြီး သေနတ် ပြပြီး ခြိမ်းခြောက်ပြောသွားတယ်” ဟု ဖြစ်စဥ်ကိုသိရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ပြောဆိုခြိမ်းခြောက်မှုကြောင့် ဒေသခံများ အနေဖြင့် ကြောက်လှန့်နေရသော်လည်း PDF သတင်းကို အမှန်တကယ် မသိရှိသည့်အတွက် စစ်ကောင်စီ၏ ရန်ပြုမှုကိုလည်း စိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်မှ စတင်ကာ ရက်အကန့်အသတ် မရှိ နွားဘန်းကြီး ကျေးရွာမှ ဒေသခံများ လယ်ယာ သွား လာခြင်း မပြုကြရန် စစ်ကောင်စီမှ ပြောဆို တားမြစ်ခဲ့ကြောင်းလည်း အထက်ပါ အမျိုးသားက ပြောသည်။“ရွာသားတွေ ရှိတဲ့ အရင်းနှီး နဲ့ ကြိုးစားစိုက်ထားတဲ့ သီးနှံတွေ သွားကြည့်ဖို့တောင် မရဘူး။ အဲ့ (၅) ရက်နေ့ ကတည်းက ပိတ်ထားတာ ဒီနေ့အထိ သွားလာခွင့်ကို ပိတ်ထားတယ်။ လယ်ယာသွားရင်း PDF တွေနဲ့ ဆက်သွယ်မှာကို ကြောက်လို့ တားထားတာ ထင်တယ်” ဟု ရွာငံ ဒေသခံ အထက်ပါ အမျိုးသားက ပြောသည်။ လက်ရှိ နွားဘန်းကြီး ကျေးရွာအနီးတစ်ဝိုက်၌ စစ်ကောင်စီတပ်ဖွဲ့မှ စခန်းချ နေထိုင် လျက်ရှိပြီး စုစုပေါင်း အင်အား ၂၀၀ နီးပါး ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။ https://burmese.shannews.org/arc hives/36802

၁၂။ စာသင်ကျောင်းတွေကို မတိုက်ခိုက်ဖို့ ပညာရေး၀န်ထမ်းများတောင်းဆို
     September 22, 2023

ကရင်နီပြည်မှာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ ပညာရေး စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး မတိုက်ခိုက်ဖို့ ပြည်နယ်တွင်း က ကျောင်းဆရာ၊ဆရာမတွေက စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။ ပညာရေးက စစ်ရေးနဲ့ သက်ဆိုင်တဲ့နေရာ မဟုတ် သလို ပညာသင်ကြားနေတဲ့ ကျောင်းသားတွေကလည်း စစ်ရေးနဲ့ သက်ဆိုင်ခြင်းမရှိတဲ့အတွက် တောင်းဆိုရခြင်းဖြစ်တယ်လို့ ကျောင်းဆရာ ခွန်းအောင်သူလေး (အမည်လွှဲ) ကပြောပါတယ်။ “ကျောင်းတို့ စာသင်ကျောင်းတို့ စစ်ရှောင်ကျောင်းတို့ဆိုတာက ပညာရေးနဲ့ပဲ သက်ဆိုင်တယ်ပေါ့နော။ စစ်နဲ့ပတ်သတ်တဲ့ နေရာမဟုတ်တဲ့အတွက် တိုက်ခိုက်တာတွေ၊ ဗုံးကြဲတာတွေက မလုပ်သင့် ဘူးပေါ့နော။ ဒါက ပညာရေးသီးသန့်ပဲ သွားတဲ့နေရာဖြစ်တဲ့အတွက် စစ်ရေးနဲ့ မပတ်သတ်ဘူးလို့ ပြောချင်တယ် ပေါ့နော” လို့ ကျောင်းဆရာ ခွန်းအောင်သူလေး (အမည်လွှဲ) ကပြောပါတယ်။ ဒီလို စာသင် ကျောင်းတွေကို တိုက်ခိုက်ခြင်းက ပညာသင်နေတဲ့ကျောင်းသား တွေအတွက် ပညာရေးနှောင့်နှေးစေတဲ့ အပြင် ကလေးတွေအတွက် စိတ်ဒဏ်ရာလည်း ရစေတယ် လို့ သူက ဆက်ပြောပါတယ်။

အာဏာသိမ်း ၂ နှစ်ကျော်ကြာကာလအတွင်း ဒီးမော့ဆိုအနောက်ခြမ်းမှာ စာသင်ချိန်အတွင်း ကျောင်းအနီး အနား၀န်း ကျင် လက်နက်ကြီးကျရောက်ပေါက်ကွဲတာ နှစ်စဥ် ရှိနေတယ်လို့ ဒေသခံ ကျောင်းဆရာတွေကပြောပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျောင်းတိုင်းက စစ်ကောင်စီလက်အောက်ခံ ကျောင်း မဟုတ်ဘဲ ကရင်နီစစ်ရှောင်တွေ ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေဖြစ်နေပါတယ်။ ဒါ့ကြောင့် ပညာသင်ကြားနေတဲ့ ကျောင်းသားတွေကို တိုက်ခိုက်ခြင်းမပြုဖို့ကို ဒီးမော့ဆို အနောက်ခြမ်းရှိ CDM ကျောင်း ဆရာမ တစ်ဦးက တောင်းဆိုလိုက်ပါ တယ်။“ကလေးတွေမှာတော့ အပြစ်မရှိပါဘူးပေါ့နော။ ကလေးတွေကို ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်တော့ ပေးစေချင်တယ်” လို့ ဒီးမော့ဆို အနောက်ခြမ်းရှိ CDM ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။ တစ်ဖက်မှာလည်းဒီလို စာသင် ကျောင်းဆောင်ကို တိုက်ခိုက်ခြင်းက နိုင်ငံတကာလူ့အခွင့်အရေးဥပဒေကို တိုက်ရိုက်ချိုးဖောက်ရာရောက်သလို စစ်ရာဇ၀တ်မှုကို ချိုးဖောက်ရာ လည်းရောက်တယ်လို့ ကရင်နီလူ့အခွင့်အရေး အဖွဲ့တည်ထောင်သူ ဦးဗညားက ပြောပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး ကြေငြာ စာတမ်းအရ လူတိုင်းမှာ ပညာသင်ကြားခွင့်ရှိတာကြောင့် စာသင်ကျောင်းဆောင်ကို တိုက်ခိုက်အပြင် စာသင်ကျောင်းနဲ့ သက်ဆိုင်တဲ့ ပရိဘောဂပစ္စည်းတွေ၊ ကျောင်းသား၊ ဆရာ တွေကိုပါထိခိုက်ခွင့်မရှိဘူးလို့ ဦးဗညားက ပြောပါတယ်။ https://www.kantarawaddytim es.org/%e1%80%85%e1%80%ac%e1%80%9e%e1%80%84%e1%80%ba% e1%80

၁၃။ ဦးကျော်မိုးထွန်း မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် ဆက်ရှိနေကြောင်း ကုလအရာရှိပြောကြား
     September 22, 2023

ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်ရှိနေဦးမယ်လို့ ကုလသမဂ္ဂ အရာရှိတစ်ဦးက စက်တင်ဘာလ ၂၁ ရက် ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။ အဖွဲ့ဝင်နိုင်ငံအသီးသီးက စေလွှတ်တဲ့ ကုလသမဂ္ဂအမြဲတမ်းသံအမတ်ကြီးရာထူးကို ကုလသမဂ္ဂဆိုင်ရာနိုင်ငံကိုယ်စားလှယ်ခန့်ထားရေး စိစစ်တဲ့ “ကုလသမဂ္ဂ နိုင်ငံ ကိုယ်စားပြု ကိုယ်စားလှယ်စိစစ်ရေးကော်မတီ” (Credential Committee) က နှစ်စဉ် ဆုံးဖြတ်အတည်ပြုပေးရတာ ဖြစ်ပါ တယ်။ အခုနှစ်အတွက် ပြန်ဖွဲ့စည်းလိုက်တဲ့ ကော်မတီအသစ်က စက်တင်ဘာ ၅ ရက်နေ့ကတည်းက တစ်ကြိမ်တစ်ခါမှ အစည်း အဝေးထိုင်ပြီး ဆုံးဖြတ်တာမရှိသေးတဲ့အတွက် လက်ရှိကာလမှာ ပြီးခဲ့တဲ့နှစ်က အတည်ပြုထားတဲ့အတိုင်း နိုင်ငံတွေရဲ့ ကိုယ်စား လှယ်တွေ ဆက်ရှိနေဦးမယ်လို့ အထွေထွေညီလာခံဥက္ကဋ္ဌရဲ့ ပြောရေး ဆိုခွင့်ရှိသူ မော်နီကာ ဂရေးလီ (Monica Grayley)က စက်တင်ဘာလ ၂၁ ရက်နေ့က အတည်ပြုပြောကြားပါတယ်။ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့ Myanmar Accountability Project က ကုလသမဂ္ဂရဲ့ အရည်အချင်းစစ်ကော်မတီကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ရာထူးအတွက် သက်တမ်းတိုးလိုက်တာကို ထောက်ခံကြိုဆိုကြောင်း ကြာသပတေးနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

“Credentials ကော်မတီကို ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က အသစ်ဖွဲ့စည်းပြီးဖြစ်တယ်။ ဒါပေမဲ့ အခုအချိန်ထိ ဒီကော်မတီက အစည်းအဝေးမထိုင်သေးပါဘူး။ ဒီအစည်းအဝေးက နိုဝင်ဘာလကုန် ဒီဇင်ဘာလထဲမှာ လုပ်လေ့ရှိပါတယ်။ ကော်မတီရဲ့ တရားဝင်ဆုံးဖြတ်ချက်က အခုထိ တရားဝင် မထွက်သေးပါဘူး။ ကော်မတီထဲမှာပါတဲ့ တချို့ရဲ့ပြောဆိုမှုတွေ ရရှိတဲ့ indications တွေအရ မနှစ်ကအတိုင်းသွားမယ်လို့ သိထားရတာရှိပါတယ်” စိစစ်ရေးအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက် မရှိသေး တာကြောင့် ကုလအရာရှိရဲ့ ပြောကြားချက်အတိုင်း လက်ရှိအချိန်ထိ သူဟာ မြန်မာနိုင်ငံရဲ့ကိုယ် စားပြုအဖြစ် ဆက်ရှိနေသေး တယ်လို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် ကတော့ မြန်မာနိုင်ငံကိုယ်စားပြုသူအဖြစ် အရည်အချင်းစစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေဆဲဖြစ်ကြောင်း ပြောပါ တယ်။ ကုလသမဂ္ဂရဲ့အရည်အချင်းစစ်ကော်မတီမှာ မြန်မာစစ်ကောင်စီနဲ့ နီးစပ်တဲ့ တရုတ်နဲ့ ရုရှားတို့အပါအဝင် ကိုးနိုင်ငံ ပါဝင်ပါ တယ်။ ဒီကော်မတီက သက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ် စားလှယ်ကို အတည်ပြုဆုံးဖြတ်ပေးရတာ ဖြစ်ပါတယ်။ အခုလအစောပိုင်းက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်မဲ့ အထွေထွေညီလာခံ မတိုင် ခင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက်ခန့်အပ်ထားရှိဖို့ ပြည်ပ ရောက် မြန်မာတွေက နိုင်ငံအသီးသီးမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ https://www.rfa.org/burmese/news/ukyawmo etun-un-credential-committee-09212023145429.html

၁၄။ ရေလှဲ၊ ဆင်တပ်ရွာ မီးရှို့ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးထက်နည်းထိခိုက်သေဆုံး
      September 21, 2023

ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ရေလှဲရွာနဲ့ဆင်တပ်ရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းကို KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့က ဒီနေ့ မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က ၄ ဦးထက်မနည်း သေဆုံးမှုရှိခဲ့တယ်လို့ ရွှေကူ PDF အဖွဲ့က သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ တပ်မ ၈၈ လက်အောက်ခံတပ်တွေဖြစ်ပြီး စစ်အင် အား ၁၀၀ ကျော်ရှိတဲ့ စစ်ကြောင်းဖြစ်ကာ ဆင်တပ်ရွာကနေ သင်္ဘောအင်းရွာဘက်ကို ဆင်းလာတဲ့ချိန် လမ်းခုလတ်မှာ KIA တပ် ရင်း ၅ နဲ့KPDF တို့ပူးပေါင်းတပ်ကနေ စောင့်ကြိုတိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။“မနေ့ က တည်းကအဲ့သဘော်အင်းမှာရှိနေကတည်းက ပစ်ချင်နေတာကြီးကို ပစ်မိန့်မရသေးလို့ ဘာကြောင့်လဲဆိုတော့ ရေလှဲနဲ့ဆင်တပ် ရွာကိုမီးရှို့ကတည်းက ပစ်ချင်နေတာ ပစ်မယ်ဆိုအကုန်လုံးဒုက္ခရောက်ကုန်မှာဆိုးလို့ ဒီမနက်ကတော့မရတော့လို့ နေမှာပစ် တော့တာ“လို့ရွှေကူမြို့နယ် ပကဖတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကို KIA၊KPDF တပ်ဖွဲ့က သင်္ဘာအင်းရှေ့ ကျောက်ကြိုးကွင်းပြင်မှာ မနက် ၅ နာရီ တိတိအချိန်မှာကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ရွှေကူ KPDF တပ်ဖွဲ့ဝင် တစ်ဦးက ဆက်ပြောပါတယ်။

မနက် ၅ နာရီကနေ မနက် ၈ နာရီအထိ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ KIA၊KPDF ဘက်ကအကျအဆုံးမရှိပေမယ့် စစ်ကောင်စီစစ်ကြောင်းဘက်ကတော့ ခြုံခိုတိုက်ခိုက်ခံရတာကြောင့် ၃ ဦးထက်မနည်း အကျအဆုံးရှိတယ်လို့ သိရပါတယ်။ “စစ်ကြောင်းက အခုနားပေါင်းတောထဲကိုရောက်နေပြီ မနက် ၅ နာရီကပစ်ခံရတာ မနက် ၈ နာရီထိတိုက်ပွဲဖြစ်တယ်။ အခုတော့မ ဖြစ်တော့ဘူး ဟိုဘက်ဘက်က နားပေါင်းတောထဲ ပြန်ဆုတ်သွားပြီ”လို့ ရွှေကူ ဆင်တပ်ရွာဒေသခံတစ်ဦး ကပြောပါတယ်။ လက် ရှိ ရွှေကူအနောက်ဘက်ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကြောင်း ၂ ကြောင်းရောက်ရှိနေပြီး အဲဒီ စစ်ကြောင်းတွေဟာ ရေလှဲရွာနဲ့ရေပျံရပ်ကွက်က အရပ်သားတွေကိုဖမ်းဆီးသွားတဲ့အပြင် ဒီကနေ့ထိ ပြန်လွတ်လာတာမရှိသေး ပါဘူး။ ဒါ့အပြင် ဆင်တပ်ရွာရဲ့မြစ်ကမ်းနံဘေးမှာလည်း ရေလှဲရွာက အသက် ၃၀ ကျော်ရှိတဲ့ ကိုစောဆိုသူကိုလည်း စစ်တပ်က မီးရှို့သတ်ဖြတ်ထားခဲ့တယ်လို့ ရေလှဲရွာဒေသခံတွေကပြောပါတယ်။ https://burmese.kachinnews.com/2023/09/21/zm1-112/

၁၅။ ပလမှာ စစ်ကောင်စီတပ်သားတွေ PDF ယူနီဖောင်းဝတ်ပြီး လမ်းသွားလမ်းလာတွေကိုစစ်ဆေးနေ
     September 22, 2023

ပုလောမြို့နယ်၊ ပလမြို့၊ ဇရပ်ဆိပ်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်သားတွေ PDF ယူနီဖောင်းဝတ်ပြီးစစ်ဆေးတာ တွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။  အခုလ ၂၀ ရက်လောက်ကတည်းက ဇရပ်ဆိပ်ရွာနဲ့ ရွာအနီးတဝိုက်မှာ PDF ယူနီဖောင်းဝတ်ထားတဲ့ စစ်ကောင်စီတပ်သား ၅ ဦးခန့်က လမ်းသွားလမ်းလာတွေကို ဘယ်ကနေလာတယ်၊ ဘယ် ကို သွားမယ်၊ ဘာသွားလုပ်မယ်စသဖြင့် လျှပ်တစ်ပြက်မေးမြန်းစစ်ဆေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။“သူတို့(စစ်ကောင်စီ)နဲ့ တန်းတိုးမိရင် စကားပြောမှားပြီး ဖမ်းခံရမှာစိုးရိမ်နေရတယ်။ သူတို့တွေက အမြဲရှိနေတာလည်းမဟုတ်ဘူး။ ပေါ်လိုက်ပျောက် လိုက်ဖြစ်နေတာ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။  စစ်ဆေးမေးမြန်းရာမှာလည်း အော် ငေါက် စစ်ဆေးတာမျိုး မရှိဘဲ စကားကိုညင်ညင်သာသာပြောပြီးစစ်ဆေးနေတယ်လို့ အဆိုပါအမျိုးသားက ဆက်ပြောပါတယ်။ ပလမြို့၊ ဇရပ်ဆိပ် ကျေးရွာအုပ်စုတစ်ခုတည်းမှာ လှုပ်ရှားနေတဲ့စစ်ကောင်စီတပ်သား အင်အား ၉၀ လောက် ရှိနေပြီး မြို့ပေါ်ရပ်ကွက်တွေနဲ့ထွေအုပ် ရုံး အနီးတဝိုက်မှာလည်း စစ်ကောင်စီတပ်သားတွေရှိနေတယ်လို့ သိရပါတယ်။

မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအားနိုးက “ဒီဘက်က(ဇရပ်ဆိပ်ဘက်) ကာကွယ် ရေးတပ်တွေအကုန်ရုတ်လိုက်ပါပြီ။ ကြည့်ရတာ စစ်ကောင်စီပဲဖြစ်မှာပါ။” လို့ ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၁၈ ရက်နေ့က လက္ကူးကျေးရွာအုပ်စုက မဒေါင်ရွာတိုက်ပွဲမှာ ကျဆုံး PDF တွေဆီက အပေါ်ထပ်ယူနီဖောင်းနှစ်ထည်ကိုချွတ်ယူသွားပြီး PDF တံဆိပ်ကပ်ခွာတွေကိုလည်းယူသွားတယ်လို့  ကိုအာနိုးက ဆက်ပြောပါတယ်။  တိုက်ပွဲတွေမှာ PDF တွေကျဆုံးရှိတဲ့အခါမျိုးတွေ PDF တွေရဲ့ရှေ့တန်းကင်းစခန်းတွေကို သိမ်းနိုင်တဲ့အချိန်မျိုးတွေမှာ စစ်ကောင်စီတပ်က PDFယူနီဖောင်းဝတ်ပြီး အခုလိုပုံမှား ရိုက်ပြီး စစ်ဆေးတာတွေမကြာခဏလုပ်လေ့ရှိပါတယ်။ https://www.faceb ook.com/photo/?fbid=338179051933184&se t=a.196212682796489

၁၆။ လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ ရိက္ခာမရရှိတဲ့အတွက် ချေးငှားပြီးစားသောက်နေရ
     September 21, 2023

ကရင်နီပြည် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ ရိက္ခာမရရှိတဲ့အတွက် စစ်ရှောင်တွေဟာ ချေးငှားပြီး စားသောက်နေရတယ်လို့ စစ်ရှောင်စခန်းကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။“တောင်ယာမရှိတဲ့ အိမ် ထောင်စုတွေပေါ့။ အဲ့ဒါတွေကျတော့ တော်တော်များများကတော့ ဒီကနေသွားတယ်။ main (အဓိက) ဂိုဒေါင်ကနေပဲ ပေးတာ ပေါ့နော။ ဒါပေမဲ့ လုံးဝမပေးနိုင်တဲ့ လ တွေအများကြီးရှိတယ်။ အဲ့လိုဆိုရင် သူတို့ရဲ့နီးစပ်ရာ လူတွေက ပေးနိုင်သလောက်လေး ကူညီကြတယ်။ အကယ်၍ ဘယ်သူမှ မပေးနိုင်ဘူးဆိုရင် ချေးငှားစားရတာရှိတယ်။ အဆင်ပြေလို့ ပြန်ပေးနိုင်တဲ့အခါဆိုရင် ပြန် ဆပ်ရတာတို့ အဲ့လိုရှိတယ်။” လို့ အဆိုပါ စစ်ရှောင်စခန်းကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း မှာ အဲဒီဒေသဘက်ကို လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် အလှူရှင်မရောက်ရှိနိုင်တော့ဘဲ ဒေသတွင်း လူမှုအသင်း အဖွဲ့တချို့က တခါတရံမှသာ ထောက်ပံ့ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ အဲ့ဒီစစ်ရှောင်စခန်းမှာ လွိုင်ကော်မြို့ရဲ့ အရှေ့ဘက် ခြမ်းမှာတည်ရှိနေတာဖြစ်ပြီး စစ်ရှောင် တွေပြန့်ကျဲနေထိုင်ကြတာဖြစ်ပါတယ်။

တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြတဲ့ စစ်ရှောင်တွေအများစုရှိနေပေမဲ့ လူဦးရေရဲ့ ၄ ပုံ ၁ ပုံဟာ တောင်ယာမရှိတာ ကြောင့် အလှူရှင်က ထောက်ပံ့ပေးတဲ့ ဆန်ရိက္ခာကိုသာ မှီခိုအားထားနေရတယ်လို့ သိရပါတယ်။ စစ်ရှောင်တွေရဲ့ အဆိုအရ အလှူရှင်တွေက ထောက်ပံ့ပေးတဲ့အချိန်မှသာ ချေးငှားထားတဲ့ ဆန်ကို ပြန်လည် ဆပ်ပေးနိုင်တာဖြစ်ပြီး အလှူရှင်မရှိပါက ဆွေမျိုးတွေထံ အကူအညီတောင်းရတယ်လို့ ဆိုပါတယ်။“အိမ်ထောင်စု လေးပုံတစ်ပုံလောက်ကျတော့ တောင်ယာမရှိတဲ့အိမ်ထောင်စုတွေဖြစ်တယ်ပေါ့နော။ ဆိုတော့ဒီအိမ်ထောင်စုတွေက ဦးစားပေးရမယ့် အိမ်ထောင်စုထဲမှာ အမြဲတမ်း ထည့်ထားတယ်။ ဆန်နည်းနည်းပါးပါးရတာရှိမယ်၊ ဆန်အိတ် ၂၀၊ ၃၀ လိုမျိုးဆိုရင် တောင်ယာမရှိတဲ့အိမ်ထောင်စု တွေကို ဦးစားပေးဖြစ်တယ် ပေါ့။”လို့ စစ်ရှောင်စခန်းကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ဆေးဝါးလိုအပ်ချက်နဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေအတွက် စာရေးကိရိယာနဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ စစ်ရှောင်စခန်းမှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ရွာပေါင်း ၃၀ ကျော်က လူဦးရေ ၄၀၀၀ ကျော် နေထိုင်ကြတယ်လို့ သိရပါတယ်။ https://www.kantarawaddytimes.org/%e1%8 0%9c%e1%80%bd%e1%80%ad%e1%80%af%e1%80% 84%e1%80

၁၇။ ခလယ်ရွာ လူနေအိမ်များနှင့် ဆိုင်ခန်းရှိပစ္စည်းများ ဖောက်ထွင်းယူဆောင်သွားသည့်အပြင် ရွာသားများပါ                  စစ်ကောင်စီ ဖမ်းဆီးရိုက်နှက်လုပ်ဆောင်နေ
     September 21, 2023 151

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) ဝင်းရော်ဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များသည် စက်တင်ဘာ ၁၈ ရက်နေ့က ခလယ်ရွာမကြီးတွင် ဝင်ရောက်တပ်စွဲလိုက် ပြီးနောက် စစ်ရှောင်ပြည်သူနေအိမ်များရှိ တန်ဖိုးရှိ ပစ္စည်းများနှင့် ကုန်စုံဆိုင်များ ဖောက်ထွင်းဖျက်ဆီးပြီး ကုန် ပစ္စည်းများ ယူ ဆောင်နေလျက်ရှိသည့်အပြင် ရွာသားများပါ ဖမ်းဆီးရိုက်နှက်မှုများလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းအရင်းမြစ်ထံမှ သိရ သည်။ အိမ်ခြေစုစုပေါင်း ၁ဝဝဝ ကျော်မှ လူဦးရေ ၅ဝဝဝ ထောင်ကျော် နေထိုင်သည့် ခလယ်ရွာကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်နေ့တွင် ကျေးရွာအတွင်း တိုက်လေယာဉ်နှင့် လက်နက်ကြီးများပါ ပစ်ခတ်တိုက်ခိုက်သည့်အတွက် ရွာလုံး ကျွတ် စစ်ဘေးတိမ်းရှောင်နေကြရပြီး ကျေးရွာရှိ စစ်ရှောင်လူနေအိမ်များကိုလည်း စစ်ကောင်စီက တစ်အိမ်တက်တစ်အိမ်ဆင်း လုပ်ကာ တန်ဖိုးရှိပစ္စည်းများအား ကားများဖြင့် လာရောက်သယ်ယူ နေလျက်ရှိသည်ဟု ဝင်းရော်ဒေသခံများက ပြောသည်။“ ရွာမှာကျန်နေတဲ့ မီးစက်တွေ၊ ဆိုင်ကယ်တွေ အကုန်ယူမောင်းနေတယ်။ သူများအိမ်ပေါ်မှာလည်း တပ်စွဲနေကြတယ်။ အိမ် တွေ အကုန် လိုက်မွှေထားတယ်။ ပိုက်ဆံတွေ ရွှေတွေပါယူသွားတယ်။ ကုန်စုံဆိုင်က ပစ္စည်းတွေ သော့ဖျက်ဝင်ပြီး ကားနဲ့ နေ့စဉ် သယ်ယူနေတယ်။ ဝက်စာပြန်ကျွေးတဲ့ ရွာသားတွေ မေးမြန်းရိုက်နှက်ခံရတယ်” ဟု ဒေသခံ စစ်ရှောင်တစ်ဦးက ပြောသည်။

ကျေးရွာအတွင်း နေ့စဉ်လက်နက်ကြီးများ လှမ်းပစ်ခတ်ခဲ့သည့်အတွက် စစ်ရှောင်လူနေအိမ် ၁ဝဝ ခန့် ထိမှန်ပျက်စီးပြီး မွေးမြူရေးလုပ်ငန်းများ၊ ကုန်စုံဆိုင်များ၊ အဝတ်အထည်ဆိုင်များနှင့် အခြားစီးပွားရေးလုပ်ငန်း အများအပြား ချန်ထားခဲ့ကြရ သည့်အပြင် လယ်ယာလုပ်ငန်းများပါ စွန့်ပစ်ထားရ သည့်အတွက် ဌာနေလူထုများ စားဝတ်နေရေး အတိဒုက္ခရောက်နေကြရ သည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။ နေအိမ်ဖောက်ထွင်းခံရသူ စစ်ရှောင်အမျိုးသမီးတစ်ဦးက “ ရွာထဲကိုလေယာဉ်နဲ့ ရုတ်တရက်လာပစ်တော့ ပိုက်ဆံတွေ ရွှေတွေပြန်ယူလို့ မခင်လိုက်ဘူး။ အခုအိမ်သော့တွေ ပျက်စီးထားပြီး အကုန်ယူသွားတယ်။ ကျွဲ၊ နွား၊ ဝက်မွေးမြူထားသူတွေ ဒီအတိုင်းပဲ ချန်ထားရတယ်။ ရွာထဲပြန် ဝင်ရင်လည်း ကိုယ့်အိမ် တွေပေါ်မှာ သူတို့နေတယ်။ လိုချင်တာယူပြီးရင် သွားတော့ဆိုပြီး သူတို့က မောင်းထုတ်တယ်။ ယောက်ျားတွေဆို သူတို့မေးမြန်းရိုက်နှက်တယ်” ဟု စက်တင် ဘာ ၂ဝ ရက်နေ့ ပြောသည်။ ထို့အပြင် ဘုရားငါးဆူရွာ စာသင်ကျောင်းအနီးတွင်လည်း လက်နက်ကြီးအမြောက်များ လာရောက် တပ်ဆင်ချထားပြီး ဝင်းရော်ဒေသကျေးရွာများသို့ ချိန်ရွယ်ထားသည့်အတွက် စစ်ရှောင်လူထု တစ်သောင်းကျော် နေ့စဉ်ရွှေ့ ပြောင်းတိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။ https://kicnews.org/2023/09/%e1%80%81%e 1%80%9c%e1%80%9 a%e1%80%ba%e1%80%9b%e1%80%bd%e1

၁၈။ ရဲတွေ လိုက်ပါလာတဲ့ ယာဥ် ပစ်ခတ်ရလို့ ရဲအုပ်အပါအဝင် ၃ ဦးဒဏ်ရာရ
     September 22, 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ရဲတွေ လိုက်ပါလာတဲ့ ယာဥ် ပစ်ခတ်ရလို့ ရဲအုပ်အပါအဝင် ၃ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီခန့်မှာ သထုံကနေ နေပြည်တော်ကို သွားမယ့် ရဲတွေလိုက်ပါလာတဲ့ ယာဥ် ၄ စီးကို KNLA ပူးပေါင်းတပ်တွေက ပစ်ခတ်ခဲ့တာပါ။ အဲဒီလို ပစ်ခတ်ရာမှာ နောက်ဆုံးကားမှာပါလာတဲ့ ရဲအုပ်တစ်ဦး၊ ရဲတွေနဲ့ပူးတွဲအလုပ်လုပ်​နေသူတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ “ကားတွေက ရဲဘက်က သိမ်းဆည်းထားတဲ့ကားတွေကို နေပြည်တော် စာရင်းအင်းကို အပ်ဖို့ သွားတာ။ အဲထဲမှာ လိုင်စင်နဲ့ယာဥ်တွေလည်း ကြားညှပ်သယ်တာ။ KNLA ဘက်ကသတင်းအတိအကျရလို့ ပစ်တာ”လို့ ရဲတပ်ဖွဲ့ နဲ့နီးစပ်သူကပြောပြပါတယ်။

ပစ်ခတ်ခံရသူတွေထဲမှာ ရဲအုပ်ကတော့ စိုးရိမ်ရ အခြေနေကြောင့်  မင်္ဂလာဒုံ စစ်ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူ နေရပါတယ်။ ရဲကားတွေ ပစ်ခတ်ရလို့ ဒေါက်ရပ်ကျေးရွာအနီးတိုးဂိတ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းပစ်တာတွေ ရှိခဲ့ပါသေးတယ်။ အဲဒီနေ့ မနက်ပိုင်းမှာ အလူးကျေးရွာ ခြင်္သေ့နှစ်ကောင် အနီးကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီအဖွဲ့ ဒရုန်းဗုံး ၆ လုံးကြဲချတိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်း ထိခိုက်ခဲ့ပါသေးတယ်။ https://www.facebook.com /photo/?fbid=66270792 9297694&set=pcb.662707979297689

၁၉။ တနင်္သာရီ၌ စစ်တပ်လက်နက်ကြီး ထိမှန်သဖြင့် ဘုန်းကြီးကျောင်းပျက်စီး၊ သံဃာ ၂ ပါး ဒဏ်ရာရ၊ မြဒေါင်တိုက်ပွဲ       တွင် PDF ၇ ဦး ကျဆုံး
     September 20, 2023

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ စက်တင်ဘာ ၁၉ ရက်က စစ်ကောင်စီရဲ့ အမြောက်တပ်ကပစ်တဲ့ လက်နက်ကြီး တွေ ဗောဓိကမ်းကျေးရွာ ဘုန်းကြီးကျောင်းဆောင်ပေါ် ကျရောက်ခဲ့ပြီး သံဃာတော်  ၂ ပါး ဒဏ်ရာရသွားပါတယ်။ အောက်ကင်း ရွာ အခြေစိုက် စစ်ကောင်စီ ခမရ ၅၅၇ အမြောက်တပ်ကနေ ဗောဓိကမ်းကျေးရွာဘက်ကို မနေ့ နေ့လယ် ၂ နာရီလောက်တည်းက တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ ဒေသခံတဦးက “လက်နက်ကြီးထိတဲ့ ကျောင်း က စစ်ကောင်စီ တပ်စွဲထားတာနဲ့ တော်တော်နီးတယ်။ လက်နက်ကြီးထိတဲ့ သံဃာတော်နှစ်ပါးကိုတော့ ‌ဆေးရုံကို တင်ဆောင် သွားတယ်”လို့ ပြောပါတယ်။ ဒဏ်ရာရ သံဃာတော်နှစ်ပါးကိုတော့ ညတွင်းချင်း လူနာတင်ကားနဲ့ တနင်္သာရီမြို့နယ် ပြည်သူ့ ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗောဓိကမ်းကျေးရွာနဲ့ တဆက်တည်းမှာရှိတဲ့ ဘန်လောကျေးရွာဘက်ကို လည်း လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ ထိခိုက်တာ မရှိခဲ့ပါဘူး။ စက်တင်ဘာ ၁၉ ရက် ညနေ ၅ နာရီလောက် ကလည်း ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီး ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီ ၃ဝ၆ အမြောက်တပ်ကနေလည်း ည ၈ နာရီကျော်လောက်မှာ အနောက်မော်တုန်းရွာဘက်ကို လက်နက် ကြီး ၁ဝ လုံးကျော် ပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။ စစ်ကောင်စီ အမြောက်တပ်တွေကနေ အခုလ ဒုတိယ အပတ်လောက်တည်းကစပြီး ကျေးရွာတွေဘက်ကို လက်နက်ကြီး ပစ်ခတ်တာတွေ အကြိမ်ကြိမ် ပြုလုပ်လာတယ်လို့ သိရပါ တယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ကလည်း စစ်ကောင်စီရဲ့ ၃၀၆ အမြောက်တပ်ကနေ လက်နက်ကြီး ပစ်ခတ်တာကြောင့် အနောက်မော်တုန်းကျေးရွာက ဘုန်းကြီးကျောင်းဆောင် လက်နက်ကြီး ထိမှန်ခဲ့သေးတယ်လို့ သိရပါတယ်။ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာတော့ လက္ကူးကျေးရွာအုပ်စု မြဒေါင်ရွာအနီး တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးဘက်က ရဲဘော် ၇ ဦး ကျဆုံးခဲ့ တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ စက်တင်ဘာ ၁၈ ရက်၊ မနက် ၈ နာရီကနေ ၉ နာရီဝန်းကျင် အထိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “တိုက်ပွဲက အနီးကပ် ထိတွေ့တိုက်ပွဲဖြစ်တာပါ။ ရဲဘော် ၇ ဦးကျတယ်။ အသေးစိတ် အခြေအနေကိုတော့ မသိရသေးပါ ဘူး” လို့ ပြောပါတယ်။ https://burmese.dvb.no/post /615868

၂၀။ ဆမီးမြို့ ယာယီရဲစခန်းမှူးကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီး
     September 21, 2023

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ ယာယီရဲစခန်းမှူးကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးသွားတယ်လို့  မြို့ခံ တွေဆီက သိရပါတယ်။ စက်တင်ဘာ ၁၆ ရက် ည ၈ နာရီလောက်မှာ ဆမီးမြို့ အမှတ် ၂ ရပ်ကွက်က သူ့ရဲ့မိန်းမ ပိုင်ဆိုင်တဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေချိန် လက်နက်ကိုင်အဖွဲ့အစည်းတခုက ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့ ယာယီရဲ စခန်းမှူးဟာ အသက် ၃၈ နှစ်ဝန်းကျင်ရှိ ဒုရဲအုပ် နိုင်ဇော်အောင် ဖြစ်ပြီး ဆမီးဗျူဟာမှူးရဲ့ လူယုံတယောက် ဖြစ်တယ်လို့လည်း သိရပါတယ်။ ဖမ်းဆီးခံရတဲ့ ယာယီစခန်းမှူးဟာ မန္တလေးမြို့ဇာတိဖြစ်ပြီး ဆမီးရဲစခန်းမှာ စခန်းမှူးမရှိလို့ ယာယီရဲစခန်းမှူး အဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။

ယာယီစခန်းမှူးဟာ ဆမီးမြို့မှာ နာမည်ဆိုးနဲ့ ကျော်ကြားသူဖြစ်ပြီး ဗျူဟာမှူးအရှိန်နဲ့ မြို့ခံတွေကို အနိုင်ကျင့်လေ့ရှိကာ အမှုတွေမှာ ငွေညှစ်တာတွေလုပ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မြို့ခံတဦးက “သူက ဆမီးမှာ နာမည်ကြီးပေါ့၊ မြို့က လူ တွေနဲ့ အဆင်မပြေဘူး၊ ဗျူဟာမှူးအရှိန်နဲ့ မြို့ကလူတွေကို အနိုင်ကျင့်တယ်” လို့ ပြောပါတယ်။ ယာယီစခန်းမှူးကို ဘယ်အဖွဲ့ အစည်းက ဖမ်းဆီးတယ် ဆိုတာကိုတော့ အခုအချိန်ထိ မသိရသေးပါဘူး။ ယာယီစခန်းမှူး အဖမ်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြို့ခံ တဦးကို ရဲစခန်းထဲမှာ ဖမ်းဆီးထားတာ အခုအချိန်ထိ လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ပလက်ဝမြို့နယ် ဆမီးမြို့ဟာ ချင်းအမျိုးသားတပ်မတော် CNA နဲ့ CDF-ပလက်ဝတပ်ရင်း-၁ တို့ စစ်ရေးလှုပ်ရှားရာ နယ်မြေလည်း ဖြစ်ပါတယ်။ https://burmese.dvb.no/post/615517

၂၁။ မြစ်ကြီးနား-တနိုင်းလမ်းပေါ်ရှိ စစ်ကောင်စီနှင့်ပြည်သူ့စစ် ဂိတ်များတွင် ငွေတောင်းကြမ်းနေ
     September 22, 2023

လီဒီုလမ်းမကြီးဖြစ်သည့် တနိုင်း-မြစ်ကြီးနား ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်ဂိတ်များမှ ဥပဒေမဲ့ ငွေကြေးကောက်ခံနေမှုကြောင့် ခရီးသည်တင်ကားနှင့် ကုန်ကားမောင်းနှင်သူများ အခက်ကြုံနေကြောင်း သိရသည်။  လမ်းတစ် လျှောက်တွင် စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်များ၏ လုံခြုံရေးဂိတ် ၇ ဂိတ်ထက်မနည်းရှိပြီး ဥပဒေမဲ့ငွေကြေး ကောက်ခံနေမှုကြောင့် အခက်ကြုံနေရသည်ဟု ခရီးသည်တင်ကားမောင်းနှင်သည့်ကားသမား တစ်ဦးကပြော သည်။“ခရီးသည် ကြီးပဲ ဘာမှမပါဘူးဆိုရင်တောင် ခြောက်သောင်း၊ ခုနစ်သောင်းလောက်တော့ကုန်တယ်။ မိုးတွင်းမှာတော့ မကိုက်ဘူးပေါ့ဗျာ ဒီလိုပုံစံနဲ့ဆိုလို့ရှိရင်တော့” ဟုဆိုသည်။ အခြား ကုန်ကားနှင့် စက်သုံးဆီတင်ဆောင်သည့်ကားများမှာ တင်ဆောင်လာသည့် ပစ္စည်းအမျိုးအစားနှင့်ပမာဏအလိုက် ကျပ်ဆယ်သိန်းမှ သိန်းရာချီအထိ ပေးဆောင်ရသည်ဟု ကားသမားများထံမှသိရသည်။ တနိုင်းလီဒိုလမ်းမတစ်လျှောက် စစ်ကောင်စီဂိတ်များတွင် စက်သုံးဆီတစ်ပေပါလျှင် ကျပ် တစ်သောင်းမှ သုံးသောင်းကျော်အထိ ကောက်ခံကြောင်း ကုန်ကားမောင်းနှင်သူတစ်ဦးက ပြောသည်။“ကျနော်တို့ လော်လီ(ကုန်ကား)သမားတွေဆိုတော့ လမ်းကြေး ကြီးပဲ ရာကျော်တယ်ဗျ။ သိန်း ၁၂၀ လောက်တော့ရှိမှာပေါ့။ ဒါတောင် ကားကြီးကွင်းထဲဝင်ပြီး ပစ္စည်းချပြီး လာတောင်းတာ မပါသေးဘူး” ဟုဆိုသည်။

နမ္မတီးမြို့အဝင် ၂၁ မိုင်ဂိတ်၊ နမ္မတီး – လဝါးလမ်းရှိ မရန်ကထောင်ဂိတ်၊ ရှဒူးဇွပ်ကျေးရွာရှိ ဝါရာဇွပ်ပြည်သူ့စစ်ဂိတ်နှင့် တနိုင်းမြို့အဝင်ရှိ စစ်ကောင်စီစုပေါင်းဂိတ်တို့မှာ ငွေတောင်းခံမှုများသည့် ဂိတ်များဖြစ်ပြီး ဝါရာဇွပ်ပြည်သူ့စစ်ဂိတ်သည် ငွေ ပမာဏ အများဆုံး တောင်းခံကြောင်း အခြားကုန်ကားမောင်းနှင်တစ်ဦးက ပြောသည်။“အဆိုးဆုံးကတော့ ပြည်သူ့စစ်ဂိတ်ပေါ့ ဗျာ။ ဒီကောင်တွေက တစ်ပေပါကို ငါးသောင်း လုံးဝမလျှော့ဘူး” ဟုဆိုသည်။ စစ်ကောင်စီက တနိုင်းမြို့သို့ ဆီဘောက်ဆာကား များဖြင့် စက်သုံးဆီတင်သွင်းခွင့် ပိတ်ပင်ထားပြီး ဆန်နှင့် ရွှေတူးဖော်ရေးလုပ်ငန်းတွင် အသုံးပြုသည့်ပစ္စည်းများကိုလည်း အာဏာသိမ်းပြီးနောက်ပိုင်းမှစပြီး သယ်ဆောင်ခွင့်မပြုကြောင်းသိရသည်။ ထိုသို့ပိတ်ပင်ထားသော်လည်း ဂိတ်ကြေးအဆမတန် တောင်းခံကာ သယ်ဆောင်ခွင့်ပြုပြီး စစ်ကောင်စီ၏ ဌာနဆိုင်ရာပေါင်းစုံကလည်း ကုန်ပစ္စည်းချသည့်နေရာထိ နည်းလမ်းမျိုးစုံ ဖြင့်လာရောက် တောင်းခံကြောင်း ကုန်ကားမောင်းနှင်သူတစ်ဦးက ပြေ ာသည်။  စက်သုံးဆီတင်ဆောင်သည့် ကုန်ကားများမှာ အာဏာသိမ်းစအချိန်က ငွေကျပ်သိန်း ၃၀ ခန့် လမ်းကြေးပေးဆောင်ရပြီး ပြီးခဲ့သည့် မေလမှစတင်ကာ ဂိတ်ကြေး အဆမတန် တောင်းခံလာသည့်အတွက် မြစ်ကြီးနားမှ တနိုင်းမြို့အထိ သိန်း ၁၂၀ ကျော်ထိပေးဆောင်ရကြောင်း ကုန်တင်ကား မောင်းနှင်သူ များထံမှ သိရသည်။   https://www.fa cebook.com/photo/?fbid=630127179314954&set=a.535867405407599

၂၂။ လားရှိုးမြို့နယ် ပြည်သူပိုင် လယ်ယာဧကများကို  ပြည်သူ့စစ် နှင့် ဆက်နွယ်သူများက ဖိအားပေး ရောင်းချခိုင်းနေ
    September 22, 2023

သျှမ်းပြည် လားရှိုးမြို့နယ် ပြည်သူပိုင်လယ်ယာဧကများကို  ပြည်သူ့စစ်နှင့်ဆက်နွယ်သူများက ဖိအားပေး ရောင်းချခိုင်း နေကြောင်း လားရှိုးဒေသခံများက ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လ ပထမအပတ်တွင် လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စု နှင့် စဉ့်အင်ကျေးရွာအုပ်စုရှိ ပြည်သူပိုင်လယ်ယာဧကပေါင်း (၅၀၀) ဧကကို  ရောင်းချပေးဖို့အတွက် စိန်ကျော့ပြည်သူ့စစ်ခေါင်း ဆောင်၏ သားဖြစ်သူ စဝ်နွမ်မိန်းမှ အုပ်ချုပ်ရေးမှူးများကို ခေါ်ယူပြီး ပြောကြားခဲ့သည်။ ပြည်သူများအနေဖြင့် အဆိုပါ လယ်ယာ မြေဧကများကို မရောင်းချပေးစေလိုကြောင်း၊ ထိုသို့ ရောင်းချပေးပါက လယ်ယာ မြေပိုင်ရှင် (၁၆၀) ကျော်သည် အလုပ်လက်မဲ့ ဖြစ်ပြီး နေ့စဉ်လုပ်ကိုင်စားသောက်ဖို့အတွက် ခက်ခဲသွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ လယ်ယာမြေပိုင်ရှင် အမျိုးသမီး တစ်ဦးက ပြောသည်။“ဒီလယ်ယာမြေကို မရောင်းရစေဖို့ ကျမတို့ တောင်းပန်ခဲ့တယ်။ ဒီလယ်ယာမြေမှာ စပါး၊ ပြောင်း လုပ်စား တာကလွှဲပြီး ကျမတို့ ဘာမှမလုပ်နိုင်ဘူး။ စပါးတောင်မှ စားဖို့သောက်ဖို့အတွက်ဘဲ လုပ်နိုင်တာ ရောင်းဖို့တောင် မဟုတ်ဘူး။ ရောင်းလိုက်ရင် ဘာမှလုပ်စားလို့ မရတော့ဘူး “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါလယ်ယာမြေများသည် လက်ရှိကာလပေါက်စျေးမှာ တစ်ဧကလျှင်ကျပ်သိန်း(၇၀၀) နှုန်းရှိသော်လည်း  စိန်ကျော့ ပြည်သူ့စစ် ခေါင်းဆောင်၏ သားဖြစ်သူ စဝ်နွမ်မိန်း တစ်ဧကလျှင် ကျပ်သိန်း ၈၀ ဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထိုလယ်ယာဧကပေါ်တွင် သကြားစက်ရုံဆောက်လုပ်ရန်နှင့် ရေအားလျှပ်စစ်ဆောက်လုပ်ရန်အတွက် အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ဒေသခံများကို ပြောခဲ့သည်။ လက်ရှိ လားရှိုးမြို့ပေါ်ရှိ လယ်ယာမြေများသည် ၆၀ ပေပတ်လည် တစ်ကွက်ကို ကျပ်သိန်း (၃ သောင်း) အထိ ပေါက်ဈေးရှိနေပြီး မြို့ပြင်ရှိ လယ်ယာမြေမှာ ကျပ်သိန်း ထောင်နှင့်ချီ ပေါက်ဈေးရှိကြောင်း၊ ကျေးရွာရှိ လယ် ယာမြေ တစ်ဧကမှာ ကျပ်သိန်း (၇၀၀) ကျော်ရှိပြီး လယ်ယာမြေအပေါ်မူတည်ပြီး ဈေးကွာခြားမှုရှိကြောင်း ဒေသခံများထံမှ သိရ သည်။ လယ်ယာမြေများကို မရောင်းချပေးစေလိုသောကြောင့် ပြည်သူများက စုပေါင်းပြီး  ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်ပြည် တပ်မတော် (SSPP/SSA) ထံသို့ သြဂုတ် ၂၂ ရက်တွင် အသနားခံစာ တင်ခဲ့သည်။ ထို အသနားခံစာထဲတွင် ပြည်သူပိုင်လယ်ယာ မြေများကို SSPP/SSA မှ ဗိုလ်ချုပ် ပန်ဖမှ ဦးဆောင်၍ မြေဧက ၁၀၀ မှ ၅၀၀ ရောင်းချပေးရန် ညွှန်ကြားခဲ့ကြောင်း၊ စိန်ကျော့ ပြည်သူ့စစ်ဘက်မှ ဖိအားပေးနေကြောင်း ရေးသားခဲ့သည်။ ပြည်သူပိုင်လယ်ယာမြေများကို အတင်းအဓ္ဓမ ရောင်းချခိုင်းခြင်းနှင့် ပတ်သက်ပြီး အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးထံ ဆက်သွယ်ခဲ့ရာ လယ်ယာမြေရောင်းချမှုသတင်းသည် မှန်ကန် ကြောင်း၊ သို့သော်လည်း အသေးစိတ်ကို မသိရကြောင်း ၎င်းဇနီးဖြစ်သူ ဖြေကြားခဲ့သည်။ https://burmese.shannews.org/arc hives/36827

၂၃။ သံဖြူဇရပ် ဖုန်းဆိုင်မှ မွန်အမျိုးသား (၃) ဦးဖမ်းဆီးခံရပြီး ၊ ပုဒ်မ ၅၀၅ ဖြင့်တရားစွဲခံနေရ
     September 22, 2023

သံဖြူဇရပ်မြို့ ” ကျော်ကျော်ကြား ဖုန်းပြုပြင်ရောင်းဝယ်ရေးဆိုင်” မှ မွန်အမျိုးသား (၃) ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီး ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့်အမှုဖွင့်ခံထားရကြောင်း ဒေသခံတွေဆီမှသိရှိရပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ ည ၈ နာရီ အချိန်မှာ သံဖြူဇရပ်မြို့ အောင်ဇေယျရပ်ကွက် ရှိ “ကျော်ကျော်ကြား ” ဖုန်းပြင်ဆိုင်မှ ဆိုင်ပိုင်ရှင်နှင့်တကွ ဝန်ထမ်း (၂) ဦးတို့ကို စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့တို့မှ သွားရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံ တစ်ဦးကပြောပြပါတယ်။ ” စစ်သားတွေ ၊ ရဲ တွေက ဆိုင်ရှေ့၊ အနောက်တွေကို ပိတ်ပြီးတော့ ဝင်ဖမ်းသွားတယ်”လို့ ဒေသခံ တစ်ဦးကပြောပြပါတယ်။ ဖမ်းဆီးခံရသူ ဆိုင်ရှင် ကတော့ သံဖြူဇရပ်မြို့၊ အောင်သာယာရပ်ကွက်မှ ကိုအောင်ကိုဟိန်း(၃၇နှစ်) ဖြစ်ပါတယ်။ ကျန် (၂) ဦးကတော့ မော်လမြိုင်မြို့ နယ် ဖားအောက်ကျေးရွာမှ ကိုညီညီလွင် (၃၄နှစ်) နှင့် ကျိုက်မရောမြို့နယ် ကြံတောကျေးရွာ မှ ကိုညီညီထွေး( ၂၅ နှစ်) တို့ဖြစ် ကြပါတယ်။

ဖမ်းဆီးခံရသူတွေကို သံဖြူဇရပ်မြို့မရဲစခန်းမှာပဲ ဖမ်းဆီးချုပ်နှောင် စစ်ဆေးနေဆဲဖြစ်ကြောင်းသိရှိရပါတယ်။ ” သူတို့ သတင်းရထားတဲ့အတိုင်း ဖုန်းတွေကိုစစ်တယ်။ ပြီးတော့ Facebook မှာအရင်က တင်ထားတဲ့ post တွေ အကုန်လုံးကို လိုက်စစ် တယ်” လို့ ဖမ်းဆီးခံရသူနှင့် နီးစပ်သော သူထံမှသိရှိရပါတယ်။ ဖမ်းဆီးခံထားရသူတွေရဲ့ ဖုန်းတွေကို စစ်ကောင် စီနောက်လိုက် များက စစ်ဆေးပြီး စစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်တဲ့ စာတွေ ရေးသားဖြန့်ဝေတယ်ဟုဆိုပြီး စစ်ကောင်စီဘက်မှ တုံ့ပြန်ထား ပါတယ်။ ထို့အပြင်စစ်ကောင်စီ နောက်လိုက်များက ဖမ်းဆီးခံရသူ ၃ ဦးစလုံးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် အဲ့ဒီရဲစခန်း ထဲမှာပဲ ၂၁ ရက်နေ့ ည ၈ နာရီလောက်မှာ အမှုဖွင့်ထားကြောင်းလည်းသိရှိရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပြည်သူတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် တွေကိုပါ ဗြောင်ဗြောင် တင်းတင်းချိုးဖောက်မှုတွေ ဆက်တိုက်လုပ်ဆောင်လျှက် ရှိနေပါတယ်။ https://www.facebook.com/photo?fbid=662 657085969445&set=a.6068348882 18332

၂၄။ တိုက်ပွဲများကြောင့် ပင်လယ်အနီးရှိ ဒေသခံများငါးဖမ်းလှေမထွက်နိုင်၍ ဝမ်းရေးခက်ခဲလာ
     September 21, 2023

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းရိုးတန်းနှင့် နီးစပ်သော ကျေးရွာများ တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲများ ကြောင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံ ရွာသားများအနေဖြင့် ဝမ်းရေးခက်ခဲလာကြောင်း သိရသည်။ ပုလောမြို့နယ် အတွင်းရှိ တို‌ကျေးရွာအုပ်စု၊ လက္ကူးကျေးရွာအုပ်စုနှင့် ကျောက္ကာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသည် ပင်လယ်ငါးဖမ်းလုပ် ငန်းကို အသက်မွေးဝမ်းကျောင်းအနေဖြင့် အဓိကလုပ်ကိုင်နေကြပြီး ယခု စက်တင်ဘာလ ၉ ရက်နေ့မှ စတင်ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ၎င်းကျေးရွာများအတွင်းသို့ ရေလမ်းကြောင်းဖြင့် စစ်အင်အားဖြည့်တင်းမှုများနှင့် စစ်ကြောင်းထိုး ဝင်ရောက် တပ်စွဲမှုကြောင့် ဒေသခံရွာသားများအနေဖြင့် ယနေ့အချိန်ထိ ငါးဖမ်းလှေမထွက်ရဲကြကြောင်း လက္ကူးကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ ၎င်းက “ရွာထဲကို အခုချိန်ထိ မပြန်ရဲသေးဘူး။ စစ်သားတွေ အခုထိရှိနေတုန်းပဲ။ လှေလည်း မထွက်ရတာ ဆယ်ရက် ကျော်ပြီး။ အဲ့တော့ ငါးမရောင်းရတော့ တစ်ခုခုဝယ်စားဖို့ပိုက်ဆံ မရှိဘူး။ ပြီးတော့ စစ်သင်္ဘော တွေကလည်း အချိန်ပြည့်ရှိနေ တော့ လှေထွက်တာနဲ့ သူတို့ကရမ်းပစ်တာတွေ လုပ်တော့ စားသောက်ဖို့အတွက် ခက်ခဲလာတယ်။”ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ယခုလ ၉ ရက်‌နေ့မှ စတင်ကာ ပုလောမြို့နယ်ထဲရှိ ပလမြို့နှင့် ပုလောမြို့ ချောင်းဝနေရာများတွင် ကမ်းကပ်ထားသည့် စက်လှေများကို ၇ ရက် ပင်လယ်ထွက် ငါးမဖမ်းရန် နှုတ်မိန့်ဖြင့် ဒေသခံများအား ပြောဆိုသတိပေးထားကြောင်းလည်း ဒေသခံများက ပြောသည်။ အလားတူ လက္ကူးကျေးရွာ အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် များမှ ကုန်းလမ်းကြောင်းမှတဆင့် အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲထားသလို ရေကြောင်းမှလည်း ခန့် မှန်းအင်အား ၂၀၀ နီးပါးအထိ အင်အားဖြည့်တင်းမှုများလုပ်ဆောင်လျက်ရှိကြောင်း မြိတ်ခရိုင်၊ တပ်ရင်း(၁)မှ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ယခုလို ပြောသည်။“တိုက်ပွဲအတွင်းမှာတော့ နှစ်ဖက်ထိခိုက်မှုတွေ ရှိတယ်။ ပျောက်ဆုံး ရဲဘော်တွေလည်း ရှိနေတုန်းပဲ။ စစ်တပ်က ကုန်းလမ်းကသွားရင် ၃ ခါမှာ ၁ ခါလောက်ကတော့ အပစ်ခံနေရတယ်။ ကုန်းလမ်းအစား အခုနောက် ပိုင်း စစ်ကြောင်းထိုး စစ်အင်အားဖြည့်တဲ့နေရာတွေမှာ ရေလမ်းကိုပိုပြီးတော့ အသုံးပြုလာကြတယ်။”ဟု ၎င်းကပြောသည်။ https://kicnews.org/2023/09/%e1%80%90% e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%

၂၅။ ဖားကန့်မှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ
     September 21, 2023

ဖားကန့်မြို့ ဆိပ်မူ–ဝှေခါ ကျေးရွာသွားတဲ့ လမ်းမပေါ်ရှိ တာဝါတိုင်ကုန်းအဆင်း ရေတွင်းနားမှာ  ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ‌ဖားကန့်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ သေဆုံးသူနှစ်ဦးဟာ အသက် ၃၀ အရွယ်ရှိ အမျိုးသား နှစ်ဦးဖြစ်ပြီး သေဆုံးနေတာ အနည်းဆုံး ၁၀ ရက်ခန့်ရှိနိုင်တယ်လို့ လူမှုကူညီရေးလုပ်ဆောင် ပေးခဲ့သူ တစ်ဦးက ခန့်မှန်းပြော ပြောဆိုပါတယ်။ “မျက်နှာတွေက မမှတ်မိလောက်အောင် ပျက်စီးနေပြီ။ အဲဒါကြောင့် ပိုင်ရှင်မဲ့အနေနဲ့ပဲ သဂြိုလ်လိုက်ရပါတယ်“လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ပုပ်ပွသေဆုံးနေတဲ့ အမျိုးနှစ်ဦးရဲ့ မျက်နှာမှာ တိတ်အဝါတွေနဲ့ စည်းနှောင်ထားသလို၊လက်တွေမှာလည်း နောက်ပြန်ချုပ်နှောင်ထားပြီး ကလစ်ကြိုးများ စည်းနှောင်ထားရှိ တယ်လို့ သူက ဖြည့်စွပ်ပြောကြားပါတယ်။

အလားတူ အခင်းဖြစ်ပွါးရာနေရာတွင် ဇူလိုင်လ ၂၄ ရက်နေ့ည စပျစ်ခူးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်လင်း နေအိမ်မှာရှိနေချိန် လက်နက်ကိုင်လူတစ်စုမှ လာရောက်ခေါ်ဆောင်သွားရာမှ နောက်တနေ့မနက် ဦးအောင်လင်းရဲ့ ရုပ်အ လောင်းကို တွေ့ရှိခဲ့ကြတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဖားကန့်ဒေသမှာ လုပ်ကြံ၊သတ်ဖြတ်ခံရတာ‌တွေ နေ့တိုင်းနီးပါးဖြစ် နေရ‌ ပေမယ့် သတ်ဖြတ်ခံရတဲ့ အကြောင်းရင်းကို မသိရှိသလို၊ ပြစ်မှုကျူးလွန်နေသူတွေကိုလည်း ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ဖားကန့်မှာ ၂၀၂၃ ခုနှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး မိသားစုနှင့် အဆက်အသွယ် ပြတ်ပြီး ပျောက်ဆုံးနေသူ ရာဂဏန်းမျှရှိနေတယ်လို့ ဒေသန္တရ မှတ်တမ်းတွေအရ​ သိရပါတယ်။ https://burmese.kachinne ws.com/2023/09/21/ny2-2/

၂၆။ ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်မိသားစုဝင်များ ရိက္ခာပြတ်လပ်မှု ကြုံတွေ့နေရ
     September 21, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင် (တပ်မဟာ -၅ နယ်မြေ)၊ ဖာပွန်မြို့တွင်းရှိ စစ်ကောင်စီ တပ်စခန်းမှ တပ်မိသားစုဝင်များအနေဖြင့် ကုန်းလမ်းရေလမ်းရိက္ခာလမ်းကြောင်းဖြတ်တောက်ခံထားရသောကြောင့် ရိက္ခာပြတ် လပ်မှုနှင့်ကြုံတွေ့နေရကြောင်း တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သူထံမှသိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကုန်းပိုင်းမှစ၍အဆိုပါဒေသ တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဘက်မှ စစ်ကောင်စီ၏ရိက္ခာသယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ပိတ်ဆို့ထားသောကြောင့် ရိက္ခာများပြတ်လပ်နေ၍ နီးစပ်ရာ ကျေးရွာဒေသခံများထံမှ စျေးကောင်းပေး၍ ဆန်ရိက္ခာများကို ရသမျှဝယ်ယူနေရကြောင်း တပ်အသိုင်းအဝိုင်း နှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ၎င်းက “တပ်က သူတို့ ၈ လပိုင်း က တည်းက နေ နည်းနည်းစီလိုက်ဝယ်နေပြီး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မိသားစုတွေ ရိက္ခာပြတ်နေပြီးလေ။ တစ်အိတ်ရ တစ်အိတ် ဝယ်၊ ဆယ်အိတ်ရ ဆယ်အိတ်ဝယ်တယ်။ အမှန်ပေါက်စျေးက ၁ သိန်းဆိုရင် သူတို့ တစ်သိန်း ၃ သောင်းနဲ့ယူလိုက်တယ်။ ပုံမှန်ဆိုရင် သူတို့ရိက္ခာ ပို့တဲ့ ကားတွေက ၅ လပိုင်းဆိုရောက်နေပြီးလေ။ ဒီနှစ်က ၉ လပိုင်းရောက်သွားပြီး။ သူတို့ရိက္ခာပို့တဲ့ကား တွေက မရောက်လာဘူး။ “ဟု ပြောသည်။

၎င်းအပြင် တပ်ရိက္ခာကားများ မရောက်လာသောကြောင့် နီးစပ်ရာ ကျေးရွာဒေသခံများထံမှာ ဆန်ရိက္ခာများကို စျေး ကောင်းပေး၍ လိုက်လံဝယ်ယူ စုဆောင်းနေသော်လည်း ဒေသတွင်းမှာ လက်နက်ပဋိပက္ခများကြောင့် တောင်ယာစပါးများ မစိုက်ပျိုးနိုင်ကြဘဲ ဒေသခံများတွင်လည်း ဆန်ရိက္ခာများ အလုံအလောက်မရှိတော့သဖြင့် လိုအပ်သမျှ ဝယ်ယူ၍မရကြကြောင်း လည်း အဆိုပါ တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူက ဆက်ပြောသည်။ ထိုသို့ စစ်ကောင်စီတပ်ဘက်မှ ဆန်ရိက္ခာများကို စျေးကောင်း ပေး ဝယ်ယူမှုများကြောင့် ဒေသတွင်းဆန်စျေးမှာ မူလ ပေါက်စျေးထက် နှစ်ဆပိုမြင့်လာပြီး ယခင် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ်ငွေ (၁၈၀,၀၀၀) ကျပ်သာရှိသော်လည်း ယခုတွင် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ်ငွေ ၂ သိန်း၃ သောင်းအထိစျေးပေါက်နေ ကြောင်း ဒေသခံများက ဆိုသည်။ လတ်တလောတွင်လည်း ဖာပွန်မြို့တွင်းနှင့် မြို့အနီး ကျေးရွာများတွင် နယ်မြေခံ KNLA နှင့် နယ်ခြားစောင့်တပ်(BGF)၊ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသောကြောင့် ၎င်းနယ်မြေအတွင်းရှိ ကျေးရွာနေလယ်ယာ နှင့်ခြံလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ရာသီ သီးနှံများ စိုက်ပျိုးနိုင်ခြင်းမရှိတော့ကြောင်း ဖာပွန်ဒေသခံ များကပြောသည်။ https://kicnews.org/2023/0 9/%e1%80%96%e1%80%ac%e1%80%95%e1%80%bd%e1%80%94% e1%80%ba%e1

၂၇။ တောင်ကြီးမြို့ အ‌ဝေရာမီးပုံးပျံကွင်းဘေးက ကျူးကျော်တဲတွေ စစ်တိုင်းမှူး အမိန့်နဲ့ဖျက်သိမ်း
     September 22, 2023

ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အဝေရာမီးပုံးပျံကွင်းနဲ့ ဘူတာရုံဘေးက ကျူးကျော် တဲ ၁၀ လုံးကျော်ကို စစ်တိုင်းမှူး အမိန့်နဲ့ ဖျက်သိမ်းလိုက်တယ်လို့ အနီးနားမှာ နေထိုင်သူတွေက ပြောပါတယ်။ စက်တင်ဘာ လ ၁၇ ရက်နေ့က ကျူးကျော် ဆိုင်ခန်း ၄ ခန်းကို ဖျက်သိမ်းပြီးနောက် မနေ့ စက်တင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ကျူးကျော်တဲ့ တွေ ဖျက်သိမ်းသွားတာလို့ ဆိုပါတယ်။“အရင်ကတည်းက သူတို့ ခွင့်ပြုလို့နေတယ်။ သူတို့ ဖျက်ဆိုတော့လည်း ဖျက်ရတာပေါ့။ တရားဝင်တော့ မဟုတ်ပေမယ့် သူတို့လည်း ဌာနဆိုင်ရာတွေကို ပေးပြီးတော့ ဆောက်ထားတာပဲ။ ဌာနဆိုင်ရာတွေက စားပြီးနား မလည် လုပ်တာပေါ့” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အဲဒီ ကျူးကျော်တဲတွေဟာ စစ်ကောင်စီတပ်၊ ရဲစခန်းနဲ့ မြန်မာ့ မီးရထား စတဲ့ ဌာနဆိုင်ရာတွေကို နားလည်မှုနဲ့ ငွေပေး နေထိုင်တာဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့က ဖျက်သိမ်းဖို့ စစ်တိုင်းမှူးက လက်ညှိုးထိုး အမိန့်ပေးသွားတာလို့ သူက ဆက် ပြောပါတယ်။ ဖျက်သိမ်းခံရတဲ့ ကျူးကျော်တဲတွေဟာ မိုးကာ၊ ဝါးတွေနဲ့ ယာယီ ဆောက်လုပ်ထားတာဖြစ်ပြီး နေထိုင်သူတွေဟာ လမ်းလုပ်သား၊ ပျံကျဈေးသည်၊ နေ့စား ကျဘမ်းလုပ်သား စတဲ့ အောက်ခြေ လူတန်းစားတွေ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ ကျူးကျော်တွေရဲ့ သက်တမ်းဟာ ၃ နှစ်ကျော် ကြာပြီ ဖြစ်တာကြောင့် အောက်ခြေ လူတန်း စားတွေအတွက် နစ်နာ ဆုံးရှုံးမှုတွေ ရှိနေပြီး အိမ်အသစ်ရှာဖို့ ငွေကြေး အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။ https://www.facebook.com/photo/?fbid=340553588331092&set=pcb.340553634997754

၂၈။ KNDF ဗျူဟာ ၆ ရဲ့ သိန်းတစ်သောင်း ကမ်ပိန်း ဟာ ၃၀ ရာခိုင်နှုန်းသာရှိနေသေး၊ ဆက်လက်ကူညီဖို့ဖိတ်ခေါ်ထား
    September 20, 2023

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၊ ဗျူဟာအမှတ် ( ၆ ) က ဦးဆောင်ပြုလုပ်နေတဲ့ “ကရင်နီပြည်ရောက် မအလ တပ်မ ပျောက်”ဆိုတဲ့ သိန်းတစ်သောင်း ကမ်ပိန်းဟာ လက်ရှိမှာ ၃၀ ရာခိုင်နှုန်းသာ ရရှိသေးတာကြောင့် မိဘပြည်သူ တွေအနေနဲ့ ပါဝင်လှူဒါန်းပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။ စစ်ကောင်စီရဲ့ ထိုးစစ်တွေကို ခုခံတွန်းလှန်ရာမှာ လို အပ်တဲ့ လက်နက် ခဲယမ်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ ဝယ်ယူနိုင်ဖို့အတွက် ဩဂုတ်လ ၂၃ ရက်နေ့ကနေ စက်တင်ဘာလ ၂၃ ရက်နေ့အထိ တစ်လ အတွင်း သိန်းတစ်သောင်းရရှိဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။ သို့ပေမယ့် ကမ်ပိန်းဟာ စက်တင် ဘာလ ၁၉ ရက်နေ့အထိ ၂၈ ရက် အတွင်း ၃၀ရာခိုင်နှုန်းဝန်းကျင်သာ ရရှိသေးတာကြောင့် ရက်ထပ်မံ တိုးသွားဖို့ရှိမယ်လို့ ကမ်ပိန်းတာဝန်ခံဖြစ်သူ မော်ရိရီက ပြောပါတယ်။“ရလဒ်ကတော့ အခုဆိုရင် တစ်လ ပြည့်တော့မှာပေါ့နော။ ဒါပေမဲ့ ၃၀ ရာခိုင်နှုန်းဝန်းကျင် လောက်ပဲရသေးတော့ အမတို့အနေနဲ့ ရက်တိုးဖို့ အစီအစဉ်ရှိတယ်ပေါ့နော။ များသောအား ဖြင့် ပြောလာကျတာက လကုန်မှ လစာထုတ်မှာမို့ ရက် တိုးပေးပါဆိုပြီး တောင်းဆိုမှုတွေ လာတာရှိတယ်။ ရက်တိုးဖို့ ရှိပါမယ်။ ”လို့ မော်ရိရီက ပြောပါတယ်။ လက်တလောမှာလည်း ဗျူဟာ ၆ နယ်မြေအတွင်းမှာ စစ်ကောင်စီရဲ့ ထိုးစစ်တွေကို တော်လှန်ရေးအင်အားစုတွေ ခုခံတိုက်ခိုက်နေတာရှိပြီး လက်နက် ခဲယမ်းတွေကို သိမ်းဆည်းရမိတာတွေလည်းရှိနေပေမဲ့ လိုအပ်ချက်က များစွာရှိနေသေးတယ်လို့ ဆိုပါတယ်။

“ဒီကမ်ပိန်းက အရေးကြီးကြောင်းကို ခနခနတော့ ပြောဖြစ်တယ်။ လူထုတွေအနေနဲ့လည်း ဝိုင်းပြီးပံ့ပိုးပေးကြဖို့ ပြောထားတာလည်း ရှိတယ်ပေါ့နော။ အဓိကက ဒီကမ်ပိန်းက အရေးကြီးတယ်ဆိုတာပဲ ပြောချင်ပါတယ်။ အခု လက်ရှိကလည်း တောက်လျှောက် တိုက်ပွဲတွေ ဖြစ်နေတယ်ပေါ့နော။” လို့ မော်ရိရိက ဆက်ပြောပါတယ်။ “ကရင်နီပြည်ရောက် မအလ တပ်မ ပျောက်” ကမ်ပိန်း အောင်မြင်ဖို့အတွက် နိုင်ငံကျော်အဆိုတော်၊ ဒါရိုက်တာ၊ အနုပညာတွေ ပါဝင်အားဖြည့်လျက်ရှိနေပါတယ်။ တော်လှန်ရေးမှာပါဝင်နေတဲ့ ရုပ်ရှင်နဲ့ သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက်ကလည်း KNDF ဗျူဟာ ၆ ကနေ ပြုလုပ်တဲ့ ကမ်ပိန်းကို ပါဝင်ကူညီကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။“စကစ (စစ်ကောင်စီ) က ဘယ်လိုပဲစစ်ကြောင်းတွေထိုးထိုး ဘယ်လိုပဲဖိနှိပ် ဖိနှိပ် အဲ့ဒီကြားကနေ ရှိတဲ့လက်နက်၊ ရှိတဲ့ ခဲယမ်းနဲ့ စိတ်ဓတ်အပြည့်နဲ့ပေါ့လေ၊ ခုခံကာကွယ်ပြီးတော့ အောင်ပွဲတွေ ယူနေတာ လည်း အားလုံးအမြင်ပဲ ဖြစ်ပါတယ်။ ဒီအရာတွေကို ထပ်ပြီးသက်သေပြနိုင်ဖို့ ကျနော်တို့ရဲ့ အိမ်ပြန်ချိန်တွေ အမြန်ဆုံးရောက်ဖို့ ကျနော်တို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ကျနော်တို့ညီအစ်ကိုတွေ အမြန်ဆုံးပြန်ဆုံဆည်းနိုင်ဖို့ မိသားစုတွေ ပြန်လည်တွေ့ရဖို့အတွက်က ဒီကမ်ပိန်းလေးမှာ တစ်ထောင့်တစ်အား ပါဝင်ကူညီပေးကြပါအုံး လို့ ကျနော်က မေတ္တာရပ်ခံ ပါတယ်။”လို့ ဒါရိုက်တာ ကိုပေါက်က ကမ်ပိန်းနဲ့ပတ်သက်ပြီး ပြောဆိုထားပါတယ်။ https://www.kantarawaddytimes.org /kndf-%e1%80%97%e1%80% bb%e1%80%b0%e1%80%9f%e1%80%ac-%e1%81%86

၂၉။ စစ်ကောင်စီရဲ့ နိုင်ငံရေးလမ်းစဉ်အတိုင်း လိုက်နာကြဖို့ လိုက်လံစည်းရုံးနေ
     September 22,2023

စစ်ကောင်စီတပ် ထိန်းချုပ်မှုအောက်မှာ ပြစ်မှု မကျူးလွန်ကြဖို့နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်နွယ် ပတ်သက်မှုမရှိကြဖို့ ကချင်ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန် နဲ့ ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ တို့က ပြည်နယ်အတွင်း လှည့်လည်စည်းရုံးပြောဆိုနေတယ်လို့သိရပါတယ်။ ဦးခက်ထိန်နန် နဲ့  ဒေါ်ဒွဲဘူ တို့အဖွဲ့ဟာ စက်တင်ဘာလဆန်းပိုင်း ကတည်း က မြစ်ကြီးနား၊ ပူတာအို နဲ့ ဗန်းမော်မြို့နယ်တွေကို သွားရောက်ပြီးတော့ လက်ရှိစစ်ကောင်စီဖော်ဆောင်နေတဲ့ နိုင်ငံရေးလမ်းစဉ် အတိုင်းသွားဖို့၊ ပြစ်မှုကျူးလွန်တာတွေမလုပ်ဖို့၊ NUG အပါအဝင် လက်နက်ကိုင်တော်လှန်နေတဲ့အဖွဲ့အစည်းတွေကို ရှောင်ရှားဖို့ လိုက်လံစည်းရုံးပြောဆိုနေတယ်လို့ တွေ့ဆုံခဲ့တဲ့ ဒေသခံတွေက ပြောဆိုပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့ ပူတာအိုမြို့တော် ခန်းမမှာ ဘာသာရေးအဖွဲ့က တာဝန်ရှိသူများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့က ကိုယ်စားလှယ်များ၊ ဒေသများတစ်ချို့နှင့် တွေ့ဆုံခဲ့စဉ် ပြောဆိုခဲ့တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပူတာအိုဒေသခံတစ်ယောက်က အခုလို ပြောပြပါတယ်။“သူတို့လာပြောသွား တာက ဥပဒေနဲ့ မလွတ်ကင်းနဲ့ဟာတွေကို ပြည်သူတွေမလုပ်မှားကြဖို့နဲ့ လက်ရှိ စစ်တပ်ရဲ့ သွားနေတဲ့ လုပ်ငန်းစဉ်တွေက ဘယ် လိုရှိတယ်ရှင်းပြတယ် အဓိကတော့ ဒါပါပဲ။ နောက်တစ်ခုက NUG နဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ မပတ်သက်ဖို့ ပြောသွားတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ဦးခက်ထိန်နန် နဲ့အဖွဲ့ဟာ ပူတာအိုခရိုင်အတွင်း ပူတာအိုမြို့ နဲ့ မချမ်းဘောဒေသတွေမှာ ၅ ရက်အကြာ ဒေသခံ ရိုးရာလူကြီးတွေနဲ့ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၄ ရက်နေ့ကလည်း ဦးခက်ထိန်နန် နဲ့အဖွဲ့ဟာ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့ကို ရောက်လာပြီး ဘာသာရေးခေါင်းဆောင်တစ်ချို့၊ ဗန်းမော်ခရိုင် ကချင်စာပေနှင့်ရိုးရာယဉ် ကျေးမှုကော်မတီတို့နဲ့ မြသီတာဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။ တွေ့ဆုံမှုမှာ ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ နိုင်ငံရေးလမ်းစဉ်အတိုင်းသွားကြဖို့ ပြောဆိုခဲ့ပါတယ်။ ဗန်းမော်ခရိုင် ကချင်စာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီတို့ ဘက်က လည်း လာမယ့်နိုဝင်ဘာလထဲမှာ ဗန်းမော်အောင်သာ ရပ်ကွက်မှာ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်တဲ့ မနောင်ကွင်းကြီးမှာ မနောင် ပွဲ ပြုလုပ်ဖို့အကြောင်း တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်အပါအဝင် အခြားတိုင်း နဲ့ ပြည်နယ်တွေမှာလည်း စစ်ကောင်စီရဲ့ နိုင်ငံရေးလမ်းစဉ်အတိုင်း ထိန်းချုပ်မှုအောက်မှာလိုက်နာကြဖို့ လိုက်လံစည်းရုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ https://burmese.kachinnews.c om/2023/09/22/yl1-118/

၃၀။ ကရင်နီတွင် လူသားချင်းစာနာမှုအကူအညီ တနှစ် ဒေါ်လာ ၁ သန်းခွဲခန့် လိုအပ်နေ
     September 22, 2023

ကရင်နီ (ကယား) ပြည်နယ်မှာ တနှစ်ကို လူသားချင်းစာနာမှုအကူအညီ အမေရိကန် ဒေါ်လာ တသန်းခွဲလောက် လိုအပ်နေကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)က  ထုတ်ပြန်ပါတယ်။ စစ်ဏာသိမ်းပြီးနောက် လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ကရင်နီပြည်နယ် နေရာအနှံ့ တိုက်ပွဲတွေ၊ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ ကရင်နီအရပ် သားတွေ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး  ဆိုးရွားစွာ သက်ရောက်မှုရှိလို့ လူသားချင်းစာနာမှုအကူအညီ နည်းပါးမှု ကြောင့်လည်း အကူအညီတွေ အရေးပေါ်လိုအပ်နေပါတယ်။ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်တဲ့  ကရင်နီပြည် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အခြေအနေနဲ့ပတ်သက်ပြီး ရှင်းလင်းပွဲမှာ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူး (၂)- ဗညားခွန်အောင်က ပြောပါတယ်။

“ကျနော်တို့ လက်ရှိအခြေအနေမှာ ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ဦးရေက တဆထက်တဆ တိုးလာတာပေါ့။ လျော့သွားတာမရှိဘူး။ အဲဒါကို သိစေချင်တယ်။ နံပါတ် ၂ က စစ်ပွဲတွေ အရမ်းပြင်းထန်တယ်။ အဲဒါကြောင့်မို့ humanitarians နဲ့ ဆက်စပ်ပြီး‌တော့မှလည်း တဖြည်းဖြည်း ကျပ်တည်းလာတယ်ပေါ့နော်။ ပြီးတော့ လူဦးရေဘယ် လောက်ကို ကျွေးမွေးပြီးတော့ အစာအာဟာရကို လိုအပ်လဲဆိုတဲ့ဟာတော့ သိစေချင်တယ်။ ဒုတိယတချက်က အကူ အညီတွေကို ပေးတဲ့နေရာမှာ ကျနော်တို့ က အမြဲတမ်းလိုလို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို အမြဲတမ်းတောင်းဆိုခဲ့တာရှိတယ်။ ဒါပေမဲ့ တော်တော် များများ ထင်သလောက် အဆင်မပြေဘူးပေါ့နော်။ အထူးသဖြင့် UN agency ရဲ့ respond က ကျနော်တို့ ပြောပြောနေတဲ့ လူထု ဆီ ရောက်ရှိဖို့အတွက် နောက်ပြီးတော့မှ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက်က အရမ်းကိုအားနည်း တယ်။ စစ်ကောင်စီနဲ့ဆက်ပြီးတော့မှ အလုပ်လုပ်တယ်။ စစ်ကောင်စီနဲ့ ဆက်ပြီးတော့မှ MOU ထိုးခြင်းဟာလည်း Humanitarian crisis ကို ဖြစ်ပေါ်စေနိုင်တယ်ဆိုတဲ့ဟာလည်း သိစေချင်တယ်ပေါ့နော်။ ” လက်ရှိအချိန်အထိ ကရင်နီပြည်နယ် အတွင်း စစ်ဘေးရှောင်စခန်း ၂၀၀ ကျော်ရှိပြီး အရပ်သားပြည်သူ  ၂၅၀,၀၀၀ လောက်အိုးအိမ်မဲ့ဖြစ်ခဲ့ရကာ အရပ်သား ၄၅၀ ကျော် သေဆုံးခဲ့ရကြောင်း ကရင်နီပြည်ရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာအဖွဲ့ရဲ့ အစီရင်ခံစာ အကျဉ်းချုပ်မှာ ဖော်ပြ ထားပါတယ်။ အဆိုပါပြည်တွင်းနေရပ်စွန့်ခွာရသူ အရပ်သားပြည်သူတွေကို လက်လှမ်းမီနိုင်တဲ့  နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီတွေ အရမ်းနည်းပါးနေပြီး စစ်ဘေးရှောင်စခန်းတွေမှာ  စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ ရိက္ခာမဟုတ်သော ပစ္စည်းတွေ ပြတ်လပ်နေကာ အကူအညီတွေ အရေးပေါ် အလိုအပ်နေကြောင်းလည်း ဆိုပါတယ်။ https://burmese.dvb.no /post/616232

၃၁။ ပျောက်ဆုံးနေသူအား တွေ့ရှိထားသည်ဟုဆိုကာ စစ်ကောင်စီတပ်ကြပ်ကြီးဆိုသူက မိသားစုထံ ငွေလိမ်
     September 21, 2023

မုန့်သွားဝယ်စားမည်ဟုဆိုကာ ပျောက်ဆုံးနေသည့် မြစ်ကြီးနားမြို့၊ ပလနကျေးရွာမှ ရှစ်တန်းကျောင်းသူကို တွေ့ရှိထား သည်ဟု ဆိုကာ ယမန်နေ့က စစ်ကောင်စီတပ်ကြပ်ကြီးဆိုသူက မိသားစုဝင်များထံမှ ငွေကြေးလိမ်လည်ခဲ့ကြောင်း သိရသည်။  တပ်ကြပ်ကြီး စိုးနိုင် ဆိုသူက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကြူကုတ်(ပန်ဆိုင်း)မြို့တွင် ပျောက်ဆုံးနေသူကို တွေ့ရှိထားသည်ဟု ဆို ကာ wave money မှတစ်ဆင့် ငွေကျပ် သုံးသိန်းခွဲလွှဲခိုင်းခဲ့ကြောင်း နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။“အစက ကွတ်ခိုင် ဂိတ်က တပ်ကြပ်ကြီးပါ၊ ကောင်ဒူဆိုင်းပန်နဲ့ ဘာတော်လဲဆိုပြီး ဖုန်းဆက်လာတယ်။ သူ့ကို (ပျောက်ဆုံးနေသူ) လူကုန်ကူးတဲ့ အမျိုးသမီးတစ်ယောက်က ခေါ်လာတာကို တွေ့လို့ ဖမ်းထားတာ၊ မှတ်ပုံတင် စစ်ကြည့်တော့ အသက်မပြည့်သေးလို့ သူခေါ်ထား တယ်၊ အုပ်ချုပ်ရေးမှူးကိုလည်း ဖုန်းဆက်ခဲ့ခိုင်းပါဆိုပြီး ပြောတာ။ ပြီးရင် ဒီနေ့ မြစ်ကြီးနားဘက်တက်မဲ့ ကားရှိတယ်၊ ကလေးကို ချက်ချင်း ပြန်ပို့ရမယ်၊ လမ်းစရိတ်နဲ့ ဦးစီးမှူးကို လက်ဆောင်ပေးဖို့ ပိုက်ဆံလွှဲလိုက်ဆိုပြီး လွှဲလိုက်တဲ့နောက် ဖုန်းကဆက်လို့မရ တော့ဘူး”ဟု ပြောသည်။ ပျောက်ဆုံးနေသူနှင့် စက်တင်ဘာ ၁၈ ရက်နေ့က ဖုန်းအဆက်အသွယ်ရရှိခဲ့ပြီး မူဆယ်မြို့တွင် ရောက် ရှိနေသည်ဟု ဖြေကြားခဲ့ကြောင်း အဒေါ်ဖြစ်သူက ပြောသည်။

“မိသားစုဝင်တွေရဲ့ ဖုန်းတော့ မကိုင်ဘူး၊ ဖုန်းသူစိမ်းနဲ့ ဆက်တာ ခဏလေး စကားပြောလိုက်ရတယ်။ သမီးဘယ်မှာလဲ လို့မေးတော့ မူဆယ်မှာတဲ့၊ တစ်ယောက်တည်းလားဆိုတော့ ဟုတ်တယ်လို့ပြောတာ၊ အသံကတစ်မျိုးကြီးပဲ၊ သူ့ကို ဟိုယောကျာ်း က ဘယ်လိုခြိမ်းခြောက်ထားလဲ မသိဘူး။ ပြီးရင် ဖုန်းတစ်ခါတည်း ပြန်ချလိုက်တာ၊ ဆက်လို့ မရတော့ဘူး။ အဲ့ဒါနဲ့ တပ်ကြပ်ကြီး ဆိုတဲ့သူ ပြန်ဆက်လာတော့ မူဆယ်ဖက်မှာဆိုတော့ ဟုတ်မှာပါဆိုပြီး မရှိတဲ့ကြားထဲကနေ ပိုက်ဆံချေးပြီး လွှဲလိုက်တာ” ဟု ပြောသည်။ ငွေလိမ်ခဲ့သော မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်) မြို့မှ တပ်ကြပ်ကြီး စိုးနိုင် ဆိုသူသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မှတ်ပုံတင်အမှတ် ၉/ မထလ (နိုင်) ၀၂၂၄၆၄၊ ဖုန်းနံပါတ် ၀၉၇၇၇၄၈၁၁၄၀ ကို ငွေလွှဲရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ ပျောက်ဆုံးနေသူအား တွေ့ရှိပါက ဖုန်းနံပါတ် ၀၀၉၄၅၉၄၅၉၀၆၂၊ ၀၉၄၅၆၃၀၆၁၈၂ သို့ ဆက်သွယ်အကြောင်းကြား စေလိုကြောင်း မိသားစုဝင်များက ဆိုသည်။ https://www.facebook.com/photo?fbid=629890636005275&set=a.535867 405407599

၃၂။ မူဆယ်မြို့နယ်က တိုက်ပွဲတွေအတွင်း သံဃာတစ်ပါးနဲ့ အရပ်သားတချို့ ဒဏ်ရာရ
    September 21, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ စက်တင်ဘာ ၁၇ ရက်ကန ၂၁ ရက်နေ့အထိ ငါးရက်အကြာဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း သံဃာတစ်ပါးနဲ့ အမျိုး သမီးနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တက်ဘာလ ၂၀ ရက်နေ့က မနက်ပိုင်းမှာ မူဆယ်မြို့နယ် တိန်းလုံကျေးရွာအုပ်စု အတွင်းက ဆုတောင်း တောင်ကုန်းမှာရှိတဲ့ ဘုန်းကြီးကျောင်းကို လက်နက်ကြီးကျည် ကျတာကြောင့် အဲဒီ ကျောင်းမှာ သီတင်းသုံးနေတဲ့ ကျောင်းထိုင် ဆရာတော်တစ်ပါး ဒဏ်ရာရခဲ့တယ်လို့ စယ်လန့်ရွာဒေသခံ ကိုစိုင်းက ပြောပါတယ်။ “ဆုတောင်း တောင်ကုန်း အနီးမှာက စစ်တပ်က ရှိနေတာ။ TNLA က တစ်ဖက်အဲမှာ အပြန်အလှန်လက်နက်ကြီးတွေနဲ့ ပစ်နေ ကြတယ်။ ဘယ်အဖွဲ့က ပစ်တဲ့လက်နက်ကြီး ကျတယ်ဆိုတာတော့မသိဘူး မနေ့က ဆုတောင်းတောင် ကျောင်းမှာ လက်နက် ကြီးကျတာ။ ဆရာတော်က တစ်ပါးတည်းနေတာဆိုတော့ ကိုယ်တိုင် ကားမောင်းပြီး ကြွလာမှ သိရတာ။ ပန်ခမ်းရွာ ဆေးခန်း ကနေ မူဆယ်ဆေးရုံကို ပြန်ပို့ပေးလိုက်တာ။ အခုလည်း ဒီနေ့လည်း ပစ်နေကြတုန်းပဲ အဲမှာက” ဆရာတော်ဟာ ဦးခေါင်း၊ လက်နဲ့ ခြေထောက်တွေမှာ လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရထားပြီး စိုးရိမ်ရတဲ့အခြေအနေတော့ မရှိဘူးလို့ဆိုပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့ကလည်း စန်းဆာရွာမှာ လက်နက်ကြီးကျတာကြောင့် အမျိုးသမီးနှစ်ဦး အနည်းငယ် ထိခိုက် ဒဏ်ရာရခဲ့ပြီး နေအိမ်နှစ်လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံကတွေက ပြောပါတယ်။ အခုလို လက်နက်ကြီးတွေနဲ့ အပြန် အလှန် ပစ်ခတ်နေတာကြောင့် စယ်လန့်ရွာနဲ့ နမ့်ကတ်ကျေးရွာအုပ်စုအတွင်းမှာ ပါဝင်တဲ့ ကျေးရွာ ရှစ်ရွာက ဒေသခံနှစ်ထောင်ဝန်းကျင် ဟာ မူဆယ်၊ နမ့်ခမ်းနဲ့ နီးစပ်ရာရွာတွေက ဘုန်းတော်ကြီးကျောင်းတွေထံ ထွက်ပြေးခိုလှုံနေကြရတယ် နမ့်ကတ်ရွာက ဒေသခံ တစ်ဦးက ပြောပါတယ်။ TNLA ဘက်ကတော့ မူဆယ်မြို့နယ်အတွင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲ ပြင်းထန်နေသလို စစ်ကောင်စီတပ်စခန်း တချို့ကိုလည်း TNLA ဘက်က တန်ပြန် ထိုးစစ်ဆင်နေတာရှိတယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ https://www.rfa.org /bur mese/news/muse-battle-monk-injured-092120230 50226.html

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button