သတင်း

ဌာနေပြည်သူ့စစ်တွေကို အသုံးချဖို့ တောင်ကြီးမြို့ကို စစ်ခေါင်းဆောင် ကိုယ်တိုင် စည်းရုံးရေးလာဆင်းမယ်

ဌာနေပြည်သူ့စစ်တွေကို အသုံးချဖို့ တောင်ကြီးမြို့ကို စစ်ခေါင်းဆောင် ကိုယ်တိုင် စည်းရုံးရေးလာဆင်းမယ်

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၁၅၊ ၂၀၂၃

ဌာနေပြည်သူ့စစ်တွေကို အသုံးချဖို့ ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် စည်းရုံးရေးလာဆင်းမယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

စစ်ခေါင်းဆောင်နဲ့အတူ စစ်ကောင်စီထိပ်တန်းတာဝန်ရှိသူတွေပါဝင်လာမယ့် အဖွဲ့ဟာ အခုရက်ပိုင်းအတွင်း တောင်ကြီး မြို့ကို လာရောက်မှာဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

အဲဒီနောက် ကျောက်တလုံးကြီးမြို့ရှိ PNOပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်ခမ်းထီရဲ့ နေအိမ်ကို သွားရောက်မှာဖြစ်သလို ရှမ်းပြည်နယ်တောင်ပိုင်းဒေသက ဌာနေပြည်သူ့စစ်တွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။

“အခုရက်ပိုင်းထဲလာမယ်၊ လုံခြုံရေးအင်အား အကုန်ထုတ်နှုတ်သုံးစွဲထားတယ်။ လှည့်ကင်းတွေလည်း အရင်ကထက် ခပ်စိပ်စိပ်လုပ်ခိုင်းထားတယ်။ Jummerကားတွေလည်း မြို့ထဲရောက်နေပြီ။ တစ်မြို့လုံးမှာလည်း လှည့်ကင်း တွေချထား တယ်”လို့ သတင်းရင်းမြစ်တစ်ဦးက FJMMကို ပြောပါတယ်။

နိုင်ငံတဝန်းလုံး တပ်ဖြန့်ကျက်ထားရသလို တပ်အင်အားပြုန်းတီးမှုနဲ့အတူ စိတ်ဓာတ်ရေးရာပါ ကျဆင်းနေတဲ့ စစ်ကောင်စီ တပ်ဟာ တိုင်းပြည်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဌာနေပြည်သူ့စစ်တွေ ပူးပေါင်းပါဝင် ပေးကြဖို့ စစ်ခေါင်းဆောင် ကိုယ်တိုင်စည်းရုံးတာတွေ လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ ဒေသတွင်းရှိ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ ခြောက်ဖွဲ့ရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သေးတယ်လို့လည်း သိရပါတယ်။

ပုံအညွှန်း – (ဦးအောင်ခမ်းထီနေအိမ်ကို ပြီးခဲ့တဲ့မတ်လ ၇ရက်က စစ်ခေါင်းဆောင်လာရောက်တွေ့ဆုံခဲ့ပုံ)

Related Articles

Back to top button