သတင်း

မြန်မာစစ်ဗိုလ်ချုပ်တွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ မလေးရှား ပြော၊ အာဆီယံမူ ၅ ချက်အပေါ် ပြန်လည် သုံးသပ်ဖို့ ရှိနေ

မြန်မာစစ်ဗိုလ်ချုပ်တွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ မလေးရှား ပြော၊ အာဆီယံမူ ၅ ချက်အပေါ်ပြန်လည်သုံးသပ်ဖို့ ရှိနေ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

စက်တင်ဘာ ၅ ရက်၊ ၂၀၂၃။

မြန်မာစစ်ဗိုလ်ချုပ်တွေကို ပြင်းထန်တဲ့အရေးယူမှုတွေလုပ်ဖို့ အာဆီယံထိပ်သီးဆွေးနွေးပွဲ အကြို ကျင်းပတဲ့ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးမှာ မလေးရှားက တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

မြန်မာဟာ ပြည်တွင်းစစ်ကြောင့် မတည်မငြိမ်ဖြစ်နေပြီး ငြိမ်းချမ်းရေးကို အားသွန်ခွန်စိုက်လုပ် နေရချိန်မှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုက ဒီလုပ်ငန်းစဥ်တွေကို ဟန့်တားပစ်ခဲ့တယ်လို့လည်း ထည့်ပြောပါတယ်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ ခပ်ပြတ်ပြတ်ပြောဆိုခဲ့မှုက မနေ့က စက်တင်ဘာ ၄ ရက်က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးမှာ ထင်ထင်ရှားရှားဖြစ်ခဲ့တာပါ။

မြန်မာစစ်ဗိုလ်ချုပ်တွေ ဆက်သွားနေတဲ့လမ်းကြောင်းကို ပြင်းထန်ထိရောက်တဲ့ အရေးယူမှုတွေ မလုပ်ဘဲခွင့် မပြုသင့်ဘူးလို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီအဒူဒါကီ ‌ကသတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။

တချိန်တည်းမှာပဲ မြန်မာစစ်ခေါင်းဆောင် ကိုယ်တိုင်သဘောတူထားတဲ့ မြန်မာ့အ‌ရေးဖြရှင်းဖို့ အာဆီယံ ဘုံ သဘောတူညီချက် ၅ ချက်ကို အကောင်အထည် မဖော်ဘူး ဆိုတဲ့ ပြစ်တင်ဝေဖန်မှုတွေကို ပြောခဲ့ကြ တဲ့နောက် အခုကျင်းပနေတဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ အာဆီယံမူ ၅ ချက်အပေါ် ဘယ်လောက် အကောင် အထည်‌‌ ဖော်လဲ ဆိုတာကို ပြန်လည် သုံးသပ်ဖို့ ဒေသတွင်း ခေါင်းဆောင်တွေ ဆွေးနွေးကြဖို့ ရှိပါတယ်။

တဘက်မှာလည်း အခု အာဆီယံ အစည်းအဝေးကျင်းပနိုင်ဖို့ ရက်ပိုင်းအလိုမှာပဲ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာ စက်တင်ဘာ ၁ ရက်ကစပြီး ၃ ရက်နေ့အထိ ၃ ရက် ကြာကျင်းပခဲ့တဲ့ အာဆီယံ လူထုဖိုရမ် APF 2023 ကနေ မြန်မာစစ်တပ်ကို အကြမ်းဖက် အဖွဲ့ အဖြစ်သတ်မှတ်တယ်ဆိုပြီး ကြေညာခဲ့ပါတယ်။

ဘရူနိုင်း ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တီမောလက်စ် နဲ့ ဗီယက်နမ် စတဲ့အာဆီယံဒေသတွင်းနိုင်ငံတွေက အရပ်ဘက်အဖွဲ့တွေ စုဝေးဆွေးနွေးကြတဲ့ အဲဒီဖိုရမ် မှာ နိုင်ငံအလိုက် ကိုယ်စားပြုသူတွေက ကြေညာချက်ကို ဖတ်ကြားခဲ့ကြတာပါ။

မြန်မာစစ်တပ်ဟာ အင်တာနက်ဖြတ်တောက်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ အတင်း အဓမ္မပျောက် ဆုံးစေမှု(လက်စ‌ ဖျောက်မှု)၊ လူမျိုး တုံးသတ်ဖြတ်မှုစတဲ့ လူသားမျိုးနွယ် တွေပေါ်မှာ စစ်ရာဇဝတ်မှု တွေကို ကျူးလွန်နေတယ်လို့ ထည့် ပြောပြီး ဒီလုပ်ရပ်တွေက ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်ရေး ကိုခြိမ်းခြောက်နေတာကြောင့် အခုလို ကြေညာတာ ဆိုပြီး ‌ထည့်ပြောပါတယ်။

တိုင်းရင်းသားနိုင်ငံရေး သုတေသီ ဒေါက်တာပညာမွန်ကတော့ မြန်မာစစ်တပ်ကို အခုလို အကြမ်းဖက် အဖွဲ့အဖြစ် အာဆီယံလူထုဖိုရမ် APF 2023 ကနေ ကြေညာတာဟာ သက်ဆိုင်ရာ နိုင်ငံကိုယ်စားပြုတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေမှာ ဥပဒေလမ်းကြောင်းအရ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက် မှုတွေနဲ့ ပတ်သက်ပြီး မှတ်တမ်းတွေ သက်သေအချက်အလက်တွေ ရှိထားပြီးဖြစ်လို့ ကြေညာတာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။

ဒါပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံ အစိုးရ ခေါင်းဆောင်တွေဘက်က မြန်မာစစ်တပ်ကို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။ အဓိက အကြမ်းဖက်အဖွဲ့ဖြင့် ကြေညာခဲ့မယ် ဆိုရင် မြန်မာစစ်တပ်နဲ့ နိုင်ငံရေးလမ်းအကြောင်းအရ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းနဲ့ မြန်မာ့ အရေး ဖြေရှင်းနိုင်ဖို့ အကောင်အထည် ဖော်နေတဲ့ လမ်းတွေက ပိတ်ပင် သွားနိုင်တာကြောင့်လို့ FJMM ကို မှတ်ချက်ပြုပါတယ်။

ကိုးကား – BBC

ဓါတ်ပုံ – Reuters / Getty

Related Articles

Back to top button