မြဝတီခရိုင်ရုံး ဒရုန်းနဲ့ဗုံးချခံရ ဒုဗိုလ်မှူးကြီး တစ်ဦးအပါအဝင် (၅) ဦးသေဆုံး၊ (၁၁) ဦးခန့် ထိခိုက်ဒဏ်ရာရ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၄ ရက်၊ ၂၀၂၃။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ခရိုင်ရုံး ဒရုန်းနဲ့ဗုံးကြဲချခံခဲ့ရတဲ့အတွက် ဒုဗိုလ်မှူးကြီး အောင်ကျော်မင်း အပါအဝင် (၅) ဦးသေဆုံးပြီး (၁၁) ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
စက်တင်ဘာလ(၃) ရက်နေ့ ညနေ (၆) နာရီ (၄၀) ခန့်မှာ မြဝတီမြို့နယ်ခရိုင်ရုံး ဒရုန်းနဲ့ ဗုံးကြဲခံခဲ့ရပြီးနောက် စစ်တပ်နဲ့ထွေအုပ်တို့ လာရောက်စစ်ဆေးစဉ် ည (၈) နာရီခန့်တွင် ထပ်မံဗုံးကြဲချတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
” ပထမညနေ၆နာရီ ၄၀မှာ အသံ ၂ချက် ကြားတယ်…..အဲ့အသံကြားပြီးတော့ ည၈နာရီ လောက်မှာ ရှင်းလင်းရေးလုပ်ဆောင်နေစဥ် ဒရုန်းနဲ့ထပ်မံ တိုက်ခိုက်ခံရတာ ဖြစ်ပါတယ် ” လို့ ဒေသခံတစ်ဦးမှ FJMM ကိုပြောပါတယ်။
ဗုံးကြဲခံခဲ့ရတဲ့အတွက် စစ်ကောင်စီ ဒုဗိုလ်မှူးကြီး အောင်ကျော်မင်း၊ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ခရိုင်ဦးစီး ဦးထွန်းထွန်းငြိမ်း၊ထွေအုပ်စာရေး ဦးပြည့်ဖြိုးအောင်၊ ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့ သေဆုံးသွား တယ်လို့ ဒေသတွေ ထံမှ သိရပါတယ်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်ထဲမှာတော့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ဦးစီး ဦးထွန်းထွန်းငြိမ်းနှင့် ထွေအုပ်ရေး ဦးပြည့်ဖြိုးအောင် တို့ (၃) ဦးသာ သေဆုံးပြီး (၁၃) ဦး ထိခိုက် ဒဏ်ရာ ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်တလောမှာတော့ ထိခိုက်ဒဏ်ရာရရှိသူတွေကို မြဝတီဆေးရုံမှာ ဆေးကုသပေးနေပြီး တချို့ကိုလည်း မဲဆောက်ဆေးရုံးကြီးသို့ ပြောင်းရွေ့ကုသနေတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – CJ