သတင်း

ကုလ လူသားချင်းစာနာမှုအဖွဲ့ (OCHA)ကို အရပ်ဘက်လူထု အဖွဲ့အစည်း ၅၁၄ ဖွဲ့ က ဘာတွေတောင်းဆိုလဲ

စစ်အုပ်စုကို ယုံကြည်လက်ခံမှုနှင့် အဆင့်အတန်း တစ်ခုထိ တိတ်တဆိတ် ပေးအပ်လာခြင်း မပြုလုပ်ဖို့ ကုလ လူသားချင်းစာနာမှုအဖွဲ့ (OCHA)ကို အရပ်ဘက်လူထု အဖွဲ့အစည်း ၅၁၄ ဖွဲ့တောင်းဆို

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဩဂုတ် ၂၅ ရက်၊ ၂၀၂၃။

စစ်အုပ်စုကို ယုံကြည်လက်ခံမှုနှင့် အဆင့်အတန်း တစ်ခုထိ တိတ်တဆိတ် ပေးအပ်လာခြင်း မပြုလုပ်ဖို့ ကုလ လူသားချင်းစာနာမှုအဖွဲ့ (OCHA)ကို အရပ်ဘက်လူထု အဖွဲ့အစည်း ၅၁၄ ဖွဲ့တောင်းဆိုလိုက်ပါတယ်။

အခုလို လုပ်ဆောင်လာမှုဟာ OCHA အနေဖြင့် မအောင်မြင်နေတဲ့ လူသားချင်းစာနာထောက်ထားမှု ပုံစံများကို ပြန်လည်အသက်သွင်းရန် မတတ်နိုင်တော့သဖြင့် တရားမ၀င် စစ်အုပ်စုကို ယုံကြည် လက်ခံမှုနှင့် အဆင့်အတန်း တစ်ခုကို တိတ်တဆိတ် ပေးအပ်လာခြင်း ဖြစ်နေတယ်လို့ အရပ်ဘက် လူထုအဖွဲ့အစည်းတို့က ထောက်ပြထားပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်နက် သဖွယ် အသုံးချနေခဲ့သည့် ရှည်လျားသော သမိုင်းကြောင်းရှိပြီး ကုလသမဂ္ဂ အေဂျင်စီများအနေဖြင့် စစ်တပ်က ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများတွင် ကြံရာပါအဖြစ် ပါ၀င်နေကြောင်း ဝေ ဖန်ပြစ်တင် ခံနေရသော်ငြား ယင်းလုပ်ဆောင်မှုများမှာ လက်လှမ်းမီရေးဆိုသည့် ခေါင်းစဥ်ဖြင့် လုပ်ဆောင်ခဲ့နေကြတယ်လို့လည်း ပြောထားပါတယ်။

ဒါ့ကြောင့် ကုလလူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်း (OCHA) အနေဖြင့် ဆန်းသစ်တီထွင်မှုရှိရှိဖြင့် ဒေသန္တရ ဝန်ဆောင်မှု ပေးသူများကို ပံ့ပိုးကူညီပေးရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ တရားဝင်မှုရှိသော ပါဝင်သက်ဆိုင်သူများနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပြီး တရားမဝင် စစ်အုပ်စုက ကျူးလွန်ထားသော ရက်စက်ကြမ်းကြုတ်လှသည့် နိုင်ငံတကာရာဇ၀တ်မှုများ၏ ဒဏ်ကို ခံရသည့် ထိခိုက်နစ်နာသော လူထုအသိုင်းအဝိုင်းများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အထိရောက်ဆုံးနှင့် အကျယ်ပြန့်ဆုံး ပေးအပ်နိုင်ရေးကို သေချာစွာ လုပ်ဆောင်နိုင်ဖို့လိုတယ်လို့ ထုတ်ပြန်ချက်ကနေတဆင့် အရပ်ဘက် လူထုအဖွဲ့အစည်းများက တိုက်တွန်းထားပါတယ်။

ဓါတ်ပုံ – Getty Images

Related Articles

Back to top button