သတင်း

စစ်ဆေးဖမ်းဆီးမှုကြမ်းသော ဖားအံ သံလွင်တံတားဂိတ် ပေါက်ကွဲမှုဖြစ်

စစ်ဆေးဖမ်းဆီးမှုကြမ်းသော ဖားအံ သံလွင်တံတားဂိတ် ပေါက်ကွဲမှုဖြစ်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင် ၃၁ရက်၊ ၂၀၂၃။

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ သံလွင်တံတားစစ်ဆေးရေးဂိတ်မှာ ယနေ့နံနက် ၆နာရီ ၄၀ ခန့်လောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် စစ်ဆေးရေးပြုလုပ်နေသည့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် အချို့ထိခိုက်မှုရှိနိုင်ပြီး ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာတွင် အရေးပေါ်ကယ်ဆယ်ရေး ကားများ သွားလာနေတယ်လို့ ဒေသခံတစ်ဦးမှ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သလို လက်ရှိအချိန်တွင် သံလွင်တံတား ဖြတ်သန်း သွားလာမှုကို စစ်ကောင်စီဘက်မှ ပိတ်ထားတယ်လို့ သိရပါတယ်။

” တံတားကိုတော့ ပိတ်ထားတုန်းပဲ။ ကားတွေကတော့ မော်လမြိုင်ဘက်ကနေ ဖားအံကို ပတ်သွားနေတယ် ” လို့ ဒေသခံတစ်ဦးမှ FJMM ကိုပြောပါတယ်။

ထိုသံလွင်တံတားပေါ်တွင် ဖမ်းဆီးစစ်ဆေးမှုများနှင့်ပတ်သက်၍ နာမည်ကြီးသည့် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်ပြီး တံတားပေါ်တွင် ဖြတ်သန်းသွားလာသည့် ပြည်သူလူထုယာဉ်များအားလုံးကို ယာဉ်ပေါ်မှ ဆင်းခိုင်းကာ မှတ်ပုံတင် နှင့်လက်ကိုင်ဖုန်းထဲရှိ အချက်အလက်များကို စစ်ဆေးလေ့ရှိပါတယ်။

ထို့အပြင် လက်ကိုင်ဖုန်းထဲတွင် နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့အကြောင်းအရာများတွေ့ခဲ့ရင် ငွေညစ်တောင်းခံခြင်းများလည်းရှိသလို လူငယ်များစွာမှာလည်း မကြာခဏ ဖမ်းဆီးခံနေတဲ့ ဂိတ်တစ်ခုဖြစ်ပါတယ်။

Photo – CJ

Related Articles

Back to top button