ဆောင်းပါးအတွေးအမြင်

ဒီမိုကရေစီပုံစံမျိုးစုံအတွက် ဖွဲ့စည်းပုံအင်စတီကျူးရှင်းဒီဇိုင်း- သီးခြားပြည်ထောင်များ စုစည်းထားသောစနစ် | အပိုင်း (၅)

ဒီမိုကရေစီပုံစံမျိုးစုံအတွက် ဖွဲ့စည်းပုံအင်စတီကျူးရှင်းဒီဇိုင်း- သီးခြားပြည်ထောင်များ စုစည်းထားသောစနစ် (consociationalism)၊ centripetalism စနစ်နှင့် ဘုံဝါဒ communalism စနစ်များကို နှိုင်းယှဉ်ခြင်း | အပိုင်း (၅)

ရေးသူ | ဘင်ဂျမင် ရေလီ (Benjamin Reilly)

Crawford School of Economics and Government, The Australian National University,

(Reilly, 2006).

နိဂုံး

လက်တွေ့တွင် ထို consociationalism, centripetalism နှင့် communalism ခေါ် နိုင်ငံရေး ဖွဲ့စည်းပုံ မော်ဒယ်သုံးခုကို ကြည့်လျှင် နိုင်ငံရေးဆေးညွှန်းများနှင့်သာတူပြီး လက်တွေ့တွင် တသဝေမတိမ်း အကြံပေးသည့်တိုင်း တစ်ထပ်တည်းလုပ်ရန်၊ တစ်ထပ်တည်း အကျိုးရလဒ် မြင်ရရန် မဖြစ်နိုင်သည်ကိုလည်း သတိချပ်ရပေမည်။

ဇယား ၁ တွင် ဖော်ပြထားသော ထိုဆေးနည်းများကို သင့်သလို ရောစပ်သုံးကြသည့် နိုင်ငံများစွာလည်းရှိကြပါသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆေးဖော်စပ်ပုံကွဲပြားကြသော်လည်း consociationalism, centripetalism နှင့် Communalism တို့ကို ရည်ညွှန်းကြသူများတွင်  ကျယ်ပြန့်သောကိစ္စများတွင်မူ  ဘုံနားလည်မှုများလည်း ရှိကြပါသည်။ ဥပမာ- သူတို့အားလုံး ယေဘူယျအားဖြင့် သဘောမျှကြသည့်ကိစ္စမှာ နိုင်ငံရေးရလဒ်ကောင်းကို မြင်ရန်အတွက် နိုင်ငံရေးအင်စတီကျူးရှင်းများ၏ စွမ်းဆောင်ရည်က အရေးကြီးကြောင်း၊ ထိုဖြစ်စဉ် ချောမွေ့သည့် နိုင်ငံရေးစနစ်ဖြစ်စေရန် မည်သို့ ဒီဇိုင်းရေးဆွဲ တည်ဆောက်ထားသည်ဆိုသောအချက်က အရေးကြီးကြောင်း သဘောတူကြပါသည်။

တိုင်းရင်းသားလူမျိုးများ စိတ်ဝမ်းကွဲကြသော လူ့အဖွဲ့အစည်းမျိုးတွင် တင်းမာနေသည့် ပဋိပက္ခများ လျော့ကျသွားရန် လည်းကောင်း၊ ထိုတင်းမာမှုများ ပေါက်ကွဲလာတတ်သည့် အဖြစ်မျိုးရောက်သွားစေရန် အတွက်လည်းကောင်း နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲစနစ်များကဲ့သို့ အင်စတီကျူးရှင်းများက လုပ်နိုင်ကြောင်းကိုလည်း  လက်ခံထား ကြပေသည်။

နောက်ထပ် သဘောမျှကြသည့်အချက်တစ်ခုမှာ တိုင်းရင်းသားလူမျိုးစုများ၏ ဖြစ်တည်မှုကို မေ့ဖျောက်ပစ် လျစ်လျူရှုပစ်လိုက်၍ မရဘဲ နိုင်ငံရေးစနစ်ထဲတွင် တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းခြင်းကသာလျှင် အကျိုးများဖွယ်ဟု ယူဆကြခြင်းပင်။

အနိမ့်ဆုံးအဆင့် အစိုးရဖွဲ့စည်းပုံအားဖြင့် အမျိုးမျိုး ရှိကြသည့်တိုင်အောင် မည်သည့်ပုံစံတွင် ဖြစ်စေ ဆုပ်ဆုပ်ကိုင်ကိုင်စုစည်းမှုရှိကြ‌သော လူမျိုးစုများကို တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော် လည်းကောင်း အာဏာခွဲဝေအပ်နှင်းခြင်းရှိရမည်ဟူသော အချက်ကို လက်ခံကြပေသည်။ ဥပမာ- consociationalists နှင့်Centripetalists မော်ဒယ်နှစ်ခုစလုံးသည် တိုင်းရင်းသားလူမျိုးစုံပါဝင်သော ညွန့်ပေါင်းများ ထွက်ပေါ်လာခြင်းကို အားပေးကြသည်။

ထိုပုံစံကသာလျှင် လူမျိုးစု အကွဲအပြဲများသော လူ့အဖွဲ့အစည်းမျိုးတွင် လူတိုင်းနှစ်လိုလက်ခံနိုင်သော အာဏာခွဲဝေမှုပုံစံ ဖြစ်လိမ့်မည်ဟု ယူဆကြသည်။

ခေတ်သစ်တွင် ထိုမော်ဒယ်သုံးမျိုးကို လက်တွေ့ကျင့်သုံးကြရာ၌  သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၌ ပဋိပက္ခများမည်မျှအထိ ဆိုးရွားနေသည် ဟူသောအချက်က များစွာ စကားပြောပေသည်။ ဘော့စနီးယား၊ မြောက်အိုင်ယာလန်နှင့် အီရတ် တို့ကဲ့သို့ ပဋိပက္ခနှင့် စစ်ပွဲများအလွန် အကွဲအပြဲများလှသော လူ့အဖွဲ့အစည်းများရှိ နိုင်ငံရေးစနစ်များတွင် consociationalism ၏ စရိုက်လက္ခဏာများကို အများဆုံးတွေ့ရသည်။

သို့သော် ထိုသို့ဖြစ်လာရသည့် အကြောင်းကိုကြည့်လျှင် ကုလသမဂ္ဂက ပဋိပက္ခလွန် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းများတွင် PR စနစ်ကို ပို၍ အားပေးခြင်းကြောင့် ဖြစ်လာရသည်ဟု ဆိုနိုင်သည်။ လောလောလတ်လတ် အပြီးသတ်ထားသော ပဋိပက္ခအပြီးတွင် အာဏာခွဲဝေမှုရှိသည့် အစိုးရများဖြစ်နေအောင် ကုလက ဦးစားပေးခြင်းကြောင့်ဟု ဆိုနိုင်သည်။

ဇယား ၁ Consociationalism, centripetalism နှင့် communalism တို့ကိုနှိုင်းယှဉ်ခြင်း

Consociationalism centripetalism communalism
‌ရွေးကောက်ပွဲများ PR စနစ်ဖြင့် မဲဆန္ဒနယ်ကြီးများသတ်မှတ်၊ အုပ်စုအသီးသီးကိုယ်စားပြုမှု အချိုးများ အမြင့်ဆုံးရနိုင်အောင်စီစဉ် မဲရေသောအခါ မိမိနယ်က ထောက်ခံမှုကိုသာမဟုတ်

အခြားလူမျိုးစုနဘ်များမှ ထောက်ခံမှု

အပေါ်တွင်ပါ မူတည်နေသဖြင့် နိုင်ငံရေးသမားများအနေနှင့်သွေးကွဲစကားမပြောနိုင်

တိုင်းရင်းသားလူမျိုးတစ်စုထဲမှ မဲပေးခွင့်ရှိသူ စာရင်း၊ လွှတ်တော်နှင့်အစိုးရအဖွဲ့အတွင်း ဘာသာခြား၊ လူမျိုးခြား အလိုက်ခွဲခြားပြီးနေရာပေးထားသည့်စနစ်၊
ပါတီများ အပိုင်းပိုင်းဖြစ်နေသော လူ့အဖွဲ့အစည်းတစ်ခုစီကို ကိုယ်စားပြုသောပါတီများ လူမျိုးစုကိုအခြေမခံသောပါတီ၊ လူမျိုးစုများစွာပါဝင်ဖွဲ့စည်းထားသောပါတီ၊

ညွန့်ပေါင်းမဟာမိတ်ပါတီ၊

ရွေးကောက်ပွဲတွင် မိမိတို့ လူမျိုးစုအတွက် သတ်မှတ်ထားသော ပေးထားချက်များအရ ရွေးကောက်ခံသော လူမျိုးစု ကိုယ်စားပြုပါတီများ
အစိုးရ ကက်ဘိနက် မဟာညွန့်ပေါင်းအစိုးရများ၊ လူနည်းစုကို ဗီတိုအာဏာ ပေးထား လူမျိုးစု မျိုးစုံပါဝင်သော ညွန့်ပေါင်းအစိုးရများ၊ လူနည်းစုကို ဗီတိုအာဏာ မပေးထား တိုင်းရင်းသာလူမျိုးစုများအတွက် ကြိုတင်ပြဌာန်း သတ်မှတ်ထားသော မဲအရေအတွက်အတိုင်း၊ အမတ်နေရာများအတိုင်းသာပါဝင်ခွင့်ရှိ
ဗဟိုမှ အာဏာ ခွဲ‌ဝေပေးခြင်း လူမျိုးစုကို အခြေခံသော ကိုယ်ပိုင်ပြဌာန်းခွင့်ကိုပေး၊ လူမျိုးစုဖယ်ဒရယ်စနစ်  ကျင့်သုံး ဖယ်ဒရယ်စနစ် ကိုကျင့်သုံးသော်လည်း လူမျိုးစုကိုအခြေမခံ၊ ပေးထားသော ကိုယ်ပိုင်ပြဌာန်းခွင့်မှာ လူမျိုးစုကို အခြေမခံ ကျောသားရင်သားခွဲထားခြင်း

အခြားနေရာများတွင်မူ ယင်းကဲ့သို့ အဖြစ်မဆိုးလှပါ။ ကမ္ဘာ့ဒေသများစွာတွင် တိုင်းရင်းသား လူမျိုးစုအပေါ် အခြေခံကာစဉ်းစားသော ရွေးကောက်ပွဲစနစ် consociationalismမော်ဒယ်များကို ကျင့်သုံးခဲ့ကြသူများပင်လျှင် ပြုလွယ်ပြင်လွယ် လူမျိုးစု ဖွဲ့စည်းပုံအရောအနှောဖြစ်လွယ်သော  centripetal မော်ဒယ်များဘက်သို့  ရွေ့လာကြသည်။ သို့ဖြစ်ရာ မကြာသေးမီနှစ်များတွင် အာရှ အပါအဝင်နေရာများစွာ၌ consociational မော်ဒယ်ကိုစွန့်သွားကြသည့် ဖြစ်စဉ်များ အထင်ကရရှိလာကြပြီး ၎င်းတို့နေရာတွင် centripetal မော်ဒယ်အောက်မှ အင်စတီကျူးရှင်းများက အစားထိုးဝင်ရောက်လာပေသည်။

————————–

Benjamin Reilly သည် East-West Center adjunct Senior Fellow တစ်ဦးဖြစ်သည်။ အင်ဒိုပစိဖိတ်ဒေသဆိုင်ရာ ပြည်သူ့ရေးရာမူဝါဒနှင့် နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်ပြီး သုတေသနပြုသူတစ်ယောက် ဖြစ်သည်။ ထို့ပြင် the University of Western Australia, Dean of the Sir Walter Murdoch School တို့တွင် နိုင်ငံရေးသိပ္ပံ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ Centre for Democratic Institutions in the Crawford School of Public Policy at the Australian National University တွင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဩစတေးလျအစိုးရ၊ ကုလသမဂ္ဂ နှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများတွင်လည်း လုပ်ကိုင်လျက်ရှိသည်။ ထို့ပြင် သူသည် democratization, comparative politics and political development ဘာသာရပ်တွေကို အထူးပြုပြီး လေ့လာနေသော နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦး ဖြစ်သည်။ လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၂၀ ကျော်အား ရွေးကောက်ပွဲစနစ်နှင့် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စများကို အကြံပေးလျက်ရှိသည်။

Related Articles

Back to top button