သတင်း

စစ်ကောင်စီခန့်အပ်ထားတဲ့ သရက်ချောင်းမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

စစ်ကောင်စီခန့်အပ်ထားတဲ့ သရက်ချောင်းမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

ဖက်ဒရယ်ဂျာနယ် မြန်မာ။

ဇူလိုင် ၄ရက်၊ ၂၀၂၃။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကဇိကျေးရွာက စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဇူလိုင်လ ၃ရက်နေ့က ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မနေ့က ညနေ ၅ နာရီဝန်းကျင်လောက်မှာ ကဇီကျေးရွာ ဦးညိုစိုးနေအိမ်မှာရှိနေချိန် အမည်မသိအဖွဲ့က ဆိုင်ကယ်နဲ့ လာရောက်ပစ်သတ်သွားတာကြောင်း သိရပါတယ်။

ပစ်သတ်ခံရသူ ဦးညိုစိုးမှာ အသက် ၅၀ ဝန်းကျင်ရှိပြီး စစ်ကောင်စီတပ်များထံကို သတင်းပေးပို့ နေခြင်းကြောင့် ပစ်သတ်ခံရကြောင်း ဒေသခံ ပြည်သူတစ်ဦးမှ ပြောပါတယ်။

မည်သည့် အဖွဲ့အစည်းက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့လကလည်း ကျေးရွာ ၂ရွာရှိ ပျူစောထီးတစ်ဦး နှင့် ဒလံတစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့သော်လည်း မည်သည့် အဖွဲ့အစည်းက ပြုလုပ်ကြောင်းကို ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပါ။

Photo – CJ 

Related Articles

Back to top button