သတင်း

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မူးမြို့နယ်အတွင်းရှိ ပြည်သူ (၂) ဦးဒဏ်ရာရရှိကာ နေအိမ် (၄) လုံး ပျက်စီးခဲ့ရပြီး ပြည်သူ (၁၄၅၆)ဦးခန့် ထွက်ပြေးတိမ်းရှောင်နေရ

ဖက်ဒရယ်ဂျာနယ်မြန်မာ (ဇူလိုင် – ၂ )

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့ နံနက် (၄) နာရီအချိန်ခန့်တွင်ဝင်ရောက်ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၄) လုံး၊ နွားတဲ (၁) လုံး နှင့် မြက်ရိတ်စက် (၁) လုံး ပျက်စီးခဲ့ကြောင်းသိရသည်။

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များသည် ကေအဲန်ယူ−မူးမြို့နယ်အတွင်းရှိ ရေတွင်းကုန်း ကျေးရွာမှတစ်ဆင့် ဝင်ရောက်လာကာ ပြည်သူလူထုများအား လက်နက်ကြီး (၃၂) လုံးအပြင် လက်နက် ငယ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် စောစိုးမိုးခိုင် အသက် (၄၂) နှစ် နှင့် စောခါဒူ အသက် (၃၀) နှစ် တို့ (၂) ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရေတွင်းကုန်းနှင့် ဥသျှစ်ကုန်း ရွာအတွင်းရှိ လူနေအိမ် (၄) လုံး မှာလည်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့ရသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ရေတွင်းကုန်းကျေးရွာ၊ ဥသျှစ်ကုန်း ကျေးရွာနှင့် အုန်းပင်စုကျေးရွာများအတွင်းရှိ အိမ်ခြေ စုစုပေါင်း (၂၉၁) လုံးမှ လူဦးရေ (၁၄၅၆)ဦး ခန့်မှာ ကြောက် လန့်ပြီး အသက်ဘေးလွတ်ရာသို့ထွက် ပြေးတိမ်းရှောင်နေကြရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓါတ်ပုံ−ကေအဲန်ယူ-ဗဟို

Related Articles

Back to top button