သတင်း

၄၇ နှစ်မြောက် ဆလိုင်းတင်မောင်ဦး အထိမ်းအမှတ်နေ့အစွဲပြုပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တော်လှန် နိုးဆော်သံ ICNCC ထုတ်ပြန်

ဓါတ်ပုံ – Getty Images

ဖက်ဒရယ်ဂျာနယ် မြန်မာ

ဇွန် ၂၆ ရက်၊ ၂၀၂၃။

ဒီကနေ့ ၄၇ နှစ်မြောက် ဆလိုင်းတင်မောင်ဦး အထိမ်းအမှတ်နေ့အစွဲပြုပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တော်လှန်ရေး နိုးဆော်သံ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)က ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်အံတုခဲ့သည်ကိုအကြောင်းပြု၍ ၁၉၇၆ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် စစ်အာဏာ ရှင်အုပ်စုက ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးအား ရက်စက်စွာ ကြိုးပေးကွပ်မြတ် ခဲ့တာဟာ ဒီကနေ့ ဆိုရင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၇ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

ဆလိုင်းတင်မောင်ဦးက စစ်အာဏာရှင်တို့ရဲ့ ကြိုးပေးကွပ်မြတ်ခြင်း မပြုမီ“စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး (I will never kneel down under military boots.)” ဟူ၍ ၎င်းအား ကြိုးပေး ကြိုးပေး ကွပ်မြတ်ရန် ပြင်ဆင်နေသည့် စစ်အာဏာရှင် လက်ပါးစေများကို ပြတ်ပြတ်သားသား ပြောကြားခဲ့တဲ့အပြင် “မင်းတို့ ငါ့ရဲ့ခန္ဓာကိုယ်ကိုသတ်လို့ရချင်ရမယ်။ ဒါပေမယ့် ငါ့ရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ မရနိုင်ဘူး (You can kill my body but you can never kill my belief and what I stood for.)” ဟူ၍ ရဲရဲတောက် ပြောကြားခဲ့တာပါ။

ဆလိုင်းတင်မောင်ဦး လုပ်ဆောင်ချက် ရပ်တည်ချက်ကို အစွဲပြုပြီး စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် နည်းမျိုးစုံ ဖြင့်ကျရာ ကဏ္ဍအသီးသီး၌ ပါဝင်ဆောင်ရွက် နေကြသူများအားလုံးအနေဖြင့် ဆလိုင်းတင်မောင်ဦး၏ ပြောကြား ချက်များကို ရင်ဝယ်ပိုက်ပြီး ရှေ့ဆက်ချီတက် ကြဖို့ အလေးအနက် တိုက်တွန်းတယ်လို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ (ICNCC) က တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ် မချုပ်ငြိမ်းသေးသရွေ့ ကာလပတ်လုံး ချင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသူ နိုင်ငံသား များဟာ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် လုံခြုံငြိမ်းချမ်းခြင်းများကို ရရှိခံစားနိုင်မှာ မဟုတ်သလို တရားမျှတမှုနှင့် လွတ်လပ်ခြင်း မရှိလျင် စစ်မှန်သည့်လုံခြုံငြိမ်းချမ်း မှုနှင့် ပြည်သူလူထု ၏ကိုယ်ပိုင်ပြဌာန်း ရွေးချယ်နိုင်ခွင့်များ မည်သည့်အချိန်တွင်မျှ ရရှိလာနိုင်လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တော်လှန်နိုးဆော်သံအဖြစ် ချင်းလူမျိုး များအပါအဝင် မြန်မာ နိုင်ငံသူ နိုင်ငံသား များအတွက်သာမက၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် အံတုကြ သူတိုင်း စံနမူနာထားလေးစား အသိအမှတ်ပြုကာ ပြည်ထောင်စု မြန်မာနိုင်ငံတဝှမ်းလုံးတွင် ဆလိုင်း တင်မောင်ဦး အထိမ်းအမှတ်နေ့ကို နှစ်စဥ်ကျင်းပပြုလုပ်နိုင်ရန် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) က တိုက်တွန်းထားပါတယ်။

Related Articles

Back to top button