ကဗျာ

မှိုင်း အလွမ်း

မှိုင်း အလွမ်း

ပညာရှိ ပညာရှာ ပညာသဘာ အခြေမြင့်တာမို့
ဝေစွင့်ခဲ့ သမိုင်းမှာ မှိုင်းဆရာ ပုဂ္ဂိုလ်ထူး ။

သီလမဟာ သမာဓိတည်တာမို့
ညီမျှစွာ ယောကျ်ားဘုန်း အရောင်လျှံဝေကာထူး
ပြည်လှမြန်မာမှာ ဒေါင်းမာန်ဟုန်တွေနဲ့ အတောင်အပံတွေပါမြူး ။

ယခုသော် အမှုမပေါ်
ပြည်ဗမာ မှေးမှိန်ပျောက်ချိန်မို့
သေးသိမ်သလောက် စိတ်တွေမှာလည်း ကျွန်ဇာတာကူး ။

အို …… အဘရေ ရင်နာမိပါရဲ့
မူးမြင်တာ မြစ်ထင်သူတွေကြား
ဆရာ့ ဆရာကို တမ်းတ လွမ်းလှပါလို့
မှန်းစ၍ ဦးတင်ကာ ဖူး ။

– ဇာတိမာန်

Related Articles

Back to top button