သတင်း

KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီ၏ မီးရှို့ဖျက်စီးမှုကြောင့် ခရစ်ယာန်ဘုရားကျောင်းနှင့် စာသင်ကျောင်းများ အပါအဝင် အရပ်သားနေအိမ်များစွာ ပျက်ဆီး

Photo – KNU

ဖက်ဒရယ်ဂျာနယ် မြန်မာ

မေလ ၁၁ရက်၊ ၂၀၂၃။

KNU တပ်မဟာ ၃ ခလယ်လွီထူးခရိုင် လယ်ဒိုမြို့နယ်တွင် စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်စီးမှုကြောင့် နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း၊ မူကြိုကျောင်း ၁ကျောင်း၊ စာသင်ကျောင်း ၁ကျောင်း အပါအဝင် နေအိမ် ၄၂ လုံးကို ပျက်စီးဆုံးရှုံးခဲ့ရကြောင်း KNU မှ ထုတ်ပြန်ထားပါတယ်။

အဆိုပါ မီးရှို့ဖျက်ဆီးခံရသည့် လယ်ဝိုင်ကြီးကျေးရွာမှ အိမ်ရှင်များမှာ (၁) နော်ဖိုးကြီး၊ (၂)စောမောင်စီဖိုး၊ (၃)စောလောသော်၊ (၄)စောဖိုးမွှေး၊ (၅)နော်လှထူး၊ (၆)စောအောင်မြင့်ရွှေ၊ (၇)နော်ချူဒေး၊ (၈)စောတင်မောင်သန်း၊ (၉)စောမောင်ဇော်ဇော်၊ (၁၀)စောဆိလာဟဲ၊ (၁၁)စောတာတေ၊ (၁၂)နော်ဘောဖိုး၊ (၁၃)စောကျားဖိုး၊ (၁၄)စောထူးထူးမြင့်၊ (၁၅)စောမောင်ဖေ၊ (၁၆)စောရန်ဇွယ်ဦး၊ (၁၇)စောလှထွေး၊ (၁၈)စောပို၊ (၁၉)စောကွယ်နော်၊ (၂၀)စောအုန်းတင်၊ (၂၁)စောကွာစေး၊ (၂၂)နော်လယ်ဖော၊ (၂၃)စောမြင့်အူး၊ (၂၄)နော်မာကီ၊ (၂၅)စောဝါးလော်အယ်၊ (၂၆)စောမောင်လော်တီ၊ (၂၇)စောရွှေမိုး၊ (၂၈)စောကပေးထူး၊ (၂၉)စောဇော်လွင်၊ (၃၀)စောတာမူး၊ (၃၁)စောခင်မောင်ဝင်း၊ (၃၂)စောဖားဝါး၊ (၃၃)စောနိုင်ဖိုး၊ (၃၄)နော်မာအူး၊ (၃၅)နော်တဘွဲစေး၊ (၃၆)စောမောင်ရှား၊ (၃၇)စောမောင်တင်ဝင်း၊ (၃၈)နော်လကွယ်၊ (၃၉)နော်ပိုကြည်၊ (၄၀)နော်ပျို၊ (၄၁)စောဝင်းလှိုင်၊ (၄၂)နော်ပူးလူးမာ တို့၏နေအိမ်များဖြစ်ပြီး ကျေးရွာအတွင်းရှိ စာသင်ကျောင်းတစ်ကျောင်း၊ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၊ မူကြိုကျောင်းနှင့် ဘုံပစ္စည်းထားရာနေရာ အဆောက်အဦးအားလုံးကို လည်းမီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ပိုးလိုးနိုဖိုးကျေးရွာမှ (၁)နော်ဆောလိုနှင့် (၂)နော်ဝါးစက်ကူ တို့ ၏နေအိမ် (၂) လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထို့ပြင် မေလ(၄)ရက်နေ့တွင်လည်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကေအဲန်ယူ-မူးမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်(၁၈)လုံး မီးလောင် ပြာကျခဲ့ရပြီး အဆိုပါ ရန်မျိုးအောင်ကျေးရွာမှ မီးလောင်ပြာကျသွားသည့် အိမ်ရှင်များမှာ (၁)စောမောင်ဒိုးဒိုး၊ (၂)စောတာဝါးဖိုး၊ (၃)စောအေးဖေးစု၊ (၄)နော်မီလား၊ (၅)စောလယ်စေး၊ (၆)စောလယ်ဆော၊ (၇)စောမောင်ချမ်းသိန်း၊ (၈)နော်ဒါးမူ၊ (၉)စောဖားတိုတေး၊ (၁၀)စောဖားလေခို၊ (၁၁)နော်ရှားရီ၊ (၁၂)စောဘောဖိုး၊ (၁၃)စောဖားရှော့ထူး၊ (၁၄)စောမောင်သန်းထွန်း၊ (၁၅)စောဖားလားမယ်၊ (၁၆)ညားနော်ထွေး၊ (၁၇)ညားနော်တကွီးထူး၊ (၁၈)နော်သေလာဝါးဖောတို့ဖြစ်ကြောင်း သိရပါတယ်။

ထို နေအိမ်များ မီးဆွဲလောင်ချိန်၌ ကျေးရွာပြည်သူလူထုများ မီးငြိမ်းရန် ပြန်ခဲ့ကြသော်လည်း ကျေးရွာတွင်းတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များ ရှိသောကြောင့် မပြန်ရဲကြကြောင်း သိရပါတယ်။

KNU လယ်ဒိုမြို့နယ်၊ လယ်ဝိုင်းကြီးကျေးရွာနှင့် ပိုးလိုးနိုဖိုးကျေးရွာတွင် အိမ်ခြေ စုစုပေါင်း (၁၂၁) လုံး ရှိကာ လူဦးရေစုစုပေါင်း (၁၂၀၆)ဦး ရှိပြီး မူးမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာတွင် အိမ်ခြေစုစုပေါင်း (၁၄၇) လုံး ရှိကာလူဦးရေစုစုပေါင်း (၁၀၂၀) ဦး ရှိကြောင်း သိရပါတယ်။

Related Articles

Back to top button