သတင်း

၁၀ ဦးမြောက် KNU ဥက္ကဋ္ဌ အဖြစ် ပဒိုစောကွယ်ထူးဝင်း ရွေးချယ်ခံရ 

ပုံစာ – KNU ဥက္ကဌသစ် ပဒိုစောကွယ်ထူးဝင်ကို တွေ့ရစဉ်။
 
ဖက်ဒရယ်ဂျာနယ် မြန်မာ
မေလ ၂ရက်၊ ၂၀၂၃။
 
KNU ၏ ၁၇ ကြိမ်မြောက် ဗဟိုကွန်ဂရက် ရွေးကောက်ပွဲကို ကျင်းပလျှက်ရှိရာ မေလ ၂ရက်နေ့တွင် KNU ၏ ၁၀ ဦးမြောက် ဥက္ကဋ္ဌ အဖြင့် ပဒိုစောကွယ်ထူးဝင်းကို ရွေးချယ်နိုင်ခဲ့ကြောင်း KNU ၏ သတင်းအရင်းအမြစ်ကနေ သိရပါတယ်။
 
ပဒိုစောကွယ်ထူးဝင်းဟာ ယခင်က KNU ဗဟို အထွေထွေအတွင်းရေးမှူးချုပ်၊ ဒုဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယခု ကွန်ဂရက်မှ KNU၏ ၁၀ဦးမြောက် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြောက်ခြင်း ခံရသူဖြစ်ပါတယ်။
 
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ရရှိရေး အပါအဝင် KNU၏ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများတွင် အဓိက အခန်းကဏ္ဍမှာ ပါဝင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
 
” ဥက္ကဋ္ဌ ကတော့ ပဒိုစောကွယ်ထူးဝင်း။ ခရိုင်ဥက္ကဌ ၇ ဦး တပ်မဟာမှူး ၇ ဦး အပါအဝင် ဗဟို အမြဲတမ်းကော်မတီဝင် ၄၅ဦးကိုတော့ ရွေးချယ်ထားပြီးပါပြီး၊ ကျန်တဲ့ နေရာတွေကိုတော့ ရွေးချယ်မှုတွေ ဆက်လက်ပြုလုပ်နေတယ်” လို့ KNU ၏ သတင်းရင်းမြစ်က ပြောပါတယ်။
 
(၁၇) ကြိမ်မြောက် KNU ကွန်ဂရက်ကို ဧပြီလ ၂၄ရက်နေ့မှစတင် ကျင်းပခဲ့ပြီး ခရိုင်၊ တပ်မဟာ (၇)ခုမှ ကိုယ်စားလှယ် ၁၀၀ ကျော်ပါ ဝင်တက်ရောက်ခဲ့ကာ ကိုယ်စားလှယ် ၅၆ ဦး ဝင်ရောက် ရွေး ကောက်ခံခဲ့ကြကြောင်း သိရပါတယ်။
 
ယခင် (၁၆) ကြိမ်မြောက် KNUကွန်ဂရက်ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဧပြီလတွင် ကျင်းပခဲ့ပြီး KNU ၏ ဖွဲ့စည်းပုံအရ ကွန်ဂရက်ကို (၄) နှစ်တစ် ကြိမ် ကျင်းပရမည်ဖြစ်သော်လည်း Covid ရောဂါအခြေအနေနှင့် လက်ရှိနိုင်ငံရေး ပဋိပက္ခများကြောင့် ယခုနှစ် ဧပြီလမှသာ ပြန်လည်ကျင်းပ နိုင်ခဲ့တာ ဖြစ်ပါတယ်။

Related Articles

Back to top button