(No. 31, April 18, 2023)
၁။ အကြမ်းဖက်စစ်တပ်က မင်းတပ်မြို့နယ်ကရွာတစ်ရွာကို အကြောင်းမဲ့လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်နဲ့ အမျိုးသမီး ၂ ဦး သေဆုံး
April 17, 2023
အကြမ်းဖက်စစ်ကောင်စီတပ်က ချင်းပြည်နယ် မင်းတပ်မြို့နယ် ပန်းဝါရွာကို မနေ့ညနေပိုင်းက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့အမျိုးသမီး ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ မင်းတပ်ချင်းကာကွယ်ရေးတပ် (CDF) က သတင်းထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်က ဧပြီ ၁၆ ရက် နေ့ ညနေပိုင်းမှာ လေကြောင်းကနေ ၆ ကြိမ်ဗုံးကြဲမှုပြုလုပ် ခဲ့ပြီး ဗုံးအလုံးရေ ၁၇ လုံးအထိ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်တစ်ဦးနဲ့ အဘွားအို တစ်ဦး သေဆုံးခဲ့ကြောင်း မင်းတပ် CDFက ယမန်နေ့ညမှာထုတ်ပြန်ခဲ့ပြီး ညပိုင်းမှာ အမျိုးသမီးတစ်ဦးထပ်မံ သေဆုံးခဲ့ကြောင်း ထုတ်ပြန် ပါတယ်။ “အကြမ်းဖက်စစ်ကောင်စီရဲ့ မင်းတပ်မြို့နယ်အတွင်းရှိအပြစ်မဲ့ ပြည်သူများနေထိုင်ရာ ကျေးရွာများကို ရည်ရွယ်ချက် ရှိရှိ တုက်လေယာဉ်များဖြင့်ဗုံးကြဲပြီး လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်လျက်ရှိပါတယ်။ ထို စစ်ရာဇဝတ်မှုကျူးလွန်တိုက်ခိုက် မှုကြောင့် နောက်ထပ် လူသေဆုံးမှုတွေရှိနေပါတယ်” လို့ မင်းတပ် CDF က ထုတ်ပြန်ခဲ့ပါတယ်။ လေကြောင်း တိုက်ခိုက်ခံရမှု ကြောင့် အသက် (၇၀) အရွယ်အမျိုးသမီး (၁)ဦး၊ အသက် (၄) နှစ်အရွယ် ကလေး (၁) ဦးသေဆုံးသွားကာ၊အမျိုးသား (၂)ဦး၊ အမျိုးသမီး (၅) ဦး ၊စုစုပေါင်း (၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများထဲမှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဧပြီ ၁၆ ရက် ညပိုင်းတွင် ထပ်မံ သေဆုံးခဲ့ကြောင်းဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ အသိပေးထားပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုတွင် လူနေအိမ် (၂)လုံးမီးလောင်ပျက်စီး ခဲ့ပြီး နေအိမ် ၉ လုံးပျက်စီးခဲ့ကြောင်း၊ လေကြောင်း တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ကျေးရွာအနီး ထပ်မံ ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်အတွင်းမှာ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ မကြာ ခဏလုပ်ဆောင်ခဲ့ရာ ယခင်ကလည်း အရပ်သားပြည်သူလူထုထိခိုက်သေဆုံးမှုများ ရှိခဲ့ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ် ဟာ အရပ်သားပြည်သူများကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပါတယ်။ အခုနှစ် မတ်လ ၃၀ ရက် ချင်းပြည်နယ် ထန်တလန်မြို့နယ်ခွာဖိုရွာ လေကြောင်း တိုက်ခိုက်ခံရမှု၌ အရပ်သား ၉ ဦးသေဆုံးခဲ့ပြီး ဧပြီ ၁၀ ရက် ဖလမ်းမြို့နယ် ဝေဘူလမြို့ လေကြောင်း တိုက်ခိုက်ခံရမှုမှာ အရပ်သား ၉ ဦးသေဆုံးကာ ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။ http s://www.facebook.com/pvtvmyanmar/ph otos/pcb.569682751920489/569682565253841/
၂။ SNA တပ်စခန်းတစ်ခုကို KIA နှင့် PDF တို့ တိုက်ခိုက်သိမ်းပိုက်ထား
April 18, 2023
ကချင်နှင့် စစ်ကိုင်းနယ်စပ် ဟုမ္မလင်းမြို့နယ် မန်ဇိန်းကျေးရွာအနီး နန့်ကသာ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့မှ တိုက်ခိုက် သိမ်းပိုက်ထားသည်ဟု သိရသည်။ ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်း ၅ နာရီဝန်းကျင်တွင် KIA တပ်မဟာ ၉ ၊ တပ်ရင်း ၂၆ အဖွဲ့ကတိုက်ခိုက်ခဲ့ပြီး လက်ရှိ အဆိုပါ SNA တပ် စခန်းကို သိမ်းပိုက်ထားသည်ဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ “စခန်းကတော့ သိမ်းထားနိုင်တယ် အခုအဲ့စခန်းမှာ KIA က တပ်ထိုင်ထားတယ်။ တိုက်ပွဲဖြစ်တာက ခဏလေးပဲ သွားပစ်တာနဲ့ အထဲမှာရှိနေတဲ့ စစ်သားတွေ အကုန် ထွက်ပြေးသွားတယ်။ လက်နက်ပစ္စည်းတွေက သိမ်းနိုင်တာမရှိဘူး။ ဒါပေမယ့် သူတို့ဘက်က ထိခိုက်သွားတာတော့ရှိတယ်”ဟု ပြောသည်။ SNA တပ်စခန်းနေရာ တိုက်ခိုက်ခံရမှုတွင် SNA ဘက်က ထိခိုက်ဒဏ်ရာရရှိသူ ၁၈ ဦးထက်မနည်းရှိနိုင်ပြီး KIA ဘက်ကလည်း ၅ ဦး ထိခိုက်မှုရှိခဲ့ကြောင်း သူက ဆက်ဆိုသည်။ တိုက်ခိုက်ခံရသည့် SNA တပ်စခန်းတွင် စစ်အင်အား ၃၀ နှင့် ၄၀ ကြား ပုံမှန်တပ်ထိုင်ထားသည့် စခန်းနေရာတစ်ခုဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်ခံရသည် SNA စခန်းသည် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှ ကားဖြင့် တစ်နာရီခန့်အကြာ မောင်းနင်းရ သည့် နေရာတွင်တည်ရှိပြီး ဟုမ္မလင်း နှင့် ဗန်းမောက်မြို့နယ်တို့ကြား အဓိက ဆက်သွယ်ထားသည့် လမ်းပိုင်းနေရာတွင် တပ်ချ ထားသည့် တပ်စခန်းအကြီးတစ်ခုဖြစ်ကြောင်း သိရသည်။ ယခုလို KIA တပ်ဖွဲ့ဘက်မှ SNA စခန်းကိုသိမ်းပိုက်ထားသောကြောင့် စစ်ကောင်စီနှင့် နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင်လည်း KIA တပ်ရင်း ၂၆ နယ်မြေ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ SNA တပ်စခန်း ၂ ခုကို KIA က သွားရောက် တိုက်ခိုက်ခဲ့သည်။ https://burmese.kachinnews.com/2023/04/18/yl2-12/
၃။ BPLA သည် တိုင်းရင်းသားလက်နက်ကိုင်များ၏ ယုံကြည်မှုရရှိထားဟု ညီနောင်သုံးဖွဲ့ ဂုဏ်ပြုစကားဆို
April 17, 2023
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ဟာ ရက္ခိုင့်တပ်တော် AA၊ တအာင်းတပ်မတော် TNLA နဲ့ ကိုးကန့်တပ်မ တော် MNDAA တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့အပါအဝင် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေရဲ့ ယုံကြည်မှုကို ရရှိထားတယ်လို့ ညီနောင်မဟာမိတ်၃ဖွဲ့က BPLA ကို သဝဏ်လွှာပေးပို့ ပြောကြားလိုက်ပါတယ်။ ဧပြီ ၁၇ ရက်ဟာ BPLA တည် ထောင်ခြင်း ၂ နှစ်ပြည့်တပ်တော်နေ့ဖြစ်တာကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့က သဝဏ်လွှာပေးပို့ခဲ့တာဖြစ်ပါတယ်။ “တော်လှန် ရေး ၂ နှစ်တာကာလအတွင်း ဗမာပြည်သူလူထုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ရဲ့ ဖေးမမှု၊ ဝန်းရံပံ့ပိုး ပေးမှု၊ ယုံကြည်မှုကို ရရှိထားသည့်BPLA သည် တော်လှန်ရေးအတွေ့အကြုံအတန်အသင့်ရရိထားပြီး ယင်းအဖွဲ့အစည်းကို ဦးဆောင်နေသူများနှင့် BPLA တပ်ဖွဲ့ဝင်များအားလုံးရဲ့ စည်းလုံးညီညွတ်မှု၊ ကြိုးပမ်းအားထုတ်မှု၊ တော်လှန်ရေးစည်းကမ်းလိုက် နာမှုများကို မိမိအနေဖြင့် တန်ဖိုးထားအသိအမှတ်ပြုပါသည်”လို့ ညီနောင်သုံးဖွဲ့က ဖော်ပြပါတယ်။
ဒါ့အပြင် လက်ရှိအချိန်ထိ မိမိတို့ညီနောင်မဟာမိတ်၃ဖွဲ့နဲ့အတူ တခြားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့လည်း ကောင်း မွန်တဲ့ ဆက်ဆံရေးကို ထူထောင်ထားနိုင်ပြီး လက်တွေ့ကျတဲ့ တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲနေတဲ့ တော်လှန်ရေးအဖွဲ့အစည်း ဖြစ်တယ်လို့ BPLA ကို ဂုဏ်ပြုစကားဆိုထားပါတယ်။ နွေဦးတော်လှန်ရေးနဲ့အတူ ပေါ် ပေါက်လာတဲ့ BPLA ဟာ အကြမ်းဖက် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့အဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိမှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် အခြားပူးပေါင်းအဖွဲ့တွေနဲ့အတူ ကရင်ပြည်နယ်အတွင်း တိုက်ခိုက်တိုက်ပွဲဝင်နေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=606962184805 808&set=pcb.606963044805722
၄။ စစ်အာဏာရှင်ကျရှုံးသည်အထိ တော်လှန်ရေးအဖွဲ့အားလုံးနှင့် တိုက်ပွဲဝင်မည်ဟု ကေအန်ယူပြော
April 17, 2023
စစ်အာဏာရှင်စနစ်ကျရှုံးတဲ့အထိ ဆန့်ကျင်တော်လှန်နေတဲ့ အင်အားစုအဖွဲ့အစည်းအားလုံးနဲ့ ဆက်လက်တိုက်ပွဲဝင် သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၅ က ဧပြီ ၁၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ ဧပြီ ၁၁ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာက အပြစ်မဲ့အရပ်သားပြည်သူ ၁၆၀ ကျော်သေဆုံးခဲ့ရတဲ့အပေါ် အခုလို ထုတ်ပြန်ကြေညာခဲ့တာပါ။ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး ဒီကနေ့အထိ တိုင်းရင်းသား တော်လှန်ရေးနယ်မြေမှာသာမက ဗမာတိုင်းရင်းသားတွေနေထိုင်တဲ့ မြို့ပြဒေသတွေပါမကျန် အပြစ်မဲ့ပြည်သူတွေ ကို ရန်သူသဖွယ်သဘောတားပြီး မတရားပစ်ခတ်တိုက်ခိုက် သတ်ဖြတ်နေတာကို တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။ မတရားတဲ့ နည်းလမ်းပေါင်းစုံကို ကျင့်သုံးပြီး ပြည်သူတွေအပေါ် ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီတပ်တွေရဲ့ ရက်စက်ယုတ်မာမှု အပေါ် ကေအန်ယူတပ်မဟာ ၅ အနေနဲ့ လုံးဝကန့်ကွက်ရှုတ်ချတဲ့အပြင် သေဆုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ မိသားစုတွေနဲ့အတူ ထပ်တူ ထပ်မျှဝမ်းနည်းရပြီး ပြည်သူတွေ အဖိနှိပ်ခံဘဝက လွတ်မြောက်စေဖို့အတွက် အသက်ပေးခဲ့ရတဲ့ ပုဂ္ဂိုလ်အားလုံးကို လည်း လေးစားဂုဏ်ပြုအပ်ပါတယ်လို့ ထုတ်ပြန်ထားပါတယ်။
မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ကောင်စီဟာ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ် တည်တံ့ခိုင်မြဲရေးအတွက် သာဖြစ်တဲ့အတွက် တိုင်းရင်းသားအဖွဲ့အစည်းတွေအပါအဝင် ဆန့်ကျင်တော်လှန်တဲ့ အင်အားစုအဖွဲ့အစည်းတွေအားလုံးနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။ ဒါအပြင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်ကောင်စီကို ထိရောက်တဲ့ အပြစ် ပေးအရေးယူမှုတွေ လုပ်ဆောင်နိုင်ရေးအတွက် လက်တွေ့ကျကျဆောင်ရွက်ပေးကြဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။ ဖာပွန်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “စစ်ကောင်စီကတော့ အပြစ်မဲ့ အရပ်သားပြည်သူတွေကိုပါ ပစ်မှတ်ထား ပြီး ရက်စက်တဲ့ လုပ်ရပ်ကတော့ ဘယ်လိုမှ မခံစားနိုင်ဘူး။ အဲဒီအပေါ်မှာလည်း အကြမ်းဖက်စစ်အာဏာရှင်အမြစ်ပြတ်တဲ့အထိ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံတကာရဲ့အကူအညီ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဆက်ပြီး တော်လှန်ရေးအောင်မြင်တဲ့ အထိ လုပ်ဆောင်သွားရမယ်ဆိုတာ ပိုပြီးစိတ်ဓာတ်တွေ ပြင်းထန်လာတယ်”လို့ ပြောပါတယ်။ https://burmese.dvb.no/arch ives/588794
၅။ ကဒူးကြီးဒေသမှာ မိုင်းနင်းမိလို့ ၈လသားအရွယ်ကလေးငယ်အပါအဝင် ပြည်သူ ၃ဦး ပြင်းထန်ဒဏ်ရာရ
April 18, 2023
PNLO ထိန်းချုပ်နယ်မြေဖြစ်တဲ့ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ၊ ရန်ကင်းကျေးရွာမှာ အသက် ၈ လ အရွယ် ကလေး ငယ်အပါအဝင် ပြည်သူ ၃ ဦး တောင်ယာသွားနေစဉ် မိုင်းနင်းမိလို့ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။ ရန်ကင်းကျေးရွာနေ အမျိုးသမီး ၂ ဦးနဲ့ အသက် ၈ လ ကလေးငယ်တစ်ဦးတို့ဟာ ဒီနေ့မနက် ၉ နာရီခန့်မှာ တောင်ယာထဲ သွားနေစဉ် နမ့်ပါတဲက်ကျေးရွာနား အရောက်မှာ မိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ ရန်ကင်းကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။ မိုင်းနင်းမိလို့ နန်းကော အသက် ၃၁ နှစ် နဲ့ နန်းချော အသက် ၂၃ နှစ်ဟာ ခြေထောက်၊ တင်ပါး နဲ့ ခါးတွေမှာ ထိမှန်ဒဏ်ရာရခဲ့ပြီး အသက် ၈ လသာ ရှိသေးတဲ့ နန်းချောရဲ့ သမီးဖြစ်သူ နန်းအိန်ခမ်းလည်း မိုင်းစက ဦးခေါင်းကို ထိမှန်လို့ ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့ တယ်လို့ လူနာကို လိုက်လံကူညီနေတဲ့ အဲဒီဒေသခံက ပြောပါတယ်။ “နန်းချောက နင်းမိသမားဆိုတော့ ဒဏ်ရာအပြင်းဆုံးပဲ။ ကလေးကတစ်ဖက်နဲ့ နင်းမိတာလေ သူ့ကလေးက ၈ လပဲရှိသေးတယ်။ သူ့ခြေထောက်တွေဆို ဆိုးဆိုးဝါးဝါး ထိထားတယ်။ မိုင်းထိတာ သိလို့ ပအိုဝ်းစစ်တပ် (PNLO တပ်)ကို အကြောင်းကြားတာ အခုတော့ သူတို့လာခေါ်ပြီး သူတို့ဆေးဌာနမှာ ကုပေးနေ တယ်။ ဘယ်သူထောင်တယ်ဆိုတာ သိပေမယ့် ကျွန်တော် မပြောရဲဘူးဗျ”လို့ သူကပြောပါတယ်။
အခုဒေသခံတွေ မိုင်းနင်းမိတဲ့ နေရာဟာ စစ်ရေးပစ်မှတ်ရှိတဲ့ နေရာမဟုတ်ပဲ ဒေသခံတွေ တောင်ယာလုပ်ကိုင်တဲ့ နေရာသာဖြစ်တယ်လို့လည်း ဒေသခံတွေထံကနေ သိရပါတယ်။ အဲ့ဒီမိုင်းတွေဟာ တိုက်ပွဲဖြစ်ပွားပြီးနောက် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS က တပ်ဖွဲ့က ထောင်ထားတဲ့မိုင်းတွေဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တပ်မှူးတစ်ဦးကပြောပါတယ်။ “RCSS က ကျွန်တော်တို့ နယ်မြေကိုလည်း ကျူးကျော်တယ်။ စာသင် ကျောင်းတွေ ဘုန်းကြီးကျောင်းတွေမှာလည်း တပ်စွဲတယ်။ အခု ကျွန်တော်တို့ ပအိုဝ်းလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာတွေရဲ့ တောင်ယာထဲမှာပါ မိုင်းထောင်ထားတာက တမင်ပြည်သူကို ဒုက္ခပေးတာပဲဗျ။ ဒေသခံတွေ မိုင်းနင်းမိတဲ့ နေရာက ကျွန်တော်တို့ စခန်းလည်းမရှိသ လို စစ်ရေးပစ်မှတ်လည်း မဟုတ်ဘူး” လို့ အဲ့ဒီတပ်မှူးကပြောပါတယ်။ RCSS အနေနဲ့ အခုလို စစ်ရေးနဲ့မသက်ဆိုင်တဲ့ နေရာကို မိုင်းထောင်တာဟာ ပြည်သူလူထုကို အခက်တွေ့အောင် ရည်ရွယ်လုပ်နေတာဖြစ်ပြီး ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေးကို ထိခိုက်စေ တယ်လို့လည်း သူကပြောပါတယ်။ မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ရန်ကင်း ၊ နမ့်ပါတဲက် ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်ကနေ ဧပြီလ ၃ ရက်နေ့အထိ RCSS နဲ့ PNLO တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်မှုတွေရှိခဲ့ပါတယ်။ https://www .facebook.com/MeKongNewsMM/p hotos/pcb.1212899546036647/1212899476036654
၆။ သထုံ သိမ်ဆိပ်ရဲစခန်းနှင့် ခမရ(၉)တပ်ရင်း တိုက်ခိုက်ခံရ
April 17, 2023
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ သိမ်ဆိပ်နယ်မြေရဲစခန်းနှင့် ဝင်းပအခြေစိုက် မြေမြန်တပ်ရင်း(ခမရ-၉) တို့အား နှစ်ဦးသွေးကြွေးဆပ်သည့်အနေဖြင့် ယနေ့မနက်ပိုင်းကတပြိုင်နက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ (သထုံ ပ.က.ဖ)က သတင်းထုတ်ပြန်သည်။ မနက် ၁၀ နာရီခွဲခန့်တွင် သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင်းရှိ သိမ်ဆိပ်နယ်မြေ ရဲစခန်းအား 40mm ဗုံးသီးနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလို ခမရ-၉ တပ်ရင်းအားလည်း 60mm ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။ သိမ်ဆိပ်နယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်က စခန်းမှူးအပါ အဝင် လေးဦး ဒဏ်ရာရရှိကာ သုံးဦးသေဆုံးသွားကြောင်း၊ ဒဏ်ရာရရှိသူစခန်းမှူးအား မော်လမြိုင်ဆေးရုံသို့ပို့ဆောင်ထားပြီး သေဆုံးသူများအား သထုံဆေးရုံသို့ပို့ဆောင်ထားကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(သထုံပ.က.ဖ)က ဖော်ပြထားသည်။
တိုက်ခိုက်မှုဖြစ်စဉ်အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ဗီဒီယိုဖိုင်နှင့်တကွ ထုတ်ပြန်ထားပြီး ဗုံးသီးများဖြင့် တိုက်ခိုက်ခံရမှုကြောင့် ရဲစခန်းနှင့် တပ်ရင်းတို့အတွင်း အဆောက်အဦးအချို့ ပျက်စီးခဲ့ကြောင်းလည်း ၎င်းတို့က ဆိုထားသည်။ အဆိုပါ တိုက်ခိုက်မှုတွင် သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(သထုံ ပ.က.ဖ)နှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် တပ်ခွဲ(၃)နှင့် Hawk Revolutionary Spuad(HRS) တပ်ဖွဲ့တို့လည်း ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။ https://www. facebook.com/photo/?fbid=609136257926232&set=a.600722 605434264
၇။ ရွှေကူမြို့အရှေ့ဘက် စစ်ရှောင်ပြည်သူများအတွက် အစားအသောက်နှင့် ဆေးဝါး အကူညီ လိုအပ်နေ
April 17, 2023
ရွှေကူမြို့နယ် အရှေ့တောင်ဘက်ရှိ ကျေးရွာများတွင် စစ်ကောင်စီ စစ်ကြောင်း ပြန်ဝင်မည်ဟု သတင်းထွက်ပေါ်နေ သောကြောင့် စစ်ရှောင်များ နေရပ်မပြန်နိုင်ဘဲ အစားအသောက်နှင့် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း စစ်ရှောင် ကူညီ ပေးနေသူများ ထံမှသိရသည်။ စီမူလေး၊ စီမူကြီး၊ နောင်လတ်ကြီး၊ ဝင်ဝ၊ မံဝိန်း၊ စီသာ၊ စီသောင်၊ မံခါး၊ နန့်လန်၊ ငှက်တံတား စသည့်ကျေးရွာများဘက်တွင် မတ်လ ၂၃ ရက်နေ့မှစတင်ပြီး ဧပြီ ၁၁ ရက်နေ့အထိ စစ်တပ်ဝင်ရောက်လာသောကြောင့် ကျေးရွာ နေပြည်သူများသည် ဘေးလွတ်ရွာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။ ယင်း စစ်ကြောင်းမှာ ရွှေကူမြို့ထဲသို့ ပြန်လည် ဆုတ်ခွာသွားပြီ ဖြစ်သော်လည်း စစ်ကြောင်းပြန်ဝင်မည်ဟု သတင်းထွက်ပေါ်နေသောကြောင့် နေရပ်မပြန်နိုင်ကြသေးကြောင်း ရွှေကူမြို့ပေါ်မှ စစ်ရှောင်ပြည်သူများကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ ”ကျွန်မတို့အခုပဲ ဒီဘက်ရွာတွေကို ရောက်နေတာ စစ်ကြောင်းကတော့မရှိတော့ဘူး။ အားလုံးရွှေကူမြို့ပေါ်ပြန်ရောက်သွားကြပြီ ဒီမှာကတော့ ဘာစစ်ကြောင်းမှ မရှိတော့ဘူး။ ဒါပေမယ့်အခုကြားနေတာက စစ်ကြောင်းပြန်ဝင်မယ်ဆိုပြီး သတင်းထွက်နေတယ်။ အဲ့ကြောင့် ဒေသခံတွေက ပြန်မဝင်လာရဲကြသေးဘူး။ ဘယ်ချိန်ပြန်ဝင်မလဲတော့ မသိတတ်ဘူး။ ပြန်ဝင်မယ်လို့ပဲ သတင်းထွက်နေတာ။” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
စစ်ရှောင်ပြည်သူ စုစုပေါင်း ၁၀၀၀၀ ကျော်အနက် ထက်ဝက်ကျော်မှာ တောတောင်များတွင် တိမ်းရှောင်နေကြရပြီး စစ်ရှောင်ကာလ တစ်လတစ်နီးပါးကြာမြင့်လာပြီဖြစ်ကြောင့် စားဝတ်နေရေး၊ ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း ရွှေကူ PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ”အိုးအိမ်တွေအကုန်စွန့်ခွာပြီးစစ်ရှောင်လာကြတော့ သူတို့မှာဘာမှမပါဘူး။ အစား အသောက်ဆိုလည်း အဆင်မပြေတဲ့သူက အများပိုင်းပဲ တချို့ကတော့မြို့ပေါ်မှာအိမ်ငှားနေကြတယ်။ အများစုက တောထဲမှာ ဆိုတော့ တောထဲကလူတွေကတော့ အစားအသောက်ခက်ခဲနေတယ်။ ပြီးတော့ ဆေးဝါးတွေလည်းလိုအပ်နေတယ်”ဟု ပြောသည်။ https://burmese.kachinnews.com/2023/04/17/az2-98/
၈။ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီလက်နက်ကြီး ကြောင့် အရပ်သား အမျိုးသမီး (၁)ဦး ထိမှန်ဒဏ်ရာရ
April 18, 2023
ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီလက်နက်ကြီးကြောင့် အဝန်းကြီးကျေးရွာမှ အရပ်သား အမျိုးသမီး (၁)ဦး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံဆီမှ သိရှိရပါတယ်။ ဧပြီလ ၁၈ ရက် ၊ နှစ်ဆန်း ၁ ရက်နေ့ ညနေ ၆ နာရီအချိန်မှာ ဘီးလင်းမြို့နယ် ဇီးဝန်းအမြှောက်တပ်မှ ဇီးဝန်းကျေးရွာနှင့် အဝန်းကြီးကျေးရွာတို့ကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ပါတယ်။ စစ်ကောင်စီ လက်နက် ကြီ ပစ်ခတ်မှုကြောင့် အဝန်းကြီးကျေးရွာမှ အမျိုးသမီး (၁)ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဇီးဝန်းကျေးရွာထဲက လူနေအိမ်အနီး လက်နက်ကြီး (၃)လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး လူသူထိခိုက်တာ မရှိကြောင်းသိရှိရပါတယ်။ လက်နက်ကြီး ထိ မှန် ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးရဲ့ အခြေအနေ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
လက်နက်ကြီး ရွာထဲ ပစ်ခတ်ခံရတာနှင့် ပတ်သက်ပြီး ” ဇီးဝန်းအမြှောက်တပ်က ပစ်လိုက်တဲ့လက်နက်ကြီးက အဝန်း ကြီးရွာမှာ ကျတယ်၊ ထမင်းထိုင်စားနေတဲ့ အဒေါ်ကြီး တယောက်ထိတယ်။ အသက် ၅၀/၅၅ ဝန်းကျင်ပဲ။ ထိသွားတဲ့ အဒေါ်ကြီး အခြေအနေတော့ မသိရသေးဘူး။ ဇီးဝန်းရွာနားမှာလည်း (၃)လုံးကျသေးတယ် ” လို့ ဒေသခံ တဦးက ပြောပါတယ်။ ဘီးလင်းမြို့ နယ်ထဲမှာ စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေထဲကို လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေပြီး အရပ်သားထိခိုက် သေဆုံးမှုလည်း မကြာခဏဖြစ်ပွားနေပါတယ်။ https://www.facebook.com/l agoneainbulletinmon/photos/a.10768203 8109836/532606202284082/
၉။ စစ်ကောင်စီစစ်ယာဉ်တန်း တိုက်ခိုက်ခံရခြင်းကြောင့် လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသူ ၁ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ
April 18, 2023
ဆိုင်းဖရာကျေးရွာဒေသခံတွေကို လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခေါ်ဆောင်လာတဲ့ စစ်ကောင်စီစစ်ယာဉ်တန်း တိုက်ခိုက် ခံရတာကြောင့် ဒေသခံ တစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြစ်ကြီးနား-ဖားကန့် လမ်းပေါ်က ကပ်မှော်ဇွပ်ကျေးရွာအုပ်စု၊ ဆိုင်းဖရာကျေးရွာမှာရှိတဲ့ ကျေးရွာနေ ပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီကနေ ဒီကနေ့မနက် ၄ နာရီလောက်ကနေ လူသားဒိုင်းအဖြစ် စစ်ကောင်စီယာဉ်တန်းနဲ့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ တာ ဖြစ်ပါတယ်။အဲဒီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကနေ ဂေါလူယန်ကျေးရွာ အရောက်မှာ မိုင်းဆွဲတိုက် ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီယာဉ်တန်းဖြစ်တာကြောင့် စစ်ကောင်စီတပ်သားတွေပဲ ပါမယ်လို့ ယူဆမိတဲ့ အတွက် KIA ဘက်က တိုက်ခိုက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့(စကစ)ပဲ တက်လာတယ်ထင်လို့ စောင့်ပြီးတိုက်တော့ သူတို့(စကစ)တွေလည်းထိ ကျွန်တော်တို့ ပြည်သူတွေ လည်း ထိတာပေါ့။ အဲဒီမှာ ထိခိုက်တဲ့သူတွေရော မထိခိုက်တဲ့သူတွေရော အားလုံးကို ပြန်လွှတ်လိုက်ပြီ။”လို့ ဒေသခံက ဆိုပါ တယ်။ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ဒေသခံပြည်သူတွေဟာ စဘော်ကျေးရွာမှာ ဆေးကုသမှုခံယူနေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ “အမျိုးသမီးတွေပဲ ထိခိုက်ဒဏ်ရာတာရော ပွဲချင်းပြီး ဆုံးတဲ့တစ်ယောက်ရော၊ နောက်တစ်ယောက် ကလည်း သေမလားရှင်မလားတောင် မသိဘူးလို့ ပြောနေကြတယ်။ စဘော်မှာဆေးကုဖို့ ပို့ထားတယ်”လို့ ဒေသခံကဆိုပါတယ်။ သေဆုံသွားတဲ့ အမျိုးသမီးဟာ မအင်ဒွပ်ဆိုင်းမိုင် (အသက် ၃၀ ဝန်းကျင်) ဖြစ်ပြီး ဆိုင်းဖရာကျေးရွာက ဖြစ်တယ်လို့လည်း သိရပါ တယ်။ အထက်ပါယာဉ်တန်း တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်ကလည်း တပ်သားအချို့ သေဆုံးမှုရှိခဲ့ပြီး ၁၀ ဦးလောက် ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့လည်း သိရပေမယ့် သီးခြားအတည် ပြုနိုင်တာတော့ မရှိသေးပါဘူး။ https://www.facebook.com/m yitkyinanewsjournal.mm/phot os/a.182072622159000/1879055899127322/
၁၀။ ချင်းပြည်နယ်သည် ပထဝီအနေအထားအရ ခုခံတော်လှန်စစ် အသာစီးရသည့် အခင်းအကျင်းမျိုးဖြစ်သဖြင့် ချင်းပြည်ထောင် ပြန်လည်စုစည်းရေး ထပ်ဆင့်လုပ်ဆောင်ရန် ယာယီသမ္မတ တိုက်တွန်း
April 18, 2023
ချင်းပြည်နယ်သည် ပထဝီအနေအထားအရ ခုခံတော်လှန်စစ် အသာစီးရသည့် အခင်းအကျင်းမျိုးဖြစ်သဖြင့် ချင်းပြည် ထောင်ပြန်လည်စုစည်းရေး ထပ်ဆင့်လုပ်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ၊ ဒူဝါလရှီးလမှ ယနေ့ပြုလုပ် သည့် ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်အခမ်းအနားတွင် ပြောကြားခဲ့သည်။ နွေဦးတော်လှန်ရေး အစ တွင် ချင်းလူမျိုးများသည် လက်နက်ကိုင်ခုခံတော်လှန်ရေး အစောဆုံး၊ ပထမဆုံးဖြစ်သည်ကို တွေ့ရကြောင်း၊ ပြည်မ လူထုတော် လှန်ရေးလှုပ်ရှားမှု လှိုင်းလုံးကြီး မြင့်တက်နေချိန်မှ စတင်ကာ ချင်းတော်လှန်ရေးတပ်သားများသည် စစ်ရေးသတိဖြင့် ဒေသတွင်း လက်နက်စုဆောင်းမှုများ ပြုလုပ်ခဲ့ခြင်းကို ကြားသိရသည်ဟု ယာယီသမ္မတက ဆိုသည်။ ထို့ပြင် ချင်းလူမျိုးများသည် တူမီးကိုင် ဆွဲပြီး စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်ခဲ့မှုသည် နိုင်ငံတကာသို့ ပျံ့နှံ့ခဲ့ကြောင်း၊ ခေတ်မီလက်နက်တပ်ဆင်ထားသည့် စစ်အာ ဏာရှင် ယန္တရားကို ရိုးရာလက်လုပ် တူမီးသေနတ်ဖြင့် ခုခံတော်လှန်ခြင်းသည် မဖြစ်နိုင်သည့်ကိစ္စအား ဖြစ်အောင်လုပ်ပြခဲ့သည် ချင်းလွတ်မြောက်ရေးလှုပ်ရှားမှု နွေဦးတော်လှန်ရေးသည် မိတ်ဖက်အင်အားစုများအတွက် ခွန်အားဖြစ်စေသည်ဟု ၎င်းက ဆိုသည်။
“စစ်ရေးစစ်ရာမှာ လူသူလက်နက်အင်အားနဲ့ စည်းစနစ်ကျနမှုက အရေးကြီးသလို ပထဝီရဲ့ အားသာချက်ကလည်း အလွန်အရေးပါပါတယ်။ ချင်းပြည်နယ်က ပိုင်စိုးထားတဲ့ ပထဝီအနေအထားဟာ ချင်းလူမျိုးတွေရဲ့ နွေဦးအခင်းအကျင်းသစ်ကို သယ်ဆောင်လာတယ်လို့ ယူဆပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။ ထို့ပြင် ချင်းလူမျိုးများသည် နယ်မြေကျွမ်းကျင်မှု အရအားသာချက်ရှိပြီး၊ နယ်မြေအခင်းအကျင်းကိုလည်း ပိုင်နိုင်စွာ သိနားလည်းထားကြောင်း၊ ချင်းပြည်နယ် ပထဝီအနေအထား သည် ခုခံတော်လှန်စစ်တွင် လူထုဘက်မှ အသာစီးရအောင် အပံ့အပိုးဖြစ်စေသည့် အခင်းအကျင်းမျိုးဖြစ်သည်ဟု ယာယီသမ္မတ က ဆက်လက် ရှင်းလင်းသည်။ “ဒါကို အားယူပြီး ချင်းပြည်ထောင် ပြန်လည်စုစည်းရေးအတွက်လည်း ထပ်ဆင့် လုပ်ဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။ ထို့ပြင် ချင်းလူထုနှင့် ချင်းပြည်နယ်ကို နိုင်ငံရေးအရ ဦးဆောင် လမ်းညွန်သည့် မူဝါဒ အဆုံးအဖြတ်ပိုင်းကို ပြုနေရသည့် နေရာတွင်ရှိကြောင်း၊ အမြှော်အမြင်ဖြင့် တော်လှန်ရေး ရှေ့ဆက် တက်လှမ်းနိုင်ရန် အထူးယုံကြည်ထားကြောင်း ယာယီသမ္မတက ဆက်လက်ပြောကြားသည်။ https://www.facebook.c om/photo/?fbid=200291936096517&set=a .121904670601911
၁၁။ မြဝတီရှိ မဲကနယ်ရွာတွင် စစ်တပ်နှင့်ထိတွေ့တိုက်ခိုက်မှုဖြစ်ပြီး လက်နက်များ သိမ်းဆည်းရမိ
April 18, 2023
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မဲကနယ်ကျေးရွာမှာ ယနေ့ ဧပြီလ(၁၈)ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ် ဖွဲ့နှင့်စစ်ကောင်စီတပ်တို့အကြား ထိတွေ့မှုဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရခဲ့သည်ဟု VENOM PDF စစ်ကြောင်း မှ သတင်းထုတ်ပြန်သည်။ ယနေ့ ဧပြီလ(၁၈)က် နံနက်က မဲကနယ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ကေအဲန်ယူ ယူနီဖောင်း များဖြင့် ဝတ်ဆင်အယောင်ဆောင်ပြီး စစ်ကြောင်းထိုးတက်လာခဲ့ရာ ကော်ဘရာစစ်ကြောင်း(၂) VENOM PDF စစ်ကြောင်း ပူးပေါင်းအဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ” သူတို့(စစ်ကောင်စီ)ဘက်ကနေပြီးတော့မှ KNU ဝတ်စုံတွေနဲ့ ပုံမှားရိုက်ပြီး ထိုးတက်လာတယ်။ တိုက်ပွဲကတော့ အခုချိန်ထိ ဖြစ်နေဆဲပေ့ါ” ဟု VENOM PDF စစ်ကြောင်း၏ ပြန်ကြားရေတာဝန်ခံက ပြောသည်။ ထိတွေ့မှုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ (၂)ဦးသေဆုံးခဲ့ပြီး လက်နက်(၂)လက်ကို သိမ်းဆည်းရခဲ့ကြောင်း VENOM PDF စစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေအတွင်းရှိ မဲကနယ်ကျေးရွာတွင် ပြီးခဲ့သည့် မတ်လကုန်ပိုင်း၌ KNLA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် နယ်ခြားစောင့်တပ်(BGF)တို့အကြား ထိတွေ့တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာ ထဲကို လက်နက်ကြီးနှင့် လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူနေအိမ်များ၊ ဘာသာရေးအဆောက် အဦးများထိခိုက်ပျက်စီးခဲ့ရသည်။ VENOM-PDF စစ်ကြောင်းတစ်ကြောင်းလုံးသည်ပြီးခဲ့သည့်ဧပြီလ(၆)ရက်နေ့တွင် ဗိုလ်ဒါဘော ဦးဆောင်သော ကော်ဘရာစစ်ကြောင်းထံ၌ လာရောက်ပူးပေါင်းခဲ့ပြီး ကော်ဘရာစစ်ကြောင်းကို စစ်ကြောင်း(၁)နှင့် စစ်ကြောင်း (၂) ဟူ၍ပြန်လည်ဖွဲ့စည်းခဲ့ကာ စစ်ကြောင်း(၂)စစ်ကြောင်းမှူးအဖြစ် VENOM PDF စစ်ကြောင်းမှ ဗိုလ်စောဝင်းမြင့် က တာဝန်ယူ ဆောင်ရွက်ထားသည်။ https://www.facebook. com/photo/?fbid=566864602179003&set=a.559396186259178
၁၂။ ဖရူဆိုမှာ တိုက်ပွဲမရှိပဲ လက်နက်ကြီး ပစ်ခတ်၊ ဒေသခံတစ်ဦး ဒဏ်ရာရ
April 18, 2023
ကရင်နီပြည် ဖရူဆိုမြို့နယ် ဒေါဗျာကူးကျေးရွာမှာ စစ်ကောင်စီတပ်တွေက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၃ လုံး ကျ ရောက် ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဧပြီလ ၁၇ ရက် မနက်ပိုင်း ၉ နာရီခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကြီးစ ထိမှန်မှုကြောင့် ဒေသခံတွေရဲ့ အိမ်မွေးတိရိစ္ဆာန်အချို့လည်း သေဆုံးသွား တယ်လို့ သိရပါတယ်။ “အိမ်ထိတယ်၊ နွားထိတယ်၊ ဒေသခံ အမျိုးသားတစ်ယောက်ထိတယ်၊ ဝက်လည်းထိသွားတယ်။”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ လက်နက်ကြီးကြောင့် ထိခိုက်သွားသူကတော့ လက်ရှိမှာဆေးကုသမှုခံယူနေရပါ တယ်။
ဖရူဆိုမြို့နယ် ဒေါဗျာကူး ကျေးရွာအတွင်းမှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိပဲ စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၄ တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်းမှ လက်နက်ကြီး ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်အရ စစ်ကောင်စီတပ်တွေ ဟာ ဖရူဆိုမြို့နယ်အတွင်းမှာ နေ့ရော ညပါ လက်နက်ကြီးပစ်ခတ်မှု ရှိနေပြီး အဆိုပါပစ်ခတ်မှုတွေကြောင့် ကျေးရွာအချို့နဲ့ ဒေသခံ၊ စစ်ရှောင်များ ပြောင်းရွေ့နေရတာရှိတယ်လို့ ဆိုပါတယ်။ https://www.kantarawaddytimes org/%e1%80%96% e1%80%9b%e1%80%b0%e1%80%86%e1%80%ad%e1%80
၁၃။ လားရှိုးမြို့နယ် အတွင်း TNLA တပ်သားက ဒေသခံများထဲ ပိုက်ဆံ အတင်းအဓမ္မကောက်ခံ
April 18, 2023
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စု နမ့်ဆော့ကျေးရွာထဲတွင် တအာင်း (ပလောင်) အမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) တပ်သားက ဒေသခံပြည်သူများထံ ငွေ အတင်းအဓမ္မတောင်းခံခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီ ၁၂ ရက်တွင် TNLA တပ်သား (၄) ဦးသည် သေနတ်ဖြင့် နမ့်ဆော့ကျေးရွာအတွင်းသို့ ဝင်ရောက် လာခဲ့ပြီး ဒေသခံ များထံ ငွေတောင်းခံခဲ့ကြောင်း သိရသည်။ ထိုအပြင် ငွေတောင်းခံရသည့်အပြင် ဒေသခံများ၏ အိမ်မွေးကြက်ကိုပါ သေနတ်ဖြင့် ပစ်ခဲ့ပြီး မ မိသည့်အတွက်ကြောင့် ကျည်ဆံဖိုး ထပ်မံတောင်းယူခဲ့ကြောင်း ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ “သူတို့ ၄ ယောက် ဆိုင်ကယ် ၂ စီးနဲ့ လာတာ။ ရွာထဲရောက်လာတော့ ဒေသခံတွေနား ပိုက်ဆံတောင်းတာ။ ၃ သိန်းတောင်းတာ မရှိဘူးလို့ ပြောတော့ အိမ်ပေါ်မှာ တက်ရှာတယ်။ ၁ သိန်းတွေ့တော့ ယူသွားတယ်။ ပြီးတော့ အိမ်က ကြက်တွေကိုလည်း သေနတ်နဲ့ပစ် တယ်။ မမိ လို့ဆိုပြီး ကျည်ဆံဖိုးကို တစ်တောင့် ၁ သောင်းဖိုး နဲ့ ပြန်တောင်းတယ်။ ၂ တောင့် ဆိုတော့ ၂ သောင်းပေးလိုက်ရ တယ်” ဟု မိုင်းကျက်ကျေးရွာအုပ်စုတွင်း ဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါ ငွေတောင်းယူသည့် ကိစ္စနှင့်လည်း သတင်းမထွက်ပေါ်ရန်အတွက် TNLA တပ်သား ၄ ဦးက အိမ်ရှင်ကို ခြိမ်း ခြောက်ခဲ့သေးကြောင်း ဒေသခံက ပြောသည်။ နမ့်ဆော့ကျေးရွာသည် အိမ်ခြေ ၁၀ ဝန်းကျင်သာရှိပြီး တောင်ယာလုပ်ငန်း ဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြကြောင်း သိရသည်။ “ကျနော်တို့တော့ တရားမျှတမှု နဲ့ လုံခြုံရေးအပြည့်တွေ လို ချင်တယ်။ ကျနော်တို့ ရွာက သေးတယ်။ ပြီးတော့ သူတို့က ပြည်သူတွေအပေါ် ဒီလိုလုပ်တာက မကောင်းဘူး။ သူတို့ရဲ့ အထက်ပိုင်းက လူကြီးတွေကို ပြန်ပြီး တာဝန်ယူခိုင်းစေချင်တယ်” ဟု လားရှိုးမြို့ ဒေသခံ တစ်ဦးက ပြောသည်။ အလား တူ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်သည် လားရှိုးမြို့နယ် အပြင် နမ့်ခမ်းမြို့တွင်လည်း ဒေသခံ ပြည်သူများထံ အခွန်လိုက်လံ ကောက်ခံ နေလျက်ရှိသည်။ https://burmese.shannews.org/archives/34165
၁၄။ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်၊ လေကြောင်းအသုံးပြု တိုက်ခိုက်နေ
April 18, 2023
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာတိုက်ပွဲပြင်းထန်နေပြီး ပြီးခဲ့တဲ့ဧပြီလ ၁၆ ရက်နေ့ကစပြီး စစ်ကောင်စီ တပ်က လေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ခူညေးရယ် က ပြောပါတယ်။ “အဲဒါပြောရမယ်ဆိုရင် ၁၆၊ ၁၇၊ ၁၈ ဒီရက်အထိပေါ့နော။ ဒေါညေးခူမှာ တိုက်ပွဲဖြစ်နေ တယ်။ တိုက်ပွဲဖြစ်နေတော့ ၁၆ ရက် နေ့လည်မှာ လေယာဉ်နဲ့ တစ်ခေါက်လာပစ်တယ်။ ညနေမှာ ၃နာရီကျော်မှာ တစ်ခေါက်လာ ပစ်တယ်။ နောက်မနေ့ည(ဧပြီ ၁၇) က ည၁၁နာရီကျော်၊ ၁၂ နာရီထိုးခါနီးလောက်မှာ တစ်ခေါက်လာပစ်တယ်။ အဲဒီ စစ် ဂျက် လေယာဉ်နဲ့ပေါ့။ ပစ်လည်းပစ် ဗုံးသီးလည်းချပေါ့။ အဲဒီမှာ ဒေါညေးခူက အိမ်ခြေသုံးလုံးလောက်မီးလောင်သွားတယ်။ တစ်လုံးက ပျက်သွားတယ် အဲဒီလိုမျိုးသိရတယ်။”လို့ ခူညေးရယ်က ပြောပါတယ်။ ၃ ရက်ဆက်တိုက်အတွင်း တနေကုန်နီးပါး တိုက်ပွဲပြင်း ထန်နေတဲ့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်တာဟာ အထိနာတဲ့အတွက်ဖြစ် တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
“အဓိက ကတော့ ဒီဘက်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ လေယာဉ်တွေ အများကြီးသုံးလာရင်တော့။ ဒါပေမယ့် သူတို့ဘက်က အထိအခိုက်ရှိလို့ပဲပေါ့။” လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ပြီးခဲ့တဲ့ မတ်လ ပထမ အပတ်ကတည်းက စစ်ကောင်စီရဲ့ ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ် စကခ (၂) လက်အောက်ခံ တပ်ရင်း(၃)ရင်း ဖြစ်တဲ့ ခလရ ၁၂၊ ခမရ ၅၁၅၊ ခမရ ၅၁၆ တို့ကနေ စစ်ကြောင်း သုံးကြောင်းနဲ့ ထိုးစစ်ဆင်လာပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့နဲ့ တိုက်ပွဲအပြင်း အထန်ဖြစ်ပွားနေပါတယ်။ မတ်လ တစ်လ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၉၀ ကျော်သေဆုံးပြီး ၅၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့သလို လက်နက်ခဲယမ်းအများအပြား ကို သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထုတ်ပြန်ချက်အရသိရပါတယ်။ လက်ရှိမှာလည်း စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါတမကြီးကျေးရွာအုပ်စုအတွင်းမှာ တပ်စွဲနေရာယူထားတယ်လို့ သိရ ပါတယ်။ https://www.kantarawad dytimes.org/%e1%80%92%e1%80%ae%e1%80%b8%e1%80%99%e1%80%b1
၁၅။ ရမ်ထလိုရွာတွင် လင်မယား နှစ်ယောက် မိုင်းနင်းမိလို့ အမျိုးသမီးသေဆုံး၊အမျိုးသား ပြင်းထန်းဒဏ်ရာရရှိ
April 17, 2023
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာအနီးတွင် တောင်ယာသွားသော လင်မယား နှစ်ယောက်က မိုင်းနင်းမိ လို့ အမျိုးသမီးဖြစ်သူ သေဆုံးခဲ့ပြီး အမျိုးသားမှာ ခြေထောက်တွင် ပြင်းထန်ဒဏ်ရာရရှိကြောင်း သိရှိရပါတယ်။ “ဒီနေ့ နေ့ခင်း ပိုင်း ၁၂ နာရီလောက်မှာ သူတို့တောင်ယာသွားတဲ့ လမ်းမှာ မိုင်းနင်းမိလို့ ဒေါ်မဆန်း သေဆုံးပါတယ်။ သူ့ယောင်္ကျား ဦးဖွန်းကြီး လည်း ခြေထောက်မှာ ဒဏ်ရာပြင်းတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေါ်မဆန်း ကို ဖလမ်းပြည့်သူ့ဆေးရုံးသို့ ပို့ဆောင် နေစဉ် လမ်းတစ်ဝက်မှာ ရရှိထားသောဒဏ်ရာနဲ့ သေဆုံးသွားပါတယ်။ https://www.f acebook.com/photo/?fbid=7276510 09367522&set=a.716654970467126
၁၆။ မူဆယ်မြို့မ ရဲစခန်း တိုက်ခိုက်ခံရ
April 17, 2023
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ မြို့မရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရသည်။ ဧပြီလ ၁၆ ရက်နေ့ည ၈ နာရီ ၄၅ မိနစ်ခန့်က မူဆယ်မြို့မ ရဲစခန်း လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် တိုက်ခိုက်ခံရပြီးနောက် အပြန်အလှန်ပစ်ခတ်မှု တစ်နာရီနီးပါးကြာခဲ့ကြောင်း ရဲစခန်းအနီးနေထိုင်သူတစ်ဦးက ပြောသည်။ “အိမ်နားမှာပဲဖြစ်တာပါ။ ရဲစခန်းထဲကိုလည်း ပစ် တယ်။ ရဲစခန်းထဲကနေလည်း ပြန်ပစ်တယ်။ ဒီတစ်ခေါက်ကြားတဲ့ သေနတ်သံကတော်တော်ကိုကျယ်တာ။ အရင်အခါတွေနဲ့ မတူဘူး။ ကြောက်ဖို့ ကောင်းတယ်”ဟု ၎င်းက ဆိုသည်။
ပစ်ခတ်မှုကြောင့် ရဲစခန်းအနီးရှိ နေအိမ်အချို့၏ နံရံနှင့် ခေါင်မိုးများ ပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။ မူဆယ်မြို့မရဲစခန်းကို KIA နှင့် KPDF တို့က ၄၀ မမ ဗုံးသီးနှစ်လုံးနှင့် လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီဘက်က ရေးသားထားသော်လည်း တော်လှန်ရေးတပ်ဖွဲ့များဘက်က မည်သည့်အဖွဲ့ လုပ်ဆောင် ခဲ့သည်ဆိုသည်ကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေ။ https://www.facebook.com/photo/?fbid=784573996365324&se t=a.776968607125863
၁၇။ နွေရာသီရေရှားပါးမှုကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းတဲ့ ကလေးတွေ ဝမ်းပျက်ဝမ်းလျှောဖြစ်နေ
April 18, 2023
ကရင်နီပြည် ဖရူဆိုမြို့ နယ် တောင်ဘက်ခြမ်းက စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ကလေးငယ်တွေဟာ ရေရှား ပါးတဲ့ နောက်ဆက်တွဲ အနေနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်နေကြတယ်လို့ ဖရူဆိုမြို့ နယ် ဆိုသယ်စစ်ဘေးဒုက္ခသည်စခန်း ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။ “ကလေးအတွက် အရမ်းစိတ်မကောင်းဖြစ်တယ် ပေါနော၊ သူတို့ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ရော ကျန်းမာရေး အတွက်ရော ဒီ အခုချိန်မှာဆို ရေအရမ်းရှားတဲ့အခါကျတော့ ဝမ်းပျက်ဝမ်းလျှောတွေ အရမ်းများနေတယ်။ နောက် သူတို့ဖျားတာတွေ အများကြီးဖြစ်နေခါကျတော့ အရမ်းစိတ်မကောင်းဖြစ် တယ်ပေါ့နော။ ” လို့ ကလေးတွေကို စာသင်ပေးနေတဲ့ စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးက ပြောပြပါတယ်။ ဖရူဆိုမြို့နယ်ဟာ နှစ်စဉ် နွေရာသီအချိန်မှာ ရေရှားပါးမှုကို ခံစားရတဲ့ နေရာဖြစ်ပြီး၊ ယခုလို စစ်ရှောင်နေရတဲ့ကာလမှာ လုံလောက်တဲ့ သောက် သုံးရေ ရရှိမှု မရှိတဲ့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေး အပိုင်းမှာ အားနည်းနေတာဖြစ်ပါတယ်။
“ရေချိုးမယ်ဆိုလည်း ထမင်းချက်ဖို့ရေလည်း ချန်ထားရဦးမယ်။ အဲ့မျိုး ဖြစ်တဲ့အထိပေါနော။ ကျမတို့ အခက်အခဲက အဲ့လောက်ထိဖြစ်နေတယ်ပေါနော။”လို့ ဆိုသယ် စစ်ဘေးဒုက္ခသည်စခန်းက ကျောင်းဆရာမတစ်ဦး ပြောပါတယ်။ အဆိုပါ ကျောင်းဆရာမရဲ့ ပြောကြားချက်အရ စာသင်ကျောင်းတွေမှာ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အသုံးပြုနိုင်တဲ့ ရေမရှိသလို၊ ယင်လုံအိမ်သာအတွက် အသုံးပြုရမယ့် ရေလည်း မရှိတာကြောင့် ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျှောတွေ အဖြစ်များကြတာဖြစ် တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဝေးလံတဲ့ ရေထွက်ပေါက်တွေဆီကို ကားတွေနဲ့ အလှည့်ကျ သွားရောက်ခပ်ယူနေကြရ ပေမယ့်၊ ရေကို အကန့်အသတ်နဲ့ပဲ ခပ်နေကြရတဲ့အပြင် သယ်ယူရေးအတွက် ကုန်ကျစရိတ်တွေ များတယ်လို့ စစ်ဘေးဒုက္ခသည် စခန်း ကော်မတီတစ်ဦးကပြောပါတယ်။ “ကားရှိပေမယ့်လည်း ဒီဇယ်ဖိုး မတတ်နိုင်တာတစ်ကြောင်းနဲ့ ကျွန်တော်တို့အတွက် အလွန်ခက်ခဲပါတယ်။ အလှည့်ကျနဲ့ ရေခပ်ရတာကတော့ တစ်ရွာကို တစ်ပတ်မှာ တစ်ခါတောင်မပြောနဲ့၊ တစ်လမှာ တစ်ခါ လောက်ပဲ ရေခပ်ရသေးတယ်။ ရေကိစ္စဆိုရင် လုံးဝအဆင်မပြေဘူး။ ရေချိုးဖို့ အဝတ်လျှော်ဖို့ဆိုရင်လည်း အဆင်မပြေဘူး။ သောက်ဖို့ နဲ့ ထမင်းဟင်းချက်ဖို့သာ ချွေတာသုံးရတယ်။ ” လို့ သူက ပြောပါတယ်။ ရေသွားမခပ်နိုင်တဲ့ စစ်ဘေးရှောင်တွေ ကတော့ ရေပုံးဝါ တစ်ပုံးကို ၅၀၀ ကျပ်နဲ့ ဝယ်ယူသုံးစွဲရတယ်လို့ ဆိုပါတယ်။ လက်ရှိ ဖရူဆိုမြို့နယ်အရှေ့ခြမ်းမှာ စစ်ဘေးဒု က္ခသည်စခန်းကြီး ၄ ခုရှိနေပြီး၊ လူဦးရေအားဖြင့် ၃၀၀၀ ဝန်းကျင်ရှိနေတယ်လို့သိရပါတယ်။ https://www.kantarawaddyti mes.org/%e1%80% 94%e1%80%bd%e1%80%b1%e1%80%9b%e1%80%ac%e1%80
၁၈။ ကျိုက်ထို အလူးကျေးနယ်မှာ စစ်ကောင်စီတပ်က အိမ်တွေမီးရှို့ပြီး ဆိုင်ကယ် ၆ စီးသိမ်းယူ
April 18, 2023
ကျိုက်ထိုမြို့နယ်၊ အလူးကျေးနယ်ကို စစ်ကောင်စီတပ် ဝင်ရောက်ပြီး နေအိမ် ၃ လုံး မီးရှို့ဖျက်ဆီးကာ ဆိုင်ကယ် ၆ စီးကို သိမ်းယူပြီး ပြည်သူ တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး -KNU၊ ဒူးသထူခရိုင်က ဒီနေ့ ဧပြီ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့ မနက် ၈ နာရီခွဲ ဝန်းကျင်က အလူး ကျေးနယ်ကို ဝင်ရောက်ပြီး ဦးစိုး၊ ဦးသေးသေး နဲ့ ဦးသာလိ တို့ရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ မီးရှို့နေစဉ် ဖြတ်သန်းသွားလာတဲ့ ဆိုင်ကယ် ၆ စီးကို အဓမ္မလုယူခဲ့ပြီး အလူးကြီးရွာသား ဦးမကွေး ၅၅ နှစ် ကို ဆိုင်ကယ်နဲ့အတူ ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ KNU က ထုတ်ပြန်ပါတယ်။
“ရွာနားမှာက သူတို့ ကင်းပုန်းတွေ အမြဲရှိတယ်။ ရွာအပြင်ဘက်မှာ တော်လှန်ရေး အင်အားစုတွေ သူတို့ ကားတန်းကို မိုင်းဆွဲတာတွေလည်းရှိတယ်။ မိုင်းဆွဲတဲ့ အခါတိုင်း ရွာကို လာခြိမ်းခြောက်တယ်။ အရင်က မိုင်းဆွဲလိုက်တိုင်း ရာဘာခြံတွေ၊ ဥယျာဉ်ခြံတွေ မီးရှို့ခဲ့တာတွေရှိတယ်။ မီးလောင်တာတွေ့လို့ မီးသွားငြိမ်းရင် သွားတဲ့လူတွေကို ခြိမ်းခြောက်တယ်။ မီးပေးမငြိမ်း ဘူး။ အခုလည်း သူတို့မိုင်းဆွဲခံရလို့ ရွာထဲလာပြီး မီးလာရှို့တာ”လို့ အမည်မဖော်လိုသူ အလူးရွာသားတစ်ဦးကပြောကြောင်း KNU က ဆိုထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ KNU အုပ်ချုပ်နယ်မြေ၊ ကျိုက်ထိုမြို့နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက် မှုတွေ ကျူးလွန်နေပြီး အခု အရပ်သားနေအိမ် မီးရှို့ခံရမှု ဖြစ်စဉ်က ၄ ကြိမ်မြောက် ဖြစ်တယ်လို့ သိရပါတယ်။ https://www.fa cebook.com/MeKongNewsMM/photos/pcb.121286 6126039989/1212866092706659/
၁၉။ ခမောက်ကြီးမြို့ ဆိတ်ဖူးရွာတွင် ပစ်ခတ်မှုကြောင့် ဒေသခံ ၃၀၀ ကျော် ထိုင်းဖက်သို့ ထွက်ပြေး
April 17, 2023
ကော့သောင်းခရိုင် ခမောက်ကြီးမြို့ ရှမ်းကိုးရွာဒေသရှိ ဆိတ်ဖူးရွာတွင် ဧပြီ ၁၆ ရက် ညနေပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့၍ ဒေသခံ ၃၀၀ ကျော်သည် မြန်မာ-ထိုင်းနယ်စပ် ရေလမ်းခရီးဖြင့် ထိုင်းနိုင်ငံထံသို့ ဝင်ရောက် ခိုလှုံခဲ့ကြောင်း ဒေသခံများမှ ပြော သည်။ ဧပြီလ ၁၆ ရက်နေ့ ညနေပိုင်းတွင် အဆိုပါ ဆိတ်ဖူးကျေးရွာတွင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် အင်အား ၁၀ ဦးခန့်က ယင်းကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ လက်ကိုင်ဆောင်ထားသော ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့ ခေါင်းဆောင် နှစ်ဦးကို သွားရောက် ပစ်ခတ်မှု အပြီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်းဒေသခံများမှာ သေနတ်သံများကြောင့် စိုးရိမ်ပြီး မြန်မာဖက်ခြမ်းမှ ထိုင်းနိုင်ငံ ရနောင်းခရိုင် ကရဘုရီမြို့နယ်ရှိ နယ်စပ်ကို ရေလမ်းခရီးဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု ဆိတ်ဖူးရွာ ကျေးရွာသား များက ပြောသည်။
“ပစ်ခတ်မှုတွေ ဖြစ်လို့ မနေ့ ညနေပိုင်းက စိုးရိမ်ပြီး ထိုင်းဖက်ကို ထွက်ပြေးသွားခဲ့တာပါ၊ ပြည်သူစစ် နှစ်ဦး ပစ်သတ်ခံရ တော့ စစ်တပ်က လာရောက် စစ်ဆေးမှာ ကြောက်လို့ ရုတ်တရက် ကြောက်ပြီး ထွက်ပြေးတာ ဖြစ်တယ်”ဟု ဆိတ်ဖူးရွာခံတစ်ဦး က ပြောသည်။ ထိုသို့ ထိုင်းထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့သူများကို ထိုင်းအာဏာပိုင် တာဝန်ရှိသူများက လက်ခံ ယာယီနေထိုင် ခွင့်ပြုခဲ့ပြီး ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် မြန်မာဖက်တွင် အခြေအနေ ပြန်လည် ငြိမ်သက်နေဟု ယူဆပြီး မြန်မာ ဒုက္ခသည် ၃၀၀ ကျော်ကို ပြန်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ထိုင်း စစ်တပ် အမှတ် ၂၅ ခြေလျင်တပ်ရင်း အထူးတပ်ဖွဲ့မှ ထုတ်ပြန်သည်။ ယင်းကဲ့သို့ ထိုင်းဖက်ကို ရုက်တရက် ထွက်ပြေးခဲ့သူများထဲတွင် ကလေးငယ်များ အပါဝင် ဒေသခံ ၃၀၀ ဦးကျော် ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ https://www.facebook.com/we sternnewsagency/photos/pcb.747147400425100/747146677091839/
၂၀။ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်လေ့ရှိ
April 18, 2023
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက်စောစော ၂ နာရီခန့်၌ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ “များတော့များတယ်။ ဆယ်လုံးဝန်းကျင်လောက်တော့ ကျတာပေါ့နော်။ တိုက်ပွဲတော့ ဒီတစ်ရက်နှစ်ရက် မဖြစ်ဘူး။ တိုက်ပွဲကြီးငယ်လည်း မရှိဘူး။ ဒါပေမယ့် လက်နက်ကြီးတော့ ထုတယ်ပေါ့နော်။ ရမ်းသန်းထုတယ်ပေါ့။ ဘာကြောင့်ထုတယ်တော့ ကျနော်တို့လည်း မသိဘူး။ ကျနော်တို့ ထင်တာတော့ (၁၀၂) ကနေပဲ ထုလာတယ်ထင်တယ်။ နောက်တစ်ခုက ကားပေါ်မှာ တင်ထားတဲ့ဟာ။ ရွှေ့လျားတဲ့ ဟာနဲ့ ပစ်တာ။ ဒီနှစ်ခုပဲ ကျနော်တို့ သိရတယ်ပေါ့” ဟု ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြား ရေးတာဝန်ခံက ပြောသည်။ ယနေ့ နံနက်တွင် ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်သည် စစ်ဘေးရှောင်စခန်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ “မနက်ကပစ်တာတော့ စစ်ဘေးရှောင်စခန်းနဲ့ မလှမ်းမကမ်းမှာကျတာ တော့ရှိတယ်။ ဒဏ်ရာ ကြီးကြီးမားမား မရဘူး။ နည်းနည်း တစ်ယောက်ကပွန်းပဲ့လောက်ထိတယ်လို့ သတင်းရတယ်ဗျ။ ထုတာ တော့ တောက်လျှောက်ပဲ။ တည့်တည့်တော့ မကျဘူး။” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့နယ်နေရာအနှံ့တွင် လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိရာ ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၂နာရီခန့်တွင် စစ်ကောင်စီတပ်ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ကြောင့် ဒီးမော့ဆိုအနောက်ခြမ်းရှိ လမ်းတစ်နေရာတွင် အရပ်သားတစ်ဦး ကျည်ထိမှန်သဖြင့် စိုးရိမ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “တစ်ရက်တစ်ကြိမ်၊ နှစ်ရက် တစ်ကြိမ်တော့ (လက်နက်ကြီး) ပုံမှန်ကျတယ်။ ဒီမနက်မတိုင်ခင် တစ်ရက်တုန်းက အသက်၄၀ အမျိုးသားတစ်ဦး ဒါလည်း စစ်ရှောင်ပဲပေါ့နော်။ စခန်းတော့မဟုတ်ဘူး။ အနားမှာ သွားလာနေတဲ့အချိန် လမ်းမှာထိတော့ ဆေးရုံကိုသွားပို့ရတယ်။ အဲ့တစ် ယောက်ကတော့ ပြင်းထန်တယ်။ ဆေးရုံတော့ မဆင်းသေးဘူး” ဟု ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူကပြော သည်။ ဒီးမော့ဆိုမြို့နယ် နေရာအနှံ့အပြားတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အင်အားစုများအကြား မကြာခဏတိုက်ပွဲ ဖြစ်ပွားလျက်ရှိရာ ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်များတွင် ဖေဖော်ဝါရီလနှင့် မတ်လ နှစ်လတာအတွင်း ၈၂ ကြိမ် ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့ရာ အဆိုပါတိုက်ပွဲအကြိမ်အရေအတွက်သည် စစ်အုပ်ချုပ်ရေး မကြေညာမီ ကာလထက် သုံးဆ မြင့်တက်လာပြီး ထိုတိုက်ပွဲများကြောင့် ကရင်နီပြည်နယ်နှင့် ရှမ်း-ကရင်နီ နယ်စပ်များတွင် စစ်ဘေးရှောင် ၃၀၀,၀၀၀ နီးပါး အထိရှိကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။ https: //www.facebook.com/MizzimaDaily/photos/a.320351647999747/6613680272000155/
၂၁။ မူးယစ်ရောင်းချသူများကို သိရှိသော်လည်း အရေးယူပေးရန် တိုင်ကြားမည့်သူ မရှိ
April 17, 2023
မြစ်ကြီးနားမြို့ ငွေပျော်စံပြ စစ်ရှောင်ကျေးရွာတွင် မူးယစ်ဆေးဝါးကို အဓိက ဖြန့်ဖြူးရောင်းချနေသော အိမ်ထောင်စု ၃ စုကို ကျေးရွာသားအားလုံး သိရှိထားသော်လည်း တိုင်ကြားမည့်သူ မရှိသဖြင့် အရေးယူပေးမည့်သူလည်း မရှိကြောင်း သိရသည်။ ထိုသို့ ရောင်းချနေသူများကို သက်ဆိုင်ရာသို့ တိုင်းကြားလိုသော်လည်း တိုင်ကြားသူများ အန္တရယ်ပြုခံရမည်ကို ပြန်လည်စိုးရိမ် ကြောင်း ငွေပျော်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ “မတိုင်ရဲဘူး၊ လမ်းကြောင်းမသိဘူး၊ ကိုယ်အဖြစ်ကိုယ်ခံဖြစ်နေတယ်၊ တိုင်မယ်ဆိုလည်း ထိထိရောက် အရေးယူပေးမဲ့ သူလည်းမရှိဘူး။ ကြုံတွေ့ခံစားသူနေရသူတွေလည်း ဆင်းနွမ်းပါးပြီး ဘာမှမသိ တဲ့ မိသားစုတွေပဲကြုံနေကြရတာ။ သွားတိုင်ဖို့၊ ဝင်စွပ်ဖက်ဖို့လည်း ခုနိုင်ငံရေးက အသက်ခြိမ်းခြောက်ခံရတဲ့ထိ ဖြစ်နေတော့ ဘယ်သူမှ မရဲဝံ့ဘူး။ အရင်တစ်ခေါက်ကလည်း မူးယစ်ဆေးဝါးရောင်းလို့ နည်းနည်းစွက်ဖက်ပြောမိသူကို မကျေနပ်လို့ စစ်သား တွေကို လာဖမ်းခိုင်းလိုက်တာလည်း ရှိတာဆိုတော့။” ဟု ပြောသည်။
ထို့ကြောင့် ကျေးရွာတွင် ယခင်က မူးယစ်ဆေးဝါး မသုံးစွဲတတ်သူများပင် လက်ရှိတွင် မူးယစ်ဆေးဝါးကို သုံးစွဲတတ် နေပြီဟု ဒေသခံအများစု ပြောသည်။ မူးယစ်ဆေးဝါးကို အနည်းဆုံး ကျပ်ငွေ ၂၀၀၀ ပေးကာ အလွယ်တကူ သုံးစွဲနိုင်သော ကြောင့် ငွေပျော်စံပြကျေးရွာသည် အခြားကျေးရွာများမှ လူငယ်များအတွက် မူးယစ်ဆေးဝါးကို အလွယ်တကူဝယ်ကူသုံးစွဲနိုင်သောနေရာ ဖြစ်လာသည်ဟု ဆိုသည်။ ယခင်က မူးယစ်ရောင်းချသုံးစွဲသူများကို ပလန ရဲဘက်ဆိုင်ရာတာဝန်ကျသူများ လာရောက်ဖမ်းဆီးမှု ရှိခဲ့သော်လည်း ထိရောက်သည့် အရေးယူမှုမဖြစ်ပဲ ငွေကြေးဖြင့်သာ ပြန်လွတ်ပေးလျက်ရှိသည်ဟု သိရသည်။ထိုသို့ ကျေးရွာ အတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ များပြားလာသော်လည်း ရောင်းချနေသူများကို အရေးယူပေးရန် တိုင်ကြားမည့်သူ မရှိကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းဆာ က ပြောသည်။ https://b urmese.kachinnews.com/2023/04/17/ld1-25/
၂၂။ BPLA (၂) နှစ်ပြည့် KNLA ဒုတိယစစ်ဦးစီးချုပ် သဝဏ်လွှာပေးပို့
April 17, 2023
ဧပြီလ (၁၇)ရက်နေ့တွင် ကျရောက်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLA၏ ဖွဲ့စည်းတည်ထောင်ခြင်း (၂)နှစ်ပြည့် အခမ်းအနားသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ သဝဏ်လွှာပေးပို့ခဲ့သည်။ KNLA ဒုတိယစစ်ဦးစီးချုပ်၏ သဝဏ်လွှာထဲတွင် အခက်အခဲအကြပ်အတည်းများကြား ၌ ယုံကြည် ချက်ဖြင့် အနာဂတ်အတွက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ရန် ဇွဲ၊ လုံ့လ၊ ဝိရိယ သတ္တိ အပြည့်နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်ကို ဖွဲ့စည်းနိုင်ပြီး စွမ်းစွမ်းတမံတော်လှန်တိုက်ပွဲဝင်သည့် တပ်တော်၏ ရဲဘော်များအား လုံးကို လေးစားအသိမှတ်ပြုကြောင်း ပြောဆိုထားသည်။ ထို့အပြင် စစ်အာဏာရှင်စနစ်ကျဆုံးရန်အတွက် ရှေ့ဆက်တိုက်ပွဲဝင် ရာတွင် အခက်အခဲစိန်ခေါ်မှုများ ထပ်မံကြုံတွေ့ရနိုင်သောကြောင့် ထိုအခက်အခဲများသည် အနာဂတ်မျိုးဆက်များအတွက်နှင့် တိုင်းပြည်အနာဂတ်အတွက် အနစ်နာခံသည့် အရာများအဖြစ် နားလည်ထားရန်လည်း ဒုတိယ ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ က ပြောဆိုထားသည်။
ဆက်လက်၍ စစ်အာဏာရှင်များသည် တိုင်းပြည်၏ အာဏာကို နှစ်ရှည်လများ အဓမ္မအာဏာလုယူ အုပ်ချုပ်ထား ခြင်းဖြစ်ကာ အာဏာရှင်စနစ်ခိုင်မာစွာအမြစ်တွယ်ထားပြီးဖြစ်သည့်အတွက် လက်နက် ကိုင်တော်လှန်ရေးအဖွဲ့များအနေဖြင့် လည်း စည်လုံးညီညွတ်ကာသတိကြီးစွာအဖက်ဖက် ပူးပေါင်းတိုက် ထုတ်နိုင်မှ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်နိုင် မှာ ဖြစ်ကြောင်းလည်း ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ၏ သဝဏ်လွှာထဲတွင် ပြောဆိုသည်။ ယနေ့ခေတ်ကာလတွင် ခေတ်မှီ နည်းပညာ ဖွံ့ဖြိုးတိုးတက်သည့် ကာလဖြစ်သောကြောင့် BPLA တပ်တော်အနေဖြင့် တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိနှင့် အတူ လုံခြုံရေးသတိပါ အထူးသတိပြုရ မည်ဖြစ်ပြီး ခေတ်မှီနည်းပညာများဖြင့် စစ်အာဏာရှင်များကို တန်ပြန်စစ်ဆင်နိုင်ရန် အတွက်လည်း စဉ်ဆက်မပြတ် လေ့လာရမည်ဖြစ်ကြောင်းလည်း ဒုစစ်ဦးစီးချုပ် စောဘောကျော်ဟဲက တိုက်တွန်း ထားသည်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် -BPLA ၏ ဖွဲ့စည်းတည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနား အစီအစဉ်ကို KNLA တပ်မဟာ(၅)အုပ်ချုပ်မြေရှိ အမှတ်(၁၀၇) စစ်ဒေသနှင့် နိုင်ငံရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်ဟုသိရသည်။ BPLA တပ်တော် သည် နွေဦးတော်လှန်ရေးကာလမှ ပေါက်ဖွားလာသည့် ဗမာလူမျိုးစု ကိုယ်စားပြု တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ၎င်းတို့နှင့် အတူ အပြိုင်ပေါ်လာသည့် လက်နက် ကိုင်တပ်ဖွဲ့အားလုံးနှင့် လက်တွဲကာ မဟာမိတ်ပြုလုပ်၍ စစ်ကောင်စီကိုအမြစ်ဖြတ် ဖြိုချရန် ရည်မှန်းထားသည်ဟု BPLA ၏ တာဝန်ခံမောင်ဆောင်းခ က ပြောဆိုထားသည်။ nhttps://kicnews.org/2023/04/bpl a%e1%81%82 %e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%95
၂၃။ လေပြင်းများတိုက်ခိုက်တာကြောင့် စစ်ရှောင်စခန်းအတွင်း စာသင်ကျောင်းနဲ့ ယာယီဘုရားကျောင်းပျက်စီး
April 18, 2023
ယမန်နေ့(ဧပြီ ၁၇ ရက်) နေ့လည်က ရှမ်း-ကရင်နီနယ်စပ်တနေရာမှာ မိုးသီးများကြွေကျပြီး လေပြင်းများတိုက်ခိုက်တာ ကြောင့် ခေါက်တုံစစ်ရှောင်စခန်းအတွင်းက စာသင်ကျောင်းနဲ့ ယာယီဘုရားကျောင်း အမိုးများပျက်စီးကာ ကျောင်းသုံးစာအုပ် များနဲ့ ကျမ်းစာအုပ်များ ရေစိုပျက်စီးခဲ့ပါတယ်။ “မနေ့ နေ့လည် ၁၂ နာရီ ကျော်လောက်က မိုးရွာတာ။ မိုးမများပေမဲ့ လေပြင်း လို့ပါ၊ နာရီဝက်ကျော်ကျော်လောက်ကြာတယ်။ စာသင်ကျောင်းနဲ့ ဘုရားကျောင်းကလည်း မိုးကာစနဲ့မိုးထားတာ၊ အရင်တည်းက စုတ်နေပြီဆိုတော့ လေပြင်းတဲ့အချိန် ပိုဆိုးသွားတာပေါ့။” လို့ ခေါက်တုံစစ်ရှောင်စခန်းရဲ့ စစ်ရှောင်ကော်မတီဝင် တဦးက ပြောပြ ပါတယ်။ မြန်မာဘာသာနဲ့ “သရက်ဝင်း” လို့ အဓိပ္ပာယ်ရတဲ့ ခေါက်တုံစစ်ရှောင်စခန်းမှာ မိုးဗြဲနဲ့ လီဝိုးရွာတို့က နေရပ်စွန့်ခွာထွက် ပြေးလာတဲ့ ပြည်သူ ၁၇၀ ကျော် နေထိုင်နေပါတယ်။ ဒီစခန်းအတွင်း ၎င်းတို့ စစ်ဘေးရှောင်နေတာ ၂ နှစ်ခန့်ကြာမြင့်ပြီ ဖြစ်ပါ တယ်။ “ကျတော်တို့က ဒီနေရာမှာ တောင်ယာလုပ်ရလွယ်အောင်ပြောင်းလာတာမို့ ဆက်သွယ်ရေးတော့ ခက်ခဲတယ်။ ဖုန်း၊ အင်တာနက်လည်း မရဘူးလေ။ စခန်းထဲ ဆိုင်ကယ်နဲ့ပဲ လာလို့ရတော့ အလှူရှင်အဖွဲ့တွေလည်း သိပ်မရောက်ကြဘူး။ ရိက္ခာလှူ မဲ့သူမရှိတာ လေးလလောက်ကြာပြီ။” လို့ စစ်ရှောင်စခန်းရဲ့ ကော်မတီဝင်က ဆက်လက်ပြောပြပါတယ်။
ကျောင်းသူကျောင်းသား ၇၀ ခန့် စာသင်ကြားနေတဲ့ ခေါက်တုံစစ်ရှောင်စခန်းရဲ့ စာသင်ကျောင်းအမိုးကိုတော့ သင်ကြား ရေးမပျက်ကွက်အောင် ပြန်လည်ဖာထေးပြီး ဆက်လက်သင်ကြားနေပါတယ်။ “ကျောင်းကတော့ စာဆက်သင်ရမှာဆိုတော့ ရှိတာနဲ့ ပြန်ဖာထေးထားရတယ်။ ဘုရားကျောင်းနဲ့ ဇရပ်တလုံးကတော့ မိုးကာလည်းမရှိသေးတော့ ဒီအတိုင်းပဲ။ မိုးလည်းကျ တော့မှာဆိုတော့ ပြင်မှဖြစ်မယ်ဆိုပေမဲ့ အလှူရှင်က မရှိသေးဘူးဖြစ်နေတာ”လို့ စစ်ရှောင်ကော်မတီဝင်တဦးက ဆက်လက်ပြော ပြခဲ့ပါတယ်။ နွေရာသီဖြစ်တာကြောင့် ကရင်နီဒေသက စင်ရှောင်များဟာ သောက်သုံးရေရှားပါးမှုဒဏ်ကို ရင်ဆိုင်နေရသလို အချိန်ခါမဟုတ် မိုးသီးကြွေခြင်း၊ လေပြင်းတိုက်ခြင်းများကြောင့်လည်း ယာယီအဆောက်အအုံများ ပျက်စီးမှုကို ရင်ဆိုင်နေရ ပါတယ်။ https://www.facebook.com/photo/?fbid=244354444783822&se t=pcb.244355151450418
၂၄။ “ဝ” ခေါင်းဆောင်တို့၏ နိုင်ငံရေး စစ်ရေး ဦးဆောင်မှုကို ခံယူမည်ဟု PSLF/TNLA ထုတ်ပြန်ပြောဆို
April 18, 2023
သျှမ်းပြည်အတွင်း အခြေချ လှုပ်ရှားနေသည့် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF / TNLA တပ်ဖွဲ့ သည် “ဝ” ခေါင်းဆောင်ကြီးများ၏ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုများကို လေးနက်တည်ကြည်စွာ ခံယူမည် ဖြစ်ကြောင်း ထုတ်ပြန် ပြောဆိုထားသည်။ (ဧပြီ ၁၇) ရက်တွင် ကျရောက်သည့် ၃၄ နှစ်မြောက် “ဝ” ငြိမ်းချမ်းရေး တည်ဆောက်မှု ပွဲတော်သို့ ပေးပို့သော် PSLF/TNLA ဂုဏ်ပြုသဝဏ်လွှာတွင် ထည့်သွင်းရေးသားထားခြင်း ဖြစ်သည်။ “မွန် – ခမာ အနွယ် ဝ – တအာင်း တို့၏ ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေးနှင့် အမျိုးသားနိုင်ငံရေး ဦးတည်ချက်သို့ ရောက်ရှိ အောင်မြင်စေရန်အတွက် သွေးချင်းညီအစ်ကို လူမျိုးများ အနေဖြင့် အမြဲလက်တွဲ ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း PSLF/ TNLA က ပြောဆိုထားသည်။ “ဝ” အစိုးရမှ ၂၀၂၂ ခုနှစ် တွင် ထုတ်ပြန်ခဲ့သည့် ပြည်တွင်း ပဋိပက္ခအား အင်အားသုံး၍ မဖြေရှင်းရန် နိုင်ငံရေး နည်းလမ်းများဖြင့်သာ အဖြေရှာရန်ဆိုသည့် တိုက်တွန်းချက်သည် မြန်မာပြည်တွင်းစစ် ပဋိပက္ခအား ကိုင်တွယ်ဖြေရှင်းမှုတွင် ကိုင်စွဲထားရမယ့် အခြေခံ မူဝါဒ ဖြစ်ကြောင်း လည်း PSLF/TNLA မှပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
ထို့အပြင် “ဝ” ပြည်နယ်အစိုးရ၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး ရပ်တည်ချက် မူဝါဒများသည် PSLF/TNLA မှ ထောက်ခံ လိုလားသည့် အခြေခံမူဝါဒများ ဖြစ်ကြောင်း PSLF/TNLA ၏ သဝဏ်လွှာအရ သိရသည်။ တအာင်း (ပလောင်) အမျိုးသားလွတ် မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့သည် “ဝ” တပ်ဖွဲ့ ဦးဆောင်သည့် FPNCC အဖွဲ့ဝင်လည်း ဖြစ်သည်။ UWSA “ဝ” တပ်ဖွဲ့ သည် ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ဗမာပြည် ကွန်မြူနစ်ပါတီ – ဗကပ မှ ခွဲထွက်လာပြီး “ဝ” တပ်ဖွဲ့ကို တည်ထောင်ကာ ဗမာစစ် အစိုးရ နှင့် ငြိမ်းချမ်းရေး ယူခဲ့ခြင်းဖြစ်သည်။ https://burm ese.shannews.org/archives/34161
၂၅။ လုံးခင်းတွင် တစ်ရက်အတွင်း အိမ်စီးကား လုယက်ခံရမှု ၂ ကြိမ်ဖြစ်ပွား
April 17, 2023
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် တစ်ရက်အတွင်း အိမ်စီးကား လုယက်ခံရမှု ၂ ကြိမ်ဖြစ်ပွား ခဲ့ကြောင်း ဒေသခံများမှ သိရသည်။ အဆိုပါ လုယက်ခံရမှုသည် ဧပြီ ၁၆ ရက်နေ့ည ၈ နာရီအောင်ရာနှင့် မဇွပ်ယန် ကျေးရွာ ကြားတွင် တစ်စီး နှင့် အောင်ရာ ဘောလုံးကွင်းအနီးတွင်တစ်စီးလုယက်ခံခဲ့ရကြောင်း လုံးခင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။ “ဟုတ်တယ် မနေ့ကဖြစ်သွားတာ လုံးခင်းထဲက အောင်ရာဘောလုံးကွင်းနားလေးမှာ လုခံလိုက်ရတာ ကားက အဖြူ လို့ပြောတယ်။ ဘောလုံးကွင်းနားမှာဖြစ်သွားတာ ကားကိုတားပြီးမှ လုယက်သွားတာတဲ့”ဟုကပြောသည်။ ဒေသခံများ၏ ပြောပြ ချက်အရ အဆိုပါလုယက်မှု ကျူးလွန်သူများသည် လူငယ်နှင့် လူလတ်ပိုင်းအရွယ်များဖြစ်ပြီး တစ်ဖွဲ့လျှင်လူ သုံးဦးမှ ငါးဦးအထိ ပါဝင်ရာ လက်နက်ကိုင်ဆောင်ထားသူအချို့လည်း ပါဝင်ကြောင်း သိရသည်။ အလားတူ လွန်ခဲ့သည့် ဧပြီလ ၁၄ ရက်နေ့တွင် လည်း လုံးခင်းကျေးရွာရပ်ကွက် ၅ ရှိ နေအိမ်တစ်အိမ်တွင် လူငယ် ၅ ဦးခန့်က ဝင်စီးပြီး ငွေကျပ်သိန်းပေါင်း သောင်းဂဏန်းခန့် လုယက်ခံလိုက်ရကြောင်း လုံးခင်းကျေးရွာမှ ဒေသခံတစ်ဦး က ဆက်ပြောသည်။
“လုံးခင်းရပ်ကွက် ၅ ထဲမှာဖြစ်သွားတာ အောင်ရာ အစပ်ဘက်ကျမှာပေါ့ တရုတ်အိမ်တစ်အိမ်ကိုဝင်စီးတာ သိန်းသောင်း ထပ်ပြီး ပါသွားတယ်။ ပြီးတော့သူတို့က လုယက်ပြီးတော့ အိမ်ရှင်ကိုခြိမ်းခြောက်ထားတယ်တဲ့ အပြင်ကိုမပေါက်ကြားဖို့ ပေါက် ကြားရင် လာသတ်မယ်ဆိုပြီး ပြောသွားတယ်တဲ့”ဟုလုံးခင်းကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။ လုံးခင်းတွင် ယခုကဲ့သို့ အလားတူဖြစ်စဥ်မျိုး ပိုမိုဖြစ်ပွားလာနေပြီး ယင်းလုပ်ရပ်များကို ကျူးလွန်နေသူများသည် မည်သည့်အဖွဲ့မှ ဖြစ်ကြောင်းကို အသေးစိတ်မသိရှိသေးပေ။ လုံးခင်းတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလက ရွှေဆိုင်တစ်ဆိုင် ငွေကျပ်သိန်း ၅၀၀ ဓားပြတိုက်ခံရမှု တစ်ကြိမ်၊ ဒီဇင်ဘာလက ဖုန်းဆိုင်တစ်ဆိုင် ငွေကျပ်သိန်း ၅၀ ဓားပြတိုက်ခံရမှုတစ်ကြိမ်အပြင်၊ ကျောက်ပွဲစားများလုယက်ခံရမှု၊ ဆိုင်ကယ်လုယက်ခံရမှုနှင့် အခြားလုယက်မှုလည်းအများအပြားရှိခဲ့ကြောင်း သိရသည်။ https://burmese.kachinnews.com/ 2023/04/17/az3-28/
၂၆။ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရာသီဥတု ပူပြင်းမှုကြောင့် ကလေး၊ လူကြီး အပါအဝင် ဝမ်းရောဂါဖြစ်များနေ
April 17, 2023
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ် အတွင်းရှိ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရာသီဥတု ပူပြင်းမှုကြောင့် ကလေး၊ လူကြီးတွေဟာ ဝမ်းရောဂါအပြင် ဖျားနာမှုရှိနေကြတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေတဲ့ ဆရာမတွေထံကနေ သိရပါ တယ်။ စစ်ရှောင်အများစုဟာ တိုက်ပွဲတွေကြား အသက်လုထွက်ပြေးလာရတာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ မတ်လ ဒုတိယ အပတ် မှာပဲ ဒီးမော့ဆို အရှေ့ခြမ်းက ဒေသခံအပါအဝင် ထပ်ဆင့်စစ်ဘေးရှောင်ဦးရေ ၃သောင်းကျော်ဟာ စစ်ဘေးရှောင်ခဲ့ရပါတယ်။ စစ်ရှောင်အများစုဟာ စိတ်ဒဏ်ရာတွေရှိနေပြီး စားမဝင်၊ အိပ်မပျော်ခြင်းနဲ့ နှာစေး၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်းတွေအပြင် ဝမ်းပျက်ဝမ်းလျောတွေနဲ့ ကြုံတွေ့နေရပြီး သောက်သုံးဖို့ဆေးဝါးတွေလည်း လိုအပ်နေပါတယ်။ ယခု ဧပြီလနဲ့ ပြီးခဲ့တဲ့ မတ်လ အတွင်းမှာ ရာသီဥတု ပူပြင်းတာကြောင့် ရာသီကာလ အပြောင်းအလဲ ရှိသလို ကူးစက်မှုပျံ့နှံ့မှုမြန်တဲ့ အချိန်ကာလ ဖြစ်တာ ကြောင့်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
“နွေရာသီက တအားပူလို့လေး ပူတဲ့ အစားအစာထပ်စားမယ်ဆိုရင် အဆင်မပြေဘူးပေါ့၊ ပြီးတော့ ရေကို ချိုးချင်တိုင်း ချိုးလို့မရဘူး ဖြစ်နိုင်ရင် မနက်ပိုင်းချိုးတာ ပိုကောင်းတယ်၊ ညနေပိုင်းဆိုရင် နေအပူရှိန်ရှိနေတော့ အပူရှတာ ဖြစ်နိုင်တာပေါ့။ စားချင်တိုင်း စားလို့မရဘူးဆိုတာက အပူအစပ်တွေ တအားစားလို့ ရှိရင် ရာသီဥတုကလည်း ပူနေတော့ ဝမ်းပျက်ဝမ်းလျော ပိုဖြစ်တယ်၊ ရေများများ သောက်ပေးဖို့လိုတယ်။ ဒီအချိန်က အချိုရည်တွေ ဘာတွေ သောက်ချင်တယ်ဆိုရင်လည်း သဘာဝ အသီးဖျော်ရည်မျိုးသောက်ရင် ပိုကောင်းတယ်လို့” ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကျန်းမာရေးဆရာမတစ်ဦးက ပြောပါတယ်။ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်က စစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်တာ ကာလကြာမြင့် လာတဲ့အပြင် လုပ်ငန်းလည်ပတ်မှုမရှိကြတော့ပဲ အလှူရှင်ကိုသာ မှီခိုအားကိုး နေရတဲ့အတွက် ယခုလို ရာသီဥတု ပူပြင်းမှု ကြောင့်ဟာ ကလေး၊ လူကြီးအပါအဝင် ဖျားနာမှုတွေ ရှိနေတာလည်း အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။ “ယခု ဖြစ်များတာ က ဝမ်းရောဂါပဲ လူကြီးရော၊ ကလေးပါဖြစ်နေတယ်၊ ဝမ်းပျက်ဝမ်းလျော ဆိုပေမယ့် ဝမ်းပျက်ဝမ်းလျောက ရေရှားတာတို့၊ ရေမသန့်တာ၊ အစာမသန့်တာတွေ ဖြစ်ရမှာ အခုက အဲလိုဖြစ်နေတော့ ဘယ်လိုလဲတော့ သေချာမသိဘူး”လို့ ဖရူဆိုမြို့နယ် အတွင်း စစ်ဘေးရှောင် ကျန်းမာရေးကူညီပေးနေတဲ့ ဆရာမ တစ်ဦးက ပြောပါတယ်။ https://www.kantarawaddytimes.org /%e1%80%85%e1%80%85%e1%80% ba%e1%80%98%e1%80%b1%e1%80
၂၇။ ဖားကန့်မှာအသတ်ခံရတဲ့ကိုးဦးဖြစ်ရပ် အမှုမှန်အမြန်ပေါ်ဖို့ ကျန်ရစ်သူတွေမျှော်လင့်
April 18, 2023
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စု၊ မဂေါင်းတောင်ရွာမှာ ဇန်နဝါရီ ၂၅ ရက်နေ့က ဒေသခံ ပြည်သူ ကိုးဦး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရပါတယ်။ အဲဒီနေ့က လဝါရွာကခြံတစ်ခြံမှာရှိနေ တဲ့အဲဒီလူတွေကို ကေအိုင်အေတပ်ရင်း (၂၀) နယ်မြေက တပ်ဖွဲ့ဝင်တွေနဲ့၊ မိုးကောင်းမြို့ပြပြောက်ကျား အဖွဲ့ UG Black K (PDF) အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်း ဖျောက်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီအမှုကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ အမှုမှန်စုံစမ်းရေးအဖွဲ့က စုံစမ်းစစ်ဆေးနေတာ သုံးလနီးပါးရှိနေပေမယ့် အဖြေထွက်မလာသေးပါဘူး။ ဒါကြောင့် မြန်မြန်ဆန်ဆန် အမှုမှန်ပေါ်လာဖို့ ကျန်ရစ်သူ မိသားစုတွေက မျှော်လင့်နေကြပါတယ်။ သတ်ဖြတ်ခံရတဲ့သူတွေထဲမှာပါတဲ့ မိုးကောင်းမြို့နယ် လမ်းခွရွာက အသက် (၄၉) နှစ်အရွယ် ဦးယောဟန်ရဲ့ သမီးက အမှုမှန်လိုချင်တယ်လို့ပြောပါတယ်။ “ကျမတို့အဖေက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှာလည်းပါဝင်တယ်။ ဘာသာရေး အသင်းတော်မှာလည်း အမျိုးသားဌာနရဲ့ ခေါင်းဆောင်။ ဘုရားကျောင်းတွေမှာလည်း စီးပွား ရေးတာဝန်ခံအနေနဲ့ ပါဝင်ပြီးလုပ်ကိုင်နေတာ။ အသင်းတော်ကကျောင်းတွေမှာလည်းကူညီတယ်။ သူ့ကိုပြောလိုက်ရင် နည်း လမ်းပေါင်းစုံနဲ့ ကူညီတယ်။ တစ်ခါမှ မငြင်းဘူး။ ကျမတို့က အဖြေမှန်အမြန်လိုချင်တယ်။ အမှုမှန်ကိုလည်း အမြန် ပေါ်ပေါက်ဖို့ မျှော်လင့်တယ်။ နောက်ကွယ်က ဘယ်သူတွေက ဘယ်လိုမဟုတ်မမှန် သတင်းပေးပြီး သတ်ခိုင်းတာဆိုတာကိုလည်း သိချင် တယ်” အရပ်ဘက်အမှုမှန်စုံစမ်းရေးကော်မရှင်ကို တာဝန်အပ်ထားတဲ့အတွက် ကော်မရှင်တွေလည်း အကောင်းဆုံးအဖြေရ အောင် လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်လို့လည်း ပြောပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ လမ်းခွရွာက အသက် (၄၉) နှစ် ဦးယောဟန်၊ မိုးညှင်းမြို့နယ်၊ ဆားမှော်ရွာက အသက် (၂၇) နှစ်အရွယ် မအင်ဒေါင်နန်လွမ် နဲ့ အသက် (၂၅) နှစ် အရွယ် မဖောင်မားခေါန်ဘူ၊ ဗန်းမော်မြို့က အသက် (၅၅) နှစ်အရွယ် ဦးလဇွမ်တူးလွမ့်၊ အသက် (၃၅) နှစ်အရွယ် လဇွမ်ထွယ်ရှောင်၊ အသက် (၅၀) အရွယ် ဦးမြင့်ထွေး၊ အသက်(၂၈) နှစ်အရွယ် ဦးထွန်းယုံ၊ ကိုဖိုးတုတ်နဲ့ အသက် (၅၀) အရွယ် ဦးကျော်စိုးတို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကတော့ သတ်ဖြတ်မြှုပ်နှံထားတဲ့ရုပ်အလောင်းတွေကို လဝါးရွာနားက ခုနစ်ပေခန့်ရှိတဲ့ ကျင်းတစ်ကျင်းမှာ ခုနစ်လောင်း၊ နောက်ကျင်းတစ်ခုမှာ နှစ်လောင်းစီခွဲပြီး မြှုပ်ထားတာကို တွေ့ရှိခဲ့ပါတယ်။ ရုပ်အလောင်းတွေကိုတော့ အဲဒီနေ့မှာပဲ လဝါးရွာမှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ (၉) ဦးကိုသတ်ဖြတ်စီရင်လိုက်တဲ့အမှုမှာပါတဲ့ ၁၉ ဦးကို KIA တပ်မဟာ (၂) မှာ ဖမ်းထား ပြီး စစ်ဆေးနေတယ်လို့ ကျန်ရစ်တဲ့မိသားစုဝင်တွေကပြောပါတယ်။ KIA တပ်မဟာ (၂) က ဒီအမှုကိုအဓိက စစ်ဆေးနေပြီး ရလဒ် တွေကိုလည်း ဗဟိုကို တင်ပြနေတယ်လို့ ပြောပါတယ်။ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း အစီရင်ခံစာ မပြည့်စုံသေးတဲ့အတွက် စိစစ်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။ မဟုတ်မမှန် စွပ်စွဲပြီးသတ်လိုက်တာကြောင့် အမှုမှန် အမြန်ဆုံး ပေါ်ပေါက်လာအောင် လုပ်ဆောင်ပေးဖို့ နစ်နာသူ မိသားစုဝင်တွေက မျှော်လင့်နေကြတာဖြစ်ပါတယ်။ https://ww w.rfa.org/burmese /program2/hpakant-murder-04182023042555.html
၂၈။ ရခိုင်တွင် သင်္ကြန်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိခဲ့
April 18, 2023
ရခိုင်ပြည်တွင် ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း ကား၊ ဆိုင်ကယ် စသည့် ယာဉ်တိုက်မှုကြိမ်ရေ ၂၀ ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂ ဦးနှင့် ထိခိုက်ဒဏ်ရရှိသူ ၂၀ ကျော်အထိရှိခဲ့ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲနှင့် အရေးပေါ်လူမှုကူညီရေး အသင်းများ ထံမှ သိရသည်။ အဆိုပါ ယာဉ်မတော်တဆဖြစ်ပွားမှုအတွင်း တောင်ကုတ်တွင် ၁ ဦးနှင့် စစ်တွေတွင် ၁ ဦး စုစုပေါင်း အမျိုးသား ၂ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “သင်္ကြန်ကာလအတွင်း ကျနော်ဆီကို တိုင်လာတဲ့အမှုတွေကတော့ ယာဉ်တိုက်မှု ၅ ကြိမ်ပဲရှိတယ်။ တခြား နေရာတွေမှာ ဒီထက်လည်း များချင်များမှာ ပေါ့။ ကျနော်တို့ဆီကို ဒီလောက်ပဲ တိုင်လာတာ။ ယာဉ်မတော်တဆမှုတွေဟာ အဓိကတော့ အရှိန်ပြင်း မောင်းတဲ့အတွက် ဖြစ်ကြတာများပါတယ်”ဟု ၄င်းကဆိုသည်။
အလားတူ စစ်တွေမြို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်း၏ စာရင်းအရ သင်္ကြန်ကာလအတွင်း စစ်တွေမြို့တစ်မြို့တည်းတွင် ယာဉ်မတော်တဆဖြစ်ပွားမှု ၂၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၂၂ ဦးရှိကြောင်း သိရသည်။ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဌ ဦးမင်းထည်ဝါက “သင်္ကြန်ကာလမှာ ယာဉ်တိုက်မှု ၂၃ ကြိမ်ဖြစ်ခဲ့တယ်။ သေတဲ့သူ ၁ ဦးရှိ တယ်။ ကျန်တဲ့ဒဏ်ရာရသူတွေကတော့ ဦးခေါင်းကွဲ၊ ခြေမ,ကျိုး၊ ခြေထောက်ကျိုးမှုတွေများတယ်”ဟု ပြော သည်။ ရွှေရောင် မေတ္တာဖောင်ဒေးရှင်း၏ စာရင်းအရ ယာဉ်မတော်တဆဖြစ်ပွားမှုများမှာ ဧပြီ ၁၃ ရက်နေ့တွင် ၇ ကြိမ်၊ ၁၄ ရက်နေ့တွင် ၇ ကြိမ်နှင့် ၁၅ ရက်နေ့တွင် ၆ ကြိမ်နှင့် ၁၆ ရက်နေ့တွင် ၃ ကြိမ်ရှိကြောင်း သိရသည်။ https://w ww.facebook.com/dmgnewsagency/ photos/a.466679383484478/2568216659997396/
၂၉။ ပူတာအိုမြို့ပေါ်တွင် ငါးပစ်ဂိမ်း လောင်းကစားရုံ ပေါ်ပေါ်တင်တင် ဖွင့်လှစ်နေ
April 18, 2023
ပူတာအိုမြို့ပေါ် လုံးစွပ်ရပ်ကွက်တွင် ငါးပစ်ဂိမ်းလောင်းကစားရုံတစ်ခု ပေါ်ပေါ်တင်တင်ဖွင့်လှစ်ထားကြောင်း ဒေသခံ များမှသိရသည်။ လုံးစွတ်ရပ်ကွက် နယ်မြေ ၅ ၊ ဇေယျာမင်းဆီဆိုင်နောက်ကြောရှိ လမ်းကြားထဲတွင် ငါးပစ်ဂိမ်းလောင်ကစားရုံ တစ်ရုံကို ဧပြီလ လဆန်းပိုင်းမှစကာ စတင်ဖွင့်လှစ်ထားကြောင်း လေယာဥ်ကွင်းရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြော သည်။ “ငါးပစ်ဂိမ်းပေါ့ လောလောဆယ် ၂ ခုံတော့ဖွင့်ထားတယ် ဆိုင်ခန်းကျယ်တယ် လူစည်ရင်နောက်ထပ် ခုံးတွေထပ်တိုးလာနိုင် တယ်။ အခုတောင် တစ်ယောက်စ နှစ်ယောက်စ လာဆော့နေကြပြီဖွင့်တာက မကြာသေးဘူး”ဟုဆိုသည်။ အဆိုပါ ငါးပစ်ဂိမ်း လောင်းကစားရုံ လာဖွင့်ထားသူမှာ ဒေသခံမဟုတ်ဘဲ အခြားဒေသမှပြောင်းလာ၍ အိမ်ငှားအဖြစ် နေထိုင်ကာ ဖွင့်လှစ်နေကြောင်း သိရပြီး လက်ရှိတွင် မနက် ၉ နာရီခန့်မှ ည ၆ နာရီခန့်အချိန်ထိ လောင်းကစားရုံဖွင့်ပြီး ညဘက်ပိတ်ထားကြောင်း သိရသည်။
ပူတာအိုမြို့ပေါ်တွင် ယခုကဲ့သို့လောင်းကစားရုံ ပေါ်ပေါ်တင်တင်ဖွင့်လှစ်လာသောကြောင့် ဒေသခံလူငယ်များ ပျက်စီး လာမည်ကို စိုးရိမ်နေရကြောင်း လုံးစွတ်ရပ်ကွက်မှ ကလေး ၆ ယောက် ဖခင်တစ်ဦးက ပြောသည်။ “ကျနော်တို့ ပူတာအို ဆိုတာ က အရင်ကဆို KTV တွေ ဖွင့်မယ်ဆိုရင်တောင် ရပ်ရွာလူကြီးတွေက မဖွင့်ခိုင်းဘူးတားမြစ်ကြတာ။ အခုနောက်ပိုင်းတော့ KTV ပေါ်လာပြီ အခုလောင်းကစားရုံလည်းပေါ်လာပြီဆိုတော့လူငယ်တွေတွက်က စိုးရိမ်စရာပဲ။ ဒီကလူငယ်တွေက နဂိုကတည်းက နံပတ်ဖိုး (ဘိန်းဖြူ) ကြောင့် ထိန်းမရပျက်စီးနေတာ”ဟု ပြောသည်။ ငါးပစ်ဂိမ်း၊ ကာစီနို၊ ဂျင်ဝိုင်း အစရှိသည့် လောင်းကစား များသည် စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်း ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ ရွှေကူ အစရှိသည့် မြို့ကြီး များတွင် ပေါ်ပေါ်တင်တင် ဖွင့်လှစ်လာနေကြသည်။ https://burmese.kachinne ws.com/2023/04/18/az1-176/
၃၀။ မိုးကုတ် PDF များကို NUG လက်နက်တပ်ဆင်ပေး
April 18, 2023
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မိုးကုတ်ဒေသ တပ်ရင်းတပ်ဖွဲ့များကို လက်နက်တပ်ဆင်ခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (PDF) ၏ မိုးကုတ်ဒေသရှိ တပ်ရင်းတပ်ဖွဲ့များကို ဧပြီ ၁၆ ရက်တွင် လက်နက်တပ်ဆင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တပ်ရင်း တပ်ဖွဲ့များအား လက်နက်တပ်ဆင်ခြင်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ တပ်ဆင်ပေးအပ်လျက်ရှိသည်ဟုဆိုသည်။
ထို့ပြင် လက်နက်တပ်ဆင်မှုများအား ဆက်လက်အရှိန်မြှင့် သွားမည်ဖြစ်သည်ဟု အသိပေးသတင်းထုတ်ပြန်သည်။ NUG ကာကွယ်ရေးဝန်ကြီးဌာနသည် ပြီးခဲ့သောနှစ်ကုန်ပိုင်းနှင့်ယခုနှစ်စပိုင်းတို့၌ တောင်ပိုင်းတိုင်းရှိ ကော်ဘရာစစ်ကြောင်း အပါအဝင် စစ်ကြောင်းများကို လက်နက်များဆက်တိုက်ပေးအပ်ခဲ့သည်။ ထို့ပြင် ပြီးခဲ့သောမတ်လ ၂၇ ရက်တွင်လည်း ပြည်သူ့ ကာကွယ်ရေတပ်မတော်(PDF) အမှတ်(၁) စစ်ဒေသ၊ မကွေးတိုင်းရှိတပ်ရင်း၊တပ်ဖွဲ့များကို လက်နက်များတပ်ဆင်ပေးအပ်ခဲ့ သည်။ https://www.facebook.com/photo/?fbid=590772946420004&set=a. 583749347122364
၃၁။ ကျောက်ကြီးတွင် စစ်ဘေးရှောင်ပြည်သူ ပိုများလာပြီး ကျန်းမာရေးနှင့်စားသောက်ရေး ခက်ခဲနေ
April 16, 2023
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃ နယ်မြေ (ပဲခူးတိုင်းဒေသကြီး)၊ ကျောက်ကြီးမြို့နယ်တွင် ဧပြီလအတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် စစ်ဘေး ရှောင်ပြည်သူများ ပိုမိုများပြားလာပြီး ကျန်းမာရေးနှင့်စားဝတ်နေရေးခက်ခဲနေကြောင်း ဒေသခံများထံမှသိရသည်။ ဧပြီလ(၄)ရက်နေ့မှစ၍ စစ်ကောင်စီတပ်များသည် ဘောကထာစစ်ကောင်စီတပ်စခန်းသို့သွားရန် ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်၍ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဘုရားကြီး၊ ပဒဲကော၊ မဘီ၊ ငဖယ်အင်း အစရှိသည့်ကျေးရွာ များမှ ဒေသခံထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း ကေအဲန်ယူက ထုတ်ပြန်ကြေညာထားသည်။ ထိုသို့ စစ်ကြောင်း ထိုးလာသောစစ်ကောင်စီတပ်များနှင့် နယ်မြေခံတော်လှန်ရေးတပ်များအကြား နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခြင်းကြောင့် ကျောက် ကြီးမြို့နယ်အတွင်း စစ်ရေးအခြေအနေတင်းမာနေပြီး ယခင်က တည်းက စစ်ဘေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်နေကြ သော စစ်ရှောင်များထဲတွင် ကလေးသူ ငယ်များနှင့်သက်ကြီး ရွယ်အိုများ၏ ကျန်းမာရေး၊ စားဝတ်နေရေး စိုးရိမ်စရာရှိလာ ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ၎င်းက “စစ်တပ်ကရမ်းသမ်းပစ်ခတ်တာတွေရော၊ နှစ်ဖက်တိုက်ပွဲတွေရော ရှိလာတဲ့အခါ ကျတော့ လက်ရှိအိုး မဲ့အိမ်မဲ့ဖြစ်သူများလာတယ်။ စစ်ဘေးချည်းပဲရှောင်နေရတော့ အလုပ်အကိုင်လုပ်ဖို့နဲ့စားဝတ်နေရေး ခက်ခဲ လာတယ်။ ကလေးတွေရော သက်ကြီးပိုင်းတွေအတွက်ကလည်း ကျန်းမာရေးအခက်အခဲရှိတယ်။ သွားရေး လာရေးနဲ့သယ်ယူပို့ ဆောင်ရေး မလွယ်ကူတော့ ဒီကိုအထောက်အပံ့က မရဘူးဖြစ်နေတယ်။”ဟု ပြောသည်။
ထို့အပြင် ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များအကြားတိုက်ပွဲများနှင့် စစ်ကောင်စီ ၏ ကျေးရွာများအတွင်းသို့ မကြာခဏဆိုသလို လက်နက်ကြီးပစ်ခတ်မှုများကြောင့် သွားလာရ ခက်ခဲသဖြင့် စစ်ဘေးရှောင်များ အတွက် လိုအပ်သောအကူအညီများပေးရန် ခဲယဥ်းကြောင်းလည်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။ ပြည်တွင်း နေရပ် စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ (CIDKP)၏ ဒုတာဝန်ခံ စောခဲလေကလည်း “ကျနော်တို့ CIDKP အနေနဲ့ ကူညီ လှုပ်ရှားနေတဲ့ဒေသတွေထဲမှာ ညောင်လေးပင်ခရိုင်က အကူအညီ ရောက် ရှိဖို့အတွက် အရမ်းကိုခက်ခဲပါတယ်။ လမ်းခရီးသွား လာဖို့အခက်အခဲရှိတာနဲ့ အသက်အန္တရာယ်စိုးရိမ်ရ တာကြောင့်ပါ။” ဟု ၎င်းကပြော သည်။ ပြီးခဲ့သည့် ဧပြီလ (၁၁)ရက်နေ့ က လည်း စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်ခဲ့သောလက်နက်ကြီးကျည်စကြောင့် ဒေသခံနေအိမ်(၂)လုံးထိမှန်ပျက်စီးခဲ့သလို ဧပြီလ (၁၃)ရက်နေ့က ကော်သာစေးနှင့်ကျော်မော်ဘုရားကြီး ကျေးရွာမှ ဒေသခံ(၆)ဦးအား စစ်ကောင်စီမှဖမ်းဆီးခေါ်ဆောင်သွားပြီး နောက် နောက်တစ်နေ့နံနက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း နယ်မြေခံ ကေအဲန်ယူ သတင်းအရင်းအမြစ်မှ သိရသည်။ https://kic news.org/2023/04/%e1%80 %80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။