သတင်း

ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာအနီးက ကရင်နီတပ်မတော်စခန်းကို စစ်ကောင်စီက နှစ်ကြိမ်တိုင် လာ ရောက် တိုက်ခိုက်ခဲ့

ဓါတ်ပုံ-KMIC

ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၀၊၂၀၂၃

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့၊ တနီးလာလဲကျေးရွာအနီးအနားက ကရင်နီတပ်မတော်စခန်းကို ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာ စစ်ကောင်စီက နှစ်ကြိမ်တိုင် လာရောက် တိုက်ခိုက်ခဲ့လို့ ကရင်နီ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင် စီတပ် တို့ကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ မတ် ၁၈ ရက်နေ့က ပထမအကြိမ် လာရောက်တိုက်ခိုက်စဉ်အတွင်း စစ်ကောင်စီတပ်သား (၅)ဦးထက် မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြလို့ ဆုတ်ခွာ သွားခဲ့ကြသလို စစ်ကောင်စီတပ်ဖွဲ့၏ လက်နက် ခဲယမ်း များကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲ အတွင်းမှာတော့ ကရင်နီပူးပေါင်းတပ်ဖွဲ့၏ ရဲဘော် တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။  

အလားတူ ယမန်နေ့ ၂၀၂၃ခုနှစ်၊ မတ်လ(၁၉)ရက်နေ့ နံနက်(၁၀)နာရီအချိန်ကလည်း ကရင်နီ တပ်မတော် အခြေပြု စခန်းကို စစ်ကောင်စီတပ်က ဒုတိယအကြိမ် တိုက်ခိုက်ဖို့ ချဉ်းကပ်မှု ပြုလုပ်လာခဲ့ပြီး မီတာ(၃၀၀) အတွင်း ရောက်ရှိလာစဉ်မှာတော့ စစ်ကောင်စီ တပ်သားတစ်ဦး မိုင်းနှင်းမိပြီး ခြေပြတ်သွားခဲ့ရသလို ဒရုန်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား (၂)ဦး ထပ်မံဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“စစ်ကောင်စီဖက်က အထိအခိုက်များတော့ လွိုင်ကော်ကနေ တပ်အင်အားထပ်ဖြည့်လာတယ်လို့သိရတယ်၊ ထပ် လာတဲ့ အဖွဲ့က ဘယ်တပ်ရင်းကလည်းတော့ မသိရသေးဘူး၊ ဒီးမော့ဆို ငွေတောင်ခြေစိုက် တပ်ရင်း(၁၀၂)မှာ (၆၆) တပ်မှူးထိုင်တာပေါ့၊ အဲကနေလက်နက်ကြီးတွေ ရမ်းသန်ထုတော့ နေအိမ်တွေ တချို့ထိပြီး ပျက်စီး ကုန်တာပေါ့” လို့ KMIC သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ညေးရယ်က ပြောပါတယ်။

အဲဒီ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးများဖြစ်တဲ့ ၆၀ မမ၊ ၁၂၀ မမဖြင့် ပြန်လည် ပစ်ခတ်ခဲ့ လာခဲ့ ပေမယ့် ကရင်နီတပ်တော် ရဲဘော်တို့ တစုံတရာထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

လက်တလော်မှာတော့ စစ်ကောင်စီတပ်ဟာ ကရင်နီဒေသကို စိုးမိုးမှု ရရှိနိုင်ရေးအတွက် စစ်ကြောင်း ၉ ကြောင်းဖြစ် ထိုးစစ် တိုက်ခိုက် နေတယ်လို့လည်း သိရပါတယ်။

Related Articles

Back to top button