သတင်း

ပေါင်မြို့နယ်က စစ်ကောင်စီရဲစခန်း Drone ဖြင့် တိုက်ခိုက်ခံရ

Photo – SOF
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၁၁၊ ၂၀၂၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်က စစ်ကောင်စီလက်အောက်ခံ ရင်းငြိမ်ရဲစခန်း Drone ဖြင့် ၂ကြိမ် ဗုံးကြဲ တိုက်ခိုက်ခံခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF မှ ထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို မတ်လ ၁၁ရက်နေ့ မွန်းလွဲ ၁နာရီ ခွဲ အချိန်ခန့်တွင် နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးအဖြစ် SOF အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို လူနာတင်ယာဉ်နှင့် လာရောက်သယ်ဆောင်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း SOF တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး သိနိုင်ရန်အတွက် ဖက်ဒရယ်ဂျာနယ်မြန်မာမှ ထပ်မံစုံစမ်းလျှက်ရှိပါတယ်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့- SOF ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်း ရင်းငြိမ်ကျေးရွာမှ ပြည်သူ့စစ် ခေါင်းဆောင် မြင့်ရီကို ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

Related Articles

Back to top button