ဓါတ်ပုံ – Chinland Defense Force CDM SIYIN
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၁၁၊ ၂၀၂၃
ကလေးမြို့ကနေ ဖလမ်းမြို့နယ်ထဲ ချင်းတောင်ကို တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းက ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုအတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၂၁ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ CDF CDM SIYIN က ထုတ်ပြန်ပါတယ်။
အဲဒီစစ်ဆင် တိုက်ခိုက်မှုကိုတော့ ယမန်နေ့ မတ် ၁၀ ရက်နေ့ နံနက်ပိုင်း ၈ နာရီခွဲ ခန့်က CDF CDM SIYIN နှင့် MEDF ပူးပေါင်းတပ်ဖွဲ့တို့က ပြင်ဆင်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
အလားတူ ဒီကနေ့ မတ် ၁၁ ရက်နေ့မှာလည်း နံနက်ပိုင်း ၈ နာရီခွဲမှ ညနေ ၄ နာရီထိ အကြိမ်ပေါင်း ၁၀ ကြိမ်ထိ မိုင်းဆွဲ တိုက်ခိုက်တယ်လို့ ဆိုပါတယ်။ ဒီကနေ့ စစ်ဆင်တိုက်ခိုက်မှုမှာတော့ KKG B7 စစ်ကူအနေဖြင့် လာရောက် ပူးပေါင်းခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ဆင်ရေးအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့တို့က ထိခိုက်မှု မရှိခဲ့ဘူးလို့ ထုတ်ပြန်ပါတယ်။
လက်တလော်မှာတော့ ကလေး-တီးတိန် လမ်းမကိုလည်း ပြန်လည်အသုံးပြုနိုင်ပြီး ပူးပေါင်းကူညီကြတဲ့ ခရီးသွား ပြည်သူများအပေါ် အထူးကျေးဇူးတင်တယ်လို့ ထုတ်ပြန်ပါတယ်။