Getty Images
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၁၊ ၂၀၂၃
စစ်ကောင်စီမှ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများရှိ အနောက်တိုင်း ဒီမိုကရေစီ ယဥ်ကျေးမှုကို ထည့်သွင်း သင်ကြားမှုများကို ထိန်းချုပ်ရန် ဖေဖော်ဝါရီလ ၁၇ရက်နေ့ပါ နေ့စွဲဖြင့် အမိန့်စာတစ်ဆောင် ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါစာထဲတွင် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် အနောက်တိုင်း ဒီမိုကရေစီယဥ်ကျေးမှုကို ထည့်သွင်းသင်ကြားလျှက်ရှိသဖြင့် ပညာရေးဝန်ကြီးဌာနမှ focal အဖြင့်တာဝန်ယူ၍ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနှင့် ပတ်သတ်သည့် စည်းမျဉ်း၊ စည်းကမ်းများနှင့် ဥပဒေကို ရေးဆွဲထုတ်ပြန်ရန် ဟု ဖော်ပြချက်တွင် ပါဝင်ပါတယ်။
အဆိုပါစာနှင့် ပတ်သတ်ပြီး ” သူတို့ အာဏာတည်မြဲရေးအတွက်ကို စစ်ကျွန်ပညာရေးအောက် ပြန်သွင်းတယ်လို့ပဲ သုံးသပ်ပါတယ်။ ကလေးတွေ လူငယ်တွေရဲ့ အတွေးအမြင်တွေ ပိတ်အောင် ဆက်လုပ်မှာပဲ။ အဲ့ဒါမှပဲသူတို့သက်ဆိုးရှည်မယ်။ ဒါကြောင့် ဒီလို အမိန့်တွေထုတ်တယ်လို့ပဲ သုံးသပ်မိပါတယ် ” လို့ ရာမညဖက်ဒရယ် school ရှိ CDM ဆရာမတစ်ဦး၏ သုံးသပ်ချက်ကို ဖက်ဒရယ်ဂျာနယ် မြန်မာကိုပြောပါတယ်။
ကျွန်မတို့ အခုဖော်ဆောင်နေတဲ့ ဖက်ဒရယ်ပညာရေး၊ အခုကျွန်မတို့ တည်ထောင်ထားတဲ့ ကျောင်း ရာမည ဖက်ဒရယ် school ဆိုရင် ကျွန်မတို့ကျောင်းရဲ့ သင်ရိုးကို MOE က ချုပ်ကိုင်ထားတာ လုံးဝ မရှိပါဘူး။ ဒါ ဖက်ဒရယ်ဘက်ကိုသွားနေတာဖြစ်လို့။ ကျွန်မတို့ကျောင်းမှာ ကျွန်မတို့ဘာသာ သင်ရိုး ရေးဆွဲပိုင်ခွင့်ရှိတယ်ဆိုတာကိုလည်း အဆိုပါဆရာမမှ ထပ်မံပြောဆိုပါတယ်။
စစ်ကောင်စီဘက်မှ ပညာရေးမူဝါဒကို တင်းကြပ်စွာကန့်သတ်ချုပ်ချယ်နေချိန်တွင် ပြည်သူများကိုယ်တိုင်ပါဝင်ရေးဆွဲနိုင်သည့် ပြည်သူ့အခြေပြု ပညာရေးမူဝါဒ ရေးဆွဲနိုင်ဖို့ကိုလည်း တော်လှန်ရေးအင်အားစုများမှ ကြိုးစားလျှက်ရှိပါတယ်။