သတင်း

ဖယ်ခုံ၊ အနောက်ဖက်ခြမ်း လက်နက်ကြီးကျရောက်လို့ ပြည်သူ(၂)ဦး ထိခိုက်ဒဏ်ရာရကာ၊ နေအိမ်တချို့ ပျက်စီး

ဓါတ်ပုံ – CJ
ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃
ကယား(ကရင်နီ)ပြည်နယ် ဖယ်ခုံမြို့နယ်အနောက်ဖက်ခြမ်းကျေးရွာများတွင် ယမန်နေ့ည (၂၇) ရက်နေ့ ညပိုင်း ၉ နာရီ အချိန်ခန့်က ဖယ်ခုံမြို့အခြေစိုက် စကစတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖယ်ခုံ အနောက်ဘက်ခြမ်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး၊ နေအိမ် တချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လက်နက်ကြီးကျရောက် ပေါက်ကွဲလာမှုဟာ ၈ ကြိမ်တိုင်ဖြစ်ခဲ့ပြီး အသက် (၂၇) အမျိုးသား တစ်ဦး၊ အသက် (၄၇) ဝန်းကျင် အမျိုးသမီး တစ်ဦးတို့က ထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ယ‌မန်နေ့ည (၂၇)ရက်နေ့တွင် ဒီးမောဆိုဖက်တွင်လည်း စစ်ကောင်စီမှ အရပ်သားပြည်သူများကို လက်နက်ကြီးများဖြင့် ဦးတည်ပစ်ခတ်မှုကြောင့် ပြည်သူ(၂)ဦးသေဆုံးပြီး၊ (၄)ဦးဒဏ်ရာရရှိကာ နေအိမ်တချို့ လည်းထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုအလွန် ကယား (ကရင်နီ) ပြည်နယ်အတွင်း စစ်ကောင်စီက စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ် ခွဲခြားခြင်းမရှိတော့ဘဲ အရပ်သားပြည်သူများ နေထိုင်တဲ့ ကျေးရွာနှင့် စစ်ရှောင်စခန်းများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ၊ လေယာဉ်များ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ အဖွဲ့အစည်းများက ပြောဆိုထားပါတယ်။

Related Articles

Back to top button